Wednesday, May 30, 2012

မြန်မာ့လယ်သမားများအား အတိုးနှုန်းနည်းပါးစွာဖြင့် ဆန်စပါးအထူးပြုကုမ္ပဏီ(၅၇)ခုက ကူညီနေ

မြန်မာနိုင်ငံမှ လယ်သမားများတောင်သူများအား အဓိကလိုအပ်ချက်များဖြစ်သည့် ငွေကြေး၊ ဓါတ်မြေသြဇာနှင့် လယ်ယာသုံးပစ္စည်းများအား ဆန်စပါးအထူးပြုကုမ္ပဏီများအနေဖြင့် အတို နှုန်းနည်းပါးစွာဖြင့် အဓိကထောက်ပံ့ ကူညီလျက်ရှိကြောင်း သိရှိရသည်။
 
  
ဆန်အထူးပြုကုမ္ပဏီများအနေဖြင့် လယ်သမားများအား ငွေကြေးနှင့်မြေသြဇာ ထောက်ပံမှုသည် (၆၅)%နှုန်း ခန့်ရှိပြီး၊ ငွေကြေးသီးသန့်ကူညီမှုမှာ (၂၅)%နှုန်းရှိကြောင်း ငွေကြေး၊မြေသြဇာ၊ စက်ပစ္စည်းနှင့် နည်းပညာကူညီမှုမှာ (၇)%နှုန်းခန့်သာရှိကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင် များအသင်းက သိရှိရသည်။
 
မြန်မာနိုင်ငံတွင် ဆန်စပါးအထူးပြုကုမ္မဏီ(၅၇)ခုရှိပြီး၊ ၄င်းကုမ္ပဏီများက တောင်သူလယ်သမားများကို ငွေကြေး၊မြေသြဇာနှင့် လယ်ယာသုံးစက်ပစ္စည်းများအား  ပံ့ပို့ပေးကာ လယ်သမားများက မြေကြီးနှင့် လုပ်အားစိုက်ကာ တစ်လလျှင်   ထောက်ပံ့ပေး ထားသည့်တန်ဖိုးများမှ ၂% အား ဆန်စပါးကုမ္ပဏီများ သို့ ပြန်လည်ပေးအပ်ကာ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း   ဆန်စပါးလုပ်ငန်းရှင်များ အသင်းက သိရှိရသည်။
 
“အထူးပြုကုမ္ပဏီတွေက လယ်သမားတွေဆီကနေ တစ်လကို ထောက်ပံ့ပေးထားတဲ့ တန်ဖိုးရဲ့ ၂%နှုန်းယူတယ်၊     လယ်သမားတွေက လယ်မြေတို့ လုပ်အားတို့စိုက်ပြီး၊ ကုမ္ပဏီတွေက အရင်းအနှီးစိုက်ကြ တယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက Senior Researcherနှင့် CEC အဖြစ်တာဝန် ထမ်းဆောင်နေသော   ဒေါက်တာ စိုးထွန်းကပြောသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သူများ၏ အဓိကလိုအပ်ချက်မှာ ရင်းနှီးမတည်ငွေနှင့်မြေသြဇာဖြစ်ပြီး၊စိုက်ပျိုးရေးသမား၏  အဓိကလိုအပ်ချက်ရာခိုင်နှုန်းမှာ ငွေကြေး(၃၅)%၊ မြေသြဇာ(၃၀)%၊ နည်းပညာ(၇)% နှုန်းခန့်နှင့် လွတ်လပ်စွာရောင်း ၀ယ်ခွင့်တို့မှာ(၁၃)%နှုန်းခန့် ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင် များအသင်း၏ သုတေသနပြုချက်အရ သိရှိရသည်။
 
“ကျွန်တော်တို့ အခင်းတစ်ခင်းသိမ်းပြီး သွားပြီဆိုရင် အဲ့ဒီကရတဲ့ပိုက်ဆံကို ပြန်စုထားရတယ် နောက်တစ်ခင်း
အတွက်အရင်းအနှီးပေါ့၊ အရင်းအနှီးမရှိရင် ကိုယ်ဘယ်လောက် ကြိုးစားကြိုးစား အပင်တွေကမဖြစ်ဘူး၊ သူတို့
ကို မြေသြဇာအချိန်မှန်ကျွေးရတယ်၊ ပြီးရင် ပိုးသတ်ဆေးဖျန်းရတယ် အဓိကကုန်တာတော့ အဲ့တာတွေပါပဲ” ဟု
ပြင်ဦးလွင်မြို့ နောင်ခမ်းကြီးကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ဌေးကပြောသည်။
 
အခင်းတစ်ခင်းစတင်စိုက်ပျိုးမည်ဆိုပါက ပထဦးစွမြေကြီးအား ထွန်ရေးနက်နက်ထွန်ရပြီး အဆိုပါမြေတွင် သဘာဝမြေသြ ဇာဖြစ်သော နွားချီး၊ ကြက်ချီး၊ ၀က်ချီး များ ဖျန်းပက်၍ စိုက်ပါမှ အပင်များ အာဟာရဓာတ်   ကောင်းစွာရရှိ၍   ဖြစ်ထွန်းနိုင် မည်ဖြစ်သည်။
 
အဆိုပါ မြေသြဇာများသည် နွားချီး လှည်းတစ်စီးလျှင်ကျပ်(၇၀၀၀)နှုန်း၊ ကြက်ချီး နွားလှည်းတစ်စီးလျှင်ကျပ်(၁၅၀၀၀)နှုန်းနှင့်   ၀က်ချီး နွားလှည်းတစ်စီးလျှင်ကျပ်(၁၅၀၀၀)နှုန်း ရှိပြီး တစ်ဧကရှိသောစိုက်ခင်းတစ်ခင်းအတွက်   ပထမဆုံးမြေသြဇာအတွက် ရင်းနှီးမတည်ငွေမှာ ကျပ်(၅၀၀၀၀) ခန့်ကုန်ကျကြောင်းနှင့်ဈေးနှုန်းများ မှာ နေရာဒေသအလိုက်ကွာခြားလျက်ရှိကြောင်း ကိုလည်း သိရသည်
 
“သူတို့တွေ အဓိကလိုအပ်တာတော့ အရင်းအနှီးပေါ့၊ ပြီးတော့ နည်းပညာ၊ မြေသြဇာ စပြီးစိုက်ကတည်းကိုက
မြေသြဇာ ထည့်ရပြီ၊ ရှုံးမယ်ဆိုတာသိရင် ဘယ်သူမှစိုက်ကျမှာမဟုတ်ဘူး၊ ဒီတော့ ကျွန်တ်ာတို့က သူတို့တွေ
အဆင်ပြေအောင် သီးနှံတွေအထွက်တိုးအောင် ဘယ်လိုစိုက်ရမလဲ ရာသီဥတုနဲ့လိုက်လျောအောင် ဘယ်လို
လုပ်ရမလဲဆိုတာတွေ ကျွန်တော်တို့ပြပေးရပါမယ်” ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ Senior Researcherနှင့် CEC အဖြစ်တာဝန်ထမ်းဆောင်နေသော ဒေါက်တာစိုးထွန်းက ပြောသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။