ကားဈေးကျဆင်းနေသော်လည်း
ကျပ်သိန်းတစ်ရာအောက်ထက် ဆက်လက်ကျဆင်းနိုင်ရန်မဖြစ်နိုင် သေးကြောင်း
ဝါရင့်ကား အကျိုးဆောင်များက သုံးသပ်ပြောဆိုကြသည်။
“ကားဈေးက
ဒေါ်လာဈေးပေါ်မှာလည်း မူတည်ပါတယ်၊ ဒေါ်လာဈေးက တစ်ဒေါ်လာကို တစ်ရာ လောက်
ဆိုရင်တော့ ဖြစ်နိုင်ပါတယ် ကားတစ်စီးကို သိန်းငါးဆယ်လောက်ဖြစ်နိုင်တယ်”ဟု
SAKURA ကား အရောင်းစင်တာမှ အထွေထွေမန်နေဂျာ ဦးမြင့်စိုးကပြောသည်။
မြန်မာနိုင်ငံသို့ကားတင်သွင်းရာတွင်
အခွန်ဆောင်ရကြောင်း၊ ဒေါ်လာဈေးပေါ်မူတည်၍ ကားဈေးကွက်
အပြောင်းအလဲရှိနိုင်ကြောင်း ဦးမြင့်စိုးက ဆက်ပြောသည်။
“မြန်မာနိုင်ငံစီးပွားရေးအနေအထားနဲ့က
နောက်ဆယ်နှစ်လူတန်းစားမရွေးကားစီးနိုင်ဖို့ဆိုတာ မဖြစ်နိုင် သေးပါဘူး”
ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းက ကားပွဲစား ကိုမင်းဇော်က ပြောသည်။
ကားဈေးကျဆင်းမှုနှင့်ပတ်သက်၍
နိုင်ငံခေါင်းဆောင်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်
အပေါ်တွင် မူတည်ကြောင်း မိမိတို့အနေနဲ့ ကား ဈေးများကို
သိန်းနှစ်ရာဝန်းကျင်ထက် မလျော့ ကျနိုင်ဘူးဟု ခန့်မှန်းမိကြောင်း
ကိုဇော်မင်းက ဆက်ပြောသည်။
“ကားဈေးတွေကတော့
သိန်းတစ်ရာနှစ်ရာထက်တော့ မကျနိုင်ပါဘူး ဒီထက်ကျသွားရင်လဲ ကားဈေး
ကွက်ကတော့ မပျက်သွားနိုင်ပါဘူး”ဟု ဟံသာဝတီကားရောင်းဝယ်ရေးဈေးကွက်မှ
နှစ်သုံးဆယ် ကြာဝါရင့်ပွဲစား ဦးငယ်က ပြောသည်။
စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကားပါမစ်မပါပဲ ၂၀၀၇ ကားများတင်သွင်းခွင့်
ပြုမည်ဆိုသော်လည်း မည်သည့်အချိန်တွင် စတင်လုပ်ရမည်ဆိုသည်ကို
အတိကျထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ကားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံက
သိရှိရသည်။
တင်သွင်းလာသော
ကားများကို ကားအရောင်းစင်တာများတွင် ရောင်းချခွင့်ပြုမည်မဟုတ်ကြောင်း ၊
မှာယူမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း SAKURA ကားအရောင်းစင်တာမှ
အထွေထွေမန်နေဂျာ ဦးမြင့်စိုးက ဆက်ပြောသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။