Tuesday, May 8, 2012

လုပ်ကိုင်ခွင့်မှတ်ပုံတင်ရရှိပြီးသူများအား အကာအကွယ်ပေးနိုင်ရန် ဧည့်လမ်းညွှန်အသင်းအား ပြန်လည်ဖွဲ့စည်း

မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းက  ဧည့်လမ်းညွှန်လုပ်ကိုင်ခွင့်မှတ်ပုံတင်ရရှိထားသူများအား ပိုမိုအကာ အကွယ်ပေးနိုင်ရန် အတွက် မေလ(၅)ရက်နေ့တွင် ဗဟိုအမှုဆောင်ကော်မတီအသစ်တရပ် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
 

“လိုင်စင်မရှိဘဲနဲ့ နိုင်ငံခြားသားတွေနောက်ကိုအတင်းလိုက်ကပ်နေတာ ကြည့်ရတာဆိုးပါတယ်၊မြင်းလှည်း သမားတို့ဘာတို့ပေါ့ သူတို့အဲ့လိုလိုက်ကပ်နေတော့ လိုင်စင်ရထားတဲ့လူတွေ ကနစ်နာတယ်”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း(Myanmar Tourist Guide Assoration) ၏ ဒု-ဥက္ကဌ(၁)ဦးဇော်ဝင်းချိုက ပြောသည်။
 
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုသည် ဧည့်လမ်းညွှန်မျာနှင့်ဆိုင်ကြောင်း ဧည့်လမ်းညွှန်များမှ ဆက်ဆံရေး အခြေအနေပေါ်မှုတည်၍ ဧည့်သည်များ ပိုမိုဝင်ရောက်နိုင်ကြောင်းကိုလည်း သိရှိရသည်။



အဆိုပါအသင်း၏ ရည်ရွယ်ချက်မှာ အသင်းဝင်များအနေဖြင့် ဧည့်လမ်းညွှန်ကြေးများ ထိုက်ထိုက်တန်တန် ရရှိရန်၊ လိုင်စင်မဲ့ ဧည့်လမ်းညွှန်များပပျောက်ရန်၊ နိုင်ငံတကာစံချိန်မှီသော ဧည့်လမ်းညွန်များဖြစ်လာစေရန်နှင့် အသင်သားများခရီးသွား၍ အခက်အခဲများဖြစ်ပေါ်လျှင် အချင်းချင်းအကူအညီပေးနိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။


မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရ မှတ်ပုံတင်ရှိ ဧည့်လမ်းညွှန်များမှာ အယောက် သုံးထောင်ကျော်ရှိပြီး ယခုအချိန် တွင် MTGA အသင်းဝင်များမှာ ရှစ်ရာကျော်သာ ရှိသေးကြောင်းသိရှိရသည်။


အဆိုပါအသင်းဝင်ရန်အတွက် ဧည့်လမ်းညွှန်သင်တန်း နှစ်လတက်ရပြီး၊ ဧည့်လမ်းညွှန်အသိမှတ်ပြု စာမေးပွဲဖြေဆိုရကာ ဧည့်လမ်းညွှန် အသိမှတ်ပြုလက်မှတ်ရရှိပါက အသင်းသို့ဝင်နိုင်ကြောင်းသိရှိရသည်။
 
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းကို ၂၀၁၁ သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အသင်းဝင်လျှင် ၀င်ကြေးကျပ် တစ်သောင်းပေးသွင်းရပြီး နှစ်စဉ်ကြေးအဖြစ် တစ်နှစ်လျှင် ကျပ် တစ်သောင်းခွဲပေးသွင်း ရကြောင်းသိရှိရသည်။


မြန်မာတစ်နိုင်ငံရှိ ခရီးသွားဇုန်များဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပုဂံ နှင့် တောင်ကြီး၊အင်းလေးဇုန်များမှ ဧည့်လမ်းညွှန်များ၏ ဆန္ဒဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအား မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။