Tuesday, May 1, 2012

လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် နှင့်တွေ့ဆုံခြင်း အသံဖိုင်ပါစာသားအပြည့်အစုံ(အသံဖိုင်အား စာသားအဖြစ် ပြောင်းလဲရေးသားဖော်ပြထားပါသည်)


လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် နှင့်တွေ့ဆုံခြင်း အသံဖိုင်ပါစာသားအပြည့်အစုံ(အသံဖိုင်အား စာသားအဖြစ် ပြောင်းလဲရေးသားဖော်ပြထားပါသည်)
မေး- စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး လယ်သမားတွေကို ဘယ်လိုအကူအညီ တွေပေးပါသလဲ။
ဖြေ- အကူအညီပေးတာက နည်းစနစ် တို့၊ မျိုးစေ့တို့ စီစဉ်ထုတ်လုပ်ပြီးတော့မှ အကူအညီပေးတာပါ။ လယ်သမားက ဘယ်လောက်ပဲ အကူအညီပေးပေမဲ့ အဘက်ဘက်က အားနည်းချက်၊ လိုကွက်တွေ မပြည့်စုံတာတွေရှိမှာ ပေါ့နော်၊ ဥပမာ ငွေကြေးမတတ်နိုင်တာ၊ အရင်းအနှီးမတတ် နိုင်တာ၊ နောက် နည်းစနစ်မလိုက်နိုင်တာဒါတွေကို ၀န်ကြီးဌာနကနေအကူအညီပေးတာပေါ့။
မေး- ကုန်သွယ်ရေးဝန်ကြီးကလည်းဆန် Export ကိစ္စတွေကိုပြောသွားတယ်။
ပုလဲသွယ်ဆန်စပါးမျိုးကို လယ်ယာစိုက် ပျိုးရေးဝန်ကြီးဌာနကပြည်ပပို့ကုန်အဖြစ် ပို့ဖို့ အစီအစဉ်ရှိလို့ပါလား။
နိုင်ငံခြားကပုလဲသွယ်ဆန်စပါး မျိုးကို ၀ယ်ချင်တဲ့အတွက် ဆန်ကုန်သည်တွေက နေ သူတို့သဘောနဲ့သူတို့ ဈေးကွက်သေ ချာတဲ့ ဒီစပ်မျိုးစပါးကို စိုက်ပေးမယ်ဆိုရင် သူတို့ယူမယ်ပြောတယ်။သူတို့ချင်း ချိတ်ပေးလိုက်တာပါ။  တောင်သူက လည်း တွက်ခြေ ကိုက်မှ ဒီနည်းစနစ်တွေ ကိုလိုက်မှာ ဘာလို့ဆိုတွက်ခြေ မကိုက် ရင်သူ မလိုက်ဘူး၊
မေး-အခုခေတ် စနစ်ကပြောင်းသွားတယ် မူဝါဒက ပြောင်းသွားတယ်ဝန်ကြီးရဲ့လက် ထက်မှာ လယ်ယာကဏ္ဍနဲ့ပတ်သက်ပြီး တော့ချဲ့ထွင်ထားတယ်ဆိုတာတွေရှိပါ သလား။
ဖြေ- ဒီဆည်တွေ၊ တာတမံတွေမြစ်ရေ တင်တွေဆိုတာက ငွေကြေးအကျိုးသက် သက် Econony  ဖြစ်တာသက်သက်တည်  ထားတာမဟုတ်ပါဘူး။ နိုင်ငံတော်ခေတ် အဆက်ဆက်ကဟိုရှေ့တုန်းကဆိုရင်လည်း မင်းတွေတုန့်ကလည်းဆည်မြောင်တာတ မံတွေတည်ဆောက်ခဲ့ကြတယ်။ ဒီဘက် ခေတ်ကြတော့ပိုပြီးတော့မှ အားထည့်ပြီး  တော့လုပ်လာတယ်။ အားစိုက်လာတယ်။ ဘာကြောင့်လည်းဆိုတော့ နံပါတ် (၁)က တော့ လူဦးရေတိုးလာတယ်၊ ကမ္ဘာကြီး ကမချဲ့နိုင်ဘူး။ တိုင်းပြည်ကလည်းဖွံ့ဖြိုး တိုးတက်လာတယ်ပေါ့၊ စက်ရုံအလုပ်ရုံ တွေ လမ်းတွေချဲ့လာတယ်။ လေယဉ် ကွင်းတွေဆောက်လာတယ်။ ဟိုတယ်တွေ ဆောက်လာတယ်။ ဟိုအရင်တုန့်ကမူလ တန်းကျောင်းလောက်ပဲရှိတဲ့နေရာ အခု အထက်တန်းကျောင်းတွေပြင်လာပြီ၊ နဂိုတုန့်ကကျေးလက်ဆေးပေးခန်းမရှိတဲ့ နေရာ အခုကုတင် (၁၀၀) ဆေးရုံတွေ ဖြစ်လာပြီဆိုတော့ Civitlization ဖွံ့ဖြိုး လာတာနဲ့ အမျှ လူနေမှုအဆောက်အအုံ တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ မြေကြီးတွေ သုံးလာတဲ့အခါ စိုက်ပျိုးမြေတွေလျော့ သွားတယ်။
မေး-လွှတ်တော်ထဲမှာလဲ ၀န်ကြီးဌာန အသုံးစရိတ်တွေကို တော်တော်ဖြတ်လိုက် တာကိုတွေ့လိုက်ရတယ်။ ဘတ်ဂျက်ဖြတ် တာ တွေနဲ့ပတ်သက်ပြီးတော့ Pablic  ကအမျိုးမျိုးဝေဖန်ပြောဆိုနေတာတွေ ရှိတယ်။ ၀န်ထမ်းတွေလစာတိုးဖို့အတွက် Project တွေလျှော့ချရမယ် လို့လည်း ဂျာနယ်တွေမှာ အမြင်အမျိုးမျိုးနဲ့ ဖော်ပြထားတာတွေ့ရတယ်။ ဘယ် Trans နဲ့ သွားနေတယ်ဆိုတာကိုသိချင် ပါတယ်။
ဖြေ- စိုက်ပျိုးမြေကလျော့တယ်စား မယ့်သူတွေကတိုးလာတယ် စားနပ်ရိပ် က္ခာဖူလုံဖို့အတွက် ပြဿနာက ဖြေရှင်း ဖို့အမျှော်အမြင်ရှိတဲ့ လူကြီးတွေကတွက် ပြီးတော့မှ မိုးစပါးနွေစပါးဒီလိုတစ်သီး စိုက်နိုင်အောင်ဆည်မြောင်းတာတမံတွေလုပ် ပေးတယ်လုံးဝတစ်သီးတောင်မစိုက်နိုင်တဲ့ မိုင်းခေါင်ရေရှားတဲ့ဒေသတွေမှာလည်း စိမ်းလန်းစိုပြေအောင်လို့ သူတို့ပတ်ဝန်း ကျင်မျာသောက်ရေသုံးရေ၊ ကျွဲနွား တိရစ္ဆာန်တွေအတွက်သောက်ရေသုံးရေ ဖူလုံလာအောင်၊ အနည်းဆုံးတစ်သီးစိုက် နိုင်တဲ့ အကျိုးရှိတယ်ဆိုတဲ့အမြင်နဲ့ လူ ကြီးတွေကလုပ်ပေးတာပေါ့။ ဒီနေ့ကမ္ဘာ မှာရှေ့ပြေးနေတဲ့ နိုင်ငံတိုင်းက အဲဒီလိုပဲ အရင်လုပ်ခဲ့တာ၊ လူဦးရေအများဆုံးဖြစ် တဲ့ နိုင်ငံတိုင်းနိုင်ငံတိုင်း ဒီလိုပဲစိုက်ပျိုးရေး ကစခဲ့တာပါ။ ဘယ်နိုင်ကမှ စက်မှုနိုင်ငံ ကနေမစပါဘူး။ အခြေခံလူတန်းစားတွေ က စားဝတ်နေရေးအဆင်ပြေပြီးတော့မှ ပညာကိုဆည်းပူးနိုင်မယ်။ အားကစားကို လိုက်စားနိုင်မယ်။ အဲဒီလိုသုံးနိုင်စွဲနိုင်မယ် ပေါ့နော်၊ အဲဒီလိုလူတန်းစားတွေက တိုး တက်လာမှ တဆင့်တဆင့်ကူးကြတာပေါ့၊ ပြီးတဲ့အခါမှ ဖွံ့ဖြိုးတိုးတက်သွားသည့် တိုင်အောင်လည်းပဲ အခြေခံလူတန်းစား တွေလို လယ်ကွင်းထဲမှာပျော်အောင်လည်း ပဲ ဖန်တီးပေးရတယ်။ ဘယ်နိုင်ငံမဆို ရင်းနှီးမြှုပ်နှံပေးရတယ်။
မေး- ကျမတို့လည်း ဒီအချက် လေးကိုမြင်ပါတယ်ဦး၊ မြင်လို့သမီးက လည်း ဆည်တွေနဲ့ ပတ်သက်ပြီးတော့  ဆက်စပ်နေတဲ့ဘတ်ဂျက် အသုံးပြုမှုအနေ အထားလေးကို သိချင် တာပါ။ အဲဒါ ကြောင့်သမီး ဒီမေးခွန်းလေးကိုထည့် မေးတာပါ။
ဖြေ- (၁)က အဲဒါနော်ဒီငွေရေးကြေးရေး နဲ့ တန်ဖိုးမဖြတ်နိုင်ဘူးဆိုတာ တန်ဖိုးကြီး မားမှုပေါ့၊ (၂)က သဘာဝဘေးအန္တရာယ်  ဆိုတဲ့ အကာအကွယ်ကိုလည်းပဲ ဒီဆည် တွေတာတမံတွေကနေအများကြီးပေး တယ်။ Climate Change ကနေဖြစ်ပေါ် လာတဲ့ မိုးတွေက အားကြီးပြီး တာတမံ တွေကြောင့်မို့လို့ရေတွေကို ထိန်းသိမ်းထား  နိုင်တယ်။ အဲဒီရေထိန်းသိမ်းနိုင်တဲ့အတွက်  ကြောင့် ရေးကြီးခြင်းအန္တရာယ်တွေကို ကာကွယ်ပေးနိုင်တယ်၊ ဥပမာ- ပခုက္ကူ မှာ ထိန်းသိမ်းတာမရှိတာမရှိတော့ နာရီ ပိုင်းအတွင်းမှာ မိုးရေချိန် ၁၂ လက်မ လောရွာချတော့ လူတွေလဲ ၂၀၀ ကျော်  လောက်သေတယ်။ ကျွဲ၊ နွား အကောင် ထောင်နဲ့ချီပြီးသေတယ်။ တံတားအကြီး ကြီးတွေလည်း (၇) စင်းလောက်ပျက်သွား  တယ်။ အိမ်ခြေ (၃၀၀၀)လောက် ရေထဲ ပျောက်သွားတယ်ဆိုတော့ အဲဒီလိုတာတ  မံတွေနဲ့ ထိန်းသိမ်းကာကွယ်ထားမယ်ဆို ရင် လွန်ကတဲ့ မိုးရွာသွန်းမှုရှိလည်းသူ့ဟာ သူကာကွယ်ပေးထားတယ်။ သူဟာသူပို တဲ့ဟာလောက်ပဲစစ်ဆေးမယ်ဆိုတော့ အန္တရာယ်မရှိဘူး၊ ဒီလိုအမျိုးမျိုးပေါ့။ ပို ပြီး ခြောက်သွေ့တဲ့နေရာမှာ စိမ်းလန်းဆို ပြေအောင်သောက်ရေသုံးရေ ရအောင်  ရည်ရွယ်ချက်ရှိသလို့သဘာဝဘေးအန္တရာယ် ကာကွယ်လိုဆိုတဲ့ ရည်ရွယ်ချက်တွေ လည်းရှိတယ်။ ဒါကြောင့်မို့တာတမံတွေ ရဲ့ တန်ဖိုးဟာ အင်မတန်မှ ကြီးမားပါ တယ်။
မေး- Druns တွေတည်ဆောက်ခဲ့ကြ တယ်။  ငမိုးရိပ် ဆည်ဆိုရင် မင်္ဂလာဒုံ လယ်သမား တွေအတွက်လယ်တွေက တိုးစိုက်နိုင်တယ်၊ လယ်သမားတွေကြား ထဲမှာဖြစ်နေတဲ့ ရေပြဿနာမှာ ဆည် မြောင်းက တာတမံတွေကို ရေသွင်း မြောင်းတွေ လုပ်ပေးထားတယ်။ လုပ်ပေးတဲ့အခါမှာ ဆည်ရေသွယ်ပြီးတော့ သူတို့လယ်စိုက် နေကြရတယ်။ ရေမြောင်း တွေပိတ်လို့ ပြဿနာတွေဘာတွေ လို့ဖြစ်ကြတယ်။ ဆည်တွေဟာ တောင်သူ လယ်သမားတွေ အတွက်အကျိုးမပြု ဘူးလို့ ပြောတဲ့ပြယုဂ်တစ်ခုအပေါ်မှာ အန်ကယ်လ်အမြင်ကို ပြောပြပေးပါ။
ဖြေ- အမှန်တကယ် သိသိရဲ့နဲ့မှ မျက်စိ မှိတ်ပြီးတော့ ရေးထားတာပါ၊ အမှန် ကတော့ သူတို့လုပ်တဲ့အခါကျတော့၊ အဲဒီရေးတဲ့အခါမှာ ထောက်ခံသူနဲ့ ဘာနဲ့ ဖြစ်တဲ့အကြောင်းတရားကတော့ မျက်စိ စုံမှိတ်ပြီး စုံလုံးကန်းပြီးတော့မှ ဝေဖန်ပြီး တော့ အပြစ်တင်ထားတာပါ။ တကယ် တော့ အဲဒါကြောင့်မို့လို့ ရေအကျိုးဆယ် ပါးတို့ ဘာတို့ ညာတို့ဆိုတာ အဲဒါပဲ၊ တကယ်တော့ ရှေ့က လူကြီးတွေက လုပ် ခဲ့တာက အေးချမ်းမှာ သေချာပါပဲ။ အဘတို့လိုလဲ မားမားမတ်မတ်ရပ် တည်မဲ့လူတွေလည်း မြောက်မြားစွာရှိ တယ်။ တကယ်တမ်းသာစိန်ခေါ်ရမယ်ဆို  ရင် မျက်စိစုံမှိတ်ပြီးတော့ လုပ်နေတာက လဲ သူတို့ရဲ့ မှားယွင်းမှုပဲ၊ ဒါလဲ အမှန် တရားဆိုတာ တစ်ချိန်ချိန်ကြရင် သူဟာ နဲ့ သူပေါ်လာမှာပဲ၊ ဒီစပ်ကူးမတ်ကူးအချိန်  မှာ အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်လုပ် တာတွေက အချိန်တန်ရင်လူတွေက Brain ရှိတာကို အချိန်တန်ရင်သူ့ဟာနဲ့ သူသိလာကြမှာပဲ။
မေး- ရေအားလျှပ်စစ်တွေ၊ ဆည်မြောင်း တာတမံတွေ၊ မြစ်ရေတင်စီမံကိန်းတွေ စတဲ့ ဘတ်ဂျက်အသုံးပြုမှုတွေဟာ ပြည် သူလူထုအပေါ် အကျိုးပြုမှုနည်းပါးပြီး သဘာဝရင်းမြစ်ပျက်စီးတယ်လို့ ပြောဆို ဝေဖန်မှုအပေါ်-
ဖြေ- မြစ်ရေတင်စီမံကိန်းတွေ ဆည် မြောင်းတာတမံတွေ လုပ်ပေးထားခဲ့ခြင်း သည် လယ်တစ်ဧကမှာ ဘယ်လောက် အကျိုးပြုတယ်ဆိုတဲ့ ကိန်းဂဏန်းနဲ့ တိုင်း တာတာ မဟုတ်ဘူး။ သားစဉ်မြေးဆက်  အဆက်ဆက်တိုင်အောင် ဘိုးဘွားဘီ ဘင်တွေကနေပြီးတော့မှ နောင်လာ နောက်သားတွေ အဆက်ဆက်တိုင် အောင် ရာသီဥတုမျှတအောင် စားရေး နေရေး အဆင်ပြေအောင် ဖွံ့ဖြိုးတိုးတက် အောင် အဲဒီလို ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်ထားတာဖြစ်တဲ့ အတွက်ကြောင့် သူ့ ကို တစ်ဧကကို သိန်းဘယ်လောက်ကုန် တယ် လယ်တစ်ဧကထဲကို ရေရောက်ဖို့ ဘယ်လောက်ကုန်တယ်ဆိုတာကို အဲဒီ ဈေးတွက်နည်းနဲ့ တွက်တာက သက် သက် အပြစ်တင်ဖို့ ဝေဖန်တာပဲ။ ဒါဦး နှောက်မရှိတာပေါ့၊ ရှိရဲ့သားနဲ့ သက် သက် Negative  ဆန်တာပေါ့၊ ကမ္ဘာမှာ လူတိုင်းကသိတယ်၊ အာဖရိကတို့ဆိုရင် ရေရဖို့ကို၊ အစ္စရေးနိုင်ငံမှာ ဘယ်လို ရေရ အောင်လုပ်လဲ သူတို့မှာက တိုင်းပြည်ရဲ့ အရေးကြီးဆုံး ကိစ္စပဲ Life Secusity အတွက်၊ လူ့ဘ၀ကြီး အသက်ရှင်ရပ် တည်ဖို့အတွက် နေ့တိုင်းစားဖို့ကို လိုတယ် နေ့တိုင်းသောက်ဖို့ ရေလိုတယ်၊ ရေ အသက် တစ်မနက် ထမင်းအသက် ၇ ရက်ဆိုရှိတယ်။ အမျှော်အမြင်ရှိတဲ့ လူကြီးတွေလုပ်ထားတွေကိုဝေဖန်ပြစ်တင် နေတာ သည်အင်မတန်မှားယွင်း တဲ့အလုပ်ပဲ။ တကယ်တော့ တစ်ယောက်နှစ်ယောက် ကဝေဖန်တာကိုလည်း အသားပေးပြီးလုပ်  တဲ့အခါကြတော့အများက နှစ်နာတာပေါ့၊ ရေရဖို့အတွက်အခက်အခဲဖြစ်နေတယ် ဒုက္ခဖြစ်တယ်။ ကသိကအောက်ဖြစ်တာ ပေါ့၊ ပြည်သူတွေပဲပေါ့၊ ပြည်သူဆိုတာ ဆန္ဒရှင်တွေပဲပေါ့၊ သူတို့ရွေးချယ်တင် မြောက်ခဲ့တဲ့ဝါးလုံးတုန်ပြီး ရန်းတဲ့အခါမှာ ထိတဲ့လူတွေကတအားနာတယ်။ တချို့ နေရာမှာ အဲဒီလိုအပေါက်ရှာပြီးတော့မှ ပြဿနာရှာပြီးတော့မှ ဒီစက်ရုံကြီးက မြတ်နေသလားဘာဖြစ်သလဲ၊ ညာဖြစ်သ လဲလျှောက်ပြီးတွက်နေရင် ဒီရုံးကြီးဆောက်   ထားတာ ဒီလောက်အကုန်အကျခံပြီး တော့မှ ဖြစ်ပါမလား။ ဒီလိုပြောလို့ရှိရင် ဒီနေ့လွှတ်တော်ကြီးကိုဆောက်ထားတဲ့ တန်ဖိုးကလည်းတိုင်းပြည်ရဲ့ဂုဏ်သိက္ခာ မရှိဘူးလား၊ အဲဒီလိုပေါ့၊ ရှေ့တုန့်က ဘုရားပုထိုးကြီးတွေတည်ထားတဲ့ လူတွေ ကြောင့်မို့လို့ ပုဂံဆိုတာ မြန်မာ့ဂုဏ်ကို ဆောင်တာပေါ့၊ ဒါရှေ့လူကြီးတွေတည် တာပေါ့၊ အဲဒီတုန်းက ဒီလိုပဲ ငါတို့ ဒီလောက်ဆင်းရဲတဲ့ နိုင်ငံဘုရားစေတီတွေ  ပဲတည်ရလားဆိုပြီး အပြင်သွားပြောလို့ ဘယ်ရမလဲ၊ သမိုင်းရဲ့ ယဉ်ကျေးမှုအမွေ အနှစ်တွေအဖြစ်ထိန်းသိမ်းထားခဲ့လို့ ဒီနေ့ ဗမာ့ဟေ့ဆိုတဲ့ ကိုယ့်တိုင်းပြည်ရဲ့ဗုဒ္ဓဘာ သာအမွေအနှစ်တွေကိုစောင့်ရှောက်နိုင် တာပေါ့၊ အဲဒီလိုဝေဖန်တဲ့သူတွေက အဘ  တို့က ရှင်းပြရတယ်။ ဆိုပေမဲ့လည်း တအားမိုက်ရိုင်းလွန်အားကြီးတာပေါ့နော်။ မိုက်ရိုင်းတာမခံနိုင်လို့ရှင်းပြရတာပါ။ သူတို့က မသင့်တော်တာပေါ့တစ်ချက် ပေါ့။
မေး- ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လယ်ယာ မြေနဲ့ စိုက်ပျိုးပြီးအသက်မွေးဝမ်းကြောင်း ပြုကြတဲ့လူတန်းစားတွေဟာ ပညာတတ်လူငယ်တွေ များလာကြတာကို တွေရတယ်။ ကျမတို့နိုင်ငံမှာ လယ်သမား လူတန်းစားတွေကိုကြည့်လိုက်တဲ့အခါ  ပညာတတ်နည်းပါးနေတာကိုတွေ့ရတယ်။ နိုင်ငံတော်အနေနဲ့ လယ်သမားတွေကို ပံ့ပိုးမှုပေးတဲ့အပိုင်းနဲ့ ပတ်သက်ပြီး လယ်သမားတွေဟာ ပညာအခြေခံ နည်းပါးတဲ့အတွက် အကျိုးခံစားခွင့်ရရှိ သင့်သလောက်မရကြတာကိုတွေ့ရတယ်။စိုက်ပျိုးနည်းပညာတွေကို ဘယ်လောက်ပဲ ပံ့ပိုးပံ့ပိုး ပညာအခြေခံလိုအပ်ချက်ကြောင့် အပြည့်အ၀မရဘူးလို့ ထင်ပါတယ်။
လယ်သမားကိုစောင့်ရှောက်ခြင်း သည် ကို့ကိုယ်  ကို စောင့်ရှောက်တာနဲ့ အတူတူပဲ၊ လယ်သမားတွေသုံးနိုင်စွဲနိုင်မှ လယ်သမား  တွေကျောင်းတက်နိုင်မှာ တက်္ကသိုလ်တက်နိုင်မှ သူတို့သားတွေ သမီးတွေထွန်းကား သူတွေများများရှိမှ တိုင်းပြည်လည်းတိုး တက်မှာပါ။ လယ်သမားသားသမီးတွေ လှလှပပ ၀တ်နိုင်စားနိုင်မှဟုတ်လား၊ လယ် သမား သားသမီးတွေကအောက်ခြေ သိမ်း အလုပ်တွေလုပ်နေ၊ ကျွန်အလုပ် သာ သာလောက်လုပ်နေရရင်တိုင်းပြည်က ဖွံ့ဖြိုးမတိုးတက်နိုင်ဘူး။ ဒီအခြေ ခံလူတန်းစားတွေတိုးတက်လာမှသာ လျှင် တိုင်းပြည်က အေးချမ်းမယ်။ တိုင်းပြည်နောင်ရေးစိတ်အေးရမယ်။ တကယ်တမ်းကျတော့ အဲဒါလုပ်ရမယ့် ကိစ္စပဲ။ ပညာတတ်တွေလည်းပေါ် ထွန်းလာအောင် လူကြီးတွေကတော် တော်ကိုလုပ်ကြရမယ်။ တက္ကသိုလ်ကြီး တွေ ဆောက်ပေးခဲ့တယ်စာသင်ကျောင်း တွေဆောက်ပေး ခဲ့တယ်။ ဘာကြောင့် လည်း အခြေခံဖြစ်တဲ့ ဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်ဆိုပြီးရောက် လာတဲ့လူကစာမှမတတ် ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲလာထိုင်တော့ သူများထဆိုမတ်တပ်ထနေတယ်သူများ ထိုင်ဆိုထိုင်နေတယ်။ သူများခလုပ် နှိပ်ဆိုနှိပ်တယ်။ သူ့မှာဘာမှ မှမသိတာ။ဘာတွေပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ။ အဲဒီ ဟာတွေကို ဒေသအလိုက်နယ်ပယ် အသီးသီးက ပညာတတ်တွေထွက်ပေါ် လာအောင်ဆိုပြီး လုပ်ပေးခဲ့တယ်။ ဒါပေမမဲ့ အချိန်ကယူရဦးမယ်။သူငယ်တန်းက စပြီး train လုပ်နေရတာ။ဆယ်တန်း။ နောက်လည်း၁၄ နှစ် သဘောကတော့ ဆယ်စုနှစ် တစ်စု နှစ်စုလောက်တော့ကြာ ဦးမယ်။ အဲလောက်ကြရင်တော့ educated များလာတဲ့အခါမှာ အစစအရာရာ ခိုင်ခန့်တဲ့ နိုင်ငံ ဖြစ်လာမှာပေါ့နော်။အဲဒါကတော့ အခြေခံကိုယူရဦးမယ်။နောက်ပြီး တော့လူတွေရဲ့ စာရိတ္တတွေ ဆိုတာလည်း အခြေကိုပြန်ပြီး တော့မှ တည်ယူရမှာ။မကောင်းဘူးလားဆို အခု ပြောနေကြတာ ဝေဖန်နေတာတွေဟာ ကောင်း ပါတယ်။ သို့သော်ပျက်လောက် အောင်တော့ မဖြစ်ရဘူး။ တိုင်းပြည် ထိခိုက်သွားအောင်တော့ မဖြစ်သင့်မလုပ် ရဘူး။ အစိုးရပျက်အောင်လုပ်တယ်။ တိုင်းပြည် ပျက်အောင်လုပ်တယ်ဆိုတာ တွေ ဒီလှေကြီးထဲမှာ ခရီးသွားတဲ့လူတွေ လှေဝမ်းကြီးပေါက်သွားတယ်ဆိုရင် အကုန်နစ်မှာ။ဝဲထဲမှာ မြုတ်သွားရင် လည်း အကုန်သေမှာပဲ။ တည့်တည့် ပြောမယ်ဆိုရင်တော့ အစိုးရဆိုတာ မောင်းနှင်တာပဲထိန်းပေးတာ။ ပြည်သူ တွေနဲ့ လက်တွဲပြီးတော့မှ ခရီးသည် ထဲမှာပါနေတဲ့ အတွက် လှေဝမ်းကြီး မလူးအောင်ဟန်ချက်ညီအောင်သူထိန်း ပေးရမယ်။ လိုအပ်ရင်လည်းဝိုင်းလှော် ရမယ်။နောက်က ဥပဒေပြုမယ့်လွှတ်တော် တို့ ဘာတို့က တည့်တည့်လေး ဖြစ် အောင်လုပ်ရမယ်။ ဥပဒေက ကမောက် ကမဖြစ်နေရင် အစိုးရကိုပဲ ဝေဖန်နေ မယ်။ အထဲမှာရှိတဲ့မီဒီယာတွေ အနေနဲ့ ကလည်း အစိုးရကိုဝိုင်းပြီး သမနေရင် ကမောက်ကမဖြစ်ပြီး လှေကြီးနစ်တဲ့ အခါကြရင် ဘယ်သူကအ ရင်ဆုံးနာ မလဲ။ပြည်သူက အရင်ဆုံးနာမယ်။တလှေတည်းစီးတခရီးထဲသွားဆိုတာ တဖွဖွနေရ တယ်ဆိုတာ အဲဒါပဲ။လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်။ အသက်ကြီးပြီးဆိုရင် ငြိမ်နေရမယ်။ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်ရင် ဒါကြောင့်လဲ ဘုန်းကြီးအရူးနဲ့ လှေလူးလို့ပြောတာ။
မေး- လက်ရှိသွားတဲ့မူဝါဒအရ လွှတ်  တော်နဲ့လက်ရှိအစိုးရဆိုတာ ဟန်ချက် ညီအောင်တစ်ယောက်နဲ့ တစ်ယောက်အပြန် အလှန်ထိန်းကျောင်း ရမယ် ဆိုတာသည် မူဝါဒအရကို သွားရမှာပေါ့နော်။ အဲဒီဟာကို ဘယ်လိုဖြစ်နေလဲဆိုတော့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ check and balance  လုပ်ရမယ့် အစားတချို့ဟာလေးတွေမှာ cross section လုပ်သလိုဖြစ်နေတယ်။ အဲလို အမြင်လွဲစေတဲ့ ပုံစံလေးတွေလည်း တွေ့ရပါတယ်။ အခုဆိုရင်ဘတ်ဂျက် ကိစ္စတွေနဲ့ ပတ်သက်တဲ့ လွှတ်တော်ထဲ မှာလဲ အတိုက်အခံပါတီဘက်ကနေပြီး တက် လာတဲ့ ဒီမိုကရေစီအင်အားစု အမတ် တွေလည်း ရှိတယ်။အထူးသဖြင့် သူတို့တွေက ဘက်ဂျက်ကိစ္စကို ကျယ်ကျယ် လောင်လောင်အော်နေတာ တွေ့ရပါတယ်။ အဲဒီလိုအခြေ အနေမှာ လက်ရှိလုပ်နေရတဲ့ ၀န်ကြီး ဌာနတွေအနေနဲ့ကတော့ အခက် အခဲကို အမြင်ဆုံးပဲလေ။ ဒီဘက်ဂျက်မှာ လယ်ယာစိုက်ပျိုးရေးကို ၆၀ ရာခိုင် နှုန်းလောက် ဘတ်ဂျက် နောက်ဆုံးresult ကတော်တော် လေးလျှော့သွားတာကို တွေ့ရ ပါတယ်။ ထုတ်ပြန်ကြေညာချက် တွေအရပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်လို့ရော ဒီဘက်မှာနှောင့်နှေးမှုတစ်ခု ဖြစ်သွား လိမ့်မယ်လို့မြင်တယ်။ အဲဒါ ကိုရောဦးအနေနဲ့ လယ်ယာမြေခေါင်းစဉ်ကို ဦးစားပေးပြီး ဘတ်ဂျက်လျှော့သွားတဲ့အပေါ်မှာ အောင်မြင် အောင် ဆက်လုပ်သွားဖို့ ဘယ်လိုစဉ်းစားထား ပါသလဲ။
ဖြေ- အဘတို့အတွက်က မခက်ခဲဘူး။ ဘာလို့မခက်ခဲလဲ ဆိုတော့ရှိတဲ့အခြေ အနေနဲ့ ရုန်းကန်ဖို့ဆိုတဲ့ လုပ်တတ်ကိုင် တတ်တဲ့ အလေ့အထရှိတဲ့အတွက် ဘယ်လောက်ပဲ ငွေကိုပုံပေးတိုင်းပြည်ကို ချက်ချင်းပြောင်းလဲဖို့ဆိုတာမဖြစ်နိုင်ဘူး။  မဖြစ်နိုင်သေးတဲ့ ကာလမှာလွှတ်တော် ကနေပြီးတော့မှ ဘက်ဂျက်တွေကို တအားဖြတ်လိုက်တာမျိုးသူတို့တာဝန် တော့ရှိသွားတာပေါ့။ အဘတို့ကတော့ ပြည်သူတွေရဲ့ ဒါလေးဆောက်ပေးပါ၊ ဒါလေးလုပ်ပေးပါမီးလင်းချင်ပါတယ် လမ်းလေးဖောက်ပေးပါဆိုတဲ့ ကဏ္ဍ အသီးသီးပေါ့ဆည်မြောင်းတာတမံနဲ့ မီးလင်းတာလည်း ဆက်စပ်တယ်။ အဲဒါလေးတွေ မတိုးတက်လာတာကို လည်း သူ့ဒေသအလိုက် တစ်ယောက် တောင်းဆိုတယ်။ တစ်ယောက်က ဘတ်ဂျက်ဖြတ်တယ်။ တာဝန်ရှိတဲ့ လူကြီးတွေအနေနဲ့ကတော့ လစ်မစ် ရှိတာပေါ့။ငါတို့အတိုင်းအတာနဲ့ ငါတို့ ပြည်သူအတွက်ဘယ်လောက် လုပ်နိုင် မလဲ ။ လွှတ်တော်ဆိုတာ ပြည်သူတွေ ထဲကလူတွေပဲလေ။ သူတို့ တွေးတာ ခေါ်တာမှန်လို့ရင် တိုင်းပြည်ကအတွက် အဖြေမှန်ထွက်မှာပေါ့။ သူတို့ရွေးတာပဲ လေ။ တစ်တိုင်းပြည်လုံးပျံ့နှံ့ဖို့ဆိုရင် သုတေသနလုပ်ငန်းတွေ မျိုးစေ့ထုတ်တဲ့ လုပ်ငန်းတွေ အကုန်လုံးနဲ့ စက်မှု လယ်ယာကို ဖွံ့ဖြိုးအောင်တစ်ပြိုင်တည်း လုပ်နိုင်မယ်။ နည်းနည်းပဲ ဆိုရင် နေပြည်တော်တစ်ဝိုက်ပဲလုပ်မှာပေါ့။ နေပြည်တော်နှင့် တ၀ိုက်ရန်ကုန်မြို့နှင့် တစ်ဝိုက် သာယာစေပဲ ဖြစ်မှာ ပေါ့။ပြည်နယ်နှင့်တိုင်းမြန်မြန်ပျံ့အောင် တစ်ခါတည်းဖြန့်ကျက်ပြီးလုပ်ရမှာ။ အဲလောက်မလုပ်နိုင်လည်းလုပ်နိုင်တဲ့ အတိုင်းအတာအထိလုပ်မယ်။ တည့်တည့်ပြောမယ်ဆိုရင်တော့အစိုးရ အဖွဲ့ဝန်ကြီးတွေအနေနဲ့က သက်သာ တယ်။အလုပ်က ပေါ့သွားတယ်။ အော် — ငါတို့ ဆယ်ခုလုပ်ဖို့ ရှိနေတာတစ်ခုပဲ လုပ်နိုင်တော့တစ်ခုပဲ သက်သောင့် သက်သာလေးပေါ့။ အမှန်ကတော့ သက်သာတယ်။ သို့သော်တိုင်းပြည် အပေါ်မှာ တာဝန်ကျေချင်တဲ့ သူကျတော့ မခံနိုင်ဘူးပေါ့။ ငါတို့တိုးတက်အောင် လုပ်ရမယ့်ကာလမှာ ငွေအား၊ လူအား အရမ်းအရေးကြီးတယ်။ နည်းပညာ ရှင်တွေရောအကုန်လုံးပေါ့ အဲဒီလို လိုနေတဲ့အချိန်မှာ တစ်ဖက်ကိုဖိထားရင် မတိုးတက် နိုင်ဘူးပေါ့။နာတာကတော့ ပြည်သူပဲနာတာ။ တဲ့တဲ့ပြောရရင် အစိုး ရ၀န်ထမ်းတွေက သက်သာပါတယ်။
မေး- ကျုံ့သွားတာပေါ့။ ၁၀ခုလုပ်ရ မယ့်နေရာမှာ ၁၀ခုမလုပ်ရတော့သက်သာ တယ်။ တိုင်းပြည်အပေါ်တာဝန်ကျေ ချင်တဲ့သူကတော့ မခံနိုင်ဘူးပေါ့။ တိုးတက်အောင်လုပ်ရမယ့် အခုလိုအချိန် ကာလမှာ ပိုက်ဆံအရင်းအနှီးဆိုတာ ထက် ငွေအားနဲ့လူအားကလည်းအရမ်းအ ရေးကြီးပါတယ်။ ဘဲလင်စ် (BALLANCE) ညီရမှာပေါ့။ အခုလို တိုင်းပြည် အတွက် လိုအပ်ချက်ရှိနေတဲ့အချိန် မှာတစ်ဘက်ကို တစ်အားဖိထားရင် မတိုးတက်နိုင်ဘူး။ ဘယ်သူနာမလဲဆို တော့ ပြည်သူပဲနာမယ်။
မေး- ဖွံ့ဖြိုးပြီးသားအနောက်နိုင်ငံကြီး တွေတောင်မှလယ်သမားလူတန်းစားကို သူတို့က ပံ့ပိုးမှုတွေ၊ ဖြည့်တင်း ပေးတာတွေ အများကြီးပေးတာ တွေ့ရပါတယ်။ ဘာ့ကြောင့်ပါလဲ။
ဖြေ- ဘာကြောင့် ဦးစားပေးလဲ တကယ် လို့ စစ်ဖြစ်ခဲ့ရင်ကိုယ့်နိုင်ငံမှာ ကိုယ်ဆန် မစိုက်တော့ဘူး။ ဂျုံမစိုက်တော့ဘူးဆိုရင် စစ်ဖြစ်ခဲ့ရင်လောလောဆယ်ကတော့ရမှာ ပေါ့၊ တစ်နေ့စာလောက်တော့အရန်ထား  နိုင်မှာပေါ့၊ စစ်ဆိုတာဘယ်ပြောလို့ရမလဲ တစ်နှစ်ဖြစ်မလား၊ နှစ်နှစ်ဖြစ်မလား၊ သုံး နှစ်ဖြစ်မလား အဲလိုဖြစ်လာရင်ထမင်းငတ်  ကုန်မှာပေါ့၊ ကိုယ့်တိုင်ပြည်မှာကိုစားနိုင် သောက်နိုင် ဂျပန်ကော၊ ထိုင်ဝမ်ကော။ အမေရိကန်ကော သူနိုင်ငံမှာသူဖူလုံပြီး  ဖိုလျှံအောင်လုပ်တယ်။ ပိုအောင်လုပ်တယ်၊ ဒါကြောင့်မို့ ဒီတတ်နော်လော်ဂျီကလည်း  သုတေသနလုပ်တာလဲစိုက်ပျိုးရေးမှာ ဦးစားပေးပြီးအရင်ဆုံးဖူလုံအောင်လုပ် တယ်။ ပိုလျှံအောင်လုပ်တယ်။ ဒီလိုလို လျှံအောင်လုပ်ပြီတော့မှ အခြားနိုင်ငံတွေ ကို ရောင်းရင်ရောင်းမှာပေါ့၊ အိန်္ဒိယတို့ ဘာတို့လည်း ဒီတိုင်းပဲ လူဦးရေသန်းနဲ့ ချီတယ်။ ဒါပေမဲ့ ဖူလုံပိုလျှံအောင်လုပ် တယ်။ ဘယ်လောက်လုပ်ရလဲဆိုတော အဲဒီရင်းနှီးမြှုပ်နှံမှုရတယ်ပေါ့၊ ဆည်တွေ တာတမံတွေတည်ဆောက်ပြီးတော့မှ တစ်သီးနှစ်သီးစိုက်နိုင်မှပိုလျှံတယ်။ နောက်မို့ဆိုမပိုလျှံနိုင်ဘူး။ ဆိုတော့ သူက တော့ကွင်းဆက်တွေပါပဲ တိုင်းပြည်က ဖွံ့ဖြိုးပြီးမှ ဖွံ့ဖြိုးတဲ့နိုင်ငံကျတော့ပြစ်ထား လို့လားမရပါဘူး။ လယ်သမားကိုလည်း ဂရုစိုက်နေရတယ်။
မေး-လယ်ဧကတွေကို လက်ရှိရှိနေတဲ့ လူဦးရေရယ် နောက်ပွားလာမယ့် လူဦးရေနဲ့ရယ်ကိုမျှော်မှန်းတွက်ပြီးတော့ မြန်မာနိုင်ငံမှာ လယ်စိုက်ဧက ဘယ် လောက်   ရှိရမယ်ဆိုတဲ့ ဟာမျိုးကော ဦးတို့အနေနဲ့ ဒီ Long time plan အတွက် လျာထားပြီးတော ပြင်ဆင် ထားတာတွေကောရှိပါသလားဆိုတာလေး သိချင်ပါတယ်။
ဖြေ- သာမန်အားဖြင့် ကြည့်မယ်ဆိုရင် တော့ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ ရှိနေတဲ့ Land Result နဲ့က ကြည့်လိုက်ရင် Probility Density က အင်မတန်မှနည်း တယ်။ အိမ်နီးနားခြင်း ဘင်္ဂလားဒေ့ရှ်တို့ နောက်ကျန်တဲ့ကျွန်းနိုင်ငံလေးဘာပေး တွေ ကိုရီးယားတို့ဖိလစ်ပိုင်တို့စတဲ့ ကျွန်း နိုင်ငံလေးတွေပေါ့နော်။ ကျန်တဲ့ထိုင်ဝမ် တို့ပေါ့နော် အဲဒီနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အဘတို့နိုင်ငံက လူဦးရေနဲ့ မြေကြီးနဲ့က အများကြီးအဆမတန်ကွာတယ်အဲဒါ ကြောင့် တကယ်က အဲဒီလောက်ထိ ပူစရာမရှိသေးဘူးအဘတို့နိုင်ငံက မြေကြီး ကို ဘာလုပ်ဖို့ညာလုပ်ဖို့ Technology နဲ့ပဲ နည်းပညာနဲ့ပဲ နှစ်ဆတိုးအောင်ထုတ်နိုင် မယ် တစ်သီးကနေနှစ်သီးစိုက်မယ်ဆိုရင် တိုင်းပြည်က Export ကောင်းကောင်းလုပ်  လို့ရတယ်။ အလျှံအပယ်ပို့လို့ရတယ်။
နောက်ပြီးတော့သမီးတို့မြန်မာ နိုင်ငံက ဟိုအရင်ခေတ်ကဆို ကမ်္ဘာမှာဆန်ကို Export အများဆုံး တင်ပို့နိုင်တဲ့နိုင်ငံတစ်ခု ဖြစ်ပြီး အဲဒီရာစုတစ်စုမှာ ရပ်တည်နိုင် ခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ပေါ့နော် သမီးတို့က
မေး- မှန်ပါတယ်ဦး၊ အခုသမီးမေးတဲ့ မေးခွန်းကတော့ အခုဆိုရင်သစ်တောဧရိ ယာတွေဆိုရင်လည်း သစ်တောကနေပြီး တော့ သမီးတို့ကျွန်းစိုက်ခင်းတွေစိုက်လို့ ရတယ်။ နှစ်ရှည်စီမံကိန်းတွေနဲ့ ကုမ္ပဏီ တွေကို ပေးတာရှိပါတယ်။ ရာဘာဆို လည်း ရာဘာမို့သူဟာနဲ့ သူ အဲဒီအခါ ကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ သမီး တို့ကလောလောဆယ်လယ်စိုက်တာထက် ပိုပြီး အကျိုးရှိတဲ့ အဲဒါမျိုးတွေကို မြင်လာ တဲ့အခါမှာ ငွေရှင်ကြေးရှင်တွေကနေ များသောအားဖြင့်ကတော့ လက်ရှိငွေ ကြေးအကျိုးအမြတ်ကိုပဲတွက်ကြပြီးတဲ့ အခါကျတော့ ဦးရယ်ယူပြီးတော့လုပ် ကြ တာတွေရှိတယ်။ ဦးပြောသလိုပါပဲ လက် ရှိအနေအထားအရတော့ သမီးတို့ နိုင်ငံ ဟာရှိနေတဲ့ လူဦးရေနဲ့ မြေဟက်တာ တွေနဲ့က အများကြီးမြေတွေ ပေါများပါ တယ်။ အဲဒါကြောင့် ကျန်တဲ့ အိမ်နီး ချင်းနိုင်ငံတွေက မြေယာနဲ့ ပတ်သက် ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ နောက်ဆုံးဦး ရယ် လားရှိုးမှာဆိုရင်တရုတ်တွေက ဒီဘက်မှာမြေငှားပြီးလာစိုက်တယ်။ ဖရဲ သီးစိုက်တာတို့ကအစ ဒါတွေလေးတွေ့ နေရပါတယ်။ ဒီဘက်အပိုင်းငါးနှစ် ခြောက်နှစ်လောက်ကပေါ့။ သူတို့နိုင်ငံ တွေမှာ မြေကရှားပါးပြီးတော့ သမီးတို့ နိုင်ငံမှာ မြေကပေါနေတယ်ဆိုတာ ဒီပြယုဒ် က သက်သေပဲလေဦး ဒါပေမဲ့ကာလ ရွှေ့လျားလာတာနဲ့ အမျှ ဒီမြေတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကသာ ပေး လိုက်မယ်ဆိုရင် လောလောဆယ်ဖူလုံ နေ ပေမယ့် လယ်မြေက ဟက်တာ ဘယ် လောက်ထားမယ်ဆိုတာရည်းမှန်းချက်ရှိ နိုင်ပါသလားဆိုတာ သိချင်ပါတယ်။
ဖြေ- ဒီဟာလည်း အမှန်ကတော့ ဘ ဘာဝတရားကြီးက မလိုဘူး။ ပြင်းထန် ရင်လည်း မဖြစ်နိုင်ဘူး။ ပြင်းထန်မယ်ဆို ရင်ဒီလယ်မြေတွေကို မတိုးချဲ့ရဘူး။ ဒါ ကြောင့်မို့ လယ်ယာမြေဥပဒေဆိုတာ မနက်ဖြန်လောက်ဆို ထွက်လာမှာပါ။ တစ်နေ့ထဲက ပြီးသွားပြီ။ ဒီနေ့ဆိုအားလုံး ပြီးသွားပြီ၊ ရေးဆွဲပြီးတော့မှလေ ဒီနေ့ ဆိုရင် လွှတ်တော်ကနေ လွှတ်တော်က နေ ပြထန်းတဲ့အဆင့်ကပြီးသွားပြီ၊ အဲဒီ မှာ လွတ်လွတ်လပ်လပ်နဲ့ဖြစ်လာပြီ၊ အဲ တော့လယ်မြေတွေမဖွံ့ဖြိုးဘူးမတိုးတက် ဘူးလယ်ယာပေါ်မှာရင်းနှီးမြှုပ်နှံမှုနည်း တယ်ဆိုတဲ့ အကြောင်းတရားကလည်း  အဲဒီလယ်ယာမြေကို ဆိုရှယ်လစ်ခေတ် မှာရော ဟိုတုန်းကခေတ်တွေမှာရော ကိုလိုနီခေတ်မှာရော လယ်ယာမြေကို  ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုမရှိခဲ့ဘူး။ သူတို့ က မင်းညီမင်းသားတွေနဲ့ မှူးမတ်တွေက ပဲ ပိုင်တယ်၊ လက်လုပ်လက်စားတွေက မပိုင်ရှာဘူး။ နောက်ကျွန်ခေတ်မှာလည်း ဒီအတိုင်းပဲ ပြီးတော့ဆိုရှယ်လစ်ခေတ်မှာ လည်း လယ်လုပ်ကိုင်ခွင့်ပဲပေးတယ်။ အဲဒါကြောင့်မို့ လယ်ယာယာမြေဟာ မဖွံ့ဖြိးမတိုးတက်ဘူး။ အခုကတော့ Land Law Right  ပဲ သို့သော်လည်းပဲ ဒီလယ် မြေကို နာမည်လွှဲပြောင်းခွင့်ရှိတယ်။ ရောင်းခွင့်ရှိတဲ့ အခါကျတော့ သူ့လယ် ကို သူလည်းပဲဒီလယ်မြေကို နာမည်လွှဲ ပြောင်းခွင့်ရှိတယ်။ ရောင်းခွင့်ရှိတဲ့အခါ ကျတော့ သူ့လယ်ကိုသူလည်းပဲ ဒီလယ် မြေကို နာမည်လွှဲပြောင်းခွင့်ရှိတယ်။ ရောင်းခွင့်ရှိတဲ့အခါကျတော့ သူ့လက်ကို သူဖွံ့ဖြိုးတိုးတက်အောင်လုပ်လာတယ်။ ဒီလယ်က အမှန်ကတော့ လယ်စိုက်တာ မကိုက်လို့မဟုတ်ဘူး။ လယ်ယာမဖွံ့ဖြိုး လို့၊ လယ်ယာမဖွံ့ဖြိုးတဲ့အတွက်ကြောင့် မကိုက်တာ တချို့တွေတစ်သီးပြီတစ်သီး လေးလတိုင်းအမြဲတမ်းရနေမှာဖြစ်တဲ့ အတွက်ကြောင့် ကျန်တဲ့ဟာထက်ကို အကိုက်ဆုံး။
မေး- အဲဒါကို သမီးမြင်ပါတယ်ဦး အခုဆိုရင် ငွေရှိတဲ့လူကကိုယ်လယ်မြေ ကို သေသေချာချာလုပ်တာပေါ့ ခုနက ဦးပြောတဲ့ အချက်ပါပဲ၊ ဒါပေမဲ့ လယ် သမားတွေကကြတော့ နိုင်ငံတော်ကငွေ ထုတ်ချေးပေးပေမယ့် သူတို့က ချေး ထားတဲ့ပိုက်ဆံကို များသောအားဖြင့် မလောက်ဘူး။ သူတို့က လောလော ဆယ်ဒီဟာကို လုပ်တယ်ဆိုတာထက် တချို့ကတခြားဟာကို အသုံးပြုလိုက် တာတွေရှိပါတယ်။
ဖြေ- သူတို့လယ်ယာက မဖွံ့ဖြိုးတဲ့အခါ ကျတော့ ပြန်အထွက်နှုန်းကမကိုက်တော့ ဘူး။ အဲဒီဖွံ့ဖြိုးအောင်နိုင်ငံတော်အနေနဲ့ အတိုင်းအတာတစ်ခုထိအောင် လယ် သမားအပေါ်မှာနိုင်ငံတော်က ဒီနိုင်ငံမှာ  မွေးလာတယ်။ ဒီနိုင်ငံမှာပဲ သေကြတယ်။  ဒီနိုင်ငံသားတွေဖြစ်တဲ့အတွက်ကြောင့်  ဒီနိုင်ငံကိုကာကွယ်ကြရမှာပဲ ဘာပဲဖြစ် ဖြစ်တကယ်တမ်းကြတော့ အိုးပူလာရင် ဘာဖြစ်လဲ ဟုတ်လားအကုန်လုံးပါပဲလှည်း နေလှေအောင်းမြင်းဇောင်းပါမကျန် ဒီလို လာရင်ဒီလိုပဲနေကြရမှာပဲ။ ဒါကြောင့်ပမို့ ရွေးစရာမှမရှိတာ ဒီမြေမှာမွေးလာတဲ့သူ တွေဆိုတော့ ဒီနိုင်ငံကပဲကာကွယ်ရမယ် ပြန်စောင့်ရှောက်ရမှာပဲ အဲဒီတော့ လယ် သမားကိုစောင့်ရှောက်ခြင်းသည် ကို့ကိုယ်  ကို စောင့်ရှောက်တာနဲ့ အတူတူပဲ၊ လယ်သမားတွေသုံးနိုင်စွဲနိုင်မှ လယ်သမား  တွေကျောင်းတက်နိုင်မှာ တက္ကသိုလ်တက် နိုင်မှ သူတို့သားတွေသမီးတွေထွန်းကား သူတွေများများရှိမှ တိုင်းပြည်လည်းတိုး တက်မှာပါ။ လယ်သမားသားသမီးတွေ လှလှပပ၀တ်နိုင်စားနိုင်မှဟုတ်လား၊ လယ်သမားသားသမီးတွေက အောက်ခြေ  သိမ်းအလုပ်တွေလုပ်နေ၊ ကျွန်အလုပ် သာသာလောက်လုပ်နေရရင်တိုင်းပြည်က ဖွံ့ဖြိုးမတိုးတက်နိုင်ဘူး။ လူနည်းစုပဲချမ်း သာနေလိမ့်မယ်အဘတို့လိုဝန်ကြီးတွေရဲ့  အသိုင်းအ၀ိုင်းတွေညွှန်ချုပ်တွေရဲ့ အသိုင်း အ၀ိုင်းတွေလောက်ပဲတိုးတက်ထွန်းကား နေမယ်။ တိုင်းပြည်ဘယ်လိုမှမတိုးတက် နိုင်ဘူး။ Develope မဖြစ်ဘူး။ အဲဒီတော့ တိုးတက်တဲ့နိုင်ငံတိုင်းက အောက်ခြေက  နေစြီ့းတော့တက်လာတာ အဲဒါပြီးတော့ မှ ဒီလိုသွားကြတာ။ အဘတို့နိုင်ငံကြ တော့ အပေါ်ကစပြီးတော့ဖြစ်သလိုဖြစ် နေတော့ ဒါကိုပြန်ပြီးတော့မှပြန်စရတာ။ ဆိုရှယ်လစ်ခေတ်ကျတော့ တပြေးညီဆို ပြီးတော့ လုပ်တဲ့အခါကျတော့ မတိုးတက်  ဘူး။ ဒါကလူထုသဘောသဘာဝအရ ကိုယ်ပိုင်မရှိတာကြီးကို အဲတော့မတိုး တက်ဘူးတပ်မတော်အစိုးရလက်ထက် မှာကျတော့လည်း အကုန်လုံးကိုမဖြတ် ဖြစ်နိုင်ဘူးယုံကြည်စိတ်ချရတဲ့လူအသိုင်း အ၀ိုင်းနဲ့ပဲသွားတဲ့အခါကျတော့လူတစ် ခုပဲချမ်းသာလာတာပေါ့။ အခုကျတော့ မှ တကယ့်ကို အဲဒီစနစ်ကို ပြန်ပြီးတော့ မှ သွားနေတုံးဆက်ကူးမတ်ကူးပေါ့။ အဲဒီ ကာလတစ်ခုမှာတော့ လူတွေက အနစ် နာခံပေးရမယ်။ နိုင်ငံဝန်ထမ်းတွေလည်း အနစ်နာခံစရာရှိခံရမယ်။ အာဏာရှိတဲ့ လူတွေလည်း အနစ်နာခံရမယ်။ ဒီလိုမျှ မျှတတနဲ့ အာရုံစိုက်ပြီးတော့မှ အခြေခံ လူတန်းစားကိုလုပ်ပေးလိုက်ရင် အခြေခံ လူတန်းစားက Basement တောင့်လာလို ရှိရင် တိုင်းပြည်ကခိုင်မာတိုးတက်လာ မယ်၊ Basement ယိုင်နဲ့နေရင် တိုင်းပြည် ကမတည်ငြိမ်ဘူး နိုင်ငံရေးအရလည်း မတည်ငြိမ်ဘူးစားဝတ်နေရေးလည်းမပြေ လည်ဘူးရုတ်ရုတ်တော့ဖြစ်မှာပဲ။အောက်ခြေကတောင့်လာလို့ရင် အပေါ် ထပ်အဆောက်အဦခိုင်မာလာမယ်။အောက်ခြေကမတည်ငြိမ်ရင် တိုင်း ပြည်က မတည်ငြိမ်ဘူး။စားဝတ်နေရေး မှာလည်း မတည် ငြိမ်ဘူး။လူတွေ ရုတ် ရုတ်နဲ့ထဖြစ်မယ်။သူတို့ Educated မဖြစ်ဘူးဆိုရင်တိုင်း မတိုးတက်ဘူး။အခြေခံဥပမာ ပြောမယ်ဆိုရင် အဘတို့ ဆိုရင် အခြေခံကနေ လူကြီးဖြစ်လာ တယ်။ လူနည်းစုလောက်ပဲ လူ့မလိုင်ထဲ ကနေပြီးတော့မှ ချမ်းသာတဲ့လူတွေက ဗိုလ်ချုပ်ကြီးသားသမီးတချို့သာလျှင် ဗိုလ်ချုပ်ကြီးပြန်ဖြစ်တယ်။ဗိုလ်ချုပ် ကြီးသာတချို့သာလျှင် တိုင်းပြည်ရဲ့ ပညာတတ်ကြီးတွေ၊ ပါမောက္ခချုပ် ကြီးတွေ၊ ဒေါက်တာကြီးတွေ ဖြစ်တယ်။ အခြေခံကတော့ဘယ်လိုလဲဆို စောစော ကလို struggle လုပ်လာတဲ့လူတွေသာ လျှင် နိုင်ငံရေးလောကမှာပဲဖြစ်ဖြစ် တပ်မတော်စစ်ခေါင်းဆောင်မှာပဲ ဖြစ်ဖြစ်။ ဘာလို့လဲဆိုတော့သူကအကြမ်း ပတမ်းခံတယ်။အဘတို့သားသမီးတွေဆို တအား ကြိုးစားတယ်။ိမငလနလုပ်ထား တဲ့အတွက် ကြိုးစားတယ်။ ဗိုလ်လောင်း ဖြစ်လာတဲ့ အခါကြတော့တောက တက်လာတဲ့ကလေးတွေက ကြက်ဥတစ် လုံးလောက်စားရတာတအားပျော်နေ တယ်။ဒီက အဖေက ဖူးဖူးမှုတ်ပြီးတော့မှ ဘာစားချင်သလဲ။ပန်းသီးစားမလား။ အသီးအနှံကို ဒီလိုကျွေးတဲ့ ကောင်နဲ့ နွားနိုးတိုက်တဲ့ကောင်နဲ့ ဆိုတော့ မစားနိုင်တော့ဘူး။ ဒဏ်မခံနိုင်တော့ဘူး။ အဲဒါသဘာဝတရားပဲ။
မေး- ဒီဟာနဲ့ ပတ်သက်ပြီး မေးချင် တာလေး နောက်တစ် ခုက အခုဆိုလို့ရင် ဖြစ်နေတဲ့ ဟာတွေအကုန်လုံးကို လည်းအကုန် လုံးကမြင်နေရပါတယ်။ အခုပိုဆိုးလာတာက တိုင်းဒေသကြီး တွေမှာဆိုရင် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကာလမှာ လွတ်တော်ဆို တာရှိလာတယ်ပေါ့။ တိုင်းသူပြည်သား တွေကလည်း ဒီမူဝါဒတွေကို — မဖြစ် သေးဘူး ဦးခုနက ထောက်ပြတဲ့ ထောက် ချက်ကမှန်ပါတယ်။ အတိုင်းအတာ တစ်ခုထိ မီဒီယာတွေက လည်းဆိုတဲ့ ကဏ္ဍမှာ မှန်ပါတယ်။ ဒီနိုင်ငံဟာ အသွင်ကူးပြောင်းရေးကာလမှာ ဘယ် လိုဖြစ်နေလဲဆိုတော့ လူတွေတော် တော်များများကလက်ရှိအစိုးရကို ဘုံရန် သူအနေနဲ့ ၀ိုင်းတိုက်နေတာကိုတွေ့ရ ပါတယ်။ ဒါသမီးတစ်ဦး တစ်ယောက်ထဲ မြင်တဲ့ အမြင်ကိုပြောတာပါ။ ကျန်တဲ့ သူတွေ ဘယ်လိုမြင်လဲတော့ သမီးမသိ ပါဘူး။ ဒါတစ်ခုကိုတော့ မှားယွင်း နေတယ်လို့မြင်တယ်။ တိုင်းပြည် ကစီးပွားရေးမအောင်မြင်ဘူးတို့ ဘာတို့ ဆိုတာ တကယ်တန်း တစ်ဦးတစ်ယောက် တည်းက မဟုတ်ဘဲ အားနည်းချက်တွေ ရှိတာကို ကိုယ်စီပြင်ကြရမှာ။ ဒါပေမယ့် တော်တော်များများက လက်ရှိရာထူးကို ဆုပ်ကိုင်ထားတဲ့   အစိုးရကိုသာလျှင် ဘုံရန် သူလိုဝိုင်းတိုက်နေတာလေး တစ်ခု တွေ့ရတယ်။
ဖြေ – ဒါကလည်း ဦးရဲ့ သဘာဝ တရားက ၀ိုင်းတိုက် တယ်ဆိုတဲ့အထဲမှာ ယခင်အစိုးရအဆက်ဆက်က လူဟောင်း တွေပြန်ပါလာတာက တစ်ချက်။လူဟောင်းတွေ ပြန်ပါလာတာ ကိုမြင်နေ တဲ့ အခါကြတော့ မျက်စိထဲမှာထောက် ပြမယ်ဆို ထောက်ပြစရာပေါ့ ပြည် သူတွေ ဘက်ကထောက်ပြမယ်ဆိုလည်း Uniform ချွတ်လိုက်တာပဲရှိတယ်။တိုင်းပြည်ကလည်းချက်ချင်းလက်ငင်း ပြည်သူတွေလိုလားသလို တိုးတက်မှု ပြောင်းလဲမှုဆိုတာ မဖြစ်နိုင်တဲ့အခါမှာ အဲသလို အာဏာကိုရအောင် ဖြတ်လမ်း ကနေရချင်တဲ့သူကတော့ ဒီလိုအခြေ အနေမျိုးကို အစိုးရကို မတည်အောင် မငြိမ်အောင် လှုပ်လှုပ်ရွရွဖြစ်နေအောင် ဖန်တီးဖို့က သူ့အလုပ်ပဲ။သူ့အလုပ်ဖြစ် နေတဲ့အတွက် negative အနေနဲ့ လှုံဆော် ပေးမယ်။ အဲဒီအခြေအနေကလည်း သဘာဝတရားပဲ။
မေး- ဒီဟာကိုသမီးအနေနဲ့ ကိုယ်တိုင် အင်တာဗျူးတယ်ဆိုတာက ပြည်သူကို လည်း အကျိုးသက်ရောက်မှု ရှိစေချင် တယ်။ အစိုးရကိုလည်းအကျိုးရှိစေ ချင်တယ်။ အစိုးရတစ်ရပ်အနေနဲ့ ကိုယ့်တိုင်း ပြည်ကို အကောင်းဆုံး ဖြစ်စေချင်တယ်ဆိုတဲ့ စေတနာမှန်ကို သမီးက မြင်စေချင်တယ်။ သမီးတို့ လည်းဒီနေရာမှာနေခဲ့ဖူးတဲ့အတွက် အဲဒီခံစားချက်ကို သမီးသိပါတယ် သမီးမေးတာသည် တကယ်တန်း တော့ အာဏာကိုဖြတ်လမ်းက လိုချင်တဲ့ လူကတော့ လက်ရှိအစိုးရကို တိုက်မှာ ပဲလေ။ ဒါလဲသဘာဝတရားအရမှန် ပါတယ်။
ခုနသမီးကလည်း အဲဒီရှုထောင့် ပြောတာ ဘာဖြစ်လို့လဲဆိုတော့ အလုပ်  လုပ်တယ်ဆိုတဲ့နေရာမှာ ဦးခုနကပြော ပြတာလေးကို သဘောပေါက်ပါတယ်။ သမီးတို့လည်း တပ်ကလာတာဆိုတော့ သဘောပေါက်တယ်။ ဘာဖြစ်လို့လဲဆို တော့ အရပ်သားနှင့်စစ်သားတာဝန်ပေး ကြည့်တော့ သမီးတွေ့ရတယ်။ အရပ် သားကလေးတွေက ဒီဘက်က specalist ကိုပိုင်နိုင်ကျွမ်းကျင်ပေမယ့် အားထုတ်မှု ကျတော့ စနစ်တကျဖွဲ့စည်းထားတဲ့ဟာနဲ့ ကျတော့ မတူညီနိုင်ဘူးပေါ့။ သူတို့အဖွဲ့အစည်းသွားတဲ့ forment ကသမီးလည်းမြင်ပါတယ်။ သမီးမြင်တဲ့အမြင်က ဘတ်ဂျက်ကလျှော့ သွားတယ်။ အလုပ် ၁၀ခုလုပ်ရမယ့်ဟာ ကို အရေးကြီးတဲ့ ၃-၄ခုလောက်ပဲဦးစား ပေးလုပ်ရတော့တာပေါ့။ လျှာထားချက် ကိုပြောင်းရတော့မယ်ဆိုတာ သမီးသိတာ ပေါ့။ အဲဒါကြောင့် ဒီမေးခွန်းကလေးကို မေးတာပါ။ ဘတ်ဂျက်တွေနဲ့ ချုံ့လိုက် တဲ့အနေအထားတစ်ခုမှာ လယ်ယာအနေ နှင့် ဦးဘယ် Topic ကိုဦးတည်ချက် ထားပြီး တော့လုပ်ကိုင်မယ်လို့စဉ်းစားထား ပါလည်းဦး။
ဖြေ- နိုင်ငံတော်မှာ လူဦးရေအများဆုံး မှီတင်းပြီးတော့ စားသုံးနေတဲ့အရာက ဆန်စပါးပေါ့။ ကျန်တဲ့ဆီလဲလိုတယ်။ ရာဘာလည်းလိုတယ်။ ၀ါဂွမ်းလည်းလို တယ်။ ကြံလည်းလိုတယ်။ အဓိကဖွံ့ဖြိုး အောင်ကတော့ ဆန်ဘဲအဓိက နောက် နယ်မြေအလိုက်ပြန်ကြည့်ရင်လည်းလူဦး ရေ (ခရောက်ဒက်) ဖြစ်တဲ့နေရာဦးစား ပေးမှာပေါ့။ နေပြည်တော်ဖွံ့ဖြိုးတိုးတက် အောင် ဦးစားပေးမယ်။ ရန်ကုန်လည်းပါ တယ်။ ပဲခူးလူဦးရေများတယ်။ သူတို့ဟာ သူတို့ထိမ်းမယ်။လိုခြင်ရင်လာလေ့လာကြ တစ်ပြိုင်တည်း Center တွေထူထောင် ပေးမယ်။ ဘယ်ဧရိယာကို ဖတ်စ်ကွာလ တီလုပ်မယ်စဉ်းစားတာပေါ့။ နောက် (နောက်ဆက်တွဲကျတော့) အဲဒီလိုဘဲ သာမညနဲ့ အဓိကကျတာတွေကို STEP BY STEP သွားတာပေါ့။ ကျန်တာက တော့ ဟိုလူတွေဆန္ဒရှိလာရင်အကုန်ဖြစ် သွားမှာပါ။ လူတွေညီညီညွတ်ညွတ်နဲ့ ဆန္ဒရှိလာရင်ပေါ့။ စိုက်ပျိုးရေးဆိုတာ သိပ်တော့မခက်ခဲပါဘူး။ လူအပင်ပန်း ခံဘို့ အဓိကကျတယ်။ အနုမြူဗုံးထုတ် တာလဲ မဟုတ်ဘူး။ လေယာဉ်ထုတ်တာ လဲမဟုတ်၊ ရထားထုတ်လာလဲမဟုတ် ဘူး။
မေး- အပင်လေးတွေက ကိုယ်ကဂရုစိုက် ရင် စိုက်သလိုအပင်လေးတွေက ဖြစ် ထွန်းမြန်တဲ့အနေထားပေါ့။ အဲဒီလိုဆိုရင် ဦး ဟိုနေ့က လုပ်လိုက်တဲ့ ပုလဲသွယ် ကိစ္စဆိုရင် အဲဒီစပါးမျိုးနဲ့ပတ်သက်ပြီး  တော့ဦးအနေနဲ့ အိတ်စပို့အပိုင်းကတော့ သက်သက်ပေါ့။ ဦးတို့လယ်ယာစိုက်ပျိုး ရေးအနေနဲ့ကတော့ လယ်သမားတွေလုပ် ငန်းရှင်နဲ့ လယ်သမားချိတ်မိသွားအောင် အစိုးရကတော့ ပူးပေါင်းကူပေးတာပေါ့။
မေး- လက်ရှိဥပဒေတွေကတော့ လယ် ယာမြေတွေဟာ နိုင်ငံတော်ကပိုင်ဆိုင်တယ် လယ်သမားကို သီးစားချထားပေးခြင်း သာဖြစ်တယ်လို့ ဥပဒေကလောလော ဆယ်ရှိနေတယ်ဆိုတာ အားလုံးသိပြီးဖြစ် ပါတယ်။ တချို့ကုမ္ပဏီကြီးတွေလယ်မြေ ဧကအများကြီးပေးပြီး တစ်ဧကကိုဘယ် လောက်ပေးရမယ်ဆိုပြီး လယ်သမားတွေ ကိုပေးနေတာတွေ့ရတယ်။
ဖြေ- အဲဒီလိုမဟုတ်ပါဘူး။ နိုင်ငံတော် ကအဲဒီလိုလုပ်တာမဟုတ်ပါဘူး။ သို့ သော်ကန်ထရိုက်ကမ်မင်းဆိုတဲ့ စနစ်ကို အဓိပ္ပာယ်ဖွင့်တာမှားနေတယ်။ ကန်ထ ရိုက်ကမ်းမင်ဆိုတာ အဲဒါမဟုတ်ဘူး။ ဆန်ကစက်ကြီးတွေ ဘာတွေနဲ့ ဆန်တွေ ကုန်ချောထုတ်ဆိုပြီးတော့ သူရလာတဲ့ အကျိုးအမြတ်ကို လယ်သမားနှင့်ဝေမျှ ပြီးတော့ လယ်သမားကိုလ်ညး ထွန်းစက် တွေ ဘာတွေထူထောင်ပေး၊ ထွက်လာ တဲ့အကျိုးအမြတ်ကို ခွဲဝေယူကြဒါကန် ထရိုက်ကမ်းမင့်က ဒက်ဖနေရှင်း အဲဒီလို သဘောမပေါက်တဲ့ အခါကျတော့ပိုက် ဆံပဲထုတ်ပေးပြီးတော့ လယ်သမားထွက် လာတဲ့ဟာကို သီးစားချသလို ဖြစ်နေတာ ပေါ့။ အဲဒါလမ်းကြောင်းလွဲနေတာ။
မေး- ကျွန်မက အဲဒါကိုမေးချင်တာပါ။ အခုအဲလို ဖြစ်နေတဲ့ဟာကို အပြင်မှာကျ တော့ဘယ်လိုဖြစ်နေလဲဆိုတော့ ရန်ကုန် တိုင်းထဲမှာဆိုင် အနီးကပ်ဆုံး၊ သမီး ဥပမာပြရရင် ဦးတို့သွားခဲ့တဲ့ အရင်တစ် ခါ သမီးတို့လဲ လိုက်ခဲ့တယ်။ ကုမ္ပဏီ တွေက နေပြီးတော့ ဧကဘယ်လောက် ဆိုပြီးတော့ ငွေရှင်းကြေးရှင်းတွေကလည်း လယ်သမားကို ငွေထုတ်ပေးတယ်။ အဲ့ တော့ဦးပြောသလို အေးအေးလူလူနဲ့ သူတို့မှာ ရင်းနှီးမြှပ်နှံဘို့သူတို့မှာ မျိုးဝယ် ဘို့ ထွန်ယက်ဘို့တွေကို အတိုးကြီးကြီးနဲ့ မချေးရတော့တဲ့အတွက် အလုပ်ကိုလုပ်နိုင် အောင် ဒီကိစ္စလေးက Supporting  ဖြစ်နေ တာပေါ့။ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာနက ကုမ္ပဏီတွေကိုချပေးလုပ်ခိုင်း တာပါ။ ထိုင်းဒေသကြီးအစဉ်အလာမ ဟုတ်ပါဘူး။ သူ့သဘော သူဆောင်တော့ တိုင်းဒေသကြီးကလုပ်တာမဟုတ်သလိုဌာန ကလုပ်တာလည်းမဟုတ်ဘူး။ သမီးတို့ အဖေလက်ထက်ကဆို လှေတွေနဲ့မြွေ လိုက်ရှာအဲဒီလို တောတွေပတ်။
မေး- အဲဒါကိုပြောတာမဟုန်ပါဘူး။ လယ်ယာမြေဖော်ထုတ်ပြီးသားကို ပြော တာပါ။ အဲဒါမြေလွတ် မြေရိုင်းကိုဖော် တာပါ ဦး။ မြို့တွေနဲ့သိပ်မဝေးတဲ့နေရာကို ပြောတာပါ။ အဲဒီမှာလယ်ယာမြေဖြစ်ပြီး သားပါ။ နိုင်ငံတော်က သီးစားချထား တာ လုပ်နေတဲ့ လယ်သမားတွေကိုသီးစား ချထားတာ အဲဒီဟာအပေါ်မှာမှ အဲဒီမှာ ၃နှစ်လောက်က ချထားတာ အတိအကျ တော့မဟုတ်။ အဲဒီမှာ ကုမ္ပဏီအကြီးတွေ ကို တာဝန်ပေးခဲ့တာ။
ဖြေ- အမှန်က လယ်ကိုမလ်ုပတာ ဓာတ် ပုံတွေရှိတယ်။ ပုံဆိုးတောကြီးတွေဖြစ် တယ်။ အစိုးရက နိုင်ငံတ်ာက ပရော့ဂျက် တွေအတွက် လယ်သမားတွေကိုရော် ကြေးတွေပေးပြီး ယူထားတယ်ဘူတာရုံ ကြီးတွေ ဘာတွေအတွက်နောက်မလုပ် ဖြစ်ဘူး။ အဲဒီတော့ အဲဒီမှာ စက်မှုလယ် ယာတွေ ဘာတွေလုပ်သူဋ္ဌေး တတ်နိုင် တဲ့သူတွေကို ဆွဲထည့်ကာ ဆွဲထည့်ပြီး တော့ခိုင်းလိုက်တာ။ တချို့ကအင်နှင့် အားနှင့်လုပ်တယ်။ တချို့ကမလုပ်ဘူး။ အဲဒီမှာဘဲ အဲဒီနားကလူတွေနှင့်ဝဲလယ် ဖြစ်ပြီးတော့ ဒါပေမယ့်တပ်မတော်အစိုး ရလက်ထက်က ၃နှစ်လောက်အဲဒီလိုဘဲ ဒီဘက်ကာလကြတော့ ရေတွေနှင့်ဘာ တွေနှင့် ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ပြောင်းလဲပြီး မျိုးစေ့တွေဘာတွေထုတ် လုပ်ပြီးတော့ တစ်နေ့တစ်နေ့မှာမျိုးစေ့ ထုတ်တဲ့ ကုမ်္ပဏြီံကီးတွေပေါ်ပေါက်လာ ပြီးတော့ ဒီနေရာကနေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေပေါလာပြီး လူတွေလို လားပြီး ဧရာဝတီတိုင်းကသါားပြီးတော့ လိုက်ခေါ်ရတယ်။ စပါးစိုက်တာ ပျိုးတာ နှုတ်တာ လာလုပ်ပေးရတယ်။ သာမန် အားဖြင့် ရန်ကုန်မှာအလုပ်လုပ်တာ တစ် နေ့ ၂၀၀၀ မရဘူး။ အခုအဲဒီဂွင်ထဲမှာ လုပ်တဲ့သူတွေက အဆင်တွေပြေပြီး တော့ ရတဲ့လုပ်ခတွေရတယ်။ တိုင်းပြည် ရဲ့ လယ်ယာကဏ္ဍကို အထောက်ပြုပြီး တော့ အဆင်ပြေပါတယ်။ သို့သော် လည်း ဒါကိုဘဲ ပြဿနာရှာဖို့လိုက်လုပ် နေတဲ့သူတွေ ဥပမာ ဖိုးဖြူတို့ဘာတို့က အဲဒါကို ဘဲလိုက်ပြီးတော့ ပြဿနာရှာ နေတယ်။ သူ့ပြဿနာသူရှာနေတယ်။ အမှန်က ဂရောင်းမှာ ဘာပြဿနာမှမရှိ ဘူး။ ဂရောင်းမှာတော့ စက်မှုလယ်ယာ ကြီးဖြစ်ပြီးတော့ စိတ်ကြမျိုးကြအဲဒီက ထွက်တဲ့ မျိုးစေ့တွေဘာတွေထွက်လာပြီး သုံးစွဲနေကြတယ်။ ဒါကြောင့်မို့လို့လဲ ငမိုး ရိပ်ပြပွဲမှာ အဲဒါတွေအသားပေးပြပွဲလုပ်ခဲ့ တယ်။ အုံကြီးဆည်မှာလည်း ပြအုံးမယ်။
အဲဒါတွေက တချို့ယာတွေက လယ်ယာ မြေတွေဖြစ်ပြီး တခြားယာတွေလုပ်နေ ကြတယ်။ အဲဒါတွေကြတော့ မြေပုံမှာ ပေါက်နေတာလယ်ယာမြေဖြစ်နေပြီးတော
ဖြေ- အဲဒါတွေက ဥပဒေအသစ်တွေပေါ် ပေါက်လာရင်လေ မနက်ဖြန်သဘက်ခါ ပေါ်လာမှာ။
မေး- အခုအဲဒါက ဥပဒေဟောင်းက တည်းက လုပ်နေတာလေ။
ဖြေ- ဒါပေမယ့် အဲ့ဒါကလုပ်ခွင့်ရှိတယ် လေ။ သူကုဟိုဒင်းမဖြစ်လို့ ကိုယ်လိုရာ ကိုယ်ဆွဲပြီး ပြောနေတာ။
မေး- လုပ်ခွင့်ရှိတာတော့ အာဏာပိုင် သက်ဆိုင်တဲ့ထဲက ဒါတွေကခွင့်ပြုချက် ရှိမှလုပ်လို့ရမှာလေ။
ဖြေ- ဘယ်လိုဟာကို ပြောချင်တာလဲ။ ခွင့်ပြုချက်ရှိမှလုပ်လို့ရမှာလေ။
မေး- ဒါပေမယ့် အခုဟာက နိုင်ငံနေတာ် စီမံကိန်းမဟုတ်ဘူး။ အမိန့်
ဖြေ- အမိန့်ဆိုတာက စက်မှုလယ်ယာထူ ထောင်ပါဆိုတော့ စက်မှုလယ်ယာအင်္ဂါ ရပ်နှင့်ညီအောင် ပေါက်တူးတွေနွားတွေ နှင့် လုပ်လို့မရဘူး။ စက်တွေဝင်နိုင် အောင်လမ်းတွေဖောက်မယ်။ ဂိုဒေါင် တွေဆောက်မယ်။
မေး- သမီးဆိုလိုတာက လယ်လုပ်တာ မဟုတ်ဘူး။ အခြားအိမ်ယာစီမံကိန်းလို ထူထောင်တာ။
ဖြေ- ဘယ်သူတွေလုပ်နေတာလဲ။
မေး- ပတ်စ်မ်ဖြစ်တဲ့ဟာ ရွှေနဂါးက အခုအဲဒါပြဿနာဖြစ်နေတာ။
ဖြေ- အဲဒါတော့ သူပြဿနာသူရှင်းရ မှာ တိုင်းဒေသကြီးအစိုးရတွေရှိတယ်။ မှန်ပါတယ်။ တိုင်းဒေသကြီးအစိုးရက လည်း စာတွေထုတ်ထားပြီးတော့ အခု အခါစာတွေ ထွက်နေပါတယ်။ ဒီယာနဲ့ ပတ်သက်ပြီးတော့ ဦးပိုင်းလောက်က လယ်မြေပေါက်နေတယ်။

 Hot News

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။