Wednesday, June 27, 2012

အဖိုးတန်အမှိုက်ပုံးပျောက်ဆုံးမှုမှာ ကူးပြောင်းဆဲကာလတွင် ဖြစ်သင့်သည့်အခြေအနေမဟုတ်

ရန်ကုန်တိုင်းဒေသကြီးရှိ စည်ပင်သာယာရေကော်မတီမှ ရပ်ကွက်များ၌ (၆၆၀)လီတာဆန် ငွေကျပ် သုံးသိန်း ခွဲတန် အမှိုက်ပုံးများချထားပေးရာ (၅)ရက်အတွင်း အမှိုက်ပုံးအသစ်တစ်လုံးပျောက်ဆုံးသွားကြောင်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ သိရသည်။
 
 

အဆိုပါ သုံးသိန်းခွဲတန် အမှိုက်ပုံးများအား စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လ (၁၃) ရက်နေ့တွင် စတင်ချထား ပေးခြင်းဖြစ်ပြီး ဇွန်လ(၁၈)ရက်နေ့တွင် ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ အ.ထ.က (၂) ကျောင်းအနီးရှိ အမှိုက်ပုံးတစ်လုံးပျောက် ဆုံးခဲ့ခြင်းဖြစ်သည်။
 
 
 “ကျွန်တော်တို့ ဌာနက ဒီအမှိုက်ပုံးတွေ မချထားခင်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးခေါ်တယ်။ သူတို့ ထားခိုင်းတဲ့ နေရာမှာထားတယ်။ နီးစပ်ရာအိမ်တွေကို အပ်ထားတယ်။ပာု စည်ပင်သာယာရေးကော်မ တီ ပတ်ဝန်းကျင်ထိန်သိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်
 
 
ထိုအမှိုက်ပုံးများသည် နိုင်ငံတော်ဘဏ္ဍာဖြင်ပြည်ပမှ မှာယူတင်သွင်းသော အမှိုက်ပုံးကြီးများဖြစ်ပြီး မြန်မာနိုင်ငံ၌ အလုံး(၂၀၀၀)ချထားရာတွင် ရန်ကုန်တွင် (၄၇၀) လုံးရှိကြောင်း သိရသည်။
 
 
ဒီအမှိုက်ပုံးတွေက ထိုင်ဝမ်ကမှာယူထားတာပါ။ ကျွန်တော်တို့ ဌာနကလည်း ည (၁၀) နာရီဆို ရှိမရှိစစ်ဆေး နေကျပါ။ အဲဒီနေ့ကတောင် စစ်ဆေးတုန်းက ရှိပါသေးတယ်။ပာု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
 
 
အဆိုပါအမှိုက်ပံုးပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှဗပာန်းမြို့နယ် ရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးသည့် ပုဒ်မ ပပက  ၆/၁ အမှုဖြင်အရေးယူထားရာ ယနေ့အထိ ခိုးယူ သွားသည့် တရားခံအား မတွေ့ ရှိသေးကြောင်း ဗပာန်းမြို့နယ်ရဲစခန်းက ဆိုသည်။
 
 
ယခင်က အမှိုက်ပုံးများအား ပြည်တွင်း ပလက်စတစ်လုပ်ငန်းရှင်များထံမှ လှူဒါန်းသော ပလက်စတစ် အမှိုက်ပုံးများဖြင့်သာ ထားရှိခဲ့ခြင်းဖြစ်သည်။ ထို ပလပ်စတစ်အမှိုက်ပုံးထားရှိချိန်အတွင်း၌လည်း လူနေထူထပ်သည့် မြို့နယ်တွင် အမှိုက်ပုံးအများဆုံး ပျောက်ဆုံးပျက်စီးမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။
 
 
ပြည်ပမှ မှာယူတင်သွင်းသည့် ကျပ် (၃)သိန်းတန် အမှိုက်ပုံးများချထားရာ (၅)ရက်အတွက် အမှိုက်ပုံး တစ်ပုံးပျောက်ဆုံးသွားခြင်းနှင့်ပတ်သက်၍ ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းဆဲကာလတွင် မဖြစ်သင့်သည့် အခြေအနေတစ်ရပ်ဟုမြင်ကြောင်း စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက သုံးသပ်သည်။
 
 
‘’’နိုင်ငံတော်ပြုပြင်ပြောင်းလဲဆဲကာလမှာ ဒီလိုအဖြစ်အပျက်တွေဖြစ်တာ မသင့်တော်ဘူးလို့ထင်ပါတယ်၊ တာဝန်ရှိတဲ့လူတွေအနေနဲ့ တာဝန်သိစိတ်ဓါတ်နဲ့ နိုင်ငံပိုင်ပစ္စည်းတွေကိုလည်း ထိမ်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေပြီ”ဟု စမ်းချောင်းမြို့နယ်မှ ကားရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးမျိုးမင်းက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။