Tuesday, June 12, 2012

ရခိုင်ပြည်နယ် သတင်း စာပေစီစစ်ရေး တင်ရမည်

ရခိုင်ပြည်နယ် သတင်း စာပေစီစစ်ရေး တင်ရမည်

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သတင်း မီဒီယာတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်
ရေးသားခဲ့ရင် အရေးပေါ် ဥပဒေ ပုဒ်မ (၅)ည အရ အရေးယူသွာမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ ဇွန်လ ၁၀ ရက်နေ့ ည ၇ နာရီ၌
သတင်း မီဒီယာတွေကို ခေါ်ယူ သတိပေး ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် သတင်း ရေးသားမယ်ဆိုရင် ပြန်ကြားရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူ ၅
ချက်နဲ့ ရေးသားကြဖို့ သူက တစ်ပါတည်း တိုက်တွန်း သွားခဲ့ပါတယ်။ တဆက်တည်းမှာလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သတင်း
ဖော်ပြမယ်ဆိုရင် ရှေ့လျှောက် စာပေစီစစ်ရေးကို တင်ပြပြီးမှ ဖော်ပြခွင့်ရမှာ ဖြစ်ကြောင်း စာပေစီစစ်ရေးမှ ဒုတိယ ညွှန်ချုပ် ဦးတင့်ဆွေက ပြောဆို
သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်း သတင်းထောက်တွေ အနေနဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပြောကြားလိုတဲ့ သဘောထားကို လက်ခံနိုင်ပေမဲ့
အရင်အုပ်ချုပ်မှု အကျင့်ဟောင်းတွေအတိုင်း ပြုမူ ဆက်ဆံခံရတဲ့ အပေါ်မှာတော့ လက်မခံနိုင်ပဲ ဖြစ်နေ ကြပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။