Saturday, July 21, 2012

 အလုပ်သမားအဖွဲ့အစည်း ဥပဒေအာဏာတည်သည့်နေ့မှ လေးလကျော်ကာလအတွင်း အလုပ်သမား/အလုပ်ရှင် အဖွဲ့ချုပ်နှစ်ခုအပါအ၀င် အလုပ်ရှင်/အလုပ်သမား အဖွဲ့အစည်း ၁၄၀ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရ

အလုပ်သမားအဖွဲ့အစည်း ဥပဒေအာဏာတည်သည့် ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့မှ လေးလကျော် ကာလအတွင်းတွင် အလုပ်သမား/ အလုပ်ရှင်အဖွဲ့ချုပ်နှစ်ခု အပါအ၀င် အလုပ်ရှင်/အလုပ်သမားအဖွဲ့အစည်း ၁၄၀ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်း ရရှိသည်။

အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ အလုပ်သမားအဖွဲ့ချုပ်တစ်ဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ်တစ်ဖွဲ့၊ အခြေခံ အလုပ်သမား အဖွဲ့အစည်း ၁၂၇ ဖွဲ့နှင့် အခြေခံအလုပ်ရှင်အဖွဲ့အစည်း   ၁၁ ဖွဲ့တို့ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ် ကြောင်း သိရှိရသည်။
ဖွဲ့စည်းခဲ့သည့် အလုပ်သမား အဖွဲ့ချုပ်မှာ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများအဖွဲ့ချုပ်ဖြစ်ပြီး အလုပ်ရှင်အဖွဲ့ချုပ်မှာ ပြည်ပအလုပ်အကိုင် လုပ်ငန်းရှင်များ(၁) တို့ဖြစ်ကြောင်း သိရသည်။

အခြေခံ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် ဖိနပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ပိုက်စက်ရုံ၊ ကြွေပြားစက်ရုံ၊ ကုန်တင်ကုန်ချလုပ်ငန်း၊ သံနန်းဆွဲစက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အခြေခံလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ အငှားယာဉ်လုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဓာတုဗေဒပစ္စည်းစက်ရုံ၊ သံရည်ကျိုစက်ရုံ၊ အဖျော်ယမကာလုပ်ငန်း၊ ဗလာစာအုပ်စက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ စက္ကူစက်ရုံ၊ မော်တော်ယဉ် ထုတ်လုပ် ရေးလုပ်ငန်းအစရှိသည့် စက်ရုံ၊ လုပ်ငန်းများမှ အလုပ်သမားများက ဖွဲ့စည်းထားပြီး အခြေခံအလုပ်ရှင် အဖွဲ့အစည်းများကို ပြည်ပအလုပ်အကိုင် လုပ်ငန်းရှင်များ၊ အထည်ချုပ် လုပ်ငန်းရှင်များ၊ AAA ဘိလပ်မြေ စက်ရုံအလုပ်ရှင်များက ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခြေခံအလုပ်သမား အဖွဲ့အစည်းကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားအနည်းဆုံးဦးရေ ၃၀ ဖြင့် ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်သမား ဦးရေ ၃၀ အောက်ရှိသော လုပ်ငန်း သို့မဟုတ် လုပ် ဆောင်မှုဖြစ်ပါက လုပ်ငန်းသဘော သဘာဝတူညီသော အခြားလုပ်ငန်း  သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုနှင့် ပူးပေါင်းဖွဲ့စည်းနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ သိရသည်။ အလုပ်သမား အဖွဲ့အစည်းဥပဒေအရ အလုပ်ရှင်များသည်လည်း ဥပဒေနှင့်အညီ အလုပ်ရှင်အဖွဲ့အစည်းများကို အပြိုင်ဖွဲ့စည်းနိုင်ကြောင်း သိရှိရသည်။

အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန်အတွက် မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာကလည်း အလုပ်သမား အဖွဲ့အစည်းများ မှတ်ပုံတင်လျှောက်ထားနိုင်ရန်အတွက် မှတ်ပုံတင်အရာချုပ်၊ မြို့နယ်မှတ်ပုံတင်အရာရှိများကို သတ်မှတ်တာဝန်ပေး ထားပြီးဖြစ်ကြောင်းလည်း သိရှိရပါသည်။

အလုပ်သမား အဖွဲ့အစည်းဥပဒေ အာဏာတည်သည့်နေ့ရက်ကို ၂၀၁၂ ခုနှစ်၊ မတ်လ ၉ ရက်ဟု နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး မှတ်ပုံတင်အရာရှိချုပ်ကိုလည်း နိုင်ငံတော်သမ္မတကပင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။