Saturday, July 21, 2012

အာဇာနည် ခေါင်းဆောင် ၉ ဦး အတွက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဆွမ်းကပ်




အာဇာနည် ခေါင်းဆောင် ၉ ဦး အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေ့ဆွမ်း ဆက်ကပ်
မြန်မာ့ လွတ်လပ်ရေး အတွက် အသက် ပေးသွားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ မန်းဘခိုင်၊ သခင်မြ၊ ဦးအုန်းမောင်၊ ဦးဘဝင်း၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊
ဒီးဒုတ် ဦးဘချိုနှင့် ရဲဘော်ကိုထွေး အစရှိတဲ့ အာဇာနည် ခေါင်းဆောင် ၉ ဦး ကျဆုံး ခဲ့တာဟာ ၆၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းမှာရှိတဲ့ သူမရဲ့နေအိမ်မှာ ဖခင် ဖြစ်သူနဲ့အတူ ကျဆုံးခဲ့တဲ့ သူရဲကောင်း အာဇာနည်တွေ အတွက် ရည်စူးပြီး
ကွယ်လွန်ခြင်း ၆၅ နှစ်မြောက် နှစ်ပတ်လည် အတွက် ပဏ္ဏိတရာမ ကျောင်းတိုက်က သံဃာတော် ၅ ပါးနဲ့ ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်က သံဃာတော် ၅ ပါး စုစုပေါင်း
သံဃာတော် ၁၀ ပါးကို နံနက် ၁၀း၀၀ နာရီဝန်းကျင်က နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ပါတယ်။ အဲဒီနောက် ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်း အဖွဲ့တွေက လူထု ခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ရောက်ရှိလာပြီး ကျဆုံးသွားတဲ့ သူရဲကောင်း အာဇာနည်တွေ အတွက် မိမိတို့ ဘာသာတွေအလိုက် ဝတ်ပြု ဆုတောင်းမှုတွေ
ပြုလုပ် ပေးခဲ့ကြပါတယ်။ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းမှု အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပသော
အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဖို့ သွားရောက် ခဲ့တယ်လို့ သိရှိ ရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။