Thursday, July 26, 2012

Export ဈေးကွက် ကျဆင်းနေချိန် ပြည်တွင်း၌ ဆန်ဈေးမြင့်

  အမြင့်ဈေးဖြင့်တည်ငြိမ်နေသော်လည်း ပြည်ပ Export ဆန်ဈေးကွက်မှာ အရောင်းအ၀ယ်ကျဆင်းလျက်ရှိကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းက သိရှိရသည်။     ဇူလိုင်လကုန်ပိုင်းတွင် ဘုရင့်နောင်ဆန်ဈေးကွက်မှ ဆန်Export တင်ပို့ခဲ့ရပြီး အင်ဒိုနီးရှားနိုင်ငံသို့ အဓိကတင်ပို့ကာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ဆန်ကြမ်းဝယ်ယူမှုများပြားခဲ့ကြောင်း သိရသည်။     ပြည်တွင်းဆန်ဈေးကွက်တွင်း Export သဘောင်္များ ၀င်ရောက်မှုမရှိတော့ခြင်းကြောင့် ဆန်ဈေးနူန်းများ အမြင့်ဈေးဖြင့် တည်ငြိမ်နေခြင်းဖြစ်သည်။ 
 
    “လပြည့်နေ့နောက်ပိုင်း ဆန်ဈေးပြန်ကျမယ်ထင်နေကြတာ။ ဒါပေမယ့် Export သင်္ဘောတွေဝင်နေတော့ ပြန်မကျဘဲ နေတာ အခုသင်္ဘောတွေ ပြန်ထွက်သွားလို့ ဈေးကွက်က အေးစက်သွားပေမယ့် အရှိန်ကြောင့် ဈေးက ပြန်မကျသေးဘူး” ဟု ဘုရင့်နောင်ရှိ ကောင်းမြတ်စံ ဆန်ပွဲရုံမှ ကိုထွန်းထွန်းဝင်းက ဆန်ဈေးနှုန်းပြန်လည် ငြိမ်သက်သွားခြင်းနှင့် ပတ်သက်၍ ပြောသည်။      ဝါဆိုလပြည့်နေ့ မတိုင်ခင် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်းမြင့်တက်ခဲ့သည့် ဆန်ဈေးနှုန်းသည် လပြည့်နေ့နောက်ပိုင်း   ပြန်လည်ကျဆင်းသွားမည်ဟု ဆန်ကုန်သည်ကြီးများသည် ခန့်မှန်းခဲ့ကြသော်လည်း ပြည်ပမှ ဆန် Export သင်္ဘောများ ဆက်တိုက် ဝင်ရောက်လာခဲ့ခြင်းကြောင့် ဆန်ဈေးနူန်းများ မြင့်တက်ခဲ့ကာ Export သဘောင်္များ ၀င်ရောက်မူ ကျဆင်းသွားသော်လည်း ဆန်ဈေးနူန်းမြင့်တက်နေခြင်းဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်များထံက သိရသည်။     ဆန် Export သင်္ဘောများ ဝင်ရောက်ချိန် ဇူလိုင်းလဆန်းပိုင်းတွင် ဆန်ကြမ်း ဇီယာ (ရိုး) တစ်အိတ်လျှင် (၁၂၅၀၀) ကျပ်ဝန်းကျင်၊ ဇီယာ (ရှယ်) တစ်အိတ်လျှင် (၁၃၀၀၀) ကျပ်ဝန်းကျင်နှင့် ဆန်ချော ဖျာပုံပေါ်ဆန်း (ရိုး) တစ်အိတ်လျှင် (၂၈၀၀၀၀) ကျပ်ဝန်းကျင်၊ ဖျာပုံပေါ်ဆန်း (ရှယ်) တစ်အိတ်လျှင် (၂၉၀၀၀၀) ကျပ်ဝန်းကျင်ရှိနေခဲ့ပြီး ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် (၃၂၀၀၀၀) ကျပ်ဝန်းကျင် ဈေးရှိခဲ့ရာမှ ဇူလိုင်လကုန်ပိုင်း၌ အမျိုးအစားပေါ်မှုတည်၍ ကျပ်တစ်ထောင်မှ ကျပ်သုံးထောင် အထိမြင့်တက်ကာ အမြင့်ဈေးဖြင့် ဈေးကွက်တည်ငြိမ်နေကြောင်း ဘုရင့်နောင် ဆန်ဈေးကွက်အတွင်းက သိရသည်။     “ဇူလိုင်လဆန်းပိုင်းလောက်ကနေလလယ်အထိမှာယူတာတိုးလာတဲ့အတွက် အဝယ်လိုက်ပြီး ဆန်ဈေးလည်း နည်းနည်း လိုက်တက်လာခဲ့တယ်။ လကုန်လောက်ကျရင်တော့ ဆန်ဈေးပြန်ငြိမ်သွားမှာပါ”ဟု ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်မှ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သူ ကိုစိုးဝင်းက ပြောသည်။     ဘုရင့်နောင်ဈေးကွက်တွင်းသို့ ဧရာဝတီတိုင်းဒေသကြီးမှအဓိကထားဝင်ရောက်နေပြီးဇူလိုင်လကုန်ပိုင်းတွင်တစ်နေ့လျှင်ဆန်တန်ချိန် (၆၀၀) ကျော် ၀င်ရောက်လျက်ရှိကြောင်း သိရသည်။     လက်ရှိဈေးကွက်တွင်းရောင်းဝယ်လျက်ရှိသော ဆန်ဈေးနှုန်းများ     အမျိုးအစား                     အရေအတွက်                   ဈေးနှုန်း     ဇီယာ (ရိုး)                       တစ်အိတ် (၂၄)ပြည်          ၁၃၅၀၀ ကျပ်     ဇီယာ (ရှယ်)                    တစ်အိတ် (၂၄)ပြည်          ၁၅၀၀၀ ကျပ်     ဖျာပုံပေါ်ဆန်း (ရိုး)            တစ်အိတ် (၂၄)ပြည်          ၃၀၀၀၀ ကျပ်     ဖျာပုံပေါ်ဆန်း (ရှယ်)          တစ်အိတ် (၂၄)ပြည်          ၃၂၀၀၀ ကျပ်     ရွှေဘိုပေါ်ဆန်း                 တစ်အိတ် (၂၄)ပြည်          ၃၄၅၀၀ ကျပ်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။