Friday, July 20, 2012

မင်းဘူး-စကုမြိုနယ် ၊ စကုမြို့တွင် (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စကုမြို့ ( NLD )ဓာတ်ပုံများ

မကွေးတိုင်းဒေသကြီး ၊ မင်းဘူး-စကုမြိုနယ် ၊ စကုမြို့တွင် (၆၅)နှစ်မြောက်
အာဇာနည်နေ့ အခမ်းအနားကို စကုမြို့ ( NLD ) အဖွဲ့မှ ကို နေမျိုးကျော်
ဦးဆောင် ကျင်းပခဲ့ပါသည်။

အခမ်းအနားအာ နံနက် ( ၉ )နာရီ အချိန်တွင် စတင်ခဲ့ ပြီး စကုမြို့အနီး
ပတ်ဝန်းကျင်ကျေးရွာများမှကျေးရွာသူကျေးရွာသားများနှင့်
စကုမြို့သူမြို့သား စုစုပေါင်း လူဦးရေ ( ၂ )သောင်းကျော်
တက်ရောက်ဂါရ၀ပြုခဲ့ ကြပါသည်။

၎င်းတို့ ချီတက် အလေးပြုမည့် အာဇာနည် ကျောက်တိုင်မှာ ၁၉၄၈
-ခုနှစ်တွင်စတင် စိုက်ထူထားသော အာဇာနည်ကျောက်တိုင်ဖြစ်ပါသည်။

အာဇာနည်ကျောက်တိုင်အား ယခင်အချိန်အခါ က ပျက်စီးယို့ယွင်း
နေသောကြောင့်  စကုမြို့သူမြို့သားများ အာဇာနည်နေ့မတိုင်ခင်အချိန်
ကာလမှပြုပြင်မွမ်းမံ ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

၎င်းအခမ်းအဏား ကို ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး ( မကွေး )မှ
တက်ရောက်ဂါရ၀ပြုခဲ့ကြပါသည်။














   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။