Wednesday, August 22, 2012

ရန်ကုန်-ဆိုးလ် ခရီးစဉ် စက်တင်ဘာလ ၁၃ ရက် စပျံမည်


မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ကိုးရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့တို့ အကြား ခရီးစဉ်ကို ကိုရီးယား လေကြောင်းလိုင်း လာမည့် စက်တင်ဘာလ ၁၃ ရက်မှစတင်၍ တိုက်ရိုက် ပျံသန်း ပြေးဆွဲသွားရန် ရှိကြောင်း ရန်ကုန် အခြေစိုက် Sun Far လေကြောင်း လက်မှတ် အရောင်းကုမ္ပဏီ မှ သတင်းပေးပို့ချက် အရ သိရှိရသည်။

ယင်းခရီးစဉ်သည် ရန်ကုန်မှ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေ တို့တွင် ည ၁၁ နာ ရီ ၂၀ မိနစ် ၌ ထွက်ခွာမည် ဖြစ်ပြီး ကိုရီးယား နိုင်ငံ အင်းချွန်း လေဆိပ်မှ ကိုရီးယား စံတော်ချိန် ည ၆ နာရီတွင် ထွက်ခွာမည်ဟု ဖော်ပြ ပါရှိ သည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ကိုးရီးယား သမ္မတ နိုင်ငံ ဆိုးမြို့တို့ အကြား အဆိုပါ ခရီးစဉ်သည် ပထမဆုံး တိုက်ရိုက် ပျံသန်း ပြေးဆွဲခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ အမေရိက နှင့် ဥရောပတို့ကို ချိတ်ဆက် ပျံသန်း ပြေးဆွဲနိုင်သည့် လမ်းကြောင်းတစ်ခု ပွင့်လာခြင်း ဖြစ်ကြောင်း နိုင်ငံတကာ လေကြောင်းလိုင်း မန်နေဂျာ တစ်ဦးက သုံးသပ် ပြောကြားသည်။ လာမည့် အောက်တိုဘာလ အတွင်း ကာတာ လေကြောင်းလိုင်း၊ ရန်ကုန်တိုင်ပေ အီဗာ လေကြောင်းလိုင်း၊ ရန်ကုန် တိုကျို အောနိပွန် လေကြောင်း လိုင်းတို့ ပျံသန်း ပြေးဆွဲရန် 
ရှိ နေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။