Tuesday, August 7, 2012

ကွမ်းခြံများအတွင်း မြစ်ရေတိုး၍ကွမ်းဈေး(၄)ဆမြင့်တက်


ကွမ်းခံစိုက်ပျိုးသည့်နေရာများတွင်  မြစ်ရေနစ်မြှုပ်မှုကြောင့် ရန်ကုန်ရှိ ကွမ်းဈေးကွက်အတွင်း ကွမ်းဈေးနန်းမှာ (၂)လအတွင်း လေးဆခန်အထိ မြင့်တက်လာကောင်း သိရှိရသည်
 
“ ကွမ်းခံတွေ ရေတက်ပြီး ကွမ်းအထွက်နည်းလို ကွမ်းဈေးတွေတက်တာပါ၊ ဒီနှစ်က မိုးလဲနဲနဲပိုတယ် လိုထင်တယ်၊ ကွမ်းကမိုးလေနဲနဲလေးရက်ဆက်ရွာတာနဲကွမ်းအကွက်တွေတုန်းပြီး ပျက်စီးတာ များတယ်၊ ဝါဆိုလဆိုတော့ ကွမ်းလည်း အထွက်နည်းသွားတယ်၊ ကွမ်းအထွက်နည်းတော့ ကွမ်း ဈေးကီး သွားတာပါ’’ဟုမော်လမြိုင်ကျွန်းမြို့ နယ်မှ ကွမ်းခံစိုက်တောင်သူတစ်ဦးက ပြောသည်
 
ယခုနှစ်မိုးရာသီသည် ယခင်နှစ်များထက် မိုးရွာချိန်များပြီး ကွမ်းခံများအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့မကာင့် ကွမ်းပင်များပျက်စီးဆုံးရံးရခြင်း ဖြစ်ကြောင်း ကွမ်းစိုက်ပျိုးသည့်တောင်သူ များကဆိုသည်
 
“ ကွမ်းစိုက်တဲ့လမှာ ရေကီးတော့ ကွမ်းဈေးတက်တာပေါ့၊ ကွမ်းတွေက ရေတက်တောကွမ်းရွကကကွက်ပီး ပျက်စီးတာများတယ်၊ အဲ့လိုတွေဖြစ်လို ၂လအတွင်း ဈေးတက်လာတာပါ ’’ဟု သီရိမင်္ဂလာဈေးရှိ ဦးဥာဏ်မင်းကွမ်းဒိုင်မှ ဆိုင်တာဝန်ခံတစ်ဦးက ပြောသည်

 ဇွန်လပိုင်းအတွင်းက ပန်းတနော်(ရှယ်) တစ်ပိဿာလျှင် ကျပ် (၁၂ဝဝ) ဝန်းကျင်ရှိခဲ့ပြီး ယခု ပန်းတနော်(ရှယ်) တစ်ပိဿာလျှင် (၅ဝဝဝ) ကျပ် ဝန်းကျင် ၂ ရွက်တစ်ယာကွမ်းမှာမူ ယခင်က တစ်ပိာလျှင် (၁ဝဝဝ)ကျပ်မှ ယခုတစ်ပိလျှင် (၁၅ဝဝ) ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေသည်ဟု သီရိမင်္ဂလာဈေး ကွမ်းဈေးကွက်က သိရှိရသည်
 
လက်ရှိသီရိမင်္ဂလာဈေး ကွမ်းဈေးကွက်အတွင်းသို ဧရာဝတီတိုင်းဒေသကီးမှ ပန်းတနော် ဝါးခယ်မကျိုက်လတ်တိုမှ ကွမ်းအများဆုံးဝင်ရောက်ပြီး ဇလွန်ဘက်က ကွမ်းတွေအဝင်များနေကြောင်းနှင် အမျိုးအစားကောင်းပြီး လူကိုက်များသည့် ပန်းတနော်ကွမ်းမှာ အဝင်နည်းသွားသည့်အတွက် ဈေးနန်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ကွမ်းဒိုင်များကဆိုသည်

“ အရင်က ၂ဝဝဖိုးဆိုရင် ၆ယာ ရတယ်၊ အခုက ၂ဝဝဖိုးဆိုရင် ၄-၅ ယာပဲ ရတော့တယ်၊ကွမ်းအရေအတွက်တော့   လျော့တာပေါ့’’ ဟုကွမ်းစားသူ တစ်ဦးကပြောသည်
 
ထိုသို ကွမ်းဈေးမြင့်တက်လာခြင်းကြောင့် ကွမ်းယာဆိုင်များတွင်လည်း ကွမ်းအရေအတွက်လျော့ကာရောင်းချလျက်ရှိ ကြောင်းကိုလည်း သိရှိရသည်
 
“ ကျွန်မတိုကလဲ ကွမ်းဈေးတက်လာတော့ ရောင်းရတာခက်တယ်၊ အရင်ကဆို ဝယ်စားတဲ့သူတွေက ဘာလိုအယာတွေ လျော့တာလဲလိုမေးတယ်၊ အမြဲပဲ ရှင်းပြရတယ်၊ ကျွန်မတိုကလဲ လျော့ပြီးမရောင်းချင်ပါဘူး၊ ကွမ်းဈေးတွေတက်လာလိုလျော့ရောင်းရတာပါ’’ ဟု ကွမ်းယာရောင်းချသူ မချိုက ပြောသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။