Tuesday, August 7, 2012

မြို့သစ်မြေဈေး လျော့ရောင်းနေရချိန်မြို့တွင်း၌အိမ်ခြံမြေဈေး ဆက်လက်မြင့်တက်


မနလေးမြို့သစ်မြို့နယ်များမှ ငွေပေါ်လိုသူလုပ်ငန်းရှင်များအနေဖြင်အိမ်မြေခေါ်ဈေးလျောချရောင်းနေရချိန်တွင်မြို့တွင်းစီးပွားရေးအခေတကျလုပ်ကိုင်လိုသူများကြောင် အိမ်ခြံမြေဈေးနန်း များမှာ ဆက်လက်မြင့်တက်လျှက်ရှိကောင်း မနလေးအိမ်ခံမြေအကျိုးဆောင်များထံက သိရှိရသည်

“ မြို့သစ်ဘက်မှာ အိမ်ဝိုင်းဈေးတွေကောင်းတုန်းက အကွက်၂ဝ၃ဝလောက် ဝယ်ပီးမြုပ်နှံထားတဲ့ သူတွေ ဈေးအေးနေလို   ငွေပေါ်အောင် ဈေးချရောင်းနေရတယ်သိန်း(၈ဝဝ)လောက်တန်တဲ့ အကွက်ကို ကျပ်သိန်း(၆ဝဝ)(၇ဝဝ)လောက်နဲ့   ဈေးခေါ်နေရတယ်’'ဟု အိမ်ခံမြေအကျိုးဆောင် ကိုလင်းထွန်းအောင်က ပြောသည်

 သစ်အိမ်ခံမြေဈေးအေးနေသော်လည်းမြို့ထဲအချက်အချာကျသော နေရာများတွင် ကျပ်သိန်းတစ် သောင်းခွဲအောက်ထစ်ဖြစ်ကောင်း မနလေးမြို့ခံပွဲစားတစ်ဦးက ဆိုသည်

“ မြို့ထဲမှာစီးပွားရေးအခြေတကျလုပ်မယ့် လူတွေများတော့မြို့ထဲကအိမ်ခံမြေဈေးကမကျတဲ့အပြင် တက်နေတယ်မိန်းလမ်းဘေးမှာ   ပေ၄ဝ၆ဝတစ်ကွက်ကို ကျပ်သိန်း(၁၃ဝဝဝ)ကနေ သိန်း(၁၅ဝဝဝ) အထိ ရှိတယ် ’’ဟု ဝယ်ရောင်းပွဲစား ကိုနိုင်လင်းက ပြောသည်။

ရက်ပိုင်းအတွင်း နန်းရှေနှင့်မဟာမိုင်ရပ်ကွက်ရှိ ကျပ်သိန်းထောင်ကျော်တန်အကွက်များသာ အရောင်းအဝယ်ဖြစ်နေကြောင်းကိုလည်း သိရှိရသည်

လက်ရှိတွင် မနလေးအိမ်ခံမြေဈေးကွက်မှာ လတ်တလောအေးနေသော်လည်းအိမ်ခြံမြေပွဲစား အများစုမှာ  အိမ်ဂရံသက်တန်းတိုး ဂရံအသစ်လျှောက်စသော လုပ်ငန်းများအားမြို့တော်စည်ပင် သာယာရေးမှဝန်ထမ်းများနှင်ချိတ်ဆက်ဆောင်ရွက်နေကောင်း သိရှိရသည်

“ ဂရံသက်တန်းတိုးတဲ့ နေရာမှာ တစ်ချိုက ရှေနေနဲလုပ်တယ် တစ်ချိုကတော့ ပွဲစားနဲလုပ်ကတယ်’’ ဟု မြို့သစ် ချမ်းမြသာစည်မြို့နယ်မှ ကိုအောင်ကျော်က ပြောသည်

မြို့သစ်တွင် အိမ်ဂရံသက်တမ်းတိုးပါက  ကျပ် ၅သိန်းခွဲဝန်းကျင် ပမ်းမျှကုန်ကျပြီး ဂရံအသစ် လျှောက်ပါက မေဖိုးလမ်းဖိုးအပါဝင် ကျပ် ၇သိန်းခွဲဝန်းကျင် ကုန်ကျကြောင်းကိုလည်း ၄င်းထံက သိရှိရသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။