Sunday, August 19, 2012

အိုလံပစ် အကြိုဝင်နွှဲ ခဲ့သော မြန်မာဆိုင်း အဖွဲ့ အာရှတူရိယာ သံစုံတီးဝိုင်း အဖြစ် ချီးကျူးခံရ

အိုလံပစ် အကြိုဝင်နွှဲ ခဲ့သော မြန်မာဆိုင်း အဖွဲ့ အာရှတူရိယာ သံစုံတီးဝိုင်း အဖြစ် ချီးကျူးခံရ





လန်ဒန် အိုလံပစ် အားကစား ပြိုင်ပွဲ အကြိုဖျော်ဖြေပွဲတွင် မြန်မာ ဆိုင်းဝိုင်း ပါဝင်ဖျော်ဖြေခွင့် ရခဲ့ရာ ကမ္ဘာတွင် ပထမဆုံး၊ ဆိုရလောက်သော အာရှတူရိယာ သံစုံတီးဝိုင်းဟု အများက အသိအမှတ်ပြုခဲ့ကြောင်း ပါဝင်ဖျော်ဖြေခဲ့သော သီရိမောင်မောင် ဆိုင်းဝိုင်းမှ ဆိုင်းဆရာ သီရိမောင်မောင်က ပြောသည်။

"မျှော်လင့်မထားမိတဲ့ အရေးတစ်ခုပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ပါဝင်ခွင့်ရခဲ့တာကို အရမ်းဝမ်းသာမိပြီး မြန်မာ့ဆိုင်းဝိုင်းကို ကမ္ဘာသိအောင် ဖျော်ဖြေခွင့်ရခဲ့တာကို အင်မတန်မှ ဂုဏ်ယူရပါတယ်" ဟု ၎င်းက ပြောသည်။ အဆိုပါ အိုလံပစ်အကြိုပွဲတွင် လန်ဒန်မြို့ရှိ သိန်းမြစ် ကမ်းဘေးရှိ စတိတ်စင် ၆ ခုတိုတွင် မိတ်ဆက် တီးလုံးအနေဖြင့် မြန်မာစံတော်ချိန် တီးလုံးကို အခြားအာရှတူရိယာများနှင့် တွဲဖက်ဖျော်ဖြေခဲ့ပြီး အခြားအာရှ နိုင်ငံများမှ သီချင်း ၆ ပုဒ်ကိုလည်း အတူ တွဲဖက် တီးမှုတ်ပေးခဲ့ကြကြောင်းနှင့် ပရိတ်သတ်များ အထူးစိတ်ဝင်စား အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတွင် မြန်မာဆိုင်းဝိုင်းနှင့် စောင်းကို ဆိုင်းဆရာ သီရိမောင်မောင်က တီးခတ်ပြီး ပတ္တလားကို သားဖြစ်သူ ဝေယံမောင်မောင်က အတူတကွ တီးခတ်ဖျော်ဖြေခဲ့ကြောင်း သိရသည်။ သီရိမောင်မောင် မင်္ဂလာဆိုင်း အဖွဲ့သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ သာသနရံသီဝိဟာရ ဆရာတော် ဦးဥတ္တရ၏ ဗုဒ္ဓပူဇော်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့သို့ ရောက်ရှိချိန် လန်ဒန်ရှိ မြန်မာများနှင့် တွေ့ဆုံပွဲတွင် ဖျော်ဖြေရန်အတွက် ဖိတ်ခေါ်ခံရခြင်း ဖြစ်ပြီး ဆရာတော်မှ မြန်မာ့ဆိုင်းဝိုင်းအနုပညာကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြသလိုဖြင့် ပန်းချီကိုထိန်လင်းနှင့် တွေ့ဆုံ၍ လန်ဒန်ရှိ X Index အဖွဲ့နှင့် ဆက်သွယ်ကာ ဖျော်ဖြေခွင့်ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။