Saturday, August 4, 2012

ဖားကန့်မှော်တွင်မြိုင်စိန်ကျောက် အထူးအရောင်းသွက်နေ


ဖားကန့်မြို့နယ် ကျောက်စိမ်းမှော်တွင် ကျောက်ဖြူတစ်မျိုးဖြစ်သည့်မိုင်စိန်ကျောက်မှာ ကျောက်စိမ်းဈေးကွက်  အတွင်း အထူးရေပန်းစား အရောင်းသွက်လျှက်ရှိသည်

ယခင်ကမိုင်စိန်ကျောက်သည်တန်ဖိုးမရှိ ကျောက်စိမ်းတစ်မျိုးဖြစ်ကာ ရေမဆေးကျောက်ကောကသမားများမှကျောက်လော ပန်းများအား ရောင်းချရာမှ ကျောက်စိမ်းဈေးကွက်တွင်း ရောင်းပန်းလှသည့် ကျောက်စိမ်းဖြစ်လာကာ တန်ဖိုးမြင့်တက် လာခြင်း ဖြစ်သည်
 
မိုင်စိန်ကျောက်စိမ်းသည် ဆွတ်အောင်ဆိုင်မှော်နှင့် မှော်မုံမှော်ကြားရှိ မြန်မာပြည်သူကုမ္ပဏီ၏ လုပ်ကွက်တွင် တူးဖော်ရရှိနေခြင်းဖြစ်သည်

 “အရင်က ဈေးကွက်မှာမရှိဘူး၊ ခု နောက်ပိုင်းမှာ ရေမဆေးသမားတွေက   ကောက်ကောက်ပီး   ရောင်းစားလာတော့ ဈေးကရှိလာတယ်၊ ခုတော့ ဒီကျောက်က အရမ်းခေတ်စားနေတယ်၊ အင်မတန်မှ နာမည်ကီးနေတယ်၊ဒီမှာတော့ ပေါ်ပြူလာဖြစ်နေတယ်’’ဟု ဖားကန်ဒေသခံ ကျောက်လောပန်းတစ်ဦးက ဆိုသည်
 
လက်ကောက်လွတ် တစ်ကွင်းထိုင် အရွယ်အစားလျှင် ကျပ် ၄ သောင်းမှ ၅ သောင်းထိ ရပီးအချိန်တစ်ရာရှိလျှင်ကျပ်၁ဝ သိန်း အထက်ရှိကာ အချိန်တစ်ရာတွင်မူ လက်ကောက်ဝက် ၁ဝ ကွင်းအထက် လွတ်လျှင် သိန်း ၁ဝဝ အထိ ဈေးကွက်တွင် ဈေးရရှိနေကောင်း သိရသည်
 
အဆိုပါ မိုင်စိန် ကျောက်စိမ်းအား အောက်မြန်မာပြည် မန္တလေးစစ်ကိုင်းတိုင်းဒေသကီးများမှ ပန်းပုများ ထုလုပ်ရန် လာရောက် ဝယ်ယူမများလျှက်ရှိပြီး တရုတ်လောပန်းသူဌေးများမှလည်း လာရောက်ဝယ်ယူနေကြသည်

 မြိုင်စိန်ကျောက်စိမ်းမှာ အဖြူရောင်အဆင်းပီး အချိုမူ စိန်ကဲ့သိုကည်အသန်အဆင်းရှိသည် ထို ကျောက်အား ကချင်လို ပထော့ ဟု ခေါ်သည်
 
ရေခဲတုန်းလိုပါပဲ၊ ကည်ဖွေးနေတာ၊ အဲ့ဒါကောင့် သူများခေါ်တာမြိုင်စိန်စိန်လိုပဲ အရောင်က ဟု ၄င်း လောပန်းက ဆက်ပြောသည်
 
မြန်မာပြည်သူကုမ္ပဏီ၏ လုပ်ကွက်တွင် တစ်နေတစ်နေလူ (၅ဝဝ) အထက်မနည်း ကျောက်တူးခြင်း၊ ဝယ်ယူခြင်း လာရောက်ကြည့်ရှုသူများဖြင့် ပွဲတော်တစ်ခုကဲသိုစည်းကားနေကြောင်းကိုလည်း သိရှိသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။