Tuesday, September 4, 2012

လုပ်ငန်းခွင်ဝင်မည့် ကျွဲ၊ နွားတို့အတွက် ကျန်းမားရေး စောင့်ရှောက်မှုပေးရန်ပြင်

ရန်ကုန် (မဇ္ဈိမ) ။         ။ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သော ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာလုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ကြတော့မည့် ကျွဲ၊ နွားတို့အတွက် ဆေးကုသမှုနှင့် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ တိရစ္ဆာန် ဆေးကုဆရာဝန်များအသင်းနှင့် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု မွေးမြူရေးနှင့် လုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာလှလှသိန်းက ပြောသည်။


ကုန်ကျစရိတ်များအတွက် အထက်ဖေါ်ပြပါ အဖွဲ့အစည်းသုံးခုမှ ထည့်ဝင်လှူဒါန်းခဲ့ပြီး အခြားအလှူရှင်များမှ လှူဒါန်းမှု စုစုပေါင်း သိန်း ၄၀၀ ကျော် ရရှိပြီး ဖြစ်သည်။

လက်ခံရရှိထားသည့် အလှူငွေများထဲမှ ဆေးဝါးလှူဒါန်းမှုအတွက်၂၂၈သိန်းကျော် အစာအတွက် ၃၇ သိန်းကျော်ဖိုးနှင့်
ငွေသား ၁၃၇ သိန်းကျော် လှူဒါန်းရန် စီစဉ်ထားရှိသည်။

သွားရောက်လှူဒါန်းမှု ပြုလုပ်မည့်နေရာနှင့် အချိန်တို့ကို စီစဉ်နေဆဲဖြစ်ပြီး အခြားသောတိရိစ္ဆာန် ဆေးကု ဆရာဝန်များ ကိုပါ စေတနာ့ဝန်ထမ်းအဖြစ် လိုက်ပါရန် မြန်မာနိုင်ငံမွေးမြူ ရေးလုပ်ငန်း အဖွဲ့ချုပ်မှ ဖိတ်ခေါ်ထားသည်။

သြဂုတ်လ ပထမပတ်မှ တတိယပတ်အထိ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းများအတွင်း ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဧရာဝတီ တိုင်းတွင်း စပါးစိုက်ဧက ၅၂,ဝဝဝ ကျော်နှင့် ပဲခူးတိုင်းအတွင်း ဧက တသောင်းကျော် ပျက်စီးခဲ့ရသည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က သြဂုတ်လအတွင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။