Tuesday, November 6, 2012

ဖိနပ်ပျံများနှင့် ကမ္ဘာ့မွေထိုင်းချန်ပီယံ ရှုံးခဲ့သည့်ပွဲ


ကမ္ဘာ့မွေထိုင်းချန်ပီယံအီရန်နိုင်ငံသား မာစွပ်နှင့် မြန်မာမှ ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ်ပိုင်ရှင်ဖိုးကေ တို့ပွဲမှာ ပွဲကြီးသော်လည်းပွဲကောင်း တစ်ပွဲမဖြစ်ခဲ့ဟု ကြိုးဝိုင်းဒိုင်ချုပ်ဦးဒေါင်းနီက မှတ်ချက်ပြုသည်။


မန္တလေး အောင်မြေမန္တလာ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆီလီဗင်မြန်မာ့ရိုးရာလက်ဝှေ့ ပွဲစဉ်များ အပြီးတွင် ဒိုင်ချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


ပွဲကြီးတော့ မှန်တယ် ပွဲမကောင်းဘူး  ဒီလိုပဲသုံးသပ်တယ် ဟု ဗမာ့လက်ဝှေ့ကြိုးဝိုင်းဒိုင် ဦးဒေါင်းနီ က ပြောကြားခဲ့သည်။


မွေထိုင်းလက်ဝှေ့သမား မာစွပ်၏ ကစားပေါက်မှာ တစ်ဖက်လူ၏ အမှားကို စောင့်ထိုးသော ကစားဟန် ဖြစ်သည့်အတွက် မန္တလေးပရိတ်သတ်အချို့က မာစွပ်ကို ဖိနပ်၊ ဘီယာဘူးခွံဖြင့် ပစ်ပေါက်ခြင်းများရှိခဲ့ သည်။


လက်ဝှေ့ပွဲမှာ ဒီလိုကတော့ ဖြစ်လေ့ဖြစ်ထရှိတာပဲ၊ နည်းနည်းအေးရင်ပရိတ်သတ်က ဒီလိုပဲ မန္တလေးမှ လက်ဝှေ့အားကစား ချစ်မြတ်နိုးသူ ကိုနန္ဒက ပြောသည်။

 
ဖိုးကေ၏ လက်သီးချက်များနှင့် ကန်ချက်များကြောင့် မာစွပ် ကြမ်းပြင်ပေါ် လေးကြိမ်ကျခဲ့ပြီး ဗမာ့လက်ဝှေ့ နည်းဥပေဒေအရ အမှတ်စဉ်လေးကြိမ်ရေတွက်ခံရလျှင် အရှုံးပေးရသော စနစ်အရ မာစွပ်မှာ အရှုံးပေးခဲ့ရသည်။


ဖိုးကေ-မာစွပ် ပွဲမတိုင်မီ တွဲဆိုင်းများတွင် သုံးချီပွဲများ လေးချီပွဲများပါဝင်ခဲ့ကြပြီး ၊ ငါးချီအထူးစိန်ခေါ် ပွဲများထဲက ဖိုးသားကြီး (မန္တလေး) နှင့် လုံးချောလေး (သထုံ) ပွဲစဉ် ၊ ရွှေခါးပတ်ချန် ပီယံတစ်ဦး ဖြစ်သည့် ဒေါနအောင်(၀ါဆို) နှင့် ထက်အောင်ဦး (တောင်ကလေး) ပွဲစဉ်များမှာ ပရိတ်သတ်အကြိုက် အသည်း ပေါက်မတတ် ထိုးခဲ့ကြသော ပွဲစဉ်များဖြစ်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။