Sunday, April 29, 2012

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိ

7301
ဓါတ်ပုံ (Eleven Media Group)

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိခဲ့ပြီး  အရေးယူမှုလျော့ရဲခြင်းအပေါ် ဝေဖန်မှုများရှိနေ၊ အဂတိလိုက်စားကာ တရားသဖြင့် မစီရင်သော တရားသူကြီးများကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ပြည်သူ့ရှေ့မှောက်တွင် ဥပဒေအရအပြစ်ပေး အရေးယူခြင်းသည် ဒီမိုကရေစီစနစ်နှင့် ပိုမိုကိုက်ညီမှုရှိမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား

သုဿာန်မြေနှင့် ရပ်ကွက်ရုံး မြေတို့အား ပုဂ္ဂလိကလက်သို့ရောင်းချခြင်း

ကချင်ပြည်နယ် ဖားကန့် မြို့ နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဝှေဆိုင်းရပ်ကွက်(၇)
သုဿာန်မြေနှင့် ရပ်ကွက်ရုံး မြေနေရာကို ဝှေဆိုင်းရပ်ကွက်မှူး ဦးသန်းညွှန့် ၊
ဦးမောင်တာ နှင့် ရပ်ကွက်စာရေး တို့ သုံးဦးမှ ရပ်မိရပ်ဖ များအား အသိမပေးဘဲ
ရောင်းစားထားကြကြောင်းသိရပါသည်။

သံလမ်းမိုင်း(ဗုံး)ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထား တွဲချော်၊ လူရှစ်ဦးသေဆုံး

မန္တလေး-မြစ်ကြီးနားရထား(ဓါတ်ပုံ-Google Images)
မန္တလေးမြို့မှ ယမန်နေ့(၂၈.၄.၁၂) နေ့လည် ၁ နာရီခန့်က မြစ်ကြီးနားသို့ထွက်ခွာသွားသော မန္တလေး-မြစ်ကြီးနား ရထားသည် နန်းကွေ့-ပြည်ထောင် ရထားလမ်းပိုင်းအတွင်း တစ်နေရာတွင် ယနေ့(၂၉.၄.၁၂) နံနက်အစောပိုင်းက သံလမ်း မိုင်း(ဗုံး)ကွဲမှုကြောင့် တွဲချော်ကာ လူရှစ်ဦး သေဆုံးသွားကြောင်း ရထားဝန်ထမ်းတစ်ဦးက CJMyanmar သို့ သတင်းပို့ပါသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ပြန်လည် ဖွဲ့စည်းမည်


နေပြည်တော် ၊ ဧပြီ ၂၉
 
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်

UN အတွင်းရေးမှူးချူပ် ဘန်ကီမွန်း မြန်မာနိုင်ငံရောက်ရှိလာစဉ် ရိုက်တာသတင်းဌာနမှာ (ရုပ်/သံ)မှာ ကြည့်ရှုနိုင်ပါသည်။

ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့်

ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့် သဘောသဘာဝရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ ရှိသည်ဆိုသော သတင်းများထွက်ပေါ် နေခြင်းမှာ မှန်ကန်ပါသလား ဆိုသော The Voice Weekly ၏ မေးမြန်းချက်အပေါ် ယင်းသို့ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။

ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား

ဓါတ်ပုံ(Google Images)
ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်သုံးဦးက ခရီးသည်တစ်ဦးကို ၀ိုင်းဝန်းထိုးနှက်မှု တစ်ခု ဧပြီလ ၂၆ ရက်နေ့က စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ကျေးရွာ ၅၀ ကျော် သောက်သုံးရေ ပြတ်လပ်နေ

ရာသီဥတု ပူပြင်း၍ သောက်ရေကန်များ ခမ်းခြောက်ကုန်သဖြင့် ရန်ကုန်တိုင်း သုံးခွနှင့် ဒလမြို့နယ်ရှိ ရွာပေါင်း ၅၀ ကျော်တွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

၂၀၁၀ ပြည့်နှစ် မေလအတွင်းက ပဲခူးမြို့ တနေရာတွင် သောက်သုံးရေအတွက် ရေလှူသည့် ကားတစီးကို ၀ိုင်းအုံနေကြသည့် ဒေသခံများ (ဓာတ်ပုံ - ဧရာဝတီ)

ရာသီဥတု ပြောင်းလဲလာမှုများကြောင့် ရေလမ်းကြောင်းများ ပြောင်းလဲကာ ငါးများပေါက်ဖွား ကြီးထွားရာ နေရာများပျောက်ဆုံးပြီး ပြည်တွင်း၌ တိုင်းရင်းငါးမျိုးများ ရှားပါးလာ

73011
ဧရာဝတီမြစ်အတွင်းမှ ငါးဖမ်း လှေငယ်တစ်စင်းကို မြစ်ကြီးနားမြို့အနီးတွင် မြင်တွေ့ရစဉ်
ရာသီဥတု ပြောင်းလဲလာမှုများကြောင့် ရေလမ်းကြောင်းများ ပြောင်းလဲကာ ငါးများပေါက်ဖွား ကြီးထွားရာနေရာများ ပျောက်ဆုံးပြီး ပြည်တွင်း၌ တိုင်းရင်းငါးမျိုးများ

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦးသေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသည့်ကိစ္စ၊ အလုပ်သမားကိုးဦး ဖမ်းဆီးခံနေရမှုနှင့် မြန်မာအလုပ်သမားနှစ်ဦး ကားပေါ်တွင် သေဆုံးခြင်း ကိစ္စများအတွက် နှစ်ဖက်ညှိနှိုင်းပြီး စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်ရန်ရှိ

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသည့်ကိစ္စ၊ နှစ်နိုင်ငံ သဘောတူထားသည့် စာချွန်လွှာဖြင့် ၀င်ရောက်လာသည့် မြန်မာအလုပ်သမား ကိုးဦးဖမ်းဆီးခံရမှုနှင့်  မကြာမီက ဖြစ်ပွားခဲ့သည့် မြန်မာ

အမေရိကန်နှင့် ဖိလစ်ပိုင်က တရုတ်နှင့် အငြင်းပွားကျွန်းကို ပြန်သိမ်းသည့်အသွင် စစ်ရေးလေ့ကျင့်


ဧပြီလ ၂၅ ရက်နေ့က ပါလာဝမ်ကျွန်း အူလူဂန်ပင်လယ်အော်ကမ်းခြေသို့ ပြန်လည်စီးနင်းသည့်အသွင် စစ်ရေးလေ့ကျင့်နေသည့် အမေရိကန်နှင့် ဖိလစ်ပိုင်စစ်သားများ
တရုတ်နိုင်ငံက လက်နက်ကိုင် ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်သည်ဟု ခြိမ်းခြောက် သတိပေးထားသော်လည်း အမေရိကန်နှင့် ဖိလစ်ပိုင်ကွန်မန်ဒိုများသည် တရုတ်နှင့် အငြင်းပွား သယံဇာတကြွယ်ဝသည့် ရေပိုင်နက်မှ ကျွန်းငယ်ကို ပြန်လည်သိမ်းပိုက်သည့် အသွင်ပုံစံတူ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဧပြီလ ၂၅ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အမရပူရမြို့နယ်ရှိ တောင်သမန်အင်း ကန်ပတ်လမ်းကို မြေသားအဆင့်မှ ကတ္တရာလမ်း အဆင့်မြှင့်တင် ခင်းကျင်းခြင်းလုပ်ငန်းများ စတင်


မန္တလေးမြို့ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကန်ပတ်လမ်း အားမြေသားအဆင့်မှ ကတ္တရာလမ်း အဆင့်မြှင့်တင် ခင်းကျင်းခြင်းလုပ်ငန်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီလမ်း၊ တံတားဌာနမှ ဧပြီလ ၅ ရက်နေ့က စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ သည်။

 ကျောက်ဆည်မြို့နယ်နှင့် စဥ့်ကိုင်မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးများ လန်ထွက်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်းတို့ဖြစ်ပေါ်


ကျောက်ဆည်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်တစ်ခု ပြိုလဲနေသည်ကို တွေ့ရစဉ်

ကျောက်ဆည်မြို့နယ်နှင့် စဥ့်ကိုင်မြို့နယ်တို့တွင် ဧပြီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးများ လန်ထွက်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မဟာမုနိ ဘုရားကြီးစောင်းတန်းနှင့် တိုက်တန်းများရှိ ဆိုင်ခန်းခများ မေလမှစတင်၍ သုံးဆကျော် တိုးမြှင့်ကောက်ခံမည်


မဟာမုနိ ဘုရားကြီးစောင်းတန်းနှင့် တိုက်တန်းများရှိ ဆိုင်ခန်းငှားရမ်းခ နှုန်းထားများကို လာမည့်မေလမှစတင်၍ သုံးဆကျော်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 HOT NEWS ဂျာနယ်ပါ လယ်/ဆည်ဝန်ကြီး ပြောကြားချက်များအတွက် ပြန်လည်တောင်းပန်ရန် ကိစ္စကို အရှိန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီသို့ တင်ပြ

မတ်လ ၂၃ ရက်နေ့ထုတ် HOT NEWS ဂျာနယ်တွင်ပါဝင်သည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၏ ပြောကြားချက်များအတွက် ပြန်လည်တောင်းပန်ရန် ကိစ္စကို အရှိန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီသို့ ဧပြီလ ၂၃ ရက် နေ့က စာရေးသား တင်ပြခဲ့သည်။

 ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် တစ်ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန် ဈေးကွက်ကုန်စည်ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များကို ဖိတ်ကြား

73013
ကုန်စည်ပြပွဲ ပြုလုပ်မည့် Paris Nord Villepinte Exhibition Centre
ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် တစ်ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန် ဈေးကွက် ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် များတက်ရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 နိုင်ငံ ၁၁ နိုင်ငံရှိ အစိုးရဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကူးစက်ခြင်း မဟုတ်သော ရောဂါများဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ပြုလုပ်

73012
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသတွင်း ဆွေးနွေးပွဲကို တွေ့ရစဉ်
မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ အစိုးရဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် စိတ်ကျန်းမာရေးနှင့် အာရုံကြောရောဂါများ အပါအ၀င် ကူးစက်ခြင်း မဟုတ်သည့် ရောဂါများနှင့် သက်ဆိုင်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့

 ရန်ကုန်မြို့တော်အတွင်းရှိ အများသုံး မြေအောက် သန့်စင်ခန်းများ အားလုံးကို ဖျက်သိမ်းသွားမည်


ရန်ကုန်မြို့တော်ရှိ အများသုံးမြေအောက် သန့်စင်ခန်းတစ်ခုအား တွေ့ရစဉ်
ရန်ကုန်မြို့တော်အတွင်းရှိ အများသုံး မြေအောက် သန့်စင်ခန်းများအားလုံးကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 ဧပြီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့သော တောင်ဥက္ကလာပမြို့နယ်ရှိ (ဟေမ၀န်ဈေး) အတွင်း ဆိုင်ခန်းများအား ဇွန်လ၌ အပြီးပြန်လည်ပေးအပ်မည်


ဧပြီလ ၉ ရက်နေ့က လောင်ကျွမ်းခဲ့သော ဟေမ၀န်ဈေးအား ပြန်လည်ပြင်ဆင်မူများ ပြုလုပ်နေသည်ကို တွေ့ရစဉ်
ဧပြီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့သော တောင်ဥက္ကလာမြို့နယ်ရှိ (ဟေမ၀န်ဈေး) အတွင်း ဆိုင်ခန်းများအားလုံးကို ဇွန်လ၌ အပြီး ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း  အဆိုပါဈေးရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်သည်ဟု ရုရှားယူဆ

မြောက်ကိုရီးယားနိုင်ငံသည် လာမည့်သီတင်းပတ်အတွင်းတွင်က မြေအောက် နျူကလီးယား စမ်းသပ်မှုတစ်ခု ပြုလုပ်နိုင်သည်ဟု ရုရှားနိုင်ငံက ယူဆထားသဖြင့် အရှေ့ဘက်စွန်းရှိ ၎င်းတပ်ဖွဲ့များပမာဏကို တိုးမြှင့်ထားရှိရန် သတိပေးခဲ့သည်။

ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်)တွင် လူသေမှုတစ်ခုဖြစ်ပွား

လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
ရန်ကုန်တိုင်းဒေသ ကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်) တွင် ဧပြီ ၂၈ နေ့လယ် ၁ နာရီ ၅ဝ ဝန်းကျင်ခန့်က လူ တစ်ဦးလဲကျသေဆုံးနေ ကြောင်း သတင်းရရှိသည်။

ရှားခင်းအင်းရဲကြီးအတွင်း ဒေသခံတွေ ငါးဖမ်းခွင့်မရ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခင်းအင်းရဲကြီးအတွင်း ငါးဖမ်းခွင့်ရဖို့ ဒေသခံပြည်သူ (၃၀၀) နီးပါး အင်းနေဘေးမှာ ဧပြီလ (၂၈) ရက်နေ့ မနက်ပိုင်းက စုရုံး ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။


မန္တလေး - မြစ်ကြီးနား ရထား လူအသေအပျောက် ရှိ

မန္တလေး - မြစ်ကြီးနား ရထား (Photo-Google Images)
မန္တလေး - မြစ်ကြီးနား ပြေးဆွဲနေသော လူစီးအိပ်စင် ရထားတစ်စင်း ယမန်နေ့ (ဧပြီ ၂၈) ည ရှစ်နာရီခန့်က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် မှော်ဟန် - နန့်စီးအောင်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူစီးတွဲ ရှစ်တွဲ တိမ်းမှောက်ခဲ့ပြီး လူအသေအပျောက် ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly

မြေမြှုပ်မိုင်းရှင်းပေးရန် ဒေသခံများက KNPP အားပြောဆို

ဧပြီ ၂၈ ရက်။ ၂၀၁၂ ခုနှစ် -မော်ကယားမြာ (YPI)

ယခုရက်ပိုင်းအတွင်း KNPP နှင့် ကရင်နီ (ကယား) ပြည်နယ် လူထုတွေ့ဆုံပွဲများ ပြုလုပ်လျှက်ရှိရာ  ပြည်နယ်အတွင်းရှိ မြေမြုပ်မိုင်းများ ပြန်လည်ဖော်ထုတ်ရှင်းလင်း ပေးပါရန် KNPP အား ဒေသခံပြည်သူလုထုများက ပြောဆို လိုက်ကြသည်။

မြို့နယ်စည်ပင်မှကျေးရွာအတွက်စက်ရေတွင်းတူးဖော်ပေး ခဲ့သော်လည်း ကျေးရွာနေပြည်သူများ ရေအခက်ကြုံ နေရ

 တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပူရှိန်လွန်ကဲသောယခုနှစ်နွေရာသီတွင် 
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာအတွင်း၌ သုံးစွဲနေသည့် ရေကန်ကြီးငယ်များ ခြောက်ခန်းစပြုနေ ပြီဖစ်ကြောင်း သိရပါသည်။

တရုတ်မျက်မမြင်ရှေ့နေ အမေရိကန်က ကာကွယ်စောင့်ရှောက်ထား


图为对华援助组织在其网页上宣布陈光诚获美保护的声明
ဓာတ်ပုံ chinaaid.org
တရုတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မျက်မမြင်ရှေ့နေ ချန်ဂွမ်ချန်(Chen Guangcheng)ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်စောင့်ရှောက် မှုအောက်မှာ ရှိနေပြီးတော့၊ ဒီကိစ္စအတွက် တရုတ်နဲ့

နော်ဝေးဗိုလ်ချုပ် ဦးဆောင်တဲ့ ကုလအကဲခတ်အဖွဲ့ ဆီးရီးယားကိုရောက်ရှိ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကြားဝင်စေ့စပ်ပေးထားတဲ့ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်

၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရှမ်းပြည်တောင်ပိုင်း ငြိမ်းချမ်းရေးခရီး စတင်

၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရှမ်းပြည်တောင်ပိုင်း ငြိမ်းချမ်းရေးခရီး စတင်
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဦးတည်လှုပ်ရှားမှုအဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ် စတင်ဖို့ ဒီကနေ့ မနက်ပိုင်းမှာ မန္တလေးမြို့ကို ရောက်ရှိလာပါတယ်။

RFA

ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံရေး ဂျပန် စိတ်ဝင်စား

ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံရေး ဂျပန် စိတ်ဝင်စား
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေအပေါ် စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံက ဒီကနေ့ ပြောလိုက်ပါတယ်။

Image: RFA

ခွပ်ဒေါင်းတို့ ပျံလေပြီ


ဦးဖြိုးဇေယျာသော်၊ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်းနှင့်ဦးလင်းလင်း တို့လေးဦးကို မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်
ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် 

ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ

kambaiti-road-270412
ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါ တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ကြား တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်ကြောင်း ပန်ဝါမှလာသောသတင်းများ ဆိုသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း မဟာဓါတ်အားလိုင်းသွယ်တန်းရေး စတင်

ဓါတ်ပုံ-နိရဉ္စရာ
ဧပြီ ၂၈၊ ၂၀၁၂ (YPI)

ရခိုင်ပြည်နယ်တောင်ပိုင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်
မဟာဓါတ်အားလိုင်းသွယ်တန်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း
လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများကပြောသည်။

ညအချိန်လက်နှိပ်ဓါတ်မီးကိုင်ဆောင်လျှင် သေနတ်ဖြင့်ပစ်မည်

ဧပြီ ၂၈၊ ၂၀၁၂ (YPI) - ဆိုင်းဆွတ်

မြစ်ကြီးနား မြို့ အကျဲကျေးရွာ တွင် ညမိုးချုပ် လက်နှိပ်ဓာတ်မီးကိုင်ဆောင်ပြီး အပြင်ထွက်သူများ
ကို စစ်တပ်က သေနတ်ဖြင့် ပစ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
စစ်တပ်က ယမန်နေ့က အမိန့်ထုတ်လိုက်သည်။

ဘုရားကျောင်းပြင်ရန်ဟုဆိုကာ ရွာသားလေးဦးအား KIO မှခေါ်ဆောင်သွား

ဧပြီ ၂၈၊ ၂၀၁၂ (YPI) - ဆိုင်းဆွတ်

ယမန်နေ့ နေ့လည် ၂ နာရီခန့်က မိုးကောင်းမြို့နယ် လွဲလော်ကျေးရွာ အရှေ့တောင်ဘက် ငါးမိုင်အကွာရှိတောထဲတွင် ထင်းခုတ်နေသော ရွာသားလေးဦးကို ဘုရားကျောင်းပြုပြင်ရန်ဟုဆိုကာ KIO စစ်သားများက ခေါ်ဆောင်သွားသည်။

့ KIA တပ်ဖွဲ့ဝင်များက စဒုံးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး ကို ၀င်ရောက်တိုက်ခိုက်ရာလေးဦးသေဆုံး

မြန်မာအစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ကချင် လက်နက်ကိုင်အဖွဲ့ KIA တပ်ဖွဲ့ဝင်များက ဝိုင်းမော် မြို့နယ် စဒုံးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့နံနက်ပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး အပါအဝင် လူလေးဦး သေဆုံးခဲ့သည်ဟု The Voice Weekly က စုံစမ်းသိရှိရသည်။

ဆော့လော် တောင်တန်းများပေါ်တွင် KIA တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။
 The Voice Weekly

၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး

အခု ၂၀၁၂ ခုနှစ်မှာ HIV/ AIDS လျော့နည်း ပပျောက်ရေး လုပ်ငန်း စီမံချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ ပူးပေါင်း ဆွေးနွေးမှု

ပြည်တွင်းရှိ အကြီးစား စက်မှုလုပ်ငန်း အချို့တွင် ကိုရီးယား နိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံသွားရန် ရှိ

ကိုရီးယား စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ Kotra မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ကိုရီးယား နိုင်ငံမှ အထည်ချုပ် စက်ရုံများ၊

ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင်မှု အတွက် မတည် ရင်းနှီးငွေ

 
ပုဂ္ဂလိက အာမခံ လုပ်ကိုင်ခွင့် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ

ထားဝယ် စီမံကိန်း ဂျပန် ၀င်ရောက်မည်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (Photo-Google Images)
ရန်ကုန်၊ ဧပြီ ၂၈

ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ငွေကြေးထောက်ပံ့ရန်ကူညီနိုင်ရန်
ဂျပန်-ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော သုံးနိုင်ငံ ပူးပေါင်းအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမည်ဖြစ်ကြောင်း အီတလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်း က ပြောကြားသည်။

ဖားကန့် - အင်းတော်ကြီးလမ်း ပိတ်ပင်

အင်းတော်ကြီးအိုင်မှ စက်လှေဆိပ်(ဓါတ်ပုံ-Google Images)
ရန်ကုန်၊ ဧပြီ ၂၇
ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းများ ထွက်ရှိရာ ဒေသသို့ အဓိက ဝင်ထွက် သွားလာရေး လမ်းကြောင်း တစ်ခု ဖြစ်သော ဖားကန့် - အင်းတော်ကြီး ကားလမ်းမကြီးကို အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲများကြောင့် ပိတ်ပင်ထားကြောင်း ဧပြီ ၂ရ ရက်နေ့တွင် ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

လင်းလင်းအပါအ၀င် ဒီချုပ်ကိုယ်စားလှယ်များ သြစတေးလျနိုင်ငံသို့ထွက်ခွာ

လင်းလင်းအပါအ၀င် ဒီချုပ်ကိုယ်စားလှယ်များ သြစတေးလျနိုင်ငံသို့ထွက်ခွာ



 










သြစတေးလျနိုင်ငံ အလုပ်ရုံဆွေးနွေးပွဲသို့  လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ပုဗ္ဗသီရိမြို့နယ်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊

EUက ဖွံ့ဖြိုးရေးအတွက် ယူရိုသန်း(၁၅၀)ပေးမည်ဟု ကတ်သရင်း အဲရှ်တန်ပြောဆို

EUက ဖွံ့ဖြိုးရေးအတွက် ယူရိုသန်း(၁၅၀)ပေးမည်ဟု ကတ်သရင်း အဲရှ်တန်ပြောဆို



မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်ယူရို သန်း-၁၅၀ ပေးအပ်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် အဓိကထား အကူအညီပေးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂမှမူဝါဒအကြီးအကဲ ကတ်သရင်း အဲရှ်တန်က ယနေ့ ပြောကြားခဲ့သည်။

နိုင်ငံခြားခရီးသွား များလာသဖြင့် PARKROYAL ဟိုတယ်က ပြင်ဆင်မှုများ စတင်

နိုင်ငံခြားခရီးသွား များလာသဖြင့် PARKROYAL ဟိုတယ်က ပြင်ဆင်မှုများ စတင်



မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည်များဝင်ရောက်မှု ယခင်ကထက်  ပိုမိုများပြားလာသဖြင့် PARKROYAL Yangonက ဟိုတယ်ပြင်ဆင်မှုများကို စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ထိုင်းပညာရှင်(၃)ဦးနှင့် ဦးအုန်းတွေ့ဆုံမည်

ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ထိုင်းပညာရှင်(၃)ဦးနှင့် ဦးအုန်းတွေ့ဆုံမည်



ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မေလလလယ်ပိုင်းတွင် ချူလာလာမ်ကွမ်းတက္ကသိုလ်မှ ပါမောက္ခ(၃)ဦးနှင့်တွေဆုံရန် အစီစဉ်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးပညာရှင် ဦးအုန်းကဆိုသည်။

စစ်တွေ ပွိုင့်ကမ်းခြေတွင် အပမ်းဖြေကြသူများ များပြားနေ

စစ်တွေ ပွိုင့်ကမ်းခြေတွင် အပမ်းဖြေကြသူများ များပြားနေ



ရာသီဥတုပူပြင်လာသည့်အတွက် အားရက်ရပ်များတွင် စစ်တွေမြို့ရှိပင်လယ်ကမ်းခြေပွိုင့်ကမ်းခြေ၌ အပန်းဖြေ သူများ တစ်နှစ်ထက် တစ်နှစ်ပိုများပြားလာနေကြောင်း မြို့ခံများက ပြောသည်။

ရပ်ကွက်၊ကျေးရွာများတွင် စာကြည့်တိုက်ဖွင့်လှစ်လိုသူများအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက ကူညီပံ့ပိုးနေ

ရပ်ကွက်၊ကျေးရွာများတွင် စာကြည့်တိုက်ဖွင့်လှစ်လိုသူများအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက ကူညီပံ့ပိုးနေ



မြန်မာနိုင်ငံအ၀န်းတွင် စာဖတ်သောအလေ့အထပြန့်ပွားစေရန်အတွက် ကျေးရွာများနှင့်ရပ်ကွက်များတွင် စာကြည့်တိုက် ဖွင့်လိုသူ များက   အဆိုပြုလွှာတင်သွင်းလျင် လိုအပ်သောအကူအညီများအား ပံ့ပိုးပေးလျက်ရှိ ကြောင်း မြန်မာနိုင်ငံစာကြည့်တိုက် များဖောင်ဒေးရှင်းက သိရှိရသည်။

ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ ဥရောပသမဂ္ဂနိုင်ငံခြားရေးရာဌာနအကြီးအကဲ Ms.Catherine Ashton နှင့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၁၀ နာရီက အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးမှာတွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မမုန်းပါဘူးလို့ ပြောတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး




ဒေါ်အောင်ဆန်းစုကြည်ကို မမုန်းပါဘူးလို့ ပြောတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းနဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း။
Share on facebook Share on twitter Share on email Share on print More Sharing Services 5

မစုစုနွေးရဲ့ သတို့သားလောင်း


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အိမ်ထောင်ပြုဖို့ လိုအပ်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာပြီး ၄ လ အကြာမှာ သူတို့ထဲကတယောက် ဒီအစီအစဉ်ကို ပထမဆုံး အကောင်အထည်ဖော်နေပါပြီ။

မကွေးမြိ့  Green Luck ဓါတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား၊လူတစ်ဦးသေဆုံး

၂၀၁၂၊မတ်လ(၂၈)ရက်၊ညနေ(၆း၀၅) နာရီတွင် မကွေးမြို့ ASIA WORLD Co.,Ltd ပိုင် Green Luck စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ယင်းမီးလောင်မှုတွင် ဦးကျောက်ခဲ(ခ)ဦးမောင်ပု၊၈/မကန(နိုင်)၁၈၅၁၈၈ (ဘ)ဦးဘဆန်း၊ချမ်းမြေ့သာယာရပ်ကွက်(ဂ)အုပ်စု၊၅-လမ်း၊မကွေးမြို့ (သ) ၅၉ နှစ်ရှိ သန့်ရှင်းရေးဝန်ထမ်း ခန္ဓာကိုယ်အားမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ကသာမြို့ ယူစင်ရွှေဆိုင်မီးလောင်မှုမှာ ပါဝင်ကူညီသူများ အမှုဖွင့်အရေးယူခံနေရ

ယူစင်ရွှေဆိုင်မီးလောင်စဉ်
“ကသာမြို့ရှိ ယူစင်ရွှေဆိုင်မီးလောင်စဉ် ၀င်ရောက်ကူညီခဲ့သူ မြန်မာပန်းတိမ်ဆရာ(၅)ဦးကို
ရွှေဆိုင်ပိုင်ရှင်မှ ရွှေ၆၇ကျပ်သားနှင့် ငွေသား ၈၈သိန်းပျောက်မှုတို့ဖြင့် အမှုဖွင့်အရေးယူ”

ပျက်ဆီးနေတဲ့ လမ်းတွေကို ပြုပြင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးစိုးကြွယ် ကို ထောင်ဒဏ်တစ်နှစ်ချမှတ်

တောင်ဒဂုံမြို့နယ်တွင်းရှိ လမ်းများခင်းပေးရန်နှင့်အကျင့်ပျက်ဝန်ထမ်းများအား
ထိရောက်စွာအရေးမယူခြင်းစတဲ့တောင်းဆိုချက်တွေနဲ့တကိုယ်တော်ဆန္ဒပြသူ
ဦးစိုးကြွယ်အား သတင်းပေးနှင့်အာဏာပိုင်တို့အမှုစင်ပြီး ၂၃.၄.၂၀၁၂(တနင်္လာနေ့) တွင် တောင်ဒဂုံတရားရုံးမှပုဒ်မ(၃၈၅)နဲ့ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ပါတယ်။

မြန်မာက ဥရောပသမဂ္ဂဆိုင်ရာရုံးကို အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံး အကြီးအကဲ ဖွင့်လှစ်

မြန်မာက ဥရောပသမဂ္ဂဆိုင်ရာရုံးကို အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံး အကြီးအကဲ ဖွင့်လှစ်
မြန်မာနိုင်ငံမှာ အီးယူ ဥရောပသမဂ္ဂဆိုင်ရာရုံးကို ဒီကနေ့ စနေနေ့မှာ တရားဝင် ဖွင့်လှစ်မယ်လို့ အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံး အကြီးအကဲ Catherine Ashton က မနေ့က မြန်မာပြည်ကို မထွက်ခွာခင်မှာ ပြောကြားလိုက်ပါတယ်။

AFP

အကြွေးပြန်ဆပ်ရင် အာရှဖွံဖြိုးရေးဘဏ်က မြန်မာကိုကူမည်

အကြွေးပြန်ဆပ်ရင် အာရှဖွံဖြိုးရေးဘဏ်က မြန်မာကိုကူမည်
မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ထွန်းလာတဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးကို အကူအညီပေးဖို့ အဆင့်သင့်ရှိကြောင်း အာရှဖွံဖြိုးရေးဘဏ် ADB ဥက္ကဋ္ဌ Haruhiko Kuroda က မနေ့က ပြောကြားလိုက်ပါတယ်။

ဘန်ကီမွန်းနဲ့ အိန္ဒိယ၀န်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး

ဘန်ကီမွန်းနဲ့ အိန္ဒိယ၀န်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး
မြန်မာနိုင်ငံကို မနက်ဖြန်တနင်္ဂနွေနေ့မှာ ရောက်ရှိမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ့ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဘယ်လိုဝိုင်းဝန်းကူညီသွားကြမလဲဆိုတာနဲ့ ပတ်သက်ပြီး အိန္ဒိယ နိုင်ငံ ခရီးစဉ်အတွင်း ၀န်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ မနေ့က ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲအကြိုကာလ ညောင်ကုန်းဓါးထိုးမှု ရုံးတင်

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် ပြီးခဲ့သည် ဧပြီလ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်က ဟိုးလေးတစ်ကျော် ဖြစ်ခဲ့သော ညောင်ကုန်းဓါးထိုးမှုကို ရုံးတင်စစ်ဆေးနေပြီဖြစ်ကြောင်း မုံရွာမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ရတော့မည်

ပုဂ္ဂလိက ဝန်ထမ်းများ
ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော  လူမှုဖူလုံရေး

ဦးအောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက်

ထိုင်းနယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ တရားမ၀င် သွင်းသည့် ဂျပန် တပတ်ရစ်ကားများ (ဓါတ်ပုံ-Google Images)
ထိုင်းမြန်မာနယ်စပ် မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် မိသားစုစီးနိုင်သည့်

စည်ပင်သာယာ ဈေးသည်တွေဆီက အခွန် မတရားကောက်ခံနေ (ရုပ်/သံ)


ဝန်ကြီး ဦးတင့်ဆန်းသားဖြိုးကိုကိုတင့်ဆန်းရဲ့  စေတနာ မှန်ပေါ်ပါပြီ

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလများက မြောင်းမြမြို့ ကားလမ်းတလျှောက် တပ်ဆင်ထားသော ပုသိမ်-မြောင်းမြ ကားလမ်းအား ဖြိုးကိုကိုတင့်ဆန်း ပိုင် ACE ဆောက်လုပ်ရေးမှ တာဝန်ယူဆောင်ရွက်နေပါသည် ဟူသော ဆိုင်းဘုတ်များကို ရွေးကောက်ပွဲတွင် ရှုံးနိမ့် သွားသောအခါ တိတ်တဆိတ်ပြန်လည် ဖြုတ်သိမ်းသွားကြသည် ။

လူ့အခွင့်အရေးလှုပ်ရှားသူမစုစုနွေး အိမ်ထောင်ပြုတော့မည်


လူအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး သည် မကြာမီ အိမ်ထောင်ပြုတော့မည်ဟု  မိသားစုအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများထံမှ သိရှိရပါသည်။ မင်္ဂလာပွဲအား  မေလ ၂၇ ရက်နေ့တွင် မှော်ဘီ  ရှိ ရွှေည၀ါဆရာတော်ကြီး သီတင်းသုံးရာ ကျောင်းတိုက်တွင် ပြုလုပ်မည်ဟု သိရပါသည် ။ ၎င်း နှင့် လက်ထပ်မည့်ခင်ပွန်းလောင်းမှာ ၈၈ မျိုးဆက်ကျောင်းသားများထဲ မှ ကို------- နှင့် ဖြစ်သည် ။ Myanmarmedia အဖွဲ့ မှ သတို့ သားလောင်း အမည်အား ခေတ္တ လျှိုဝှက်ထားပါသည် ။

Myanmarmedia 

မျက်မမြင်တရုတ်ရှေ့နေအတွက် အမေရိကန်စိုးရိမ်

မျက်မမြင်တရုတ်ရှေ့နေအတွက် အမေရိကန်စိုးရိမ်
တရုတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မျက်မမြင်ချင်ကွမ်ချင်ဟာ ဘေဂျင်းက အမေရိကန်သံရုံးမှာ ခိုလှုံနေ တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗစ်တိုရီးယားနျူလန်က ဧပြီ ၂၇ ရက်နေ့ က ငြင်းဆိုခဲ့ပါတယ်။

တယ်လီဖုန်း ဆင်းကဒ် ပျောက်/ပျက် တာတွေ့ ပြန်လျှောက်နိုင်

မန္တလေး အပါအ၀င် ပြည်နယ်နှင့်တိုင်းတွေမှာ ၀ယ်ထားတဲ့
(၂)သိန်းတန်ဖုန်းပဲဖြစ်ဖြစ် (၂)သိန်းခွဲတန် ဖုန်းပဲဖြစ်ဖြစ်
ကဒ်ပျောက်/ပျက်တွေဆိုရင် ၀ယ်ခဲ့တဲ့ ကုမ္ပဏီတွေနဲ့ ၊ဆက်သွယ်ရေး
ပြည်နယ်နှင့် တိုင်းမန်နေဂျာရုံးတွေမှာပြန်ေ

လျှာက်လို့ရပါတယ်။

ဧရာဝတီတိုင်း မြို့တော်တော်များများမှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်တောက်နေခြင်း

ပုသိမ်မြို့ 
ဧရာဝတီတိုင်း မြို့တော် ပုသိမ်မြို့အပါအ၀င် မြို့တော်တော်များများမှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်ေ
တာက်လျှက်ရှိပါတယ်။