Sunday, May 6, 2012

၂ သိန်းတန် စောင့်ဆိုင်းမှု

၂ သိန်းတန် စောင့်ဆိုင်းမှု
မစပ်စုတို့ ရွှေပြည်ကြီးမှာတော့ တခြားတိုင်းပြည်တွေမှာ မမြင်ဖူး၊ မကြားဖူးတဲ့ အထူးအဆန်းတွေကို တခုပြီး တခု လုပ်နေ ကြားနေရတော့တာပါပဲ။
ကဲ … အခုလည်း လုပ်ချလိုက်ပြန်ပါပြီ။  မကြာသေးခင်က ရောင်းလိုက်တဲ့ ၂ သိန်းတန် GSM ဖုန်းတွေ မန္တလေးမြို့ပေါ်မှာ ခေါ်ဆိုလို့မရ၊ ဆက်လို့မရ ဖြစ်နေလို့ ပြည်သူတွေအကြား အုန်းအုန်းကျွက်ကျွက် ပြောဆိုနေကြပါတယ်။ ဒီဖုန်းတွေကို သင်္ကြန်မတိုင်ခင်က ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးမြို့ဝန်းကျင်မှာ  စတင်ရောင်းချခဲ့တာပါ။
လောလောဆယ် ပြောဆိုဆက်သွယ်လို့ ရဦးမယ် မဟုတ်ကြောင်းကို ဂျာနယ်တွေ၊ သတင်းစာတွေ၊ ဆက်သွယ်ရေး စခန်းတွေမှာ ကြော်ငြာပြီး ရောင်းချခဲ့တာပါလို့ ကြာသပတေးနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

ကချင်စစ်ပြေးဒုက္ခသည်တွေ အကူအညီ အထူးလိုအပ်နေ

ကချင်စစ်ပြေးဒုက္ခသည်တွေ အကူအညီ အထူးလိုအပ်နေ

မိုးရာသီနီးလာတာနဲ့အမျှ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက် အကူအညီ ပိုလိုနေတယ်လို့ အဖြူရောင်တွဲလက်များ အဖွဲ့နဲ့ လိုက်ပါသွားပြီး ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က ဒုက္ခသည်စခန်းတွေကို ရောက်ခဲ့တဲ့ မဇင်မာအောင်က ပြောပါတယ်။
Photo courtesy of KIO
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
ကျန်းမာရေး စောင့်ရှောက်မှုတွေ အထူးလိုအပ်နေတာလို့ သူကပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အောင်ပန်းမြို့ တွင် ဆွေးနွေးဟောပြော

၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းပြည်တောင်ပိုင်းခရီးစဉ်၊ ပဉ္စမနေ့ ( မေလ၊ ၅ရက် ) ၊ မွန်းလွဲ ၂ နာရီတွင် အောင်ပန်းမြို့ ရပ်မိရပ်ဖများနှင့် ရင်းနှီးပွင့်လမ်းစွာ ဆွေးနွေးဖြေကြားခဲ့ကြသည်။
မေလ ၅ ရက်နေ့ 
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့ နံနက်(၈း၀၀)နာရီအချိန်  ဟဲဟိုးမြို့တွင် ဆွေးနွေးဟောပြောပြီးနောက် အောင်ပန်းမြို့သို့ နေ့လည်(၁၂း၃၀)
နာရီအချိန်တွင် ရောက်ရှိလာပါတယ်။
 

ဆရာကြီးဒဂုန်တာရာမွေးနေ့ပွဲအခန်းအနား အောင်ပန်းမြို့တွင်ယနေ့ကျင်းပ

အောင်ပန်းမြို့တွင် တူမဖြစ်သူ ဒေါ် မြင့်စိန်(သင်းမြစန္ဒီ) နေအိမ်တွင်အတူနေထိုင်လျက်ရှိသော..
ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးဒဂုန်တာရာ ၏(၉၃)နှစ်မြောက်မွေးနေ့
အခန်းအနားကို အောင်ပန်းမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင်...
ယနေ့(၆.၅.၂၀၁၂)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန် ကျင်းပသည်..

 မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို ကြည့်ရှုသွားမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Melanne Verveer ကို မေလ ၆ ရက်နေ့က တွေ့ရစဉ်(ဓါတ်ပုံ-Eleven Media Group)

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့၏ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Melanne Verveer က သူမ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ကြည့်ရှုသွားမည်ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံအမတ်Ms Melanne Verveer တွေ့ဆုံ

အသက်နှင့် လဲရသောဆု ၅ ဆုကို မီးသတ်တပ်ဖွဲ့မှ ချီးမြှင့်

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပသော မေလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာနက ကူးတို့ဆိပ် မီးလောင်မှုတွင် အသက်စွန့် အမှုထမ်းခဲ့သူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကို စွမ်းရည်သတ္တိ ဆိုင်ရာ ဆုရသူများအဖြစ် ဆုချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနထံမှ သိရသည်။

ငါး၊ ပုစွန်များ စနစ်တကျထိန်းသိမ်းရန်ပြော


ဗဟိုစံပြငါးဈေးကြီးတွင် ပုစွန်များရောင်းဝယ်နေကြစဉ်။
ဓာတ်ပုံ - ကိုတိတ်
သဘာဝရေပြင်များတွင်ရေသယံဇာတများဖြစ်သော ငါးနှင့်အခြားရေနေ သတ္တ၀ါများကို ဖမ်းဆီးရာတွင် စည်းကမ်းမဲ့ဖမ်းဆီးထုတ်လုပ်ပါက နောက်ပိုင်းတွင် ကုန်ခမ်းမျိုးတုံးမှုများ ဖြစ်လာနိုင်သဖြင့် သယံဇာတ ထိန်းသိမ်းရေးအတွက် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သမ၀ါယမ၀န်ကြီး ဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။

ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံး၌ ရပ်တည်

7317
Photo-Eleven Media Group

ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် ပထမနေရာ၌ ရပ်တည်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်။
ကွမ်းစားသုံးမှုနှုန်း မြင့်မားသည့် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့် နိုင်ငံများထက် မြန်မာနိုင်ငံ၏ ကွမ်းစားသုံးမှုနှုန်းမှာ ပိုမိုမြင့်မားနေကြောင်းနှင့် အမျိုးသားများ သာမက အမျိုးသမီးများတွင်လည်း စားသုံးမှုနှုန်း များလာကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ကုလ၏ အကူအညီများ ရပ်ဆိုင်းထားရ

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုနှင့် လုံခြုံရေးအခြေ အနေများကြောင့် စစ်ဘေးဒုက္ခသည် များအား အကူအညီပေးနေမှုများကို ရပ်ဆိုင်းထားရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ သိရသည်။

တောင်မြင့်သုသာန်မီးသဂြိုဟ်စက်အပြီးတိုင်ပိတ်သိမ်းသုသာန်ရွှေ့ဆိုင်းစဉ် ထူးဆန်းမှုများ ကြုံတွေ့ရဟုဆို

မန္တလေး၊ မေ-၎
မန္တလေးမြို့တော်စည်ပင်သာယာရေးကေ
ာ်မတီသန့်ရှင်းရေးဌာနလက်အောက်ရှိ တောင်မြင့်သု သာန်နှင့်မီးသဂြိုဟ်စက်အား မေ ၁ ရက်တွင် အပြီးပိတ်သိမ်းပြီး အမရပူရမြို့နယ် တောင်အင်း/ မြောက်အင်းသုသာန်နှင့် မီးသဂြိုဟ်စက်အား မေ ၁ ရက်မှ စတင်၍ အသုံးပြုနေပြီဖြစ်ကြောင်း မြို့တော်စည်ပင်၏ တရားဝင်ထုတ်
ပြန်ချက်အရ သိရသည်။

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်ပြီ -Hardline Myanmar vice president resigns, says report

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် ရာထူးမှ နှုတ်ထွက်သွားပြီပာု Reuters သတင်းဌာန၏ သတင်းအရ သိရှိရသည်။

 စင်္ကာပူ နိုင်ငံမှ ဆေးကုသခံယူပြီးအပြန် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူလို ကြောင်း မေလ ( ၃ ) ရက်နေ့ကထဲက..သက်ဆိုင်ရာသို့တင်ထားကြောင်းလည်း သိရပါသည်။

Myanmar's Vice President Tin Aung Myint Oo sprinkles fragrant water at a plaque during the opening ceremony of a children's hospital in Yangon March 13, 2011.

Credit: Reuters/Soe Zeya Tun

ရွှေတိဂုံစေတီတော်၊ ကဆုန်ညောင်ရေသွန်းပွဲဓာတ်ပုံများ

ရွှေတိဂုံစေတီတော်၊ ကဆုန်ညောင်ရေသွန်းပွဲဓာတ်ပုံများ

 ဦးဝိစာရလမ်းအား ချဲ့ထွင်မည်ဖြစ်သောကြောင့် လမ်းချဲ့မည့်နေရာနှင့် မလွတ်ကင်းသည့် ရေတမာပင်များအား ခုတ်ထွင်

ဦးဝိစာရလမ်း Blazon ဘက်အခြမ်း လမ်းချဲ့ထွင်မည့်နေရာ လုပ်ငန်းခွင်နှင့် လမ်းချဲ့ထွင်မှုနှင့် မလွတ်ကင်းသော ရေတမာပင်များ ခုတ်ထွင်မှုအပြီး မြင်ကွင်းအား မေလ ၅ ရက်နေ့က တွေ့ရစဉ်



 မြောက်ဥက္ကလာပမြို့နယ် ရတနာသိင်္ဂီဈေး တောင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများအား ဖျက်သိမ်းပြောင်းရွှေ့ရန် မြို့တော်စည်ပင်နှင့် ဈေးကော်မတီတို့မှ ညွှန်ကြားဟု သိရ

မြောက်ဥက္ကလာပမြို့နယ်၊ ရတနာသိင်္ဂီဈေး တောင်ဘက်ခြမ်းရှိ  ပျံကျဈေးဆိုင်ခန်းများအား ဈေးသူ ဈေးသားများ၏ သဘောတူညီမူ မရှိဘဲ ဖျက်သိမ်းရန်  မြို့တော်စည်ပင်နှင့် ဈေးကော်မတီတို့မှ ညွှန်ကြားထားကြောင်း သိရသည်။

 မိုးကြိုကာလ မိုးရွာသွန်းမှုကြောင့် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းသွားလာမှု ခက်ခဲလာ


မိုးကြိုကာလ မိုးရွာသွန်းမှုကြောင့် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းသည် သွားလာမှု ခက်ခဲလာခဲ့သည်ဟု သိရှိရသည်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့အချို့တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့ မိုးများရွာသွန်းခဲ့ခြင်းကြောင့် ဆားကွင်းများ ပျက်စီးဆုံးရှုံး ခဲ့ရပြီး ဆားကွင်းရှိဆားအချို့မှာ ပြန်လည်အရည်ပျော်ခဲ့ရကြောင်း သိရသည်။ သီးနှံစိုက်ခင်းအချို့လည်း ပျက်စီးမှုများရှိခဲ့ကြောင်းနှင့် အချို့သော သီးနှံစိုက်ခင်းများသည် ရေလောင်းစရာမလိုသည့် အနေအထားသို့ ရောက်ရှိခဲ့ရကြောင်းလည်း ဒေသခံအချို့က ပြောသည်။

 မြစ်ကြီးနား-ကန်ပိုင်တည် လမ်းမကြီးပေါ်ရှိ တံတားအမှတ်(၄/၃၂)ပျက်စီးမှုကြောင့် လမ်းပိတ်ထားခဲ့ရပြီး ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းရှင်များ အခက်တွေ့



မြစ်ကြီးနား-ကန်ပိုင်တည် လမ်းပေါ်ရှိ မီတာ ၄၀ ခန့်ရှည်သော တံတားအမှတ် (၄/၃၂)သည် ဧပြီလ ၂၆ ရက် နံနက် ၄ နာရီခန့်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တံတားမျက်နှာပြင် ၃ ဒသမ ၅ မီ တာကျော်နှင့် တံတားလက်တန်း ရှစ်မီတာခန့်၊ ချောင်းအောက်ပိုင်း တံတား လက်တန်း ကိုးမီတာခန့် ပျက်စီးခဲ့ပြီး အက်ကြောင်းများဖြစ်ပေါ်ကာ ယာဉ်များအန္တရာယ်ရှိနိုင်သဖြင့် လမ်းပိတ်ထားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် သောက်သုံးရေပြတ်လပ်မှုကို ယခုနှစ် နွေရာသီကာလ၌ ဆောလျင်စွာ ကြုံတွေ့လာ


နွေရာသီကာလများတွင် ရေခန်းခြောက်မှု၊ ရေထွက်နည်းပါးမှုများကြောင့် သောက်သုံးရေ အခက်အခဲများ နှစ်စဉ်ကြုံတွေ့လေ့သော မန္တလေးမြို့တွင် ယခုနှစ် နွေရာသီကာလ၌ သောက်သုံးရေ ပြတ်လပ်မှုကို ယခင်နှစ်များထက် ဆောလျင်စွာ ကြုံတွေ့လာကြောင်း သိရှိရသည်။

ရန်ကုန်-ပြည်လမ်းပေါ်တွင် အဝေးပြေးယာဉ်တစ်စီးနှင့် ဟီးနိုးတီအီးကားတို့ ၀င်တိုက်မိရာမှ ခရီးသည်တစ်ဦး သေဆုံးပြီး ၁၆ ဦးကျော် ဒဏ်ရာအပြင်းအထန်ရရှိ


ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်တွင် ဧပြီလ ၂၇ ရက်နေ့က ရန်ကုန်-တောင်တွင်းကြီးယာဉ်လိုင်းမှ ကားတစ်စီးနှင့် ဟီးနိုးတီအီးကားတစ်စီးတို့ဝင် တိုက်မိရာမှ ခရီးသည်တစ်ဦး သေဆုံးပြီး ၁၆ ဦးကျော် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သြစတြေးလျအကူအညီ ထိရောက်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောဆို

သြစတြေးလျအကူအညီ ထိရောက်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောဆို

မြန်မာပြည်ရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သြစတြေးလျနိုင်ငံက ကူညီဆောင်ရွက်မှုတွေဟာ အကျိုးထိရောက်မှုရှိကြောင်း သြစတြေးလျကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မနေ့က ပြောဆိုပါတယ်။
AFP
NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းဖြစ်ပါသည်။

အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပ

အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပ
ကျောင်းသားသမဂ္ဂအဖွဲ့ခွဲတွေ တည်ထောင်ဖို့ ရည်ရွယ်ပြီး အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီက မန္တလေးမြို့ မန္တလေး တက္ကသိုလ်အနီး ဗောဓိကုန်းဘုရားက ကဆုန်ညောင်ရေသွန်းပွဲမှာ ရန်ပုံငွေဈေးရောင်းပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

“ရွှေစည်းခုံ”ဘုရားပိုင် “ဟိုတယ်” အား ကိုယ်ကျိုးအတွက် အသုံးချနေ

မန္တလေးတိုင်း ပုဂံ-ညောင်ဦးမြို့နယ်ရှိ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော “ရွှေစည်းခုံ”
ဘုရားကြီး ပိုင်ဆိုင်သော “အောင်မင်္ဂလာ”ဟိုတယ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်း နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်း၍ ဂေါပကလူကြီးများအား ဖိအားပေးကာ လေလံကြေးများအား သတ်မှတ်ထားသည့် ကာလအတွင်း
 ပေးသွင်းစေခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်စေလျက်ရှိကြောင်း ညောင်ဦးမြို့ ခံ
တဦးက Myanamr News Now ကိုပြောပါသည်။
 
“ရွှေစည်းခုံ”
ဘုရားကြီး

လိုင်စင်ရအဆောက်အအုံကန်ထရိုက်တာလုပ်ငန်း အာမခံကြေးငွေတိုးမြှင့်

ဆောက်လုပ်ရေး ကန်ထရိုက်တာလုပ်ငန်းလိုင်စင် အာမခံကြေးငွေကို ကျပ်သိန်း(၁၀၀)မှ
 ကျပ်သိန်း(၅၀၀)အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

RNDP နှင့် PDP သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတိပေးညွှန်ကြားစာပေးပို့

၂၀၁၂ခုနှစ် ဧပြီလ ၂၆ ရက် နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကောင်မရှင်မှ `ပါတီစာစောင်များရေးသားထုတ်ဝေရာတွင် တည်ဆဲဥပဒေချိုးဖောက်ရာရောက်သော ရေးသားမှုများမပြုရေး သတိပေးညွန်ကြားခြင်း´ ဟု ခေါင်းစဉ်တပ်၍ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) နှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ( PDP) သို့ ရှေ့ဆင့်နောက်ဆင့် ပေးပို့ ညွန်ကြား လာကြောင်း သိရသည်။

ပြင်စလူ မြို့နယ်ခွဲ ကျေးရွာခြောက်ရွာ သောက်ရေပြတ်

ရန်ကုန် မေ ၎
နာဂစ်မုန်တိုင်း ဒဏ်ကြောင့် လူဦးရေ အသေအပျောက် အများဆုံး ဖြစ်ခဲ့သည့် လပွတ္တာ မြို့နယ် ပြင်စလူ မြို့နယ်ခွဲရှိ ကျေးရွာ ခြောက်ရွာတွင် သောက်သုံးရေ ပြတ်လတ်မှုနှင့် ကြုံတွေ့နေရကြောင်း လပွတ္တာ မြို့နယ် နှလုံးသား (အခမဲ့) လူမှုကူညီရေး အသင်းမှ အဖွဲ့ဝင် ဦးအောင်မိုးဝင်းက The Voice Weekly သို့ မေလ ၄ ရက်နေ့က ဆက်သွယ် ပြောကြားသည်။

စစ်တပ်နယ်မြေတိုးချဲ့မှုကြောင့်ဒေသခံများအားထားသည့် တောတောင် အသိမ်းမခံရရေး လူထုဆွေးနွေး

ကရင်နီ(ကယား)ပြည်နယ်တွင် ဖရူးဆိုးမြို့နယ် အမှတ် (၁၄) တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း ဆောက်လုပ်ခြင်းကြောင့်  ကျေးရွာလူထု မှီခိုအားထားသည့် တောတောင်များ အထိ ထပ်မံတိုးချဲ့လာခြင်းမှ  ကာကွယ်နိုင်ရန်အတွက် ယင်းမြို့နယ် ခိုးလျှေဆိုတောင်ပေါ်တွင် လူထုတွေ့ဆုံပွဲတရပ်ကို ယခုရက်ပိုင်းက ကျင်းပပြုလုပ်ကြသည်။

အင်ဂျင် ၁၃၀၀ စီစီအောက် ကားပါမစ်မလိုပဲ တင်သွင်းခွင့်ပြုမည်သတင်းကြောင့် ကားဈေးထိုးကျ



အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် ကားများကို ပါမစ်သီးခြားမလိုပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည်ဆိုသည့် အတည်မပြုနိုင်သေးသော သတင်းထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့ကားဈေးကွက်တွင် ကားဈေးထိုးကျသွားကြောင်း ဟံသာဝတီကားဝိုင်းမှ ကားရောင်းဝယ်သူများက ပြောသည်။

မြန်မာအမျိုးသမီး အခွင့်အရေး အမေရိကန်သံတမန် သွားရောက်ဆွေးနွေးမည်

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာအမျိုးသမီးရေး ဆိုင်ရာ သံအမတ်ကြီး Melanne Verveer ဟာ မေလ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ  မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းကို လာရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို အဓိကထား လေ့လာဆွေးနွေးမှာ ဖြစ်ပါတယ်။

ဝန်ကြီးကလင်တန် ဘင်္ဂလားဒေ့ရှ်ရောက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပြီး ဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု နောက်ထပ်အဆင့်သစ် တခု တိုးမြှင့် ဆောင်ရွက်ရေး ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ ၀န်ကြီး ကလင်တန်ဟာ

မြစ်ကြီးနားဗုံးကွဲ ၃ ဦးထိခိုက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့လယ်နဲ့ ၂ မိုင်လောက်အကွာမှာရှိတဲ့ ရွှေလမ်းမကြီး နားမှာရှိတဲ့ တံတားတခုမှာ ဒီနေ့ မနက်အစောပိုင်းက ဗုံး ၂ လုံး ရှေ့ဆင့် နောက်ဆင့်ဆိုသလို ပေါက်ကွဲခဲ့လို့ ၃ ယောက် ဒဏ်ရာရသွားပါတယ်။ အစိုးရနဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်ဘဲ

မြန်မာအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းရန် အထက်လွှတ်တော်အမတ် Webb တောင်းဆို

အမေရိကန်ကွန်ဂရက် အထက်လွှတ်တော်မှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နဲ့ အဲဒီ ကော်မတီဝင် တစ်ဦးဖြစ်သူ ဂျိမ်းစ် အင် ဟိုဖ်တို့ ပူးတွဲပြီး မေလလေးရက်နေ့က နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် (Hilary Clinton) ဆီ ပေးပို့တဲ့စာထဲမှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးခြင်းဖြင့် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးထောက်ခံအားပေးဖို့ သမ္မတအိုဘားမား အစိုးရကို တောင်းဆိုထားပါတယ်။

မြစ်ကြီးနားမြို့တွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲ

မြစ်ကြီးနားမြို့တွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေဒင်ရပ်ကွက် ရွှေလမ်းမကြီးပေါ်မှာ ဒီကနေ့မနက် ၆ နာရီ ခွဲလောက်က ဗုံး နှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။
ပထမ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး မိနစ် ၄၀ လောက်အကြာမှာ နောက်ထပ်တစ်လုံး ထပ်မံကွဲခဲ့တာ ဖြစ်ပါတယ်။ အခုလို ဗုံးပေါက်ကွဲခဲ့တာကို ကြားသိခဲ့ကြောင်း မြစ်ကြီးနား မြို့ခံတစ်ဦးက အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။

အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ

အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ

ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ တပ်မတော်ကို ညွှန်ကြားမယ်လို့ မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ကို ကတိပေး ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။
Photo courtesy of ILO
ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines (ယာ) ဖြစ်ပါသည်။

ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ ဆန္ဒပြနေ

ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ ဆန္ဒပြနေ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့ဒေသရှိ လယ်ယာစက်မှု ပစ္စည်းထုတ်လုပ်တဲ့ Fly Star စက်ရုံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၂) ဦးဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုးအတွက် လုပ်အားခထဲက ဖြတ်တောက်ခဲ့တာ ကြေသွားပြီဖြစ်ပေမယ့် သူတို့ပိုင်ဆိုင်တဲ့ ပတ်စပို့ကို လုပ်ငန်းရှင်ဖြစ်သူက ပြန်ထုတ်မပေးတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ သိရပါတယ်။
(Photo: RFA)
မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။ (Photo: RFA)