Wednesday, May 9, 2012

ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်

ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တည်ဆောက်နေပြီဆိုရင် ကျောင်းသားသမဂ္ဂဆိုတာ တည်ရှိရမှာဖြစ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပွင့်ပွင့်လင်းလင်း တည်ရှိရေးကို ဥပဒေကြောင်းအရ အတတ်နိုင်ဆုံးကူညီမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေကို ပြောကြားလိုက်ပါတယ်။
Photo courtesy of ABFSU
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တို့ ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ဆုံစဉ်။

မေလ ၉ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ်ကွက်တွင် ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမူဖြစ်ပွား


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ်ကွက်တွင် မေလ ၉ရက်နေ့ နံနက်ပိုင်းက ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၉ရက်နေ့ နံနက် ၃နာရီ ၂၅မိနစ်ခန့်က ၆၆ လမ်း၊ ၂၇လမ်းနှင့် ၂၈လမ်းကြား  ရှိ မန်းမြန်မာဆောက်လုပ်ရေး သစ်အချောထည်ဂိုဒေါင်ညစောင့်မှ သစ်သားရေပေါ်စက်ခုံပေါ်တွင် စီးကရက်မီးတင်ထားခဲ့ရာ ပြုတ်ကျပြီး ရေပေါ်စသို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ နံနက် ၄နာရီ ၃၀မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်း မန္တလေးတိုင်းမီးသတ် ဦးစီးဌာနမှ သိရှိရသည်။

ဝိုင်းဝန်းရိုက်မှုကြောင့် လူတစ်ဦးသေဆုံးသည့် ဖြစ်ရပ်အပေါ် ခရိုင်တရားသူကြီး၏ ပြစ်ဒဏ်ချမှတ်ခြင်းအား တရားလိုမှ မကျေနပ်၍ ပြစ်ဒဏ်တိုးမြှင့်ရန် လျှောက်ထားမှုအား တိုင်းတရားရုံးကလက်ခံ

လူစည်ကားရာ ပုဂ္ဂလိက ဆေးခန်းတစ်ခုရှေ့တွင် ဖြစ်ပွားခဲ့သည့် ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့သောဖြစ်ရပ် နှင့် ပတ်သက်၍ တရားခံများအား တရားရုံးက အပြင်းအထန် နာကျင်စေမှုဖြင့်သာ အမိန့်ချမှတ်ခဲ့ခြင်း အပေါ် တရားလိုဘက်မှ မကျေနပ်၍

သင်္ဘောသားဝင်ခွင့်ပုံစံဖြေလျော့ရာတွင် ကြယ်ငါးပွင့်အဆင့်ရှိ သင်္ဘောများနှင့် စတင်သင့်

နိုင်ငံတကာရှိ သင်္ဘောသားစံနှုန်းများနှင့်တပြေးညီဖြစ်စေရန်င်္ဘောသားဝင်ခွင့်ပုံစံအား ပြည်တွင်းကမ်းရိုး တန်းသင်္ဘောလိုက်၍
သင်္ဘောသားပတ်စ်ပို့ရရှိနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အသင်း(MOSA )က သိရှိရသည်။

ကားတင်သွင်းခွင့်ပေးသလို ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြေရှင်းရန် လိုအပ်

ကားတင်သွင်းခွင့်များအား ထပ်မံခွင့်ပြုခဲ့ပြီးနောက် ရန်ကုန်မြို့တွင်း၌ ကြုံတွေ့နေရသော ယာဉ်ကြောပိတ် ဆို့မှုများကိုလည်း ဦးစားပေးဖြေရှင်းသင့်ကြောင်း ရန်ကုန်မြို့ခံများကပြောဆိုလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကာလ သုံးစွဲငွေစာရင်းကို သွားရောက်တင်ပြ (ရုပ်/သံ)

ရွက်လှေစီမံကိန်းအတွက် အုန်းခင်းပိုင်ရှင်များ ၄ နာရီကြာထိန်းသိမ်းခံရ

၈.၅.၂၀၁၂ အင်္ဂါနေ့ နေ့လည် ၁နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်ခရိုင်ရဲမှုးကြီးဖြစ်သူ  ဦးမောင်မောင်မြင့် သည်

ဒီမိုကရေစီလှုပ်ရှားသည့် ကျောင်းသားများ ပညာရေးပိတ်ပင်ခံနေရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

နေသွင် DVB ၀၉ မေလ ၂၀၁၂

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေက ပညာဆက်သင်ဖို့ ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။

HIMO High Art ဆံပင်တုစက်ရုံလုပ်သားများ မကျေနပ်မှု အလုပ်သမားရုံးသို့လာရောက်တိုင်ကြား

မွန်လွဲ ၃ နာရီ၊ မေလ ၉ ရက်၊ ၂၀၁၂ ခုနှစ်- အိမ့်ခိုင်ဦး (YPI)

လှိုင်သာယာ စက်မှုဇုန် ၄ ရှိ ကိုးရီးယား နိုင်ငံသားပိုင် HIMO Hight Art ကုမ္ပဏီပိုင် ဆံပင်တုစက်ရုံမှ အလုပ်သမား ၄၀၀ ကျော်တို့ အခြေခံလစာနည်းပါးမှုနှင့် အခြေခံ အလုပ်သမား အဖွဲ့အစည်းဖွဲ့စည်းရာတွင် အခက်အခဲရှိခြင်းတို့ အပေါ် မကျေနပ်သဖြင့် ယနေ့ မွန်းတည့်ချိန်မှစ၍ မရမ်းကုန်းမြို့နယ်ရှိ အစိုးရ ပြည်ပအလုပ်သမားဆိုင်ရာ အေဂျင်စီရုံး သို့ တိုင်ကြားရန် စုရုံးရောက်ရှိနေကြသည်။

အများပိုင်နေရာကို စစ်တိုင်းမှူးဟောင်းဇနီးက ဂရန်ပြုလုပ်သည်ကို ကန့်ကွက်

မေ ၉၊ ၂၀၁၂ (YPI)

သံတွဲမြို့နယ်၊ ငပလီကမ်းခြေရှိ အများပြည်သူပိုင် အပန်းဖြေနေရာအား ယခင်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး (ပ.ယ.က ဥက္ကဌ) ဗိုလ်ချုပ်သောင်းအေး၏ ဇနီးက ပုဂ္ဂလိကပိုင်အဖြစ် ဂရန်ပြုလုပ်ရရှိခဲ့သည့်အတွက် သံတွဲဒေသခံများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ယမန်နေ့က ကန့်ကွက်စာ ပေးပို့လိုက်သည်။

ငါးထောင်တန်အတု သုံးစွဲသူ နိုက်ကလပ်သို့လာရောက်စဉ် ဖမ်းမိ

မေလ ၄ ရက်နေ့ ညက ငါးထောင်ကျပ်တန်အတုများဖြင့် ဝယ်ယူသုံးစွဲနေ သူ တစ်ဦးအား မင်္ဂလာဈေးဝင်းအတွင်းရှိ နိုက်ကလပ် သို့ လာရောက်စဉ် မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ရွှေပြည်သာ အုတ်ဖုတ် လုပ်သားများ အလုပ်လက်မဲ့ ဖြစ်မည့်ကိန်းဆိုက်

(ရန်ကုန်၊ မေ ၆)
ရွှေပြည်သာ မြို့နယ်ရှိ အုတ်ဖုတ် လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန်ကြား ထားမှုကြောင့် အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ရမည့် အရေးနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီဟု သိရှိ ရသည်။

Y-talk မှလွဲ၍ ကျန်အွန်လိုင်းမှ ဖုန်းခေါ်ဆိုမှုများကို ဥပဒေအရ အရေးယူတော့မည်

ရန်ကုန်၊ မေ ၇
Y-talk မှလွဲ၍ အွန်လိုင်းမှ ပြည်ပဖုန်းခေါ်ဆိုမှုများအား တရားမဝင်အဖြစ် ဥပဒေအရ အရေးယူဆောင်ရွက်တော့မည်ဟု VMG TELECOMESကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြိုးဝေအောင် သေဒဏ်ချခံရမှု ကုလ အထူးကိုယ်စားလှယ် ပြစ်တင်

၂၀၁၀ ခုနှစ်တုန်းက ရန်ကုန်သင်္ကြန်ဗုံးခွဲမှုနဲ့ဆက်စပ်ပြီး သင်္ကာမကင်းဖမ်းဆီးခံထားရသူ ဖြိုးဝေအောင် သေ ဒဏ် အပြစ်ချမှတ်လိုက်တဲ့ စီရင်ချက်ကိုကြည့်ရင် မြန်မာနိုင်ငံတွင်း တရားစီရင်ရေးပိုင်းကို အရေးတကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီဆိုတာ ပြသ လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားက ပြောပါ တယ်။ မြန်မာနိုင်ငံထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို မမေ့ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ ဒီအကြောင်းကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ စောင့်စားနေကြောင်း ဂျွန် မက်ကိန်း ပြော

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ စောင့်စားနေကြောင်း ဂျွန် မက်ကိန်း ပြော

အခုအခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကူးလက်မှတ် ရရှိထားပြီမို့ အမေရိကန် လွှတ်တော်ကနေ ကြိုဆိုရမယ့်နေ့ကို မိမိစောင့်စားနေပါကြောင်း အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်းက မနေ့က ပြောလိုက်ပါတယ်။
(Photo: AFP)

သြဇီရောက် NLD အမတ်များ မြန်မာသံအမတ်နှင့် တွေ့ဆုံ

NLD အမတ်များ
သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် NLD လွှတ်တော်အမတ်များ (Credit: ABC)
သြစတြေးလျင်ငံမှာ ​နိုင်ငံရေးသင်တန်းတက်ဖို့ရောက်နေကြတဲ့ ​NLD ​အမတ်တွေ ​ဟာ ​ဆစ်ဒနီတက္ကသိုလ်မှာ ​တပါတ်ကြာသင်တန်း ​တက်ရောက် ​အပြီး ​ကင်ဘာရာမြို့တော်ကို ​ရောက်ရှိနေကြရာမှာ ​ကင်ဘာရာမြို့တော်အခြေစိုက် ​မြန်မာသံရုံးက ​သံအမတ်ကြီး ​ဦးပေါ်လွင်စိန်က ​လှိုက်လှိုက်လှဲလှဲ ​ကြိုဆိုခဲ့တဲ့အကြောင်းသိရပါတယ်။

အစမ်းသပ်ခံ ပညာရေးမဖြစ်သင့်တော့ဘူးလို့ ဦးဖြိုးမင်းသိန်းပြော

မြန်မာနိုင်ငံ ​ပညာရေးဟာ ​လွန်ခဲ့တဲ့ ​နှစ် ​၂၀ ​ကျော်ကာလအတွင်း ​အစမ်းသပ်ခံ ​ပညာရေးဖြစ်ခဲ့ပြီး ​ခုချိန်မှာ ​မြန်မာနိုင်ငံက ​ဒီမိုကရေစီနိုင်ငံအဖြစ် ​မရောက်သေးပေမယ့် ​တိုးတက်မူတွေ ​ရှိသင့်တဲ့အတွက် ​နိုင်ငံတကာ ​တက္ကသိုလ်တွေအနေနဲ့ ​ကူညီပူးပေါင်းမူတွေ ​လုပ်မယ်ဆိုရင် ​ကြိုဆိုကြောင်း ​NLD ​လွှတ်တော်အမတ် ​ဦးဖြိုးမင်းသိန်းက ​ပြောပါတယ်။ ​မြန်မာနိုင်ငံကို ​သယံဇာတနဲ့ ​ထူထောင်တဲ့ ​နိုင်ငံမဖြစ်စေလိုပဲ ​အသိပညာတွေနဲ့ ​ထူထောင်တဲ့ ​နိုင်ငံဖြစ်စေလိုတယ်လို့လဲ ​ပြောလိုက်ပါတယ်။

ဟင်္သာတမြို့ မှာ မြောင်းများပိတ်ဆို့ ပြီး ရေလျှံ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့  စည်ပင်သာယာဌာနမှ ၀န်ထမ်းတွေရဲ့ 
အလုပ်မလုပ်မှု့ ကြောင့်  မေလ (၄)ရက်နေ့ က ဟင်္သာမြို့ ၏ မြို့ လယ်ခေါင်ဖြစ်သော
 မန်းဘခိုင်းလမ်းမှာညနေတစ်မိုးရွာတာနဲ့  မြောင်းရေများရှံနေပြီ
ပလက်ဖေါင်းတောင်မြုတ်တော့ မယ့် အနေအထားဖြစ်နေပါတယ်။

ရွှေညောင်ဖူး-ကျောက်ဆည် လမ်းဖေါက်လုပ်မှုနှင့် လယ်ယာမြေ ဆုံးရှုံးခြင်းများ

ဒဂုံအရှေ့ မြေကွက်များ ပြန်ပေးရန် ညွှန်ကြားချက် ရရှိထားခြင်းမရှိဟုဆို

ရန်ကုန်၊ မေ ၈

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အိုးအိမ်ဦးစီးဌာနမှ ပြန်လည် သိမ်းဆည်းသော ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ ဝန်ထမ်း မြေကွက်များကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောဆိုထား သော်လည်း ယခုအချိန်အထိ ဝန်ကြီးဌာနထံမှ ညွှန်ကြားချက် ရရှိထားခြင်း မရှိသေးကြောင်း မြို့ရွာနှင့်အိုးအိမ် ညွှန်ကြားမှု ဦးစီးဌာန မြေယာနှင့် အခွန်ဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူး ဦးဟန်ချိုဦးက The Voice Weekly သို့ ယနေ့ ပြောကြားသည်။

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၊ကုတင် ၅၀၀ ဆံ့ ကလေး အထူးကု ဆေးရုံကြီးအနီးမီးလောင်

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၊ကုတင် ၅၀၀ ဆံ့ ကလေး အထူးကု ဆေးရုံကြီးအနီးရှိ သစ်နှင့် လွှစာမှုန့်များ သိုလှောင်ထားသည့် အိမ်တစ်ခုမှ နံနက် ၃:၁၅ နာရီခန့်မှ စတင်လောင်ကျွမ်းနေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အာရှမှ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမှု အမွေအနှစ် ဆယ်ခုစာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ ပါဝင်နေ

ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေ အဖွဲ့ Global Heritage Fund က ထုတ်ပြန်ခဲ့သည့် အာရှမှ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမှု အမွေအနှစ် ဆယ်ခုစာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ ပါဝင်နေကြောင်း သတင်းရရှိသည်။

UN World Tourism Organisation မှ အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ လာရောက်၊ နှစ်ရက်တာ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့

73114

ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့အစည်း(UN World Tourism Organisation-UNWTO)မှ အထွေထွေ အတွင်းရေးမှူးချုပ် Dr. Taleb Rifai သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး အဆိုပါခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကော့သောင်း ဆီအုန်းခြံ အလုပ်သမားအချို့ လုပ်ခ ပြန်ရ

စံခလပူရီ (မဇ္ဈိမ) ။       ။ နှစ်နှင့်ချီ၍ လုပ်အားခ အပြည့်အဝ မရသည့်အတွက် ယုဇန ကုမ္ပဏီကို တရားစွဲရန် စီစဉ်နေသည့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ ဆီအုန်းခြံ အလုပ်သမားအချို့ စနေနေ့က လုပ်အားခ ရရှိပြီ ဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုသန်းထွန်းက ပြောသည်။

မြန်မာပြည်သွားမည့် ဝန်ကြီးချုပ်အား အိန္ဒိယအမတ်များ တောင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။       ။ ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးအဖြစ် ပထမဆုံးအကြိမ် သွားရောက် မည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းအား မြန်မာ့ ဒီမိုကရေစီအရေး ဆက်လက် ပြုပြင်ပြောင်းလဲဖို့အတွက် တွန်းအားပေးရန် အိန္ဒိယ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများက တိုက်တွန်း တောင်းဆိုလိုက်ကြသည်။

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့များတွင် သမ္မတနှင့် ဒုသမ္မတ ဦးဆောင်မည်

ချင်းမိုင်(မဇ္စျိမ) ။       ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။

မုံရွာခရိုင်ရှိကျေးရွာများမှ ပြောင်းရွေ့ခိုင်းရာ ကျန်ရှိအိမ်(၄၇)လုံးအား ဒီငြိမ်းလင်းသွားရောက်အားပေး

မန္တလေးတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိကျေးရွာ(၄)ရွာအား ရွေ့ပြောင်းခိုင်းရာတွင်  အိမ်ခြေ(၄၇)လုံး ပြောင်းရွေ့ ရန် ကျန်ရှိနေသေးကြောင်း ဒေသခံများထံက သိရှိရသည်။

 

အယ်လ်ဂျာဇီးရားသတင်းထောက် တရုတ်နှင်ထုတ်

တရုတ်နိုင်ငံဆိုင်ရာ Al-Jazeera အင်္ဂလိပ်သတင်းဌာနရဲ့ တဦးတည်းသော သတင်းထောက်ကို တရုတ် အာဏာပိုင်တွေက ပြင်နှင်ဒဏ်ပေးလိုက်ပြီး pan-Arab သတင်းဌာကလူနဲ့လည်း အစားထိုးပေးဖို့ ငြင်းဆို လိုက်ပါတယ်။

တရုတ် - ဖိလစ်ပိုင် ဆက်ဆံရေး တင်းမာ

တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကျွန်းစုတွေကိစ္စအတွက် ဖိလစ်ပိုင်နိုင်ငံနဲ့ ရေကြောင်း ဆိုင်ရာ တင်းမာမှုတွေ လနဲ့ချီ ဖြစ်ပေါ်နေတဲ့အပေါ် ဖိလစ်ပိုင်ဘက်က အရှိန်မြင့်လုပ်ဆောင်လာတဲ့ ဘယ်ကိစ္စကိုမဆို သူတို့ဘက်က တုံ့ပြန်သွားဖို့ အဆင်သင့်ရှိတယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

ငြိမ်းချမ်းရေးကောင်စီသစ်ရဲ့ ရှေ့ခရီး

မြန်မာနိုင်ငံ မှာ  အရင်က  အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး  အဖွဲ့ နှစ်ဖွဲ့ ရှိရာကနေ အခု အဖွဲ့တခုတည်း အဖြစ် ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်၊ ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်း ဟာ ဒီအဖွဲ့သစ်ရဲ့  ဥက္ကဋ္ဌ အဖြစ်  ခေါင်းဆောင်ပြီး အစိုးရ အဖွဲ့၊ တပ်မတော်နဲ့အတူ ပြည်သူလွှတ်တော်အဖွဲ့ စတဲ့ အဖွဲ့ ၃ဖွဲ့နဲ့အတူ  ပြန်လည် တိုးချဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်၊

NLD လမ်းမတော်ရုံးဖွင့်ပွဲ


ကချင်ဒုက္ခသည် အစားအစာမလုံလောက် ရုပ်/သံ


စည်ပင်ဌာနက ပြန်သိမ်းတဲ့ အငှားယာဉ် စပေါ်ငွေ ပြန်မအမ်းပေးသေး

စည်ပင်ဌာနက ပြန်သိမ်းတဲ့ အငှားယာဉ် စပေါ်ငွေ ပြန်မအမ်းပေးသေး

ရန်ကုန်တိုင်း စည်ပင်သာယာဌာနကနေ ပုဂ္ဂလိကကို ငှားရမ်းထားတဲ့ အငှားယာဉ် တက္ကစီကားတွေကို ဌာနက ပြန်သိမ်းပြီးတဲ့နောက် မူလငှားရမ်းထားသူတွေကို စပေါ်ငွေ ပြန်မအမ်းပေးပဲ အဲဒီကားတွေကို ဝန်ထမ်းတချို့နဲ့ ပုဂ္ဂလိကတချို့ကို ပြန်လည် ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။
Photo courtesy of Wikipedia
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးချုပ် တည်ရှိရာ မြို့တော်ခန်းမ

မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားလာနိုင်လို့ IMF ခန့်မှန်း

မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားလာနိုင်လို့ IMF ခန့်မှန်း
မြန်မာအစိုးရရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေဟာ လက်ရှိ ပုံစံအတိုင်းသာ ရှေ့ဆက်ပြီး တည်တည်ငြိမ်ငြိမ် သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်း အမြင့်မားဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အစီရင်ခံစာက ခန့်မှန်းဖော်ပြလိုက်ပါတယ်။

တိုင်းပြည်ဘဏ္ဍာငွေ စီစစ်ပြီး သုံးစွဲမှသာ စီးပွားရေး တိုးတက်နိုင်

တိုင်းပြည်ဘဏ္ဍာငွေ စီစစ်ပြီး သုံးစွဲမှသာ စီးပွားရေး တိုးတက်နိုင်

မြန်မာပြည် စီးပွားရေးအရ တိုးတက်ဖို့ကြိုးပမ်းမယ်ဆိုရင် အရင်စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အကောင်အထည်ဖော်လေ့ရှိတဲ့ ဆင်ဖြူတော် စီမံကိန်းတွေ၊ အလေအလွင့် စီမံကိန်းတွေကို လက်ရှိ အစိုးရအနေနဲ့ ရှောင်ရှားဖို့ လိုအပ်ကြောင်း ထိုင်းဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးက Bloomberg စီးပွားရေး မဂ္ဂဇင်းကို ပြောလိုက်ပါတယ်။
Photo courtesy of Wikipedia
နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်ရှိ ပင်ဂွင်းငှက်ပြခန်း ဖြစ်ပါသည်။

ငါးမြာကြီးရွာမှာ ရေပြာပေါက်ကြမ်းလို့ မြစ်ကမ်းပါးပြို၊ အိမ်အိုအိမ်ကောင်း၊အမြန်ပြောင်းနေကြရ

မကွေးတိုင်း ရေစကြိုမြို့နယ် ဗလဘ အုပ်စုအပိုင် ငါးမြာကြီးကျေးရွာသည် ချင်းတွင်းနှင့်
ဧရာပေါင်းဆုံရာအနီးရှိမြစ်ကမ်းပါးတစ်နေရာတွင် တည်ရှိပါသည်။

၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက်

သေဒဏ်ချမှတ်ခံရသူ ကိုဖြိုးဝေအောင် (ဓါတ်ပုံ-Google Images)
၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။

လှိုင့်  ပေါ်မေးတင်ထားရသော သူတို့ ဘဝ

                             အိမ်ခြေ ၄၀၀၊ လူဦးရေ (၃၀၀၀) ၀န်းကျင်ဖြင့်  နေ့ စဉ်လှုပ်ရှားသက်ဝင်နေသော ရန်ကုန်တိုင်းဒေသကြီး  ကြည့်မြင်တိုင်မြို့ နယ် (တဖက်ကမ်း) စက်ဆန်းရပ်ကွက် လှိုင့် ကိုအမှီပြုသူများ။ ထိုလူဦးရေဧ။် ၈၀% ဟာ လက်လုပ်လက်စား ဘ၀တွေ။ သူတို့ ရဲ့  နေ့ စဉ် ရပ်တည်မှုနဲ့ ၊ သားသမီးတွေကို ပညာထားရခြင်း စရိတ်များသည် လှိုင်မြစ်ပေါ်တွင် လှော်ခတ်မောင်းနှင် နေကြသော စက်သံတို့ ကို မှီခိုနေကြပါလား။ ဒီလိုနဲ့  လှုပ်ရှားလည်ပတ်နေသော လှိုင်မြစ်ကို မှီခိုရသော သူတို့  ကံကြမ္မာ မိုးမှောင်ကျသောနေ့ ။

           

ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် မြန်မာနိုင်ငံပညာရေးတိုးတက်လာနိုင်သလား

ကိုယ်ပိုင်ကျောင်း(Private School)
ပြီးခဲ့တဲ့ပညာရေးဆောင်းပါးဖြစ်တဲ့ အငိုလွယ်ပြီးအရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေမှာ ရေးသားခဲ့သလို မြန်မာနိုင်ငံပညာရေး ကိုယ်ပိုင်ကျောင်းဥပဒေကြောင့်တိုးတက်လာနိုင်သလားဆိုတာကိုဆွေးနွေးချင်ပါတယ်။ ဒီနေ့ ကိုယ်ပိုင်ကျောင်း(Private School)နှင့် အလွတ်ပညာသင်ကျောင်း (Tution)မတူဘူးဆိုတာ သိရပါမယ်။ မြန်မာနိုင်ငံမှာ တစ်လျောက်လုံးဖြစ်ထွန်းလာခဲ့တာ ကျူရှင်လို့ခေါ်တဲ့ အလွတ်ပညာသင်ကျောင်းတွေပါ။

ဗန်းမော်-နမ့်ခမ်းလမ်း KIA မိုင်းပေါက်ကွဲမှု တွင် မြန်မာစစ်သား ၁၂ ဦး ကျ

မေ ၆ ရက်၊ တနင်္ဂနွေနေ့က မန်မော် (ဗန်းမော်)-နမ့်ခမ်းလမ်း ၂ နေရာတွင် မြန်မာအစိုးရစစ်ကြောင်းအား KIA မှ မိုင်းထောင် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်များပြောသည်။

အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် ဖိနှိပ်ခံနေရဆဲအစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် ဖိနှိပ်ခံနေရဆဲ

အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် အဖိနှိပ်ခံနေရတုန်းဘဲ ဖြစ်တယ်လို့ မတရားသဖြင့် တရားစွဲခံရပြီး တရားရုံးတက်နေတဲ့ ရသေ့တောင်မြို့နယ် နီပူခံ ကျေးရွာက လယ်သမား တစ်ဦးက ပြောပါတယ်။



ဒေါ်အောင်ဆန်းစုကြည် ကို ဒု-သမ္မတ ခန့်အပ်လိုပါက အခြေခံဥပဒေပြင်မှဖြစ်မည်

မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ယခုရက်ပိုင်းအတွင်း ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်မည်ဆိုသည့်  သတင်းများထွက်ပေါ်လျှက်ရှိရာ အကယ်၍ ၎င်းနေရာတွင်  ဒေါ်အောင်ဆန်းစုကြည်အား ခန့်အပ်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှ သာလျှင် ခန့်အပ်ခွင့်ရှိမည်ဟု လွှတ်တ်ာကိုယ်စားလှယ်များက ပြောဆိုသည်။

ဦးသိန်းစိန် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်း

တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီ

ပြည်ပကိုခရီးသွားဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီလို့ NLD ပါတီကပြောဆို ကြောင်း AFP သတင်းမှာ ရေးထားပါတယ်။

ဒုသမ္မတဦးတင်အောင်မြင့်ဦး နေရာ စစ်တပ်ကပဲပြန်ခန့် ရမယ်

ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုမေလကုန်မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို အရေးပေါ် ခေါ်ယူဖို့အာဏာပိုင်တွေက စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြေမြုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေဟာ တိုင်းပြည်ရဲ့ မသန်စွမ်းတာကို ဖော်ပြနေတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား

မြေမြုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေဟာ တိုင်းပြည်ရဲ့ မသန်စွမ်းတာကို ဖော်ပြနေတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြား လိုက်ပါတယ်။

ဆေးကုသပေးရန်ငြင်းဆန်ပြီးနောက် ကျန်းမာရေး ၀န်ထမ်း သေနတ်ပစ်ခံရ

မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဆိုင်းဆွတ် (YPI)

ယနေ့ မနက် ၈နာရီခန့် က ကချင်ပြည်နယ် ဆားမှော် အနောက်ဘက် ကျွန်းသုံးလုံးကျေးရွာ က NGO ၀န်ထမ်းတစ်ဦးကို ကေအိုင်အို တပ်ဖွဲ့မှဟု ယူဆရသော သေနတ်သမားနှစ်ဦး က သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ၎င်း၏ မိသားစုက ပြောသည်။

ဦးတင်အောင်မြင့်ဦး သတင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင်

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာတင်တဲ့
သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။