Sunday, May 20, 2012

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ကုမ္ပဏီတစ်ခု၏ နိုင်ငံတော်ငွေကြေးအလွဲသုံးမှုများ

နေပြည်တော်လေဆိပ်
ပို့ဆောင်ရေးဝန်ကြီးဌာနလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အောက်ရှိ
လေကြောင်းဆက်သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲသည်ပြည်တွင်းလေယာဉ်များ
နှင့်မြန်မာနိုင်ငံလေကြောင်းပိုင်နက်အတွင်းဖြတ်ကျော်ပျံသန်းလျက်ရှိသောလေယာဉ်
များ၏ဘေးကင်းလုံခြုံစွာပျံသန်းဆင်းသက်နိုင်ရေးအတွက်လိုအပ်သောဆက်သွယ်ရေး
စက်များ၊လေကြောင်းလမ်းညွှန်စက်များနှင့်လေကြောင်းသုံးရေဒါများအားအစဉ်
ကောင်းမွန်မှုရှိနေစေရေးတာဝန်ယူဆောင်ရွက်ရသော ဌာနခွဲဖြစ်ပါသည်။

မြန်မာခေါင်းဆောင်များ၏ ပြောင်မြောက်သော ကြိုးပမ်းမှုများကို ၈ျီ-၈ ခေါင်းဆောင်များချီးကျူး

President Barack Obama with the other G8 leaders in a working session focused on global and economic issues, in the dining room of Laurel Cabin at Camp David   Photograph: Pete Souza/White House
ဝါရှင်တန်၊ မေ-၂၁
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းကျသော ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ခဲ့ခြင်းအတွက် မြန်မာ နိုင်ငံ၏ သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီ လိုလားသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ထူးခြား ပြောင်မြောက်သော ကြိုးပမ်းဆောင်ရွက်မှုများကို ဂျီ-၈ ခေါင်းဆောင်များက ချီးကျူးပြောဆိုလိုက်ကြောင်း သိရသည်။

ယင်းအပြုသဘောဆောင်သော မှတ်ချက်များမှာ မြန်မာနိုင်ငံတွင် အခြေခံကျသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အားပေးထောက်ခံရန်အလို့ငှာ အမေရိကန်နိုင်ငံက ပိတ်ဆို့တားဆီးမှုများကို ဖြေလျှော့ပေးခဲ့ပြီး ရက်အနည်းငယ်အကြာမှာပင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရေရှည်တည်တံ့ပြီး နောက် ပြန်မလှည့်သော ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လက်ရှိ လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း ထောက်ခံပါကြောင်း အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ အမျိုးသားပြန်လည်စည်းလုံးညီ ညွတ်ရေးနှင့် ဒီမိုကရေစီအခြေ ခိုင်မာရေးကြိုးပမ်းမှုများကို ထောက်ခံပါကြောင်း ဂျီ-၈ ခေါင်းဆောင်များက အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အနီးတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအပြီးပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ အကူအညီပေးအပ်ရေး ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံများ၊ အဖွဲ့အ စည်းများ ကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင် ရေး လိုအပ်ကြောင်းကိုလည်း အ လေးအနက်ထားကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှာလည်း မြန်မာပြည်သူများအတွက် အကျိုးဖြစ်ထွန်းရန် လိုအပ်ကြောင်း ဂျီ-၈ ခေါင်းဆောင်များက ထပ်လောင်းပြောကြားသည်။

ဂျီ-၈ အစည်းအဝေးများ ကျင်းပနေရာ အမေရိကန်သမ္မတ နွေရာသီအပန်းဖြေစခန်း Camp David ၌ စောစောပိုင်းတွင် ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံများအား ကိုယ်စားပြု စကားပြောကြားရာ တွင်လည်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက “မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို အားပေးကူညီဖို့အတွက်လည်း ကျွန်တော်တို့ လုပ်နိုင်တာ မှန်သမျှလုပ်ဆောင်ပေးသွားပါမယ်”ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတအိုဘားမားသည် မေလ ၁၇ ရက်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတားဆီးပိတ်ဆို့ ထားခြင်းများကို လျှော့ပေါ့ပေးခဲ့ပြီး ၂၂ နှစ်အတွင်း မြန် မာနိုင်ငံအတွက် ပထမဦးဆုံး အမေရိကန်သံအမတ်တစ်ဦးကို ခန့်အပ်ခဲ့သည်။

ယခုအခါတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်ပြီဖြစ်သော်လည်း စစ်ဘက်နှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများကိုမူ အမေရိကန်အစိုးရက ဆက်လက်ကန့်သတ်ထားသည်။
-Ref:AFP
 7Day News Journal

ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ဗန်းမောက်မြို့ရှိ ချောင်းများ ထိခိုက်ပျက်ဆီးပြီး တိမ်ကောလာနိုင်

စစ်ကိုင်းတိုင်းဒေသကြီးဗန်းမောက်မြို့နယ်အတွင်းရှိ ဒေသများတွင်ကျောက်ရွှေတူးဖော်ခြင်း  လုပ်ငန်းများနှင့် ရွှေကျင်မျှောတိုက်ခြင်းလုပ်ငန်းများကြောင့်မြို့နယ်တွင်းရှိ တောင်ချောင်းနှင့် မဲဇာချောင်းတို့မှာ ရေစီးကြောင်းပြောင်းလဲခြင်း၊ မြစ်ကြောင်းပျက်ဆီးခြင်းတို့နှင့်ကြုံတွေ့နေရပြီး မြစ်တိမ်ကောနိုင်သော အနေအထားသို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။

အမျိုးသမီးကိုယ်စားလှယ်များပါဝင်ပါက ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့်လာနိုင်

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ၌ အမျိုးသမီးကိုယ်စားပြုများ ပါဝင်လာကြမည်ဆိုလျှင် ညှိနှိုင်းဆွေးနွေးပြောဆိုရေး ကိစ္စများတွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့်ရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ရွှေလီရှိ 230KVဓါတ်အားလိုင်းအား အကြမ်းဖက်ဖောက်ခွဲခံရသောကြောင့် အလှည့်ကျမီးပေးဝေရေးစနစ်ဖြင့် မီးပေးမည်

ရှမ်းပြည်နယ်၊မြောက်ပိုင်းလားရှိုးမြို့ ရွှေလီနှင့် မန်ဆန် ကြားရှိ 230 KV  ဓါတ်အားလိုင်းအား မေ ၁၉ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးခံရသောကြောင့် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များအား အုပ်စု သုံးစုခွဲ၍ အလှည့်ကျမီးပေးဝေ သွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့ထံမှ သိရှိရသည်။
 “ဒီနေ့ကစပြီး ပြင်ဆင်မှုတွေလုပ်ပြီး မနက်ဖြန် စပြင်မယ်။ လုံခြုံရေးအရ လိုအပ်တာထက် ပိုကြာနိုင်တယ် ပြီးတော့ ဘယ်တော့လောက် ပြီးမယ်ဆိုတာ မခန့်မှန်းနိုင်တော့ ပုံမှန်

ရွှေနံ့သာ လယ်မြေနေရာတွင် နှစ်ဖက်စလုံးအား လုပ်ကိုင်ခွင့် ရက်အကန့်အသတ်မရှိ တားမြစ်ထား

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ ရှိ လယ်မြေများတွင် လုပ်ပိုင်ခွင့်ရရှိမှုနှင့် ပတ်သက်၍ ပြင်းထန်သော အငြင်းပွားမှု များကြောင့် သက်ဆိုင်ရာမှ သီးစားချ မပေးခင်အချိန်အထိ လယ်မြေများပေါ် တွင် မည်သူမျှ လုပ်ကိုင်ခြင်းမပြုကြရန် ရန်ကုန်တိုင်းဒေသကြီး ခရိုင်အုပ်ချုပ် ရေးမှူးက ရက်အကန့်အသတ်မရှိ တားမြစ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ်NLDရွေးကောက်ပွဲအောင်နိုင်ရေးဂုဏ်ပြုပွဲ အခန်းအနားမြိတ်မြို့နယ်NLDရွေးကောက်ပွဲအောင်နိုင်ရေးဂုဏ်ပြုပွဲ အခန်းအနား

ယနေ့ ၂၀.၅ ၂၀၁၂ (တနင်္ဂနွေ) နေ့နံနက်(၇း၀၀)နာရီတွင်တနင်္သာရီတို်င်း
မြိတ်မြို့ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နှင့်ကျွန်းစုမြို့နယ်ရွေးကောက်ပွဲအောင်နိုင်
ရေးတွင်မေတ္တာဖြင့်ပါဝင်ကိုညီပေးခဲ့ကြသောအလူရှင်များ၊ကျွန်းစုမြို့နယ်ရှိ
ကျေးရွာအသီးသီးမှပါတီဝင်များနှင့်မိဘပြည်သူများကိုဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ
အခမ်းအနားကိုမြိတ်မြို့နယ်ဆိတ်ငယ်ရပ်ကွက်ရှိ ဘုံတိုက်စိမ်းခန်းမတွင်ပြုလုပ်သွားခဲ့
ပါတယ်။

ကချင်စစ်ပြေးဒုက္ခသည်များအတွက် ထားဝယ်ဒေသအလှူ

ကချင်စစ်ပြေးဒုက္ခသည်များအတွက် ထားဝယ်ဒေသအလှူ
2012-05-19
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဒေသခံတွေက ကချင်ပြည်နယ်ထဲက စစ်ပြေးဒုက္ခသည်တွေ အတွက် စာနာမှု အကူအညီအဖြစ် ကျပ်ငွေ ၂၈ သိန်းကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဒီနေ့ လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
Photo Courtesy of DaweiCity Facebook (www.facebook.com/daweicity)

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် SSA (တောင်ပိုင်း) သဘောတူညီမှု ရရှိ

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် SSA (တောင်ပိုင်း) သဘောတူညီမှု ရရှိ
2012-05-19
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံအခြေစိုက် ရွှေတြိဂံတိုင်း စစ်ဌာနချုပ်မှာ စနေနေ့ မနက် ၉ နာရီက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ (၁၀) နာရီ ကျော်ကြာ ဆွေးနွေးခဲ့ကြပြီး အချက် (၁၂) ချက် သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့ ပြုပြင်ပြောင်းလဲရေး ကမ္ဘာ့နိုင်ငံကြီးများ ၀ိုင်းကူမည်

မြန်မာ့ ပြုပြင်ပြောင်းလဲရေး ကမ္ဘာ့နိုင်ငံကြီးများ ၀ိုင်းကူမည်
2012-05-19
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက တတ်နိုင်သမျှ ၀ိုင်းဝန်းပံ့ပိုး ကူညီသွားကြမှာဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက စနေနေ့က ပြောလိုက်ပါတယ်။
G8 ခေါ် အင်အားကြီး (၈) နိုင်ငံ ဆွေးနွေးပွဲမှာ သမ္မတ

မြန်မာ့စက်မှုလက်မှု ဆိပ်ကမ်းတွင် ကွန်တိန်နာများကြပ် ၊ ယာဉ်ကြောပိတ်ဆို့မှု

မြန်မာ့စက်မှုလက်မှု ဆိပ်ကမ်းတွင်  Import /Export ကွန်တိန်နာများ မကြာခဏ
ယာဉ်ကြောပိတ်ဆို့မှုများနှင့်ကြုံတွေ့နေရပါသည်။

နိုင်ငံတော် သမ္မတကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်

နိုင်ငံတော် သမ္မတကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။

လယ်ယာမြေပညာပေးဆွေးနွေး ဟောပြောပွဲ ပြင်ဦးလွင်မှာကျင်းပ

ပြင်ဦးလွင်၊ မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်သူရမျိုး (YPI)

ပထမဆုံး လယ်ယာမြေနှင့် သက်ဆိုင်သည့် ဥပဒေ ပညာပေးဆွေးနွေးဟောပြောပွဲ တစ်ခုကို ပြင်ဦးလွင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် မေလ(၁၉)ရက်နေ့ နံနက်(၁၀)နာရီမှ နေ့လည်(၃)နာရီထိ ကျင်းပခဲ့သည်။


ဂတ်စ်ပိုက်လိုင်းအတွက် သာသနာပိုင်မြေအချို့ သိမ်းခံရ

ပြင်ဦးလွင်၊ မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်သူရမျိုး (YPI)

ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းသို့ သွယ်တန်းဖောက်လုပ်လျှက်ရှိသည့် ဂက်စ်ပိုက်လိုင်းစီမံကိန်းအတွက် ပြင်ဦးလွင်မြို့သဲဘိုးရေ ရပ်ရှိ အာရှအလင်းရောင်းကျောင်းတိုက်ပိုင် သာသနာ့မြေ(၅)ဧကကျော် သိမ်းဆည်းခြင်း ခံရသည်ဟု ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တစိန္တိတ က မိန့်ကြားသည်။

ဗြိတိသျှ ပါလီမန် ဉက္ကဌက ဒေါ်စု အတွက် ဂုဏ်ယူ

ပါလီမန် ဉက္ကဌ ဂျွန်ဘားကိုး လာမယ့် ဇွန်လ လလယ်ပိုင်းမှာ ဗြိတိသျှ ပါလီမန် မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းဟာ အင်မတန် ထူးခြားတဲ့ သမိုင်းဝင် မှတ်တမ်းတခု ဖြစ်မယ်လို့ ပါလီမန် ဉက္ကဌ ဂျွန်ဘားကိုးက ပြောပါတယ်။

အစိုးရ နှင့် RCSS/SSA အဖွဲ့တို့ သဘောတူညီချက် ၁၂ချက်ထုတ်ပြန်

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ရှမ်းပြည် ပြန်လည်
တည်ဆောက်ရေး ကော်မတီ RCSS/SSA မှ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်
သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးစဉ် (ဓါတ်ပုံ-ရန်ကုန်တိုင်းဂျာနယ်)
ပြည်ထောင်စု  ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ နှင့် RCSS/SSA 
အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယနေ့  ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက် နံနက် ၈
နာရီဝန်းကျင်  မှစတင်ဆွေးနွေးခဲ့ရာ  ညပိုင်း ၈ နာရီတွင် ပြီးဆုံးခဲ့ပြီး ၈:၁၅ မိနစ်တွင်
သတင်းစာရှင်းလင်းပွဲ ကို ပြုလုပ်ပေးခဲ့ရာ ည ၉:၁၅ ခန့်တွင် ပြီးဆုံးခဲ့ကြောင်း  သိရသည်။

မန်း/စည်ပင်အတွင်းရေးမှူးသား ထိုးကြိတ်မှု ဖြစ်ရပ်မှန်

သစ်ထူးလွင်မှာတင်ထားတဲ့ သတင်းနဲ့ပတ်သတ်ပြီး အားလုံးကလဲသိချင်ကြမယ်ထင်တဲ့ အမှန်တကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုပြောပြချင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း လန်ဒန်ရောက်

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း နဲ့ ဘီဘီစီ မေးမြန်းခန်း

ဉရောပ နိုင်ငံတွေရှိ အနောက်တိုင်း ပါလီမန် တွေ လေ့လာရအောင် လန်ဒန်မြို့ကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ  သူရ ဦးရွှေမန်း က ဘီဘီစီ မြန်မာ ဌာန ကိုသီးသန့် တွေ့ဆုံ မေးမြန်းခွင့် ပေးရာမှာ အနောက်တိုင်း ပါလီမန် တွေနဲ့ မြန်မာ နိုင်ငံက ပြည်သူ့လွှတ်တော် ကို နှိုင်းယှဉ် ပြတဲ့ အချက်တွေ ရှင်းပြ သွားပါတယ်။

မင်္ဂလာဒုံ ADK အထည်ချုပ် လုပ်သားများ အခွင့်အရေး တောင်းဆို

ရန်ကုန်၊ မေ ၁၉

လုပ်ခလစာ ပြသနာဖြင့် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်နေသော ရန်ကုန်မြို့တော် မင်္ဂလာဒုံ စက်မှုဇုန်ရှိ A Dream of Kindness အထည်ချုပ် စက်ရုံတွင် လုပ်ခလစာ တိုးမြင့်ပေးရန်၊ အလုပ်သမား အခွင့်အရေးများ တောင်းဆိုနေကြကြောင်း အဆိုပါစက်ရုံ အလုပ်သမားများက ပြောကြားသည်။

ဗိုလ်ချုပ်မှုးကြီးရဟတ်ယာဥရပ်ရန်အသုံးပြုခံခဲ့ရသည့် လယ်ယာမြေများလျော်ကြေးမရသေး

မန္တလေး မေ(၁၉)ရက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင် ၂၀၁၀ ခုနှစ်ဧပြီလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလာရောက်စဉ် ရဟတ်ယာဉ်ရပ်နားရန် ခေတ္တအသုံးပြုခဲ့သာ လယ်ယာမြေ ၀.၄၃ဧက အတွက် လျော်ကြေးမရရှိသေးကြောင်း သတင်းရရှိသည်။

မနန်းဝိုးဖန်၏ ဂျပန်နိုင်ငံသားခင်ပွန်းကို စသုံးလုံးမှ ဖမ်းဆီး

မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်စိုးလင်း-အိမ့်ခိုင်ဦး (YPI)

လွန်ခဲ့သည့် မတ်လ ၂၄ ရက်နေ့က စသုံးလုံးရုံး ငါးထပ်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာနာမာဆဲကို ၁၉၅၀ ခုနှစ်အရေးပေါ် အက်ဥပဒေပုဒ်မ ၅ (ဇ) ဖြင့် စွဲဆိုကာ ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။

စစ်တွေ- ရန်ကုန်သွား ဘတ်စ်ကားများ သတ်မှတ် ခရီးသည်များထက် ပိုတင်မူကြောင့် အန္တရာယ် ကြုံတွေ့ရနိုင်

ထွန်းထွန်း
----------
စစ်တွေမှ ရန်ကုန်သို့သွားသည့် ဘတ်စ်ကားများသည် စည်းကမ်းမလိုက်နာဘဲ သတ်မှတ် ခရီးသည် အရေအတွက်ထက် ကျော်လွန်ပြီး လူပိုတင်နေမူကြောင့် အန္တရာယ် ကျရောက်ရန် အခြေအနေနှင့် အချိန်မရွေး ကြုံတွေ့ ရနိုင်ကြောင်း ခရီးသည်များက နိရဉ္စရာသို့ ထုတ်ဖေါ် ပြောကြားသည်။


 ရန်ကုန်သွား ရခိုင်က ဘတ်စ်ကား တစ်စီး ရခိုင်ဘက်တွင် မောင်းနှင် နေစဉ်။

ဇာတ်သဘင်မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သူ

ဇာတ်သဘင်မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သူ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၁၉၊ ၂၀၁၂
စိန်မာဒင်အမည်ဖြင့် တခေတ်တခါက လူကြိုက်များခဲ့ပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်မာဒင် အသက် (၇၉) နှစ်သည် ၁၃.၅.၂၀၁၂ ရက်နေ့ နံနက် (၇း ၄၅) နာရီအချိန်တွင် သုခကမ္ဘာအထူးကုဆေးရုံကြီး၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သွားရောက်၍ ကျန်ရစ်သောရုပ်ခန္ဓာအား

နိုင်ငံရေးကျိန်စာသင့်နေတဲ့ ဖားကန့်နယ်မြေ


– နိုင်ငံရေးကျိန်စာသင့်နေတဲ့ ဖားကန့်နယ်မြေ
မိုးမခမိတ်ဆွေတဦး (ခေတ္တဖားကန့်)။ မေ ၁၉ ၊ ၂၀၁၂

ကားတင်သွင်းရန် ဘဏ်စာရင်းဖွင့်သူများပြား

ကားတင်သွင်းရန်အတွက် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့တွင် နိုင်ငံခြားငွေ စာရင်းသစ် လက်ခံဖွင့်လှစ်ပေးလျက်ရှိရာ ယခုရက်ပိုင်းအတွင်း ငွေစာရင်းသစ် ဖွင့်လှစ်သူများပြားလျက် ရှိသည်။
ကားတင်သွင်းရန်အတွက် နိုင်ငံခြားငွေ စာရင်းသစ် လက်ခံဖွင့်လှစ်ပေးလျက်ရှိရာ ငွေစာရင်းသစ် ဖွင့်လှစ်သူများပြား (ဓာတ်ပုံ-ဧရာဝတီ)

ရှမ်းလမ်းဈေးမီးလောင်မှုမှာ ရှို့မီးမဟုတ်ကြောင်း တိုင်းမီးသတ်ဦးစီးမှူးးပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းတွင် လောင်ကျွမ်းခဲ့သော ဆိုင်ခန်းပေါင်း(၃၁၈)ခန်းရှိသော ရှမ်းလမ်း(ဂွ)ဈေး မီးလောင်ကျွမ်းမှုမှာ ရှို့မီးမပာုတ်ဘဲ သာမာန်ပေါ့ဆမီးသာဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူးးထံက သိရသည်။

ဟိုက်မိုဆံပင်တုစက်ရုံလုပ်သားများ စာချုပ်ချိုးဖောက်ခံရမှု့အတွက် ဆက်လက်ဆန္ဒပြမည်

လှိုင်သာယာစက်မှုဇုန် Hi-Art ကုမ္ပဏီ ဟိုက်မိုဆံပင်တုစက်ရုံမှ အလုပ်သမားသည် အလုပ်ရှင်ဘက်က စာချုပ်ချိုးဖောက် ခဲ့သည့်အတွက် ယနေ့ မေ(၁၉)ရက် နေ့တွင် နေ့တစ်ဝက်ဆန္ဒပြခဲ့ပြီး မေလ(၂၁)ရက် နေ့တွင်လည်း  ဆက်လက် ဆန္ဒပြတောင်းဆိုသွားမည် ဖြစ်သည်။

လက်ကျန်ဆန်ဟောင်းများကြောင့် နယ်မြို့များတွင် ဆန်ဈေးတက်နေ

နေခြင်းကြောင့် နယ်မြို့များတွင် ဆန်းဈေးမြင့်တက်လျက်ရှိကြောင်း သိရှိ ရသည်။
 
“ဆန်သစ်တွေလည်း ၀င်တယ်။ ဒါပေမယ့် ဆန်အဟောင်းလက်ကျန်တွေပါ ဆက်တိုက်ဝင် နေသေး တော့  ဆန်ဈေးက ချရောင်းလို့ မရသေးဘူး။ ချလိုက်ရင် အရင်ဝယ်ထားတဲ့ ဆန်လက်ကျန်တွေ အတွက် အရင်းတောင် ပြန်ရမှာ မဟုတ်ပါဘူး”ဟု ပခုက္ကူမြို့မှ ဒေသခံ ဆန်ရောင်းဝယ်ရေးသမား တစ်ဦးဖြစ်သူ ဦးမျိုးမြင့်က ပြောသည်။

တရုတ်ပြည်သို့ နွားခိုးသွင်းသည်ဟု ယူဆရသူများနှင့်ကွဲ/နွားများအား နောင်ချိုမြို့နယ်တွင် ဖမ်းဆီးမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်ကျေးရွာအနီးတွင် တရုတ်ပြည်အတွင်းသို့ နွားခိုးသွင်း နေသည်ဟု ယူဆရသူများနှင့် နွားများအာ  ပြည်သူ့စစ်နှင့်ဒေသခံများက ဖမ်ဆီးမိခဲ့သည်။
 

မတ္တရာမြို့နယ်က သိမ်းဆည်းခံ လယ်မြေဧကတစ်ထောင်ကျော်အတွက် သမ္မတထံတိုင်ကြားမည်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စလေကျေးရွာတွင် ၁၉၉၂ခုနှစ်က တ.စ.က.(၂)မှ သိမ်းဆည်းထားသော လယ်ယာမြေဧက တစ်ထောင်ကျော်အား ပြန်လည်ရရှိရေးအတွက် ဒေသခံများက နိုင်ငံတော်သမ္မတထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 

ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတ အကြံပေးရဲ့ အိတ်ဖွင့်ပေးစာ

ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတ အကြံပေးရဲ့ အိတ်ဖွင့်ပေးစာ
2012-05-19
ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် Myanmar Development Resource Institute- MDRI မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံတော် သမ္မတရဲ့စီးပွားရေး အကြံပေးလည်း ဖြစ်တဲ့ ဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။
Courtesy of Mizzima