Thursday, May 24, 2012
ဒုတိယမြောက်နေ့ ရန်ကုန် လျှပ်စစ်မီးအရေး ဆန္ဒထုတ်ဖော်
ဆူးလေးဘုရားပေါ်တွင် 23.5.2012 နေ့ ည ပြည်သူနှင့်ကျောင်းသားများ စီတန်းလှည့်လည် ဆန္ဒပြနေစဉ် (ဓါတ်ပုံ-မေမေ့သား)
မေလ၂၃ ရက်နေ့ ည ၇း၃၀ အချိန်တွင် စည်းကမ်းရှိစွာဆန္ဒဖေါ်ထုတ်သူများသည်
 ရန်ကုန်မြို့ ဆူးလေဘုရားပေါ်ရှိ ကြာသာပတေး နံထောင့်တွင်စုပေါင်း ဆီးမီးပူဇော်
ကျသည်။
 ဆန္ဒဖေါ်ထုတ်ပွဲတွင်ပါဝင်သူ ၄၀၀ ခန့် လောက်က ဖယောင်းတိုင်းများကိုင်ကာ
ငြိမ်းချမ်းစွာဖေါ်ထုတ်ကျသည်ကို တာဝန်ရှိသူများကလမ်းစည်းကမ်းတကျဖြစ်ရေးကို
ကူညီလျှက်ရှိသည်။ လာရောက်ကြည့်ရှူ့သူ ပရိသတ်များမှာလည်း ၃၀၀ ကျော်ခန့်ရှိသည်
ဟုခန့်မှန်းရသည်။
Myanmar News Now
မြန်မာပြည်မြေပုံအနေဖြင့် ဆူးလေးဘုရားပေါ်တွင် မီးပူဇော်နေပုံ
ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု
ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း
 ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုတွေ့ ရစဉ်
၂၀၁၂ ခုနှစ် ၊ မေလ(၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် KIA အကြမ်းဖက် သောင်းကျန်းသူ
များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း
 ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု ပြီးစီးလုနီးနေပြီ ဖြစ်ကြောင်းသိရပါ
သည်။
ကျောက်ဆည်မှာ ဆန္ဒပြဖို့ ပြင်ဆင်တဲ့အတွက် အာဏာပိုင်တွေ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့
လျှပ်စစ်မီးပုံမှန်မရတဲ့ကိစ္စဆန္ဒထုတ်ဖေါ်ပြသမယ်လို့သက်ဆိုင်ရာကိုစာနဲ့အကြောင်းကြားခဲ့တာကြောင့် မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ အာဏာပိုင်တွေက ဒီကနေ့မနက်ပိုင်းမှာ အရေးပေါ် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေ
"မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရှေးဟောင်းသုတေသန၊
အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနမှပထမဆုံးကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာစေရေး ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ
 ဆောင်ရွက်နေ"
          မြန်မာနိုင်ငံအနေဖြင့်လည်း ပထမဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီး ဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုကို ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် 
တိုးမြင့်အောင် စက်ရုံမှတာဝန်ရှိသူများ အလုပ်သမားများကို ကိုယ်ထိလက်ရောက်စော်ကား
ကိုယ်ထိလက်ရောက်စော်ကားခံရတဲ့ တိုးမြင့်အောင် စက်ရုံမှ အလုပ်သမားတဦး
သုံးခွမြို့ အမေ့အိမ် ပညာဒါန (အခမဲ့ ) ကျောင်းဖွင့်လှစ်ခြင်း
အရည်အသွေးမြင့် လူ့ စွမ်းအားအရင်းအမြစ်များဖွံ့ ဖြိုး တိုးတက်လာစေရန်
နှင့် သုံးခွမြို့ နယ်၌ထင်သာမြင်သာသောပညာရေး ကဏ္ဌပုံရိပ်များပိုမို
ထင်ဟပ်လာ စေရန်ရည်ရွယ်၍ရန်ကုန်တိုင်း ဒေသကြီး
တောင်ပိုင်းခရိုင်သုံးခွမြို့  အိမ်အမှတ် (၆၈/၃)အောင်ဇေယျလမ်း
အမှတ်(၄)ရပ်ကွက် တွင်တည်ထောင်ထားသော အမေ့အိမ် (၁) ပညာဒါန(အခမဲ့ )
စာသင်ကျောင်းအား မေလ ၂၂ ရက် အင်္ဂါနေ့  နံနက် (၉နာရီ၃၀မိနစ်)အချိန်တွင်
စသင်ဖွင့်လှစ်သင်ကြားပို့ ချခဲ့ ပါသည်။
စာတိုက်ဝန်ထမ်း ပေါ့လျော့မှု တိုင်ကြားစာ
လုပ်ငန်း နှောင်းနှေးမှုကြောင့် စာမေးပွဲဖြေဆိုရမည့်ကိစ္စ အချိန်မမှီတော့ကြောင်း
တိုင်ကြားခြင်းPost Office
Post Office
ဖယ်ခုံတွင် ဂျပန်အကူအညီဖြင့် သောက်သုံးရေကန်ဖွင့်
လွိုင်ကော်၊ မေ ၂၃၊ ၂၀၁၂ ၊ စိုးစိုးမြာ (YPI)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာတွင် သောက်သုံးရေရရှိရန် ဂျပန်အစိုးရမှ ထောက်ပံ့ပေးခဲ့သော သောက်သုံးရေကန်ဖွင့်ပွဲအခန်းအနားသို့ ယမန်နေ့မွန်းလွဲ ၁း၀၀ နာရီက ဂျပန်သံအမတ် HIDEO MATSOO လာရောက်ဖွင့်လှစ်ခဲ့သည်။
ဆူးလေ ဖယောင်းတိုင်ဆန္ဒထုတ်ဖေါ်သူများအား ရဲမှူးကြီးမှ သတိပေးစာပေးအပ်ခဲ့
ည ၈နာရီခွဲ ၊ မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
လျှပ်စစ်မီး မှန်မှန်ရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်သူများ ဒုတိယနေ့ အဖြစ် ဖယောင်းတိုင် မီးမထွန်းညှိမီ အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်က လက်မှတ်ရေးထိုးထားသည့် သတိပေးစာကို ဖယောင်းတိုင် ဆန္ဒထုတ်ဖေါ်ပွဲ ဆော်သြသူ ကိုဟန်ဝင်းအောင်ထံသို့ ပေးအပ်ခဲ့သည်။
ပုသိမ်မြို့ လူနေအိမ်ထူထပ်သည့် လယ်တီရပ်ကွက်တွင်မီးလောင်
ပုသိမ် ၊ မေလ ၂၃၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်းထွန်း (YPI)
ယနေ့ညနေ ၃နာရီ ၂၅ မိနစ်က ပုသိမ်မြို့ အမှတ်၂ရပ်ကွက်ရှိ လယ်တီ (၃) လမ်းတွင် ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားကာ အိမ်လေးလုံး မီးလောင်ကျွမ်းဆုံးရှုံး ပြီး ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့
သည်။
စစ်တွေ- ရန်ကုန်သွား ဘတ်စ်ကားများ သတ်မှတ် ခရီးသည်များထက် ပိုတင်မူကြောင့် အန္တရာယ် ကြုံတွေ့ရနိုင်
စစ်တွေမှ ရန်ကုန်သို့သွားသည့် ဘတ်စ်ကားများသည် စည်းကမ်းမလိုက်နာဘဲ သတ်မှတ် ခရီးသည် အရေအတွက်ထက် ကျော်လွန်ပြီး လူပိုတင်နေမူကြောင့် အန္တရာယ် ကျရောက်ရန် အခြေအနေနှင့် အချိန်မရွေး ကြုံတွေ့ ရနိုင်ကြောင်း ခရီးသည်များက နိရဉ္စရာသို့ ထုတ်ဖေါ် ပြောကြားသည်။
ရန်ကုန်သွား ရခိုင်က ဘတ်စ်ကား တစ်စီး ရခိုင်ဘက်တွင် မောင်းနှင် နေစဉ်။
RNDP ညီလာခံ ဦးဥတ္တမ ခန်းမတွင် ကျင်းပခွင့်မရ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ ပထမအကြိမ် ညီလာခံကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ကျင်းပပြုလုပ်ခွင့် မရကြောင်း သတင်း ရရှိသည်။
မေလ ၂၉ ရက်နေ့ စတင်ကျင်းပမည့် ပထမအကြိမ် ညီလာခံကို ဦးဥတ္တမခန်းမတွင် စစ်တွေမြို့နယ် စည်ပင်က ကျင်းပခွင့် မပြုကြောင်း ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။
တောင်ကုတ် ချောင်းကောက် NLD ရုံးဖွင့်ပွဲ ပြည်သူများ တခဲနက် တက်ရောက်အားပေး
မေလ ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့သော တောင်ကုတ်မြို့နယ် ချောင်းကောက် ရပ်ကွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးဖွင့်ပွဲကို ရပ်ကွက်သူ ရပ်ကွက်သားများ တခဲနက် တက်ရောက် အားပေး ခဲ့ကြသည်ဟု သတင်း ရရှိသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်း လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်
ဒီကနေ့ မေလ (၂၃) ရက်နဲ့ လာမယ့်ဇွန်လ (၅) ရက်အကြား ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းမှာ လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ လိုအပ်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။
(Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်နေ့က ဆိုင်ကလုန်း ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် ကျောက်ဖြူမြို့တွင် မုန်တိုင်းသင့် အပျက်အစီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
ကချင်မြေသို့ ငြိမ်းချမ်းရေးတေးသံ (ရုပ်/သံ)
ပြည်သူကို ပြည်သူက စောင့်ရှောက်ခြင်း ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကချင်ပြည်နယ်က စစ်ဘေးသင့်
အမည်ခံ ရင်းနှီးမြှုပ်နှံမှုများ တရားဝင် အသွင်ပြောင်းရန် ထပ်မံသတိပေး
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံသားများကို အမည်ခံစေကာ လုပ်ကိုင်နေသည့် လုပ်ငန်းများကို တရားဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အဖြစ် ပြောင်းလဲလုပ်ကိုင်ရန် အသိပေးထားသော်လည်း အသွင်ပြောင်းလုပ်ကိုင်သူ နည်းပါးနေသဖြင့် မြန်မာ အစိုးရက ထပ်မံသတိပေး ပြောဆိုလိုက်သည်။
ပြည်ပမှ ပါဝင် ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသော တနင်္သာရီတိုင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတနေရာကို တွေ့ရစဉ် (ဓာတ်ပုံ - sawkyawoo.com)
ထားဝယ်စီမံကိန်းအတွက် ထိုင်းအစိုးရ ဒေါ်လာ ၁ ဘီလီယံ ခွင့်ပြု
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး အထောက်အကူဖြစ်စေမည့် စီမံကိန်း ၂၀၃ ခုအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ထိုင်းအစိုးရက ခွင့်ပြုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ ဖော်ပြချက်အရ သိရသည်။
တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အစိတ်အပိုင်း တနေရာ (ဓာတ်ပုံ - Reuters)
ဒေသခံများပါ မြေမြှုပ်မိုင်း သုံးစွဲနေ
မန်မာနိုင်ငံ အရှေ့ပိုင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သော ဒေသ ၇ ခုတွင် မြေ
မြှုပ်မိုင်း များကို တိုက်ခိုက်ရေးအတွက် လက်နက်ကိုင် အဖွဲ့များက အသုံးပြုနေသကဲ့သို့ ဒေသခံ ရွာသားများကလည်း ၎င်းတို့ ကာကွယ်ရေးအတွက် အသုံးပြုနေကြောင်း ကရင်လူ့အခွင့် အရေးအဖွဲ့(KHRG) ပြောသည်။
KHRG က ထုတ်ပြန်သည့်“စိတ်ချသေချာမှု မရှိသော မြေ” အစီရင်ခံစာ
စွမ်းအင်သုံးစွဲ ရောင်းချမှု အစိုးရ ပွင့်လင်းရန် လို
အစိုးရအနေဖြင့် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတွင် ထုတ်လုပ်ရောင်းချမှု၊ ခွဲဝေသုံးစွဲမှုစသည်တို့နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပြောသည်။
သဘာဝစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ ရောင်းချနေသည်ဆိုသော်လည်း နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်သည့်အတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေကြောင်း၊ ပြည်ပသို့ လျှပ်စစ်နှင့် တခြားသော စွမ်းအင်ရင်းမြစ် မည်မျှရောင်းချသည်၊ မည်သို့သုံးစွဲသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုသည်။
ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာ စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင် (ဓာတ်ပုံ - ဧရာဝတီ)
 အလုပ်သမားများ၏ ဥပဒေရေးရာကိစ္စများအား အမျိုးသားဒီမိုကရေစီပါတီသစ်မှ ကူညီပေးမည်
အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်ပတ်သက်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် အကူအညီ တောင်းခံလာပါက အမျိုးသားဒီမိုကရေစီပါတီသစ်အနေဖြင့် လုပ်သားများဘက်မှ ရပ်တည်ပြီး ဥပဒေရေးရာကိစ္စများအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါပါတီမှ သတင်း ရရှိပါသည်။
 ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း အရွယ်မရောက်သေးသူ အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ် ၅၅ မှုအထိ ရှိလာ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ယုံကြည်မှု လွန်ကဲခြင်းနှင့် အဓမ္မမှုဖြစ်စဉ် အများစုဖြစ်ကြောင်း သိရ
ဖြစ်ပွားခဲ့သော ဖြစ်စဉ် ၅၅ မှု အနက် မြို့ပေါ်ရပ်ကွက်တွင် ဖြစ်စဉ် ၃၀ မှု၊ ကျေးရွာတွင် ဖြစ်စဉ် ၂၅ မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှု ၁၆ မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူများမှာ ၁၀ နှစ်အောက် သုံးမှု၊  ၁၀ နှစ်မှ ၁၃ နှစ်ထိ ခြောက်မှု၊ ၁၄ နှစ် မှ ၁၅ နှစ်အထိ ငါးမှုနှင့် ၁၆ နှစ်မှ ၅၀ နှစ် အထိ နှစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ လအတွင်း ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ယုံကြည်မှုလွန်ကဲခြင်း သုံးမှုနှင့် ဖြားယောင်းသွေးဆောင်မှု နှစ်မှု၊ အဓမ္မမှု ၁၁ မှုတို့ ဖြစ်သည်။
ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေကြောင့် ရွှေ့ပြောင်းနေထိုင်ရသူဦးရေ လက်ရှိတွင် တစ်သိန်းနီးပါးခန့် ရှိနေပြီး ကယ်ဆယ်ရေးစခန်းများ၌ အစားအသောက်နှင့် ဆေးဝါးများ များစွာ လိုအပ်နေဟုဆို
ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေကြောင့်  ရွှေ့ပြောင်းနေထိုင်ရသူဦးရေ လက်ရှိတွင် တစ်သိန်းနီးပါးခန့် ရှိနေပြီး ကယ်ဆယ်ရေးစခန်းများ၌ အစားအသောက်နှင့် ဆေးဝါးများ များစွာ လိုအပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
လျှပ်စစ်မီးမရရှိမှု ပြဿနာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် များပြားလာ အိမ်နီးချင်းနိုင်ငံများအား လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရောင်းချသော ရေအားလျှပ်စစ် စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်သင့်
AddThis Social Bookmark Button
လျှပ်စစ်မီးအပြည့်အ၀ ရရှိရေးအတွက် မန္တလေးလူထု၏ ဆန္ဒထုတ်ဖော်မှုကို မေလ ၁၀ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လက်ရှိကာလ၌ လျှပ်စစ်မီးမရရှိမှု ပြဿနာသည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပိုမိုများပြားလာပြီး နယ်ဒေသများတွင်သာမက မြို့ကြီးများတွင်ပါ ယင်းပြဿနာကို ရင်ဆိုင်ကြုံတွေ့လာရကြောင်း သတင်းရရှိပါသည်။
 မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ထိပ်ဆုံး၌ ရပ်တည်နေသော စင်ကာပူနိုင်ငံက ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံပြုလုပ်မည်
AddThis Social Bookmark Button
PARKROYAL ဟိုတယ်အတွင်း နိုင်ငံခြားသားဧည့်သည်များကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ထိပ်ဆုံး၌ ရပ်တည်နေသော စင်ကာပူနိုင်ငံက ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မော်တော်ယာဉ် ထုတ်လုပ်တင်သွင်းခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ ကားကျပ်မှုများအား ဖြေရှင်းပေးရန်၊ ကားတင်သွင်းခြင်းဆိုင်ရာ ရုံးလုပ်ငန်းများ အချိန်ကြာမြင့်မှု ဖြေလျော့ပေးရန်နှင့် တက္ကစီတင်သွင်းရာတွင် ကုန်ကား၊ ဘတ်စ်ကားများနည်းတူ အခွန်လျော့ချပေးရန် ဆွေးနွေးခဲ့
မော်တော်ယာဉ် ထုတ်လုပ်တင်သွင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ  UMFCCI  ရုံးချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အလုပ်ရုံ ဆွေးနွေးပွဲအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း ဦးဆောင်ကာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသည့် ကားအရောင်းပြခန်း လုပ်ငန်းရှင်များ၊ UMFCCI မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
 ပြည်တွင်းအန်ဂျီအိုအဖွဲ့ ရှစ်ဖွဲ့ပူးပေါင်း၍ ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် အမျိုးသမီးနှင့် အမျိုးသားတို့၏ လူမှုဘ၀သက်ရောက်မှု အကြောင်း လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်
586
ဗန်းမော်မြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းတစ်ခုကို ၂၀၁၁ ခုနှစ် ကုန်ပိုင်းက တွေ့ရစဉ်
ပြည်တွင်းအန်ဂျီအို အဖွဲ့ရှစ်ဖွဲ့ ပူးပေါင်းကာ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် ပဋိပက္ခကြောင့် အမျိုးသမီးနှင့် အမျိုးသားတို့၏ လူမှုဘ၀ သက်ရောက်မှုများကို လေ့လာဆန်းစစ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
ပြည်ပမှ တရားမ၀င်ကြက်သားများ ရောင်းချမှုရှိနေပြီး ကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှု မရှိကြောင်းသိရ
AddThis Social Bookmark Button
587
ပြည်တွင်းဈေးကွက်၌ တရားမ၀င် ရောင်းချနေသည့် ကြက်သားများ
ပြည်ပမှကြက်သားများ တရားမ၀င် တင်သွင်းရောင်းချမှုရှိနေပြီး ယင်းကြက်သားများမှာ ကျန်းမာရေး အတွက် လုံခြုံစိတ်ချရမှုမရှိကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက မေလ ၁၇ ရက် နေ့က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကြက်သားများမှာ အာဂျင်တီးနားနှင့် ဘရားဇီးနိုင်ငံမှဖြစ်ပြီး စင်္ကာပူမှတစ်ဆင့် တင်သွင်းခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ပေါင်းတည်မြို့တွင်လည်း လျှပ်စစ်မီးအရေး ဆန္ဒဖော်ထုတ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် မြို့ခံပြည်သူများက လျှပ်စစ်မီးရရှိရေး ဗုဒ္ဓဟူးနေ့ညတွင် ဖယောင်းတိုင်များ မီးထွန်းကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ပေါင်းတည်မြို့ခံ မနီနီမာက ပြောသည်။
ဒေါ်လာ သန်း ၅ဝဝ တန် ချေးငွေနှင့် ပတ်သက်သည့် စည်းမျဉ်းများ အိန္ဒိယ ဖြေလျှော့ဖွယ်ရှိ
မဇ္ဈိမသတင်းဌာန ။        ။ မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အနေဖြင့် “ဖွံ့ဖြိုးရေးနှင့် (နှစ်နိုင်ငံ) ဆက်သွယ်ရေး” ကို အရှိန် မြှင့်တင်နိုင်ရေးအတွက် ယူဆောင် လာမည့် ကမ်းလှမ်းချက်များတွင် ဒေါ်လာ သန်း ၅၀၀ တန် ချေးငွေနှင့် ပတ်သတ်သည့် စည်းကမ်း သတ်မှတ်ချက် များ လျှော့ပေါ့ပေးခြင်းများလည်း ပါဝင်ဖွယ်ရှိသည်ဟု အိန္ဒိယသတင်းစာများက သုံးသပ်ကြသည်။
မန္တလေးတွင် ပုံမှန်ထက် လုံခြုံရေးတိုးမြှင့်ချထား
နယူးဒေလီ (မဇ္ဈိမ) ။      ။ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့တွင် ယူနီဖောင်းအပြည့် လုံထိန်းနှင့် ရဲအထူးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားကြောင်း သိရသည်။
သတ္တုတွင်းဝန်ကြီးဌာန လျှောက်လဲချက် တရားရုံး ပလပ်
ချင်းမိုင်(မဇ္စျိမ) ။       ။ ပြည်တွင်းမှ အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်ပါ သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအချို့၏ ငွေကြေး အလွဲသုံးစားပြုမှုများ ရှိနေသည်ဟု သတင်း ရေးသားသူအား ဖော်ထုတ်ပေးရန် သတ္တုတွင်း ဝန်ကြီးဌာနက လျှောက်ထားချက်ကို ဗုဒ္ဓဟူးနေ့ ရုံးချိန်းမှ ပလပ်(ပယ်ချ)လိုက်သည်။
ပဲခူး လျှပ်စစ်မီး ရရှိရေး ဆန္ဒပြမှု ရက်ရွှေ့ဆိုင်းထား
စံခလပူရီ (မဇ္ဈိမ)။   ။ ပဲခူးမြို့၌ လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင် ထွန်း၍ ဆန္ဒပြမည့် အစီအစဉ်အား
ရွှေ့ဆိုင်း လိုက်ပြီဖြစ်ကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ကိုအောင်မျိုးဝင်း က ပြောသည်။
ကန့်ကွက်မှုများနှင့် အစပျိုးလာသော အထက်မြန်မာပြည်သတင်းသမားများကွန်ယက်(UMJN)
ကန့်ကွက်မှုများရှိနေသည့်ကြားကပင် အထက်မြန်မာပြည်သတင်းသမားများကွန်ယက် (UMJN) အား  မေလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက မန္တလေးမြို့၊ဆင်စိမ်းစားသောက်ဆိုင်တွင် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။
အိန္ဒိယရေပိုင်နက်တွင် ပင်လယ်မျှော့ဖမ်းဆီးပါက အနည်းဆုံးထောင်ဒဏ်(၆)နှစ်အထိ အပြစ်ပေးခံရဖွယ်ရှိ
မြန်မာရေလုပ်သားများအိန္ဒိယရေပိုင်နက်အတွင်း ပင်လယ်မျှော့ဖမ်းဆီးမှုပြုလုပ်ပါက အိန္ဒိယနိုင်ငံ၏ ဥပဒေအရ ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း မြန်မာ-အိန္ဒိယနယ်စပ်နယ်ဘက်အာဏာပိုင်များ၏ (၁၇)ကြိမ်မြောက်   နိုင်ငံတော်အဆင့်အစည်းအဝေးထုတ်ပြန်ချက်အရ သိရှိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံမှုဖြင့် တင်သွင်းတက္ကစီအစီးရေ(၁၅၀)အထိရှိလာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံမှုဖြင့်တင်သွင်းလျက်ရှိသော တက္ကစီအစီးရေ (၁၅၀)စီး အထိရှိပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရှိရသည်။
ခရမ်းမြို့နယ်ရှိ သာသနာပိုင်မြေတွင် ပြန်ကြားရေးရုံးတည်ဆောက်မှုအား အစ္စလာမ်လူမျိုးများ မကျေနပ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်၊အမှတ် (၂)ရပ်ကွက် မင်းလမ်းရှိ သာသနာပိုင်မြေဟု သတ်မှတ်ထားသောနေရာ တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမှ ရုံးခန်းတည်ဆောက်မှုပြုလုပ်နေကြောင်း မြန်မာ-မွတ်စလင်အကျိုးတော်ဆောင်များထံက သိရှိရသည်။
နေပြည်တော် လူစည်ကားရာနေရာများသို့ ယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲစေလို
နေပြည်တော်ရှိ လူစည်ကားရာနေရာများတွင်ခရီးသည်တင်ယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲပေးစေလိုကြောင်းဒေသခံပြည်သူများ  ထံက သိရှိရသည်။
ဇူလိုင်လအတွင်း ကမ်းရိုးတန်းဖုန်းများအား Prepaidစနစ်သို့ ပြောင်းလဲပေးမည်
ဖုန်းခေါ်ဆိုခကြိုတင်ပေးသွင်းရသည့်စနစ်(Prepaid)စနစ်သို့ ပြောင်းလဲပေးရန်ကျန်ရှိသောကမ်းရိုး တန်းဖုန်းများအား ဇူလိုင်လအတွင်း ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။
လှိုင်မြို့နယ် NLD ရုံးခန်းဖွင့်ပွဲရုပ်/သံ
ရန်ကုန်မြို့လည်က လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲရုပ် /သံ
မှီခိုရာမဲ့ ကလေးသူငယ်များ
လျှပ်စစ်မီး မပြတ်တောက်ရေး လှုပ်ရှားမှုရုပ် /သံ
ရန်ကုန် မန္တလေး လျှပ်စစ်မီး မပြတ်တောက်ရေး လှုပ်ရှားမှု
ရန်ကုန် မန္တလေး လျှပ်စစ်မီး မပြတ်တောက်ရေး လှုပ်ရှားမှု
2012-05-23
ရန်ကုန်မြို့မှာ ဒီကနေ့ ညပိုင်းမှာလည်း လျှပ်စစ်မီး ၂၄ နာရီရရှိရေး ပြည်သူ့ဆန္ဒ ထုတ်ဖော်မှုကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ စီစဉ်သူတွေက RFA ကို ပြောပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၂၂ ရက်က ဆူးလေဘုရားအနီးတွင် လျှပ်စစ်မီး မပြတ်တောက်ရေး ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေစဉ်
အရည်အချင်းပြည့် ကိုယ်စားလှယ်ဖြစ်ရေး ဒေါ်အာင်ဆန်းစုကြည် တိုက်တွန်း
အရည်အချင်းပြည့် ကိုယ်စားလှယ်ဖြစ်ရေး ဒေါ်အာင်ဆန်းစုကြည် တိုက်တွန်း
2012-05-23
ဒီကနေ့ နေ့လည်ပိုင်းက NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ သီးသန့် တွေ့ဆုံပွဲမှာ NLD ကိုယ်စားလှယ်တွေအနေနဲ့ အရည်အချင်း ပြည့်ဝပြီး ပြည်သူတွေ အားကိုးရလောက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်အောင် ပြင်ဆင်ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းကြောင်း သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၂၃ ရက်က အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သာကေတမြို့နယ် NLD ပါတီရုံး ဖွင့်ပွဲ၌ မိန့်ခွန်းပြောနေစဉ်။