Tuesday, May 29, 2012

ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအဖွဲ့များနှင့် တွေ့မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ အလုပ် သမားများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဘန်ကောက်မြို့သို့ ရောက်မည်ဖြစ်ပြီး မနက်ဖြန်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း မဟာချိုင် ဒေ သ သို့ သွားရောက်၍ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အလုပ်သမား အဖွဲ့များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာများ၌ ရေးသားထားသည်။
ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့်အတူ ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - Reuters)

ပြည်မှအင်အားပြရိုက်နှက်ခံရသူများက ကုလသမ္မဂ္ဂလူ့အခွင့်အရေးကော်မရှင်တွင် အမှုဖွင့်သွားမည် ဟုဆို

ပြည်မြို၌ လျှပ်စစ်တောင်းဆိုမှုနှင့်ပတ်သတ်၍ အာဏာပိုင်များပြုလုပ်ခဲ့သော အင်အားပြရိုက်နှက်မှုများ အတွက် ရိုက်နှက်   ခံရသူများက ကုလသမ္မဂ္ဂ  လူ့အခွင့်အရေးကော်မရှင်တွင် အမှုဖွင့်  အရေးယူမည်ဖြစ် ကြောင်း စုံစမ်းသိရသည်။
 

ရတနာပုံအဆင့်မြင့်ဈေး မြေအောက်ခန်းဆိုင်ခန်းများ ဈေးမရောင်းရခြင်းဂယက်

 










ရတနာပုံအဆင့်မြင့်ဈေး ပတ်ဝန်းကျင်တွင် ဖွင့်လှစ်ရောင်းချနေသော သားငါးနှင့် ကုန်စိမ်းသည်များ အား အများနည်းတူ   ဈေးမြေအောက်ခန်းတွင်သာ ဖွင့်လှစ်ရောင်းချစေလိုကြောင်း ရတနာပုံဈေးမြေ အောက်ခန်းရှိ ဈေးသည်များကဆိုသည်။
 

ကြွေးကျန်ရွှေ ပေးသွင်းခြင်းကိစ္စ ပြန်လည် သုံးသပ်စေလို


ရန်ကုန် (မဇ္ဈိမ) ။       ။ သတ်မှတ်ထားသည့်အတိုင်း နိုင်ငံတော်သို့ ရွှေစင်သတ္တုများ မပေးသွင်းသည့် ရွှေတူးဖော်ရေး ကုမ္ပဏီများအား အမည်ပျက်စာရင်း (black list) သွင်းရန် သတ္တုတွင်း ၀န်ကြီးဌာနမှ အသိပေးမှုအပေါ် ပြန်လည် သုံးသပ်စေလိုကြောင်း ကချင် ပြည်နယ်မှ ရွှေတူးဖော်ရေး လုပ်ငန်းရှင်များက ပြောသည်။
Gold-mining-in-Kachin-State

ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ

မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရှေ့လတွင် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။

မန်းကျောက်ဝိုင်းတွင် ဆယ်ဂဏန်းတစ်စများ အ၀ယ်လိုက်နေ

မန္တလေးကျောက်ဝိုင်းအတွင်း ကျောက်စိမ်းဈေးကွက်ငြိမ်နေ၍  ကျောက်ပွဲစားများက ကျပ်သိန်းဆယ်ဂဏန်း ၀န်းကျင်ရှိ အတုံးတစ်စများအား  အ၀ယ်လိုက်နေကြောင်း ကျောက်ဝွဲစားများထံက သိရှိရသည်။
 

CBSစနစ်သို့ ပြောင်းလဲသဖြင့် မေ(၃ဝ)ညလယ်တွင် မိုဘိုင်းဆက်သွယ်မှူလိုင်းအား ခေတ္တဆိုင်းငံ့

 









မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ရန်ကုန်မြို့အလုံအိတ်ချိန်းရှိ CDMA ( 450 MHz ) Prepaid/postpaid မိုဘိုင်းတယ်လီဖုန်းများအတွက် အသုံးပြုနေသော CBS စနစ်သို့ ပြောင်းလဲတပ်ဆင်သွား မည် ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက သိရှိရသည်။
 

ကချင်ပြည်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဘာကြောင့် ဒီလောက် ခက်ခဲနေကြပါသလဲ

မနေ့တုန်းက ကျမတို့ မြစ်မခရဲ့ ကချင်ပြည်နယ်သတင်းထောက်ဆီက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အကြောင်း၊ ဖားကန့်ထိ ဖြစ်လာနေကြောင်း၊ ကချင်ပြည်သူ ဒုက္ခသည်တွေကလည်း တနေ့ထက်တနေ့ပိုများလာကြောင်း၊ ဒုက္ခသည် စခန်းတွေမှာလည်း လိုအပ်ချက်တွေနဲ့ ပြည့်နေကြောင်း သတင်းတွေ အစုလိုက်အပြုံလိုက် တက်လာခဲ့ပါတယ်။
 

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ



ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။  အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယမြောက်နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ လဲကျခဲ့ပြီး မှော်ဘီဆေးရုံကြီးသို့ ဆေးကုသရန်တင်ပို့ခဲ့ရသည်။ ယမန် နေ့ ညနေပိုင်းအထိ ယင်းသို့ ဖြစ်ပွားသူ စုစုပေါင်း ၁၀ ဦး ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
Yangon Crown သံမဏိ စက်ရုံမှ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ နေသည်ကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)

IDPs များ ပြန်လည်နေရာချထားရေး နော်ဝေ ကူညီမည်

နော်ဝေ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Torgeir Larsen, ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မြန်မာအစိုးရ တာဝန်ရှိသူများသည် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် (IDPs) များ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်သို့ ယမန်နေ့က သွားရောက်ကြကြောင်း သတင်းရရှိသည်။
KNU မှ စစ်ဖက်ရေးရာကော်မတီ အတွင်းရေးမှူး စောတူတူလေး၊ ကရင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (CIDKP) မှ စော စတိဗ်နှင့် အစိုးရဘက်မှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီတို့ လိုက်ပါသွားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးငွေစိုးက ဧရာဝတီသို့ ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်မှ IDPs များခိုလှုံရှာ စခန်းတခု (ဓာတ်ပုံ - လဝီဝမ်/ဧရာဝတီ)

အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ မြန်မာကို ချေးမည်



မြန်မာ့လယ်ယာစိုက်ပျိုးရေး၊ ရထားပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အိန္ဒိယမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေကို နှုန်းထားသက်သာစွာဖြင့် ပေးအပ်ရန် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်သည်။
အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းကို သမ္မတ ဦးသိန်းစိန် နေပြည်တော်တွင် လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ- ဧရာဝတီ)

ဟိုတယ်ဈေးနှုန်းများကြောင့် ကမ္ဘာလှည့်ခရီးသွားများ အခက်တွေ့

မန်မာပြည်အတွင်းရှိ ဟိုတယ် ဈေးနှုန်းသတ်မှတ်မှုများ အမျိုးအစားလိုက် တပြေးညီ မရှိခြင်း၊ ဈေးနှုန်းကြီးမြင့်လွန်းခြင်း တို့ကြောင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အခက်တွေ့နေရကြောင်း ကြားသိရသည်။
ဟိုတယ်ဈေးနှုန်းများအား အမျိုးအစားအလိုက် တပြေးညီ သတ်မှတ်ထားသင့်ကြောင်း၊ ယခုအခါ ဟိုတယ်ပိုင်ရှင်များက ဈေးနှုန်းများကို အဆမတန်မြှင့်ကာ အခန်းများ ငှားရမ်းနေကြကြောင်း၊ ထို့အပြင် ကြိုတင်ငှားရမ်းထားမှု ဖျက်သိမ်းမည် ဆိုပါက ဟိုတယ်တချို့ကို အခန်းခ တရက်စာနီးပါး လျော်ကြေးပေးရကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ၏ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
စထရင်း ဟိုတယ် (ဓာတ်ပုံ - ဧရာဝတီ)

အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၂ ဦး ဆေးရုံတင်ရ

အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၂ ဦး ဆေးရုံတင်ရ
2012-05-28
အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုနေကြတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်က ရန်ကုန် Crown ( ရန်ကုန် သရဖူ ) သံမဏိစက်ရုံက အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၂ ဦး ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် မနေ့က မှော်ဘီဆေးရုံကို ထပ်မံတင်ပို့လိုက်ရပါတယ်။
RFA

လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း စတင်




 လေးမြို့မြစ်သည် ရခိုင် လူထု၏ အသက်သွေးကြော ဖြစ်သည်။
" အခု တည်ဆောက်မယ့် နေရာက လေးမြို့မြစ် မြစ်ညှာပိုင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဗွေချေ ကျေးရွာ အနီးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားကြည့်တော့ အဲဒီနေရာက မြစ်လယ်မှာ တရုတ်

လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ ခရိုနီ

ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွားနေတဲ့ လယ်မြေများအားဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်
 

အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည်

၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည် ဖြစ်ကြောင်း ကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောကြားလိုက်သည်။

ပုသိမ်မြို့လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူ၆ဦးအား ခရိုင်အုပ်ချုပ်ရေးမှ ဆင့်ခေါ်

ပုသိမ်မြို့၌ ၃ရက်ကြာ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူများထဲမှ၆ဦးအား ယနေ့မေ ၂၈ရက်နေ့ 

အစာအငတ်ခံဆန္ဒပြ လုပ်သားများ ကျန်းမာရေးအခြေအနေချို့တဲ့

ဓါတ်ပုံ(Facebook)
မေလ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

မှော်ဘီမြို့နယ် မြောင်းတကာရှိ ရန်ကုန်ကရောင်း သံရည်ကြိုစက်ရုံကို အစာငတ်ခံဆန္ဒပြနေသော အလုပ်သမားအချို့ ကျန်းမာရေးအခြေအနေ ချို့တဲ့လာကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် အစာငတ်ခံဆန္ဒပြသည့် အလုပ်သမားများက ပြောသည်။

ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် IDP ၃၆ ဦးအား မှတ်ပုံတင် စတင် ထုတ်ပေး

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့မှ စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် IDP ၃၆ 

လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်တဲ့အလျောက် လွှတ်တော်တွင်းက တိုင်းရင်းသားပါတီတွေ၊ အခြားအတိုက်အခံ ပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

RFA
၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျာမန်လွှတ်တော် ဥက္ကဋ္ဌအဖွဲ့ တွေ့ဆုံစဉ် ။

 တိုးမြတ်အောင် ဇာထိုးပန်းထိုးစက်ရုံမှ အထည်ချုပ်ကျွမ်းကျင် ပညာရှင် ထိုင်ဝမ်နိုင်ငံသားက စက်ရုံမှ အမျိုးသမီး အလုပ်သမားသုံးဦးအား ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သည့်အတွက် အမှုဖွင့်ထား



73414
တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံကိုတွေ့ရစဉ်
လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄) ရှိ တိုးမြတ်အောင် ဇာထိုးပန်းထိုးစက်ရုံမှ အထည်ချုပ် ကျွမ်းကျင်ပညာရှင် ထိုင်ဝမ်နိုင်ငံသားတစ်ဦးက ကြိုပို့ယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါစက်ရုံမှ ၀န်ထမ်းများအား ကားပေါ်မှ မဆင်းရန်တားမြစ်ရာမှ တစ်ယောက်တစ်ခွန်း စကားများပြီး အမျိုးသမီးအလုပ်သမား သုံးဦးကို နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့၍ အမျိုးသမီး အလုပ်သမားများက တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း သိရသည်။

လှိုင်သာယာစက်မှုဇုန်၌ လုပ်ခလစာနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖော် စက်ရုံအချို့မှာ ညှိနှိုင်းသဘောတူညီမှုများ ရရှိ

ညှိနှိုင်းသဘောတူညီမှုရရှိခဲ့သဖြင့် ပျော်ရွှင်နေသော စက်ရုံဝန်ထမ်းများကို တွေ့ရစဉ်
လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လုပ်ခလစာနှင့် ပတ်သတ်၍ ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံအချို့တွင် ညှိနှိုင်းသဘောတူညီမှုများ ရရှိခဲ့သောကြောင့် အချို့ဆန္ဒထုတ်ဖော်စက်ရုံ ၀န်ထမ်းများမှာ လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက်ခြင်းများ ပြုလုပ်နေပြီးဖြစ်ကြောင်း သိရှိရသည်။

သောက်သုံးရေတွင် ပိုးသတ်ဆေးပါဝင်မှု ရှိမရှိ ဆန်းစစ်ရန်စီစဉ်

73411
ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးကန် တစ်နေရာကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ သောက်သုံးရေ အရည်အသွေး၌ ပိုးသတ်ဆေး ပါဝင်မှုရှိမရှိ နှင့် သတ်မှတ်စံနှုန်းများထက် ကျော်လွန်မှုရှိမရှိ ကျန်းမာရေး ဦးစီးဌာန၊ လုပ်ငန်းခွင်ကျန်းမာရေး ဌာနမှ ဆန်းစစ်မှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုမြင်ကွင်းကို တွေ့ရစဉ်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယေင်းတိုင်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅လုံးမီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အရှေ့တောင် အာရှနိုင်ငံများတွင် ပြသလျက်ရှိသည့် Tour Exhibition ပြပွဲတွင် မြန်မာအနုပညာရှင် အောင်ကို၏ လက်ရာများပါဝင်ပြသ

အရှေ့တောင်အာရှနိုင်ငံများတွင် Tour Exhibition  အဖြစ်လှည့် လည်ပြသလျက်ရှိသည့် River Scape In Flux အနုပညာပြပွဲတွင် မြန်မာအနုပညာရှင် အောင်ကို၏ အနုပညာဖန်တီးမှု လက်ရာများ ပါဝင်ပြသထားကြောင်း သိရသည်။

မေလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စောင့်ကြည့်ရန် လိုဟုဆို


73413
၂၀၁၂ ခုနှစ် မေလနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မိုးကြို မုန်တိုင်းအန္တရာယ်ကို စောင့်ကြည့်ရန် လိုသည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။

 မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် WFP ကို အမေရိကန် ဒေါ်လာ၁၀ သန်းကျော် ဂျပန်အစိုးရ ပေးအပ်

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း ပေးအပ်လိုက်သည်ဟု ပြည်ပ သတင်းဌာနများမှ သိရသည်။
WFP ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသော လုပ်ငန်းများအတွက် ဂျပန်အစိုးရမှ ပေးအပ်သော လှူဒါန်းငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ရှိသွားပြီဖြစ်ကြောင်း သိရသည်။ နောက်ဆုံးရရှိသော အလှူငွေကို WFP ၏ ရန်ကုန်ရုံး၌ ပြုလုပ်သော လတ်မှတ်ရေးထိုးပွဲတစ်ခု၌ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုအစ ပြည်တွင်းက

လာမယ့် ဇွန်လ ၂၀-၂၁ ရက် ရန်ကုန်မှာ ကျင်းပမယ့် “မြန်မာ့ရင်းနှီးမြှုပ်နှံမှုသစ် ထိပ်သီးဆွေးနွေးပွဲ ၂၀၁၂ (New Myanmar Investment Summit 2012)” မတိုင်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံကို နိုင်ငံခြားကုမ္ပဏီတွေ လာရောက်စုံစမ်းမှုများ ရှိပေမယ့် လက်တွေ့မှာ ထင်သလောက် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဘူး၊ “ကျနော်တို့ လွဲနေတာတွေ တော့ရှိနေပြီ။ ဟန်ရေးပြနေလို့ မရတော့ဘူး၊ အနှစ်သာရရှိရှိလုပ်မှ ရမယ်” လို့ ပြောလိုက်ပါတယ်။
တိုင်းပြည်မှာ လမ်း၊ တံတား၊ ရထား၊ ရေ၊ မီး နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး အစရှိတဲ့ အခြေခံအဆောက်အအုံတွေ အရေးပေါ်တည်ဆောက်ရန် လိုနေပါတယ်။ (ဓာတ်ပုံ- Reuters)
တိုင်းပြည်မှာ လမ်း၊ တံတား၊ ရထား၊ ရေ၊ မီး နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး အစရှိတဲ့ အခြေခံအဆောက်အအုံတွေ အရေးပေါ်တည်ဆောက်ရန် လိုနေပါတယ်။ (ဓာတ်ပုံ- Reuters)

မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် လက်မှတ်သက်တမ်း တိုးမပေး

စံခလပူရီ (မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင်၊ ကရထုမ်းဗန်း မြို့နယ်၊ အွမ်းနွမ်၊ ဖိကစင် ကျောက်သွေး စက်ရုံ၌ အလုပ်လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အယောက် ၁၀၀ ခန့်တို့၏ ယာယီ နိုင်ငံကူး လက်မှတ်နှင့် အလုပ်လုပ်ခွင့် လက်မှတ်များ သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်သော်လည်း ကုမ္ပဏီမှ လိုက်လံ လုပ်ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။

ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ


မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရှေ့လတွင် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။

တရုတ် နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာ အသာရပြီ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ ယခင်က တရုတ်နိုင်ငံဘက်က ကုန်သွယ်မှုပိုငွေရရှိနေရာမှ ပြီးခဲ့သည့်၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်တွင် မြန်မာဘက်က ပိုငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန(စီးပွား/ကူးသန်း)မှ သိရသည်။
တရုတ်-မြန်မာ နယ်စပ် ဂိတ်တခုကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)

အိန္ဒိယနှင့် မြန်မာ ကဏ္ဍမျိုးစုံ ပါဝင်သည့် စီးပွားရေး စာချုပ်များ လက်မှတ်ထိုး

အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်များချုပ်ဆို။ Photo: President's office


မဇ္ဈိမ သတင်းဌာန ။            ။ မြန်မာနိုင်ငံ နှင့် အိန္ဒိယ နိုင်ငံတို့သည် ကဏ္ဍမျိုးစုံ ပါဝင်သည့် နှစ်နိုင်ငံ သဘောတူ စာချုပ်များ တနလာင်္နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို တိုးမြှင့်ကြမည် ဖြစ်သည်။

မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းခများတိုး၍ ဆိုင်ပိတ်ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ) ။         ။ မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ နိဗ္ဗာန်ကုန်ဆိုင်နှင့် အခြားဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် အနေဖြင့် တနင်္ဂနွေ နေ့လည်မှ စတင်ကာ ဈေးသည်များက ဆိုင်မထွက်ဘဲ ဆန္ဒပြနေကြသည်။

GSM နှင့် WCDMA ဖုန်း ကျပ်သန်းပေါင်း ကိုးသောင်းကျော်ဖိုး ရောင်းရ

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာ့ဆက်သွယ်ရေးသည် ကျပ်နှစ်သိန်းတန် GSM ဖုန်း စတင်ရောင်းချချိန်မှ ၂၄ ရက်အတွင်း ကျပ်သန်းပေါင်း ရှစ်သောင်းကျော် နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်း စတင်ရောင်းချချိန်မှ ၁ဝ ရက်အတွင်း ကျပ်သန်းပေါင်း တသောင်းကျော်၊ စုစုပေါင်း ကျပ်သန်းပေါင်း ကိုးသောင်းကျော် ရရှိခဲ့ပြီ ဖြစ်ကြောင်း အဆိုပါဌာနမှ တရားဝင်ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

လားရှိုး – မူဆယ်လမ်းကို အသုံးမပြုရန် ပိတ်ပင်စာကြောင့် ဒေသခံများထိတ်လန့်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – မူဆယ် ကားလမ်းမကြီးကို မေ ၂၈ ရက်နေ့တွင် အသုံးမပြုကြရန် မူဆယ်မြို့နယ် အတွင်းရှိ ကားဂိတ်အသီးသီးသို့ စာပို့ထားသဖြင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း သတင်းရရှိသည်။
လားရှိုး - မူဆယ်လမ်းပေါ်တွင် မေ ၁၉ ရက်နေ့က ဗုံးခွဲခံခဲ့သည့် ကုန်တင်ယာဉ် (ဓာတ်ပုံ - မြန်မာ့အလင်း သတင်းစာမှ)

ဘုရားသုံးဆူ ပြန်ပေးမှုတွေ သောင်းကျန်းလာ

စံခလပူရီ (မဇ္ဈိမ) ။       ။ လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားပြီး ပြန်လည် အကြောင်းကြားခြင်း မရှိသေးသည့် ပြန်ပေးဆွဲမှု တခု တနင်္ဂနွေနေ့ ညနေ ၄ နာရီခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထပ်မံဖြစ်ပွားခဲ့သည်။

ဦးခင်ရွှေကို လယ်သမားများ တရားစွဲပြီ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများက ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ အား လိမ်လည်ပြောဆိုမှုဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ယနေ့ တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။
၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ - Reuters)

Facebookပေါ်က အပြောင်းအလဲများ

အရင်တုန်းက facebook ကို တနေ့ကို ၁၂ နာရီ နီးပါးလောက် သုံးနေတတ်တဲ့ ကျမကို ခုတော့ ခင်ပွန်းသည်က   မေးလာခဲ့တယ်။ facebookကို ဘာကြောင့် အရင်တုန်းကလို မသုံးတော့တာလဲတဲ့။

အောင်မင်္ဂလာအဝေးပြေးအတွင်းရှိ လမ်းများအား ပြင်ဆင်ချဲ့ထွင်သွားမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်တွင်း အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ လမ်းများအား   ပြင်ဆင်ချဲ့ထွင်   ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောင်မင်္ဂလာယာဉ်ရပ်နားစခန်းရှိ စည်ပင်အခွန်ဌာနခွဲက သိရသည်။ 
 

သက်ကြီးရွယ်အို၊ အလုပ်လက်မဲ့နှင့် အာမခံလုပ်သားများအတွက် လူမှုဖူလုံရေးရရှိစေရန် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုရန်သာလို

အာမခံအလုပ်သမားများသာမက လူမှုဖူလုံရေးကတ်ပြားကိုင်ဆောင်သူ သက်ကြီးရွယ်အိုများနှင့် အလုပ်လက်မဲ့ များအား လူမှုဖူလုံရေး  စရိတ်ခံစားခွင့်ရစေရန် အက်ဥပဒေသစ်ရေး ဆွဲထားပြီး လာမည့်ပြည်ထောင်စုလွှတ်တော် ကျင်းပချိန်တွင် အတည်ပြုရန်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။
 

လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2012-05-28
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်တဲ့အလျောက် လွှတ်တော်တွင်းက တိုင်းရင်းသားပါတီတွေ၊ အခြား အတိုက်အခံ ပါတီတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
RFA

နှစ်နိုင်ငံ အကျိုးတူ သဘောတူချက်များ လက်မှတ်ရေးထိုး

နှစ်နိုင်ငံ အကျိုးတူ သဘောတူချက်များ လက်မှတ်ရေးထိုး
2012-05-28
သမ္မတကြီး ဦးသိန်းစိန်နဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက် ၂ ချက်နဲ့ နားလည်မှု စာချွန်လွှာ ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
AFP

စစ်ပြေးဒုက္ခသည်များ မှတ်ပုံတင် ပြန်ထုတ်ပေး

စစ်ပြေးဒုက္ခသည်များ မှတ်ပုံတင် ပြန်ထုတ်ပေး
2012-05-28
စစ်ကြောင့် ရွာပုန်း၊ ရွာရှောင် ထွက်ပြေးနေရတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ကရင် စစ်ပြေးဒုက္ခသည်တွေကို လဝက ဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် မှတ်ပုံတင် ကတ်ပြားတွေ ဒီကနေ့ ညနေပိုင်းမှာ လာရောက် ပေးအပ်သွားပါတယ်။
RFA

ကချင်ပြည်နယ်အတွင်း တင်းမာမူတွေ ပိုဖြစ်နေ

ကချင်ပြည်နယ်အတွင်း တင်းမာမူတွေ ပိုဖြစ်နေ
2012-05-28
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို ပြောင်းနေကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
(Photo: Kachin News Group