Sunday, June 3, 2012

မြန်မာ့ပေါင်းဆန် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အိန္ဒိယနှင့် ထိုင်းနိုင်ငံမှ နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်

မြန်မာနိုင်ငံမှ ပေါင်းဆန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိကာလ၌ မြန်မာ့ပေါင်းဆန်အား ရုရှားဈေးကွက်မှ ၀ယ်လိုအားကောင်းနေသော်လည်း ဈေးကွက်လိုအပ်ချက်ရှိသည့်အတိုင်း တင်ပို့နိုင်ခြင်း မရှိသေးကြောင်း၊ ယင်းအတွက်ကြောင့် ပေါင်းဆန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရန် အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပေါင်း ဆန်စက်ရုံများ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ၊အဂတိလိုက်စားမှုများကို ပိုဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်းနှင့် စီမံကိန်းကြီးများ ပွင့်လင်းမြင်သာမှု မရှိပါက အနာဂတ်တွင် ပြဿနာဖြစ်လာနိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော World Economic Forum on East Asia 2012 သို့ တက်ရောက်ရန် သွားရောက် ခဲ့သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအဖြစ်ပါ နိုင်ငံတကာက ယူဆလာ နေကြောင်း ဘန်ကောက်မြို့တွင် ရောက်ရှိနေသော Eleven Media Group ၏ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်း ပေးပို့ချက်အရ သိရှိရသည်။

 ထိုင်းနိုင်ငံမှ The Nation သတင်းစာအယ်ဒီတာ Tulsathit Taptin နှင့် တွေ့ဆုံခြင်း


'စစ်တပ်က နိုင်ငံရေးနဲ့ ကင်းရှင်းနေဖို့ဆိုရင် ရိုးသားပွင့်လင်းတဲ့ ဒီမိုကရက်တစ်အစိုးရ ဖြစ်ရပါမယ်။ တရားဥပဒေစိုးမိုးမှု ရှိရပါမယ်။ လွတ်လပ်ပြီး အားကောင်းတဲ့ တရားစီရင်ရေးစနစ် ရှိရပါမယ်။ နောက်ပြီး အကျင့်ပျက်ခြစားမှုတွေ နည်းပါးရပါမယ်။'
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒီမိုကရေစီ ကျင့်သုံးမှု၌ အခြားနိုင်ငံများထက် ပိုမိုအားကောင်းခဲ့သည့် အစဉ်အလာရှိသလို မြန်မာနိုင်ငံနည်းတူ တပ်မတော်မှ အာဏာသိမ်းသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံရေးသမိုင်းတွင် တပ်မတော်က အဓိကနေရာမှ ပါဝင်ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းလည်း ရှိခဲ့သည်။

 မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု၌ တရားဝင် ကုန်သွယ်မှုစာရင်းအရ မြန်မာဘက်မှ စတင်အသာစီးရလာ လက်ရှိအချိန်တွင် အဓိက နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မူဆယ်လမ်းပိုင်း၌ ပစ်ခတ်ဖောက်ခွဲမှုများကြောင့် ပုံမှန်ကုန်သွယ်မှု မပြုနိုင်

မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှုစခန်းအတွင်းသို့ ၀င်ရန်စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်များကို ဇွန်လ ၁ ရက်နေ့က မူဆယ်မြို့တွင် တွေ့ရစဉ်
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၂၉၈၅ ဒသမ ၄၂၄ သန်းရှိခဲ့ပြီး အဆိုပါပမာဏတွင် မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်တန်ဖိုးမှာ တရုတ်နိုင်ငံမှ တင်သွင်း သည့် သွင်းကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၆၅၈ ဒသမ ၃၇၂ သန်း ပိုမိုမြင့်မားပြီး ကုန်သွယ်မှု၌ အသာစီးရလျက်ရှိကြောင်း သိရသည်။

 မြန်မာ-အမေရိကန် ကုန်သွယ်မှုပမာဏ ၁၀ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်ထိုးတက်လာ

မြန်မာ-အမေရိကန်ကုန် သွယ်မှုမှာ အစိုးရသစ်လက်ထက်တွင် ယခင်နှစ်များကထက် သိသိသာသာ ပြန်ထိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။
ပုံမှန်ကုန်သွယ်မှု မရှိခဲ့သည့် မြန်မာ-အမေရိကန် ကုန်သွယ်မှုမှာ ၁၉၈၅ ခုနှစ်မတိုင်မီနှင့် ၁၉၈၅ ခုနှစ်နောက်ပိုင်းနှစ်များတွင် ကုန်သွယ်မှုမှာ အနည်းငယ်သာရှိခဲ့သည့် အနေအထားမှ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ ခုနှစ်များတွင် အနည်းငယ် မြင့်တက်ခဲ့မှု ရှိခဲ့သည်။

ဆန္ဒပြ အလုပ်သမားများ ခြိမ်းခြောက်ခံလာရ

ဆန္ဒပြ အလုပ်သမားများ ခြိမ်းခြောက်ခံလာရ
2012-06-02
ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေမှာရှိတဲ့ ပုဂ္ဂလိကစက်ရုံ (၂၀) ကျော်က အလုပ်သမားတွေဟာ အခြေခံလစာ တိုးမြှင့်ရေးအတွက် မိမိတို့ စက်ရုံအသီးသီးမှာ ဆက်လက်ဆန္ဒပြ နေကြရာမှာ ခြိမ်းခြောက်ခံလာရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
Photo: RFA

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိ



ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့  ဇွန် လ ၃ ရက်နေ့  နံနက် ၈နာရီ ၄၀ မိနစ် အချိန်တွင် TG - 303 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ခရီးစဉ်မှရန်ကုန်မြို့  

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ၀န်ကြီးပြောဆို

မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး၊ အရပ်သား အစိုးရရဲ့အမိန့်ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က စနေနေ့က
ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးကို ညနေ ၅ နာရီမှ မနက် ၅ နာရီမီးအပြည့်ပေးတော့မည်

ယခင်က ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်မီး အုပ်စုအလိုက်ခွဲဝေပေးနေရာမှ ယခုအခါ အဆိုပါ အုပ်စုများကို ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်းသိရသည်။

လမ်းမတော်( ၇ )လမ်း လူသတ်မှု တရားခံဖမ်းဆီးရမိ

ဆယ်ကျော်သက်အရွယ် ကျောင်းသူ အသက်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူအား (၄၄) နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ဝန်ကြီး၏ ဂရုဏာကြေး ကျပ် ၇ သိန်း အပေါ် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ မသီတာထွေး မိခင် မေးခွန်းထုတ်

ရခိုင်ဝန်ကြီးများမှ ပေးအပ်သော ဂရုဏာကြေး ကျပ် (၇) သိန်းနှင့် ပတ်သက်ပြီး အတင်း အဓမ္မပြု ကျင့် သတ်ဖြတ်ခံလိုက်သော မသီတာထွေး၏ မိခင် ဒေါ်မမြက ငွေကို လက်မခံမီ ငွေပေးအပ်သော ၀န်ကြီးအား မေးခွန်း ထုတ်ခဲ့ကြောင်း သတင်း ရရှိသည်။

မသီတာထွေးသည် ယခုလို အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည်။ (ဓါတ်ပုံ လေးဝတီ)

ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ

ကျောက်ဖြူမြို့လူထု ၂၅၀ ခန့်သည် ယနေ့ နံနက်က မိုးရွာနေသည့်ကြားထဲမှ ထီးကိုယ်စီ ဆောင်းပြီး ရခိုင်ဝန်ကြီးများ တည်းခိုနေရာ ဆောက်လုပ်ရေး ရိပ်သာထိ ချီတက်ပြီး မသီတာထွေး သေဆုံးမူ အတွက် မကျေနပ်ကြောင်း  ထုတ်ဖေါ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ထိုင်းအာဏာပိုင်တွေရဲ့ လုံခြုံရေးအစီအစဉ်ကြောင့် မယ်လမှာ ဒေါ်အောင်ဆန်းစုကြည် အသေအချော စကားပြောခွင့် မရခဲ့

ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ ထဆောင်ရမ် ဒေသမှာရှိတဲ့ မယ်လဒုက္ခသည် စခန်းကို ဒီကနေ့ မနက် (၁၀)နာရီခွဲမှာ ရောက်ရှိလာတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခသည်ဦးရေ (၆၀၀၀) ခန့်က ဆိုင်းဘတ်များ ပိုစတာများ ကိုင်ဆောင်ပြီး တခဲနက်ကြိုဆိုခဲ့ကြပါတယ်၊

ရှေးဟောင်း အဆောက် အအုံများ ထိန်းသိမ်းရေး ကွန်ဖရင့် ကျင်းပ

ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အအောက်အအုံ တခု
ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် ကွန်ဖရင့်တခုကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်တွင် ယမန်နေ့ကပြုလုပ်သည်။

ဒေါ်အောင်ဆန်းစုကြည် တော်ပေမယ့် NLD လူထုဆက်ဆံရေး ညံ့


ဘယ်နေရာသွားသွား ဝိုင်းအုံနေတဲ့ သတင်းထောက်တွေကြားက ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- Reuters)
နှစ် ၂၀ ကျော်အတွင်း ပြည်ပခရီးစဉ်ထွက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးသည် သတင်း မီဒီယာများ၏ စိတ်ဝင်စားမှု အများဆုံး ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သတင်းမီဒီယာများနှင့် ဆက်ဆံရေးသည် အလွန်ညံ့ဖျင်းကြောင်း ဝေဖန်ခံနေရသည်။

စွမ်းအင်နဲ့ နိုင်ငံရေး


ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း ဖြတ်သွားသည့် ရွှေဂက်စ် ပိုက်လိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ - Francis Wade)
မြစ်တွေကိုဖြတ်၊ ရွာတွေနဲ့ လက်တကမ်း ကနေဖြတ်၊ ပြီးတော့ ရွာတွေထဲကိုလည်း မကြာမကြာဖြတ်ပြီး မြန်မာပြည် အနောက် ဘက်ကနေ အရှေ့မြောက် အထိ တည်ဆောက်ထားတဲ့ ၂ ကြောင်းပြိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ ကြည့်လိုက်ရင် ခွဲစိပ်ရာကြီးတွေ အတိုင်းပါပဲ။
တရုတ်နိုင်ငံတောင်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမယ့်

ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း ဖြတ်သွားသည့် ရွှေဂက်စ် ပိုက်လိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ - Francis Wade)
မြစ်တွေကိုဖြတ်၊ ရွာတွေနဲ့ လက်တကမ်း ကနေဖြတ်၊ ပြီးတော့ ရွာတွေထဲကိုလည်း မကြာမကြာဖြတ်ပြီး မြန်မာပြည် အနောက် ဘက်ကနေ အရှေ့မြောက် အထိ တည်ဆောက်ထားတဲ့ ၂ ကြောင်းပြိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ ကြည့်လိုက်ရင် ခွဲစိပ်ရာကြီးတွေ အတိုင်းပါပဲ။

 ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်စေနိုင်မှု စစ်တမ်းထွက်ရှိ လတ်တလောအခြေအနေတွင် သဘာဝပတ်ဝန်းကျင်ထက် လူမှုရေးဆိုင်ရာထိခိုက်မှု ပိုများနေကြောင်း အဆိုပါစစ်တမ်းအရ သိရ

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ကန်ချနာပူရိအထိ ဆက်သွယ်မည့် လေးလမ်းသွားလမ်း ဖောက်လုပ်နေမှု လုပ်ငန်းခွင်တစ်နေရာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မြောက်ဘက် ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် အကောင်အထည်ဖော်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုစစ်တမ်း (EIA) နှင့် လူမှုရေး ထိခိုက်မှုဆိုင်ရာ စစ်တမ်း (SIA) ထွက်ရှိလာပြီဖြစ်ကြောင်းနှင့် လတ်တလောအခြေအနေတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများထက် လူမှုရေးဆိုင်ရာ ထိခိုက်မှုများက ပိုများနေကြောင်း အဆိုပါစစ်တမ်းအရ သိရှိရပါသည်။

ပုဂံ ဟိုတယ်ဇုန်သစ် စီမံကိန်း ရှေးဟောင်း သုတေသန ကန့်ကွက်


မြန်မာ့ခရီးသွားလုပ်ငန်းက စီစဉ်ထားသည့် ပုဂံ ဟိုတယ်ဇုန် အသစ် စီမံကိန်းကို ပုဂံမြို့ ရှေးဟောင်းသုတေသန ဌာနနှင့် ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်တို့က ကန့်ကွက်စာ တင်ထားကြောင်း သတင်းရရှိသည်။

 ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးခွဲ ရန်ကုန်တွင် ဖွင့်လှစ်မည်

ကုမ္ပဏီ မှတ်ပုံတင် သက်တမ်းတိုးကိစ္စများ ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲကို ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

အဆိုပါရုံးခွဲကို ဇွန်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်အချို့ကိုပါ ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးအားလုံးပါဝင်သည့် စီမံကိန်းကော်မရှင် ဖွဲ့စည်း

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုဝန်ကြီး အားလုံးပါဝင်သည့် စီမံကိန်း ကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

 ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ သဘောထား ထုတ်ပြန်

ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှုဗဟိုကော်မတီသည် ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်မှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှု ဗဟိုကော်မတီနှင့် ကချင်မျိုးနွယ်စု ခြောက်မျိုးမှ ကိုယ်စားလှယ်များ၏ အစည်းအဝေးကို မြစ်ကြီးနားမြို့ရှိ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီရုံးတွင် ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့က ပြလုပ်ခဲ့ကာ အစည်းအဝေးမှ ညှိနှိုင်းသဘောတူ ချက်များကို တင်ပြ အစီရင်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

 ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် သဘောဖြစ်နေသည်ဟု ဦးကိုကိုကြီး ပြောကြား

ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် သဘောဖြစ်နေသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြား ခဲ့ပါသည်။

သတင်းမဂ္ဂဇင်း (ဇွန်လ ၂)


မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှပ်နှံဖို့ သြစတေးလျ စိတ်ဝင်စားနေ

မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှပ်နှံဖို့ သြစတေးလျ စိတ်ဝင်စားနေ
2012-06-02
သြစတေးလျ နိုင်ငံက မြန်မာနိုင်ငံမှာ စွမ်းအင် ရှာဖွေရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေးအတွက် ပြည်ပနိုင်ငံတွေနဲ့  ပူးပေါင်း ဆောင်ရွက်လိုကြောင်း သြစတေးလျ ၀န်ကြီး က အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ မနေ့က ပြောပါတယ်။
Photo courtesy of martinferguson.com.au

ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားရင် စစ်ရေးပူးပေါင်း ဆောင်ရွက်မည်

ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားရင် စစ်ရေးပူးပေါင်း ဆောင်ရွက်မည်
2012-06-02
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်သွားမယ် ဆိုရင် အမေရိကန် အနေနဲ့  မြန်မာနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့  အမေရိကန် ကာကွယ်ရေး ၀န်ကြီး Leon Panetta က ဒီကနေ့ ပြောပါတယ်။
AFP

NLD လွှတ်တော်အမတ်များ နိုင်ငံရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

NLD လွှတ်တော်အမတ်များ နိုင်ငံရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
2012-06-01
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေအတွက် " ဒီမိုကရေစီ၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ နိုင်ငံရေးပါတီများ အရည်အချင်း မြှင့်တင်ရေး" ခေါင်းစဉ်နဲ့ ဒီမိုကရေစီရေးဆိုင်ရာ မူဝါဒတွေ အကြောင်း ၆-ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက တော်ဝင်နှင်းဆီခန်းမမှာ မနေ့က စတင် ကျင်းပခဲ့ပါတယ်။