Monday, June 4, 2012

သမ္မတဦးသိန်းစိန်အစိုးရ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို တပ်မတော်က အပြည့်အ၀ ထောက်ခံ၊ သင့်တော်သော အချိန်ရောက်ပါက လွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လျော့ချနိုင်ခြေရှိကြောင်း မြန်မာကာကွယ်ရေးဝန်ကြီး ပြောကြား


ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောကြားနေစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများအပေါ် တပ်မတော်က ၁၀၀ ရာခိုင်နှုန်း ထောက်ခံပြီး အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကို လိုက်နာလုပ်ဆောင်မှု ဆက်လက်လုပ်ဆောင်သွားမည်ဟု မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ဇွန်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ပြည်တွင်း၌ မိုဘိုင်း Application Developer များ ရပ်တည်နိုင်ရန် ခက်ခဲနေသေး

ပြည်တွင်း၌ မိုဘိုင်း Application Developer များအနေဖြင့် ရပ်တည်နိုင်ရန်ခက်ခဲမှုများရှိနေသေး ကြောင်းသိရသည်။

စစ်တွေမြို့ မှာ ဆန္ဒပြနေသူများ အကြမ်းဖက်ပစ်ခတ်နိမ်နင်းခံရ (အထူးသတိပေးချက် - နှလုံးရောဂါရှိသူများနှင့် လန့် တက်သူများ - ဓါတ်ပုံများကိုမကြည့်ပါနှင့်)

ရခိုင်ပြည်နယ် စစ်တွေမြို့  ရဲစခန်းရှေ့ဆန္ဒပြနေသောပြည်သူတွေကို ပစ်ခတ်မှုမှာ ဇွန်လ၃ရက်နေ့ ည ၁၀ နာရီအချိန်တွင် စတင်ဖြစ်ပွားပြီး စစ်တွေအမှတ် (၁)ရဲစခန်းမှ လူစုခွဲစေရန် လူအုပ် အတွင်းပစ်ခတ်မှုကြောင့် ဆန္ဒပြပြည်များ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

တောင်ကြီးမြို့ နယ် တောင်နီစံပြကျေးရွာမှာ ဈေးသူဈေးသားများ ဈေးဖွင့်ပေးဖို့ ဆန္ဒပြပွဲ

 ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နယ် တောင်နီစံပြကျေးရွာမှာ
၀၂-၀၆-၂၀၁၂ နံနံက် ၇း၀၀ နာရီမှစပြီး ကျေးရွာသူ၊သားများ၊ဈေးသူ၊သားများ
စုပေါင်းရ်ျဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲပါတယ်။

လူ့ အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး မင်္ဂလာဆောင်

ဒီနေ့(ဇွန်လ ၃ ရက်) ညနေ ၅ နာရီက ရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်း၊တော်ဝင်နှင်းဆီ မှာ
၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး(မာကီး)နဲ့ မစုစုနွေး
(အလုပ်သမားရေးရာလှုပ်ရှားသူ) တို့ရဲ့ မင်္ဂလာအခန်းအနားကျင်းပခဲ့ပါတယ်။

လူသတ်မှုဖော်ထုတ်ပေးရန်တောင်းဆိုရာမှ စစ်တွေရဲစခန်းရှေ့ ပစ်ခတ်မှုဖြစ်ပွား

စစ်တွေ မြို့ အမှတ်(၁)ရဲစခန်းရှေ့ မှာ ဆန္ဒပြနေသူများ - ဓါတ်ပုံ (ကိုစန်းလွင်-ဖေ့စ်ဘုတ်)
ရန်ကုန်။ဇွန် ၎

စစ်တွေမြို့အနီး နာဇီကျေးရွာ မှအမျိုးသားတစ်ဦး အသတ်ခံရ သည်ဟုယူဆရသောအမှုအား ဖော်ထုတ်ပေးရန်စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် မြို့ခံများဝိုင်းဝန်းတောင်း ဆိုရာမှ တဖြည်းဖြည်းလူများလာပြီ လူုစုကွဲစေရန်အတွက် အဆိုပါရဲစခန်းရှိ ရဲများမှသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ ကြောင်း စစ်တွေမြို့ခံတစ်ဦးက The Voice Weekly သို့ပြောကြားသည်။

တောင်ကုတ်-ရန်ကုန် ခရီးသည် အနည်းဆုံး ၈ ဦး လူအုပ်စု၏ သတ်ဖြတ်ခြင်းခံရ

ဇွန်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI

ယနေ့မွန်းလွဲပိုင်းက သံတွဲမှ ရန်ကုန်သို့လာသည့် ရိုးမသစ္စာ အဝေးပြေးယာဉ်တွင် စီးနင်းလိုက်ပါလာသည့် အစ္စလမ်ဘာသာရေး တရားထိုင်အဖွဲ့သား ခရီးသည် အနည်းဆုံး ၈ ဦးကို လူ ၃၀၀ ၀န်းကျင်ရှိ တောင်ကုတ်မြို့ခံ လူအုပ်က သတ်ဖြတ်လိုက်ကြသည်ဟု သံတွဲမြို့ခံတဦးက ပြောသည်။

လူသတ်မှုဖေါ်ထုတ်ပေးရန် စစ်တွေ ရဲစခန်းကို လူထောင်ချီ တောင်းဆို

စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များ ဆန္ဒပြနေစဉ် - ဓါတ်ပုံ(ကိုစန်းလွင်-ဖေ့စ်ဘုတ်)
ည ၉နာရီခွဲ၊ ဇွန်လ ၃၊ ၂၀၁၂၊ YPI

စစ်တွေမြို့အနီး နာဇီရွာတွင် ရခိုင်အမျိုးသားတဦး အသတ်ခံရသည့် သတင်းထွက်ပေါ်သော်လည်း အသတ်ခံရသူ၏ အလောင်းကို ရှာမတွေ့သဖြင့် စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များက ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိသည်ဟု တောင်းဆိုသူ တဦးက ပြောသည်။

ရမည်းသင်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များမှ မတရားရိုက်နှက် စစ်ဆေးခြင်းကြောင့်လူတစ်ဦးသေဆုံး

မန္တလေးတိုင်း ရမည်းသင်းမြို့၊ မြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၏
မတရား။ ရိုက်နှက်စစ်ဆေးခြင်းကြောင့် ရမည်းသင်းမြို့၊ ကျောင်းတိုက်စုရပ်နေ
အသက် (၃၈)နှစ်ရှိ (ဘ) ဦးအေး၏သားဖြစ်သူ
ကိုကျော်မိုးနိုင်သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။

လောင်စာဆီ မပါသော ငြိမ်းချမ်းရေး ယာဉ်ကြီး ကချင်ပြည်နယ်သို့ မရောက်နိုင်

    ငြိမ်းချမ်းရေး  ဆိုသော  စကားလုံးသည်  အလွန်လှပါသည် ။ ကြားရသူအပေါင်း`၏ နားတွင်လဲ အလွန်မဂ်လာရှိပါ ။ ကျက်သရေလဲ ရှိပါ`၏ ။ခက်နေသည်က  ငြိမ်းချမ်းရေး ဆိုသော ယာဉ်ကြီးကို လောင်စာဆီထည့်မမောင်းနှင်ဘဲ ခေါင်းဆောင်များက ဝိုင်းပြီးတွန်နေခြင်းဖြစ်သည် ။ တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ နှင့် ပြည်သူတွေက ထိုယဉ်ကို စီးဘို့ စောင့်နေကြသည် ။ စောင့်ရင်းနှင့် သေတွင်းကို ခုန်ဆင်းနေကြရသော ဒုက္ခသည်တွေရဲ့  အသက်တွေလဲ မနဲလှပေ ။ထိုကဲ့သို့ ဆက်ပြီး တွန်းနေမည်ဆိုလျှင် ဆက်မတွေးရဲ စရာပင် . . ငြိမ်းချမ်းရေး ယာဉ် အတွက်လောင်စာဆီက ဒုက္ခသည်တွေရဲ့  အသက်အိုးအိမ် ပေးဆပ်နေသလို ဖြစ်နေပြီ ။
 

နိုင်ငံသားများ၏ စားဝတ်နေရေ မရှင်းနိုင်ဘဲ မအုပ်ချုပ်ဟု ဦးအောင်မင်းဆို

ရန်ကုန်၊ ဇွန် ၃

နိုင်ငံသားများ၏ စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်ဘဲ အစိုးရတစ်ရပ် အနေနှင့်အုပ်ချုပ်သွားမည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။

ဒါရိုက်တာဝိုင်း၏ လယ်သမားအရေး ရုပ်သံမှတ်တမ်းများဖျက်ဆီးခံရ

ဇွန်၃၊၂၀၁၂ (EVB) - တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား  ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

မုံရွာ-ပုသိမ် လမ်းခွဲမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ် ရှိ ပုသိမ်-မုံရွာ လမ်းခွဲတွင် ယနေ့(၂-၆-၁၂) ညနေ(၃း၃၀)ခန့်မှ စတင်၍ ဆန္ဒပြမှု ဖြစ်ပွားနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဆွစ်ဇာလန်သံရုံး ဖွင့်လှစ်ရန် စီစဉ်နေ

ဆွစ်ဇာလန်နိုင်ငံ အစိုးရသည် လာမည့်နွေရာသီတွင် မြန်မာနိုင်ငံ၌ သံရုံး လာရောက်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။
အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာ ကောင်းမွန်မှုနှင့် ကမ္ဘာလှည့်ခရီးသွားများ ဦးတည်ရာ နေရာတစ်ခုဖြစ်လာ နိုင်ခြေရှိမှုတို့ကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

 မြန်မာနိုင်ငံ၌ ဆွစ်ဇာလန်သံရုံး ဖွင့်လှစ်ရန် စီစဉ်နေ

ဆွစ်ဇာလန်နိုင်ငံ အစိုးရသည် လာမည့်နွေရာသီတွင် မြန်မာနိုင်ငံ၌ သံရုံး လာရောက်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။
အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာ ကောင်းမွန်မှုနှင့် ကမ္ဘာလှည့်ခရီးသွားများ ဦးတည်ရာ နေရာတစ်ခုဖြစ်လာ နိုင်ခြေရှိမှုတို့ကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

 နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုဆွဲဆောင်နိုင်ရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် မူပိုင်ခွင့် အကာအကွယ်ပေးမည့် ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေတို့ကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းမည်

UMFCCI တွင်ပြုလုပ်သော စီးပွားရေး ပညာရပ်ဆိုင်ရာ ဟောပြောပွဲတစ်ခုကို တွေ့ရစဉ်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန် စီးပွားရေး လက်ဝါးကြီးအုပ် အမြတ်ထုတ်မှုများကို တားဆီးနိုင်မည့် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် မူပိုင်ခွင့်ကို အကာအကွယ်ပေးမည့် ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေတို့ကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေ ကြောင်း ဥပဒေများ ရေးဆွဲရာတွင် ပါဝင်သည့် ပညာရှင်များထံမှ သတင်းရရှိသည်။

 မိုးဗြဲကျေးရွာ ရေပေးဝေမှု စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈၄၇၇၅ ကို ဂျပန်အစိုးရက ပေးအပ်

ဂျပန်အစိုးရသည် ၎င်း၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ရှမ်းပြည်နယ် မိုးဗြဲကျေးရွာ ရေပေးဝေမှု စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈၄၇၇၅ ကို လူသားချင်း စာနာထောက်ထားမှုအကူအညီအဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

 မူလတန်းကျောင်း ၄၀၀၀ ရှိ ကလေးငယ် လေးသိန်းကျော်အား ပညာသင်နိုင်ရေး ကူညီပေးမည်

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ ၂၀၁၁-၁၅ ငါးနှစ်တာ လုပ်ငန်းအစီအစဉ်အရ နှစ်စဉ်နှစ်တိုင်း မြို့နယ်၂၅ မြို့နယ်ရှိ မူလတန်းကျောင်းပေါင်း ၄၀၀၀ ရှိ ကလေးငယ် လေးသိန်းငါးသောင်းကျော်ကို ပညာသင်ကြားနိုင်ရေးအတွက် အကူ အညီများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပိုးသတ်ဆေး သုံးစွဲမှုပမာဏ ၁၀နှစ်အတွင်း သုံးဆကျော် ထပ်မံမြင့်တက်

ပြင်ဦးလွင်မြို့ မိုးကြိုးပစ်ကျေးရွာရှိ စိုက်ခင်းတစ်ခု
၂၀၀၂-၀၃ ဘဏ္ဍာနှစ်မှ ၂၀၁၁ -၁၂ ဘဏ္ဍာနှစ်အထိ ဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ပိုးသတ်ဆေး သုံးစွဲမှုပမာဏ သုံးဆကျော် ထပ်မံမြင့်တက်ခဲ့ကြောင်း မေလ ၁၇ နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် 'မြန်မာနိုင်ငံရှိ သောက်သုံးရေများ တွင် ပိုးသတ်ဆေးပါဝင်မှု ပမာဏစံနှုန်း သတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ'အခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။

 ရေနေဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုများ ပူးပေါင်းဆောင်ရွက်သွားမည်

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ရေနေဇီဝမျိုးစုံ မျိုးကွဲများ လေ့လာသုတေသန ပြုလုပ်ခြင်းနှင့် ရေအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုများ ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံ Saitama University, Department of Environmental Science မှ တွဲဖက်ပါမောက္ခ Mr-Takeshi Fujino နှင့် မြန်မာနိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတို့သည် မေလ ၂၆ ရက်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်းလည်း သိရှိရသည်။

 မြန်မာနိုင်ငံ၏ လေကြောင်းသယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်များ၏ သက်တမ်းသတ်မှတ်ချက် ထုတ်ပြန်


မြန်မာနိုင်ငံ၏ လေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်များ၏ သက်တမ်း သတ်မှတ်ချက်အား မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ကျောက်မျက်ထုတ်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ပြောင်းလဲကန့်သတ်

မိုးကုတ် ကျောက်မျက်ဒေသတွင် ယခုနှစ် ကျောက်မျက်ထုတ်လုပ်ခွင့် ချထားပေးရာ၌ ထုတ်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ပြောင်းလဲကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

အလုပ်သမားဆန္ဒပြမှုများ ဆက်လျက် အရှိန်မြင့်လျက်ရှိ

မေလအတွင်းဆက်တိုက်ဖြစ်ပေါ်ခဲ့သော အလုပ်သမားဆန္ဒပြမှုများတွင် စက်ရုံအနည်းငယ်ခန့်သာ ညှိုနှိုင်းပြေလည်မှု ရရှိသွား ခဲ့သော် လည်း  စက်မှုဇုံများမှ လုပ်ခနည်းပါး စက်ရုံများမှာ ဆက်လျက် တောင်းဆို ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလျက် ရှိကြောင်း   တွေ့မြင်နေရသည်။
 

တောင်းရမ်းစားသောက်နေကြကလေးငယ်များ၏ ပညာရေးအတွက် စဉ်းစားပေးစေလို

မူလတန်း အခမဲ့ပညာရေးစနစ်ကျင့် သုံးနေချိန်တွင် မြို့ကြီးများရှိလူစည်ကားရာနေရာများတွင်   ကျောင်းနေအရွယ် ကလေး ငယ်များ တောင်းရမ်းစားသောက်မှု ပိုမိုများပြားလာခြင်းက နိုင်ငံ၏ပညာ ရေးဖွံ့ဖြိုးတိုးတက်မှုအား ထိခိုက်စေနိုင်ကြောင်း အခြေခံပညာကျောင်းများက ဆရာမများက ပြော ကြားသည်။
 

ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ

ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ
2012-06-03
(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးစဉ် ပြီးဆုံးသွားပြီး ဒီကနေ့ မနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပါတယ်။
AFP

မကွေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်း

မကွေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်း
2012-06-03
မကွေးမြို့မှာ မြေလတ်ကျောင်းသားများ သမဂ္ဂကို မနေ့က ဖွဲ့စည်းလိုက်ပြီး သမဂ္ဂ မရှိရင် အခွင့်အရေး မရှိဘူးဆိုတဲ့ လှုပ်ရှားမှုကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မကွေးမြို့ပေါ်မှာ ရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်း ၄ ကျောင်းက ကျောင်းသား ကိုယ်စားလှယ်တွေ ပါဝင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သမဂ္ဂရဲ့ ပြန်ကြားရေး တာဝန်ရှိသူ ကိုချမ်းငြိမ်းသူ က အခုလို ပြောပြပါတယ်။

RNDP ပါတီ ပထမအကြိမ် ညီလာခံ ပြီးဆုံး

RNDP ပါတီ ပထမအကြိမ် ညီလာခံ ပြီးဆုံး
2012-06-03
ရခိုင်တိုင်းရင်းသား ဘာသာစာပေ၊ ၀တ်စားဆင်ယင်မှုနဲ့ ယဉ်ကျေးမှု မပျောက်ပျက်ရအောင် ထိန်းသိမ်းဖို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပထမအကြိမ် ညီလာခံမှာ ဆွေးနွေးခဲ့ပါတယ်။
RFA

အတိုက်အခံနှင့်အလုပ်သမားများ မဲဆောက်မှာ ဒေါ်စုနှင့် မတွေ့လိုက်ရ

ချင်းမိုင်(မဇ္စျိမ)။   ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်မရလိုက်၍ ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများနှင့် အလုပ်သမားများက စိတ်ကောင်းဖြစ်ရကြောင်း ပြောသည်။

ချောင်းသာကမ်းခြေအား မိုးရာသီတိုင်းဖွင့်လှစ်ပေးတော့မည်

ယခုနှစ်မိုးရာသီမှစတင်၍  ချောင်းသာကမ်းခြေအား မိုးရာသီတိုင်းတွင် ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။