Tuesday, June 5, 2012

Y-talk စနစ်အား အိမ်သုံးနှင့် မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်

နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ်ကို အိမ်သုံးနှင့် မိုဘိုင်းဖုန်းများတွင်ပါ ခေါ်ဆိုအသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ဝန်ဆောင်မှုပေးသည့် VMG TELECOMS ကုမ္ပဏီက သိရှိရသည်။
 

အလွဲသုံးစားမှုအား မကျေနပ်၍ ပဲခူး ကြံ့ခိုင်ရေးပါတီဝင်များ နုတ်ထွက်

ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ ဇွန်လ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၃၇ မိနစ်

စံခလပူရီ (မဇ္ဈိမ)။   ။ ပဲခူးမြို့ ရပ်ကွက် ခုနှစ်ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများ အပါအ၀င် ပါတီဝင် အများအပြားသည် အထက်အဆင့်၏ အလွဲသုံးစားပြုမှုအား သက်ဆိုင်ရာ တိုင်းပါတီရုံးသို့ တိုင်းကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပါတီမှ ဇွန်လဆန်းက နုတ်ထွက်ခဲ့ကြကြောင်း တိုင်း/ရုံး အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ပဲခူးမြို့ခံ တဦးက ပြောသည်။

သံတွဲမြို့တွင်ဂျီတီအိုင်ကျောင်းကို ပိတ်ထားလိုက်ပြီ

ဓါတ်ပုံ- နိရဉ္စရာ
သံတွဲမြို့တွင်ဂျီတီအိုင်ကျောင်းကို ပိတ်ထားလိုက်ပြီဖြစ်ပြီး တက်ရောက်နေကြသော တောင်ကုတ်မြို့မှ ကျောင်းသူကျောင်းသား များကို တောင်ကုတ်မြို့ခံများက မော်တော်ကားလေးစီးဖြင့်
လာရောက်ခေါ်ဆောင် သွားပြီ ဖြစ်ကြောင်း သိရသည်။

 

တိုင်းရင်းသားဒေသများမှ ပြည်သူတို့၏ တောင်းဆိုချက်များအား ဥပဒေပြုရန်ပြင်ဆင်နေ

ဂျာတော့(ပ်) (မြစ်မခ)

ဇွန်(၅)ရက်၊၂၀၁၂ခုနှစ်။

တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီပူးပေါင်း  ကွင်းဆင်းလေ့လာရေးခရီးစဉ်မှ  ရရှိလာသည့် တိုင်းရင်းသားပြည်သူများ၏တောင်းဆိုချက်များအား   ဇွန်(၄)ရက်နေ့တွင် ဥပဒေအရာရှိများနှင့် တိုင်ပင်ဆွေးနွေး၍   ဥပဒေပြုရန်အတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

ဆန္ဒပြမှု ဖြစ်ပွားနေသောအစ္စလာမ်ဘာသာဝင်များကို ထောင်ချောက် အတွင်း မသက်ဆင်းမိရန် ကိုမြအေးက ပြောဆို

ဆန္ဒပြမှု ဖြစ်ပွားနေသော အစ္စလာမ် ဘာသာဝင်များကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက လာရောက် ဖြန်ဖြေပေးနေစဉ်။
The Voice Weekly
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင် လူထုကို အမုန်းတရား အခြေ ခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် လည်း ပြောဆိုသွားသည်။

ဗြိတိန်က အစဉ်အလာများကို​ဖျက်​၍ ​ဒေါ်အောင်​ဆန်းစုကြည်အား ဂုဏ်ပြုမည်

2470_David_Cameron_Myanmar_Visit3.jpg
ဗိတိန်ဝန်ကြီးချုပ် David Cameron က ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်ခဲ့သည့် ဧပြီလတွင် တွေ့ဆုံစဉ်က လန်ဒန်သို့ လာရောက်လည် ပတ်ရန် ဖိတ်ကြားခဲ့။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် ဗြိတိန်နိုင်ငံက နိုင် ငံ့ခေါင်းဆောင်များသာ မိန့်ခွန်းပြောကြားခွင့်ရသည့် သမိုင်းဝင် နာမည်ကျော် ၀က်စ္စ်မင်စတာ ခန်းမကြီးတွင် လာမည့် ဂျွန်လ ၂၁ ရက်၊ ကြာသာ ပတေးနေ့၊ ညနေ ၃ နာရီတွင် မိန့်ခွန်းပြောကြားရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

ဇွန် ၅ ရက်မှစပြီး ၂၄ နာရီ မီးအပြည့်ရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန်လ(၅) ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးကို အပြည့်အဝပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး   အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ရန်ကုန်တိုင်း(မ်)ဂျာနယ် သို့ပြောကြားသည်။

ယင်းအပြင် စက်မှုဇုန်များကိုလည်း တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

စည်ပင်သာယာ ဥပဒေ ရေးဆွဲရေး ပြည်နယ်အချို့ အခက်ကြုံ

နေပြည်တော်၊ ဇွန် ၂

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ၎င်းတို့ ဘတ်ဂျက်ကို ကိုယ်တိုင် ရှာဖွေခွင့်ပြုထားရာ ဒေသနှင့် ကိုက်ညီသော စည်ပင်သာယာ ဥပဒေများ ရေးဆွဲနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက စီစဉ်နေသော်လည်း ၁၉၉၃ တည်ဆဲ စည်ပင်ဥပဒေများနှင့် ကိုက်ညီခြင်း မရှိသဖြင့် ဥပဒေ ရေးဆွဲနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားသည်။

တံဆိပ်ခေါင်းခွန်တိုး၍ နွမ်းပါးသူများ တရားစရိတ်အခက်အခဲရှိလာ


 အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup on 5 Jun, 2012

နိုင်ငံတော်မှ တံဆိပ်ခေါင်းအခွန်နှင့် ရုံးခွန်နူန်းထားများအား တိုးမြှင့်လိုက်ခြင်းကြောင့် ဆင်းရဲသည့် ပြည်သူများ အနေဖြင့် တရားရင်ဆိုင်သည့်အခါတွင် စားရိတ်အခက်အခဲပြသာာများဖြစ်ပေါ်နိုင်ကြောင်း ဥပဒေပညာရှင်များ က သုံးသပ်သည်။

လှိုင်သာယာအလုပ်သမားဆန္ဒပြမှုများမှ စက်ရုံ(၁၅)၀န်းကျင် ပြေလည်မှုမရှိသေး

ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 5 Jun, 2012

လှိုင်သာယာစက်ရုံများတွင် အလုပ်သမားဆန္ဒပြမှုများမှာ (၁)လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စက်ရုံ(၁၅)ရုံဝန်းကျင်မှာ ယခုတိုင် ပြေလည်မှုမရရှိသေးကြောင်း သိရသည်။

နိုင်ငံရေးအပြောင်းအလဲ အချိန်ယူရမည်ဟု မြန်မာကာကွယ်ရေး ဝန်ကြီး တုံ့ပြန်

မြန်မာနိုင်ငံမှာ စစ်တပ်က နေရာယူအုပ်ချုပ်ထားတာ အထူးသဖြင့် လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း စစ်တပ်က ပါဝင်နေတဲ့အပေါ် တဖြည်းဖြည်းနဲ့ လျှော့ချသွားမယ်၊ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ကိုလည်း စစ်တပ်က ၁၀၀% ထောက်ခံပါတယ်လို့ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပေ မယ့် နိုင်ငံရေးလေ့လာသူတွေကတော့ ဒီအပေါ်မှာ သံသယရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ 

ခမောက်ကြီးမြို့နယ် အေးချမ်းသာရပ်ကွက်တွင် မြစ်ရေလျှံပြီး နေအိမ်များနှစ်မြုတ်

၅ ဇွန် ၂၀၁၂

                  ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်၊အေးချမ်းသာကျေးရွာတွင် မြစ်ရေလျှံပြီး ကမ်းနားနေ နေအိမ်အချို့ ရေ နှစ်မြုတ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ရွာခံတစ်ဦး၏ပြောပြချက်အရသိရှိရပါတယ်။

                

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် နော်ဝေဝန်ကြီးချုပ် ကြိုဆို

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် နော်ဝေဝန်ကြီးချုပ် ကြိုဆို
2012-06-04
နော်ေ၀၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဇွန်လ (၁၅) ရက်နေ့ ကနေ (၁၈) ရက်နေ့အထိ သွားရောက်မယ့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေနိုင်ငံခရီးစဉ် အချိန်ဇယားကို နော်ဝေ နိုင်ငံခြားရေးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပြီး နော်ေ၀၀န်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို သူရဲ့ဖိတ်ကြားချက်ကို လက်ခံပြီး နော်ဝေနိုင်ငံကို လာရောက်လည်ပတ်မှာကို ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။
RFA

ဇေကမ္ဘာနှင့် လယ်သမားများ မြေယာအငြင်းပွားမှု ယနေ့ စစ်ဆေးမည်

 ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်နေတဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာ လယ်သမားတွေရဲ့ မြေယာ အငြင်းပွားမှုကို ယနေ့  စတင် စစ်ဆေးတော့မှာဖြစ်ပါတယ်။

ကလေးဝမြို့နှင့်ခုနစ်မိုင်အကွာ ချောင်းကျဉ်းကျေးရွာ အနီးတွင် ရေနံမှော်အသစ်ပေါ်

ကလေးဝမြို့နှင့် ခုနစ်မိုင်အကွာ ချောင်းကျဉ်းကျေးရွာအနီးတွင်
မတ်လဆန်းပိုင်းမှ စတင်ကာ ရေနံမှော်အသစ်ပေါ်နေကြောင်း သိရသည်။
ကလေး-ကလေးဝကားလမ်းဘေးရှိ ပိတောက်စိုက်ခင်း၊ သစ်တောကြိုးဝိုင်းအနီး

ကော့သောင်းမြို့နယ်တွင် ပေါက်ကွဲသံကြီးတစ်သံနှင့် ငလျှင်လှုပ်ရှားမှုတစ်ခုဖြစ်ပွား

ဇွန် ၄ ရက် ၂၀၁၂

                   တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ယနေ့နေလည်
၁၂ နာရီ ၁၇ မီနစ်ခန့်တွင် ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပွားပြီး ကော့သောင်းတစ်မြို့နယ်လုးံ
 စက္ကန့်အနည်းငယ်ကြာ ငလျှင်လှုပ်ရှားမှု တစ်ခုဖြစ် ပွားခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ရွာသားများ မြေပိုင်ဆိုင်မှု ပြဿနာကြောင့် ဆန္ဒပြ

ပြဿနာကို ဖြေရှင်းပေးမှုတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိပါဘဲ၊ ဆန္ဒပြနေသူများအား မထီမဲ့မြင်ပြု လုပ်နေသော တရုတ်နိုင်ငံသားတစ်ဦး

နူကလီးယား အစီအစဉ်အားလုံး ဖျက်သိမ်းထားကြောင်း မြန်မာကာကွယ်ရေးဝန်ကြီးပြော

မြန်မာအစိုးရရဲ့ နူကလီယား သုတေသန အစီအစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စနေနေ့က ပြောကြား လိုက်ပါတယ်။

အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ ဆွီဒင်နိုင်ငံသွားမည်

နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဆွီဒင်နိုင်ငံက လွှတ်တော် အစည်းအဝေးတွေကို လေ့လာဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အပါအ၀င် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးဟာ မနက်ဖြန် ဆွီဒင်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်။

RFA

အမှုအား အချိန်ဆွဲထားသဖြင့် ကာယကံရှင် အနေဖြင့် ထိခိုက်နစ်နာမှုများ ရှိနေ

04 JUN 2012  | BY ENVOY
မြောက်ဥက္ကလာပ မြို့နယ် Y တံတား အနီး၌ လွန်ခဲ့သော နှစ်လ ကျော်ခန့်က ဖြစ်ပွားခဲ့သည့် ယာဉ် တိုက်မှုဖြစ်စဉ် တစ်ခုအား ယခုအချိန် အထိ အမှုဖွင့် အရေးယူမှု မရှိသည့် အပြင် ဆေးရုံကြီး၌ ဆေးဝါး ကုသမှုခံသည့် ဆေးစာကိုပင် သွားရောက် ထုတ်ယူခြင်းမရှိသည့်အတွက် ယာဉ် တိုက်ခံရသူ အနေဖြင့် များစွာဆုံးရှုံး မှုများရှိနေကြောင်း ၄င်းမိသားစု များ ထံမှတစ်ဆင့် သိရသည်။

စစ်တွေမြို့ အဓိကရုဏ်းမှာ တည်ငြိမ်သွားပြီဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုးကြီး ထိန်လင်းကပြောကြား

စစ်တွေမှာ ရဲစခန်းရှေ့ဆန္ဒပြနေသောပြည်သူများ - (ဓါတ်ပုံ-ကိုစန်းလွင် - ဖေ့စ်ဘုတ်)
စစ်တွေမြို့၌ ဇွန် ၃ ရက်နေ့ ညပိုင်းနှင့် ၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အဓိကရုဏ်းမှာ တည်ငြိမ်သွားပြီဖြစ်၍ မာရှယ်လော ထုတ်ရန် မလိုအပ်ကြောင်း ရခိုင်ပြည်နယ်    လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ထိန်လင်း ကပြော သည်။

တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့နေ့လည် သဂြိုဟ်မည်

တောင်ကုတ်မှာ အသတ်ခံရသူများကို သံတွဲ သင်္ချိုင်းမှာ သင်္ဂြိုလ်နေစဉ်
ဇွန် ၄ ရက်၊ ၂၀၁၂ခုနှစ်၊ YPI

ယမန်နေ့မွန်းလွဲပိုင်း တောင်ကုတ်-သံတွဲလမ်းဆုံတွင်လူအုပ်စုမှ ၀ိုင်းဝန်းသတ်ဖြတ်ခြင်းခံရသူ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား ယနေ့နေ့လည် ၂ နာရီတွင် သံတွဲမြို့ အစ္စလာမ် သုဿန်တွင်သဂြိုဟ်မည်ဟု သံတွဲမြို့ခံတဦး ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးသတင်းထုတ်ပြန်ချက်

တောင်ကုတ်မြို့ မှာအသတ်ခံရသူများ
ပြန်ကြားရေးဝန်ကြီးဌာနက အထူးသတင်းထုတ်ပြန်ချက် တစ်ခုကို ၄င်းအင်တာနက်စာမျက်နှာwww.ministryofinformation.gov.mm မှာ တင်ပြထား

စစ်တွေနဲ့တောင်ကုတ်မှာ ပုံမှန်အခြေအနေ ပြန်ရောက်


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့ ညပိုင်းက လူထုက ရဲစခန်းကို ၀ိုင်းတာကြောင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသလို တောက်ကုတ်မြို့မှာ မွန်းလွဲပိုင်းကလည်း အကြမ်းဖက် သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့ပေမဲ့ ဒီနေ့မှာတော့ စစ်တွေမြို့နဲ့ တောင်ကုတ်မြို့မှာပါ အခြေအနေ အေးအေးဆေးဆေး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့သည် ငလျင်ပြင်းထန်ဇုန်အတွင်း ကျရောက်နေသဖြင့် ရေးဆွဲသော ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြ မြေပုံ ဇွန်လတွင် ထုတ်ပြန်မည်

7354
လူနေထူထပ်မှု များပြားသော မန္တလေးမြို့တွင်း တစ်နေရာအား တွေ့ရစဉ်
မြန်မာနိုင်ငံ ငလျင်ဇုန်များပြ မြေပုံအရ ငလျင်ပြင်းထန်ဇုန်အတွင်း ကျရောက်နေသော မန္တလေးမြို့၏ ငလျင်ဘေး အန္တရာယ်ခံရနိုင်ခြေပြ မြေပုံကို ဇွန်လတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မန္တလေးမြို့ဝန်းကျင်သည် စစ်ကိုင်းပြတ်ရွေ့ကြောတည့်တည့်တွင် တည်ရှိနေသောကြောင့် အခြားဒေသများထက် ငလျင်ဒဏ်သက်ရောက်မှု ပိုမိုခံရနိုင်ဖွယ် ရှိကြောင်း၊ ထို့ပြင် အယ်လပိုဒ်-ဟိမ၀န္တာ မြေငလျင်ကြောပေါ်၌ တည်ရှိနေပြီး ဘူမိအနေအထားအရလည်း

အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာတွင် နာရီ ၃၀ အတွင်း ယာဉ်တိုက်မှုတစ်ခုနှင့် ယာဉ်လမ်းဘေးထိုးကျမှုနှစ်ခု ဖြစ်ပွား

ရွှေမြိုင်သူ ခရီးသည်တင်ယာဉ် ယာဉ်တိုက်မှုဖြစ်ပွားမှု မြင်ကွင်း
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းမကြီး ဟောင်းမိုင်တိုင်အမှတ် ၁၆၉/၀ တွင် ဇွန်လ ၂ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် ယာဉ်တိုက်မှုတစ်ခုနှင့် ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာ ရီ ၂၅ မိနစ်အချိန် လမ်းဘေးထိုး ကျခြင်းနှင့် ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန်၌ပင် ကင်တာကားတစ်စီး တိုက်လော့နတ်ပြုတ်၍ လမ်းဘေး ထိုးကျမှုတို့ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 တာမွေမြို့နယ် အခွန်လွတ်ဈေးအနီးရှိ ရန်ကုန်မြို့တော် စည်ပင်ပိုင်မြေနေရာတွင် ဖွင့်လှစ်ထားသော ကားဘော်ဒီ၊ ရေဆေးဆိုင် ၁၃ ခုကို စည်ပင်ဥပဒေဖြင့် ဖျက်သိမ်းဖယ်ရှားခြင်း ပြုလုပ်



7353
ဆိုင်ခန်းများကို မေလ ၃၁ ရက်နေ့ နေ့လည်ပိုင်းက အရေးပေါ်ဖျက်သိမ်းမှု ပြုလုပ်နေစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အခွန်လွတ်ဈေးအနီး Max စက်သုံးဆီ အရောင်းဆိုင်နဘေးရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေနေရာတွင် ဖွင့်လှစ်ထားသော ကားဘော်ဒီ၊ ကားရေဆေးနှင့် ဆေးမှုတ်လုပ်ငန်းဆိုင် ၁၃ခု ကို စည်ပင်ဥပဒေပုဒ်မ၄၇၊ ၄၈ အရ မေလ၃၁ရက်နေ့က ဖျက်သိမ်းဖယ်ရှားခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့ လမ်းဖျော်ဖြေမှုတွင် ၈၈ မျိုးဆက် ကျောင်းသားများ ပါဝင်ကူညီ

AddThis Social Bookmark Button
ကချင်စစ်ဘေး ဒုက္ခသည်များအတွက် တေးသီချင်း ဖျော်ဖြေမှုများဖြင့် ရန်ပုံငွေ လိုက်လံရှာဖွေကာ လှူဒါန်းနေသော လွတ်လပ်ငြိမ်းချမ်းပန်းရဲ့ လမ်းလူမှုကွန်ယက်အဖွဲ့၏ ဇွန်လ ၃ ရက်နေ့က ရန်ကင်းစင်တာတွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ပါဝင်ကူညီ ဖျော်ဖြေခဲ့သည်။

 ရန်ကုန်-ဒလ ခရီးသည်တင် ရေယာဉ်တွင် ipay ကတ်စနစ် စတင်အသုံးပြု

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ရန်ကုန်-ဒလ ခရီးသည်တင်ရေယာဉ် (ပန်းဆိုးတန်း) ဆိပ်ခံဘောတံတားတွင် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ipay ကတ်စနစ်ကို စတင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

 အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ အလှူငွေ ကောက်ခံခြင်းနှင့် ရန်ပုံငွေ ရှာဖွေခြင်းမျိုး မပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ကျောင်းအချို့လိုက်နာမှု အားနည်း

AddThis Social Bookmark Button
၂၀၁၂-၂၀၁၃ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများ အားလုံး ဇွန်လ ၁ ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်တွင်းနေ နိုင်ငံသားများ တရားဝင်ရရှိသော အမေရိကန်ဒေါ်လာ တစ်သောင်းအထိပမာဏကို လက်ဝယ်ကိုင်ဆောင်ခွင့် သုံးလရရှိ

မြန်မာနိုင်ငံသားများအနေဖြင့်  ပြည်တွင်းတွင် တရားဝင်ရရှိသော  နိုင်ငံခြားငွေများကို ရရှိသည့်နေ့မှစ၍ သုံးလအတွင်း အမေရိကန် ဒေါ်လာတစ်သောင်းအထိ သို့မဟုတ် အမေရိကန်ဒေါ်လာ တစ်သောင်းထက် မပိုသည့် နိုင်ငံခြားငွေများကို လက်ဝယ် ကိုင်ဆောင်ခွင့်ပြုလိုက်ကြောင်း  နှင့် သုံးလကျော်လွန်ပါက ဘဏ်များသို့ အပ်နှံရမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ကချင်ငြိမ်းချမ်းရေးအတွက် လက်မှတ်ပေါင်း( ၆၇၆၇၆၇) ရရှိရန် GW ဆောင်ရွက်နေ

နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက်မွေးနေ့အား  ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေး အတွက် သဘောတူလက် မှတ်ရေး ထိုးရာတွင် ရန်ကုန်နှင့်အနီးတစ်ဝိုက်ရှိသည့်မြို့များမှ လူပေါင်း(၇) သောင်းကျော်၏ လက်မှတ်များရရှိပြီးဖြစ်ကြောင်း Generation Wave လူငယ်များအဖွဲ့မှ ဥက္ကဋ္ဌထံက သိရှိရသည်။


ပန်းထိမ်လုပ်ငန်းများ အပ်ထည်နည်းပါးလာမှုကြောင့် ရပ်တည်ရန်ခက်ခဲလာ

မြန်မာ့ရိုးရာ(ရွှေ၊ ငွေ)ပန်းထိမ်လုပ်ငန်းများသည် ရွှေဆိုင်များမှ အပ်ထည်များ ဝင်ရောက်မှုနည်းပါးလာသော ကြောင့် ရပ်တည် ရန်ခက်ခဲလာကြောင်း သိရသည်။
 

ကိုယ့်နိုင်ငံပြန်နေနိုင်အောင်ကူညီပေးသွားမယ်ဟု မဲဆောက်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား’

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ-မဲဆောက်သို့သွားရောက်ခဲ့ သော  ခရီးစဉ်အပေါ်တွင် မဲဆောက်ဒေသခံပြည်သူများအနေဖြင့်  ၀မ်းသာပီတိနှင့်အတူစိတ်မကောင်း ဖြစ်နေ ကြကြောင်း သိရှိရသည်။
 

ပြင်ဦးလွင်ရှိ ကျောင်းများကျောင်းအပ်လက်ခံရာတွင် အလှူငွေကောက်ခံခြင်းမရှိစေရန် စောင့်ကြည့်နေ

ပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံရာတွင် အလှူငွေကောက်ခံခြင်းမပြုစေရန် လိုက်လံစောင့်ကြည့်လျက် ရှိကြောင်း မြို့နယ်လက်ထောက်ပညာရေးမှူးထံက သိရှိရသည်။

မိုးတွင်းကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်းတိုင်းရှိ၊ မြန်မာ့ကမ်းရိုးတမ်းဒေသသို့ မသက်ရောက်နိုင်

ယခုမိုးတွင်းကာလတွင် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများ တိုက်ခတ်နိုင်သော်လည်း မြန်မာ့ကမ်းရိုးတန်း ဒေသများသို့ အသက်အန္တရာယ် မရောက်ရှိနိုင်ကြောင်း မိုးလေ၀သပညာရှင်ထံမှ သိရှိရသည်။
 

ဖားကန့်မှ မြစ်ကြီးနားသို့ ပြောင်းရွှေ့လုပ်သား အဆင်းများ၍ ဗင်ကားခဈေး (၂)ဆတတ်

ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် မြန်မာအစိုးရတပ်ကြားတိုက်ပွဲများဖြစ်နေခြင်းကြောင့်   ပြောင်းရွေ့ လုပ်သားများ မြစ်ကြီးနားသို့ အဆင်းများလျက်ရှိကာ ဖားကန့်မှ မြစ်ကြီးနားသို့ အဆင်းယာဉ်ငယ်များတွင် ဈေးနှုန်း(၂)ဆကျော် တိုးမြှင့်လျက်ရှိကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် ၀ါရှောင်ကျေးရွာတွင် ညမထွက်ရအမိန့်ထုတ်ပြန်

ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင်ကျေးရွာတွင် ည(၇)နာရီအပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများထံက သိရှိရသည်။

တောင်ကုတ်မှ လူ(၁၀)ဦးအသတ်ခံရမှုအား အစ္စလာမ်သာသနာရေးရာကောင်စီက တွေ့ဆုံဆွေးနွေးနေ

ရခိုင်ပြည်နယ်တွင် တောင်ကုတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သောအစ္စလာမ်လူမျိုး (၁၀)ဦး အသတ်ခံရမှုအား   မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးရာကောင်စီအဖွဲ့(၅)ဖွဲ့မှ တွေ့ဆုံဆွေးနွေးကာ ကိုင်တွယ်ဖြေရှင်း ကြမည်ဖြစ်ကြောင်း အစ္စလာမ်သာသနာရေးရာကောင် စီက စုံစမ်းသိရှိရသည်။
 

ကြေးနီစီမံကိန်း ဆန္ဒပြ လယ်သမားများ တောင်းဆိုချက် အချို့ရရှိ

နယူးဒေလီ (မဇ္ဈိမ) ။       ။ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ လယ်သိမ်းခံ လယ်သမား ၂၀၀ ခန့် သုံးရက်ကြာ ဆန္ဒပြအပြီး တနင်္လာနေ့ ညနေတွင် တောင်းဆိုချက်အချို့ ရရှိပြီး လူစုခွဲခဲ့ကြ
ကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်စု ပြောကြားသည့်မိန့်ခွန်း အပြည့်အစုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF သို့ တက်ရောက်ကာ ဇွန်လ ၁ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့သည်။

အလုပ်သမားသမဂ္ဂများဖွဲ့ရန် စက်မှုဝန်ကြီး ထောက်ခံ

ရန်ကုန် (မဇ္ဈိမ) ။       ။ မေလ ဝန်းကျင်အတွင်း အလုပ်သမား ဆန္ဒပြပွဲများနှင့် ပတ်သက်၍ အဖြေရှာ ဆွေးနွေးသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အလုပ်သမား အရေး ကိစ္စများ ကာကွယ် ဖြေရှင်းပေးမည့် သမဂ္ဂအဖွဲ့အစည်းများ အမြန်ဆုံး ဖွဲ့စည်းရန် ထောက်ခံပြောဆိုသည်။

ငါးဖမ်းခွင့် ကန့်သတ်မှုနှင့် ငါးစားကျက် ပျက်စီးနေ၍ ရေလုပ်သားများ အခက်ကြုံ

စံခလပူရီ (မဇ္ဈိမ) ။        ။ ယခုနှစ် ငါးသားပေါက် ကာလအတွင်း ပင်လယ်ပြင် ငါးဖမ်းခွင့်ကို စက်လှေငယ်များအား ရက်အကန့်အသတ်ဖြင့်သာ ဖမ်းခွင့်ပြုခြင်းနှင့် ငါးစားကျက်များ ပျက်စီးနေသည့်အတွက် အခက်အခဲများစွာနှင့် ကြုံတွေ့ဖွယ်ရှိကြောင်း တနင်္သာရီတိုင်း ကော့သောင်းမြို့မှ ရေလုပ်သားများက ပြောသည်။

စစ်တွေမြို့ ဈေးခွန်အရေးအခင်းတွင် ရဲပစ်ခတ်မှုကြောင့် ၁၁ ဦး ဒဏ်ရာရ

ချင်းမိုင်(မဇ္စျိမ) ။      ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဈေးခွန်တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ လူအများ မကျေမချမ်း အုံကြွလာ၍ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ပါတီနှင့် ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုတွေကြောင့် ဖားကန့်ကျောက်တွင်းတွေပိတ်

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား မကြာသေးခင်ရက်ပိုင်းက တွေ့ဆုံဆွေးနွေး ခဲ့ကြပေမဲ့ ကချင်ပြည်နယ်တွင်းမှာတော့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေဆဲပါ။ အခုလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ အခြေအနေတွေမတည်ငြိမ်တာကြောင့် အာဏာပိုင်တွေကနေ ကျောက်တူးတဲ့ လုပ် ငန်းတွေကို ပိတ်ခိုင်းလိုက်တဲ့အတွက် ကျောက်လုပ်သားတွေ အားလုံး နေရပ်ပြန်နေကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေမျိုးမှာ မြစ်ကြီးနားဘက်မှာလည်း တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်ပွဲရပ်စဲရေး တောင်းဆိုဖို့ ပြင်ဆင်နေကြ ပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်အဓိကရုဏ်း အစိုးရသတိပေး

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်းမှာ ဒီရက်ပိုင်း ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေအတွင်း လူ ၁၀ ဦးအထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာတော့ တရားဥပဒေ စိုးမိုးမှု အားနည်းချက်အဖြစ် နိုင်ငံရေးခေါင်းဆောင်တွေက ထောက်ပြနေကြ တာပါ။ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခနှင့်ပတ်သက်ပြီး ၈၈ ကျောင်းသားများ မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်က ပဋိပက္ခနှင့်ပတ်သက်ပြီး ၈၈ ကျောင်းသားများ မေတ္တာရပ်ခံ
2012-06-04
ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ရပ်တန့်ဖို့အတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။
RFA