Friday, June 8, 2012

အက်စကွဲ ဖိနပ်စက်ရုံမှ အလုပ်သမား ၃၀၀ ကျော် လစာ ရရှိရေး ဆန္ဒပြ

စံခလပူရီ (မဇ္ဈိမ) ။      ။ သောကြာနေ့ နံနက် ၁ဝ နာရီ ခွဲခန့်တွင် လှိုင်သာယာ စက်မှုဇုန် ၂ ကမ်းနားလမ်းရှိ ကိုးရီးယား နိုင်ငံသားပိုင် အက်စကွဲ ဖိနပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ မေလ တလလုံး လုပ်အားခ လစာငွေများကို အလုပ်ရှင်မှ ယနေ့အထိ ထုတ်ပေးခြင်း မရှိသဖြင့် လစာငွေ ထုတ်ပေးရေးအတွက် ဆန္ဒပြ တောင်းဆိုကြသည်။

ရွှေဂက်စ်ပိုက်လိုင်း လယ်ယာမြေ ပျက်

ရွှေဂက်စ်ပိုက်လိုင်း လယ်ယာမြေ ပျက်



ပိုက်လိုင်းဖြတ်သန်းသွားသော မြေနေရာပေါ်တွင်

မြန်မာအပေါ် ပစ်မှတ်ထားအရေးယူမှုများ သြစတြေးလျ ရုပ်သိမ်းမည်

ဒီမိုကရေစီရေး အပြောင်းအလဲတွေ ပိုမိုတိုးတက်အောင် အားပေးတဲ့အနေနဲ့ Australia က မြန်မာအစိုးရ အပေါ် ခရီးသွားနဲ့ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးမှာဖြစ်တယ်လို့ Australia နိုင်ငံခြားရေးဝန်ကြီး Bob Carr က မနေ့က ပြောဆိုလိုက်ပါတယ်။

အစ္စလာမ်ဘာသာရေးအဖွဲ့များက နိုင်ငံတော်သမ္မတထံသို့ တွေ့ဆုံလိုကြောင်း ပန်ကြားလွှာတင်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာဝင်(၁၀)ဦးအသတ်ခံရခြင်းနှင့် ပတ်သတ်၍ နောင်တွင် တရားမဲ့မှုများ ဖြစ်ပေါ်ခြင်း မရှိစေရေးအတွက် နိုင်ငံတော်သမ္မတထံသို့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပန်ကြား လွှာ တစ်စောင်အား ဇွန်လ(၅)ရက်နေ့တွင် အစ္စလာမ်ဘာသာရေးအဖွဲ့(၅)ဖွဲ့က တင်ခဲ့ကြောင်း သိရှိရသည်။
 

ဟူးကောင်းချိုင့်ဝှမ်းမှ သိမ်းဆည်းခံလယ်မြေများအတွက် အထူးအယူခံဝင်မည်

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီမှ သိမ်းယူထားသောလယ်ဧက (၂)သိန်းကျော်အတွက် နေပြည် တော်တွင် အထူးအယူခံဝင်တော့မည်ဖြစ်ကြောင်း လယ်သမားအရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ဆိုသည်။

ယနေ့ နံနက် သင်္ဃန်းကျွန်းစံပြဈေးအနီး ကားတိုက်မှု သေဆုံးဒါဏ်ရာရသူများရှိ

ဓါတ်ပုံ - သန်းထွန်း( tgkn)
Myanmar News Now
ယနေ့ ၈.၆.၂၀၁၂ နေ့နံနက် ၁၀းခန့်တွင်သင်္ဃန်းကျွန်းစံပြဈေးအနီးရှိ ငမိုးရိပ်ရပ်ကွက် ရှိ မျိုးမြန်မာဘီယာဆိုင် ရှေ့တင် ယာဉ်တိုင်မှု တစ်ခုဖြစ်ပွားခဲ့သည်။
       

ကိုးတန်းကျောင်းသူတစ်ဦး အဆိပ်သောက် သတ်သေခဲ့မှု

မတရားညှင်းပန်းနှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့
ကိုးတန်းကျောင်းသူလေး မအိရွှေ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ
ကိုးတန်းကျောင်းသူတစ်ဦး အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုကြောင့်
မိမိကိုယ်ကို အဆိပ်သောက် သတ်သေသည့် အမှုတခုဖြစ်ပွားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ လာရောက်ရန်ရှိသဖြင့် အာနန္ဒာဘုရား ရှိဆိုင်ခန်းများပိတ်ခိုင်းထား


နိုင်ငံတော်သမတ လာရောက်ရန်ရှိသဖြင့် ပုဂံဒေသအာနန္ဒာဘုရားအနီးရှိ ဆိုင်ခန်းများအား
သက်ဆိုင်ရာကသုံးရက်ပိတ်ခိုင်းထားကြောင်းပုဂံဒေသခံများကပြောသည်။

  

အဲဗားဝင်းနား ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီမှာ ရေမဆေးကျောက်ရှာသူ တစ်ဦးအား ဝိုင်းဝန်းရိုက်နှက်၍ သေဆုံး

       30.5.2012 နေ့လည် 113း0 အချိန်  ဖားကန့်ဒေသရှိ အဲဗားဝင်းနား ကျောက်စိမ်းကုမ္မဏီ မှ
နတ်မှော် လုပ်ကွက်အတွင်း ရေမဆေးကျောက် ဝင်ရောက်ရှာသော ရေမဆေးကျောက်ရှာသူ
 မောင်မင်းမင်း (33) နှစ် အား ကုမ္မဏီ ဝန်ထမ်းများ မှ ဝိုင်းရိုက်နှက်တာကြောင့် သေဆုံးမှု ဖြစ်ခဲ့ရပါတယ်။

လစ်ဘရယ် ဒီမိုကရက် အစည်းအဝေး မြန်မာအကြောင်းဆွေးနွေး

ဓါတ်ပုံ Myanmar News Now
ဘယ်လ်ဂျီယန်နိုင်ငံ Brussels မြို့မှာ ဇွန်လ (၄)ရက်နေ့ကနေ (၈) ရက်နေ့ထိကျင်းပနေတဲ့ ဥရောပနဲ့အာရှဒီမိုကရက်နဲ့ လစ်ဘရယ် မဟာမိတ်ပါတီတွေရဲ့ညီလာခံမှာ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေကို စိတ်ဝင်တစား ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ညီလာခံကို တက်ရောက်နေ
တဲ့ အမျိုးးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထီလာမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

KNPP အဖွဲ့နဲ့ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဇွန် ၉ ရက်မှာ တွေ့မယ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ငြိမ်းချမ်းရေးကိုယ်စားလှယ်
အဖွဲ့ဟာ သဘောတူညီမှုမရရှိသေးတဲ့အချက်တွေကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ထပ်မံဆွေးနွေးဖို့မနေ့ မနက်ပိုင်းက ထိုင်းမြန်မာနယ်စပ်ကနေ လွိုင်ကော်မြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

ထိုင်း-မြန်မာ ကုန်စည်ပြပွဲ မဲဆောက်တွင်ပြုလုပ်

မဲဆောက် ဇွန် ၇

ထိုင်းကုန်စည်များမြန်မာနိုင်ငံအတွင်းသို့ လက်ရှိတင်ပို့နေသည့်ပမာဏထက် ပို့ကုန် ၁၅ ရာခိုင်နှုန်းတိုးမြှင့် နိုင်ရန်အတွက်ထိုင်းနိုင်ငံက ထိုင်း-မြန်မာနယ်စပ်မဲဆောက်တွင်ယနေ့မွန်းလွဲပိုင်းက ကုန်စည်ပြပွဲတရပ်ကို ယနေ့မှစတင်၍ ၅ ရက်ကြာပြုလုပ်မည်ဖြစ်သည်။

အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ အလုပ်သမား ၆၀၀ ကျော်သည် ယနေ့နံနက် ၇ နာရီခန့်မှ စတင်ဆန္ဒပြနေ

ရန်ကုန် - မန္တလေး လမ်းမကြီး ရတနာပုံ တက္ကသိုလ်လမ်းခွဲအနီး မန္တလေး စက်မှုဇုန် (၁) ဧရိယာအတွင်း တည်ရှိသော New Stone ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ အလုပ်သမား ၆၀၀ ကျော်သည် ယနေ့နံနက် ၇ နာရီခန့်မှ စတင်၍ အဆိုပါ စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက် ရှိကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။

မဲဆောက် မြန်မာအလုပ်သမားတချို့ လုပ်ခတိုး

M-Apparel Garment Co,ltd စက်ရုံက မြန်မာ အလုပ်သမားများ
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆန်ခွဲ အရပ်မှာရှိတဲ့ စက်ရုံတခုက အလုပ်သမားတွေ လုပ်အားခ နဲနေတဲ့အတွက် တောင်းဆို ဆန္ဒပြကြတာကို လစာ တိုးမြင့် ပေးလိုက်ပါတယ်။ M Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံက လုပ်အားခ နစ်နာမှုအတွက် ဆန္ဒပြနေတဲ့ အလုပ်သမား ၂၀၀ ကျော်ကို မဲဆောက်က 

ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုယူမည့် နော်ဝေးခရီးစဉ် အသေးစိတ်အစီအစဉ်

နော်ဝေး ပါလီမန် (ယာဘက်) နှင့် နီးကပ်စွာတည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် တည်းခိုမည့် Grand Hotel (ဓာတ်ပုံ - ကိုညို၊ အော်စလို)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်က ၎င်းရရှိခဲ့သည့် နိုဘဲလ်ဆုကို နှင်းအပ်မည့် အခမ်းအနားသို့ ကြိုတင်စာရင်း ပေးသွင်းထားသူ မြန်မာများ တက်ရောက်ခွင့် ရမည်ဟု သိရသည်။

အလုပ်သမားဆန္ဒပြမှု ပြေလည်ဖို့ လွှတ်တော်က ဥပဒေပြဋ္ဌာန်းဖို့လို

အလုပ်သမားဆန္ဒပြမှု ပြေလည်ဖို့ လွှတ်တော်က ဥပဒေပြဋ္ဌာန်းဖို့လို
2012-06-07
ရန်ကုန်မြို့က စက်ရုံအလုပ်သမားတွေ ဆန္ဒပြမှု ပြေလည်အောင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဆက်လက်ပြီး ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ သတင်းရရှိပါတယ်။
RFA

လိုင်သာယာစက်မူ.ဇုံ (၅) ငွေကံ့ကော်အထည်ချုပ်ဆန္ဒပြမှုရုပ်/သံ


အောင်သူရ သင်္ဘောကျင်းကြောင့် ဒေသခံများ အခက်ကြုံနေရ



အောင်သူရ သင်္ဘောကျင်းကြောင့် ဒေသခံများ အခက်ကြုံနေရ

အလုပ်သမားများဘဝ လုံးဝ ပြောင်းလဲသွားစေရမည်ဟု ဝန်ကြီး အာမခံ

http://burma.irrawaddy.org/wp-content/uploads/2012/06/Tai-Yi.jpgမြန်မာနိုင်ငံရှိ အလုပ်သမားများ ဘ၀ လာမည့် ၂ နှစ်အတွင်း လုံးဝပြောင်းလဲစေရန် အာမခံသည်ဟု အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောလိုက်သည်။

ခမောက်ကြီး၌ ရေကြီး၊ လူ ၇၀၀ ကျော် ရေဘေးသင့်



တနင်္သာရီတိုင်း ကော့သောင်း ခရိုင် ခမောက်ကြီး မြို့နယ်တွင်းက ပါချန်မြစ် ရေလျှံမှုကြောင့် မြစ်ကြောင်း တလျှောက်ရှိ ကျေးရွာ ၆ ရွာ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လူဦးရေ ၇၀၀ ကျော်မှာ အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေ ကြရကြောင်း ရွာခံများက ပြောသည်။

ရခိုင်ပြည်နယ် ဖြစ်စဉ်များကြောင့် ပိတ်ထားသော သံတွဲမြို့ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၁၃ ရက်နေ့တွင် ပြန်ဖွင့်မည်

 ရခိုင်ပြည်နယ် ဖြစ်စဉ်များကြောင့် ယာယီပိတ်ထားသော သံတွဲမြို့ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၁၃ ရက်နေ့တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း စက်မှုလက်မှုသိပ္ပံ(သံတွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၄ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

တပ်မတော်ကဏ္ဍ လျှော့ချမည့် အစီအစဉ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

စင်္ကာပူနိုင်ငံ၌ ကျင်းပသော Shangri-la Dialogue လုံခြုံရေးဆိုင်ရာ ညီလာခံတွင် ဇွန်လ ၂ ရက်နေ့က ရှင်းလင်းပြောကြား နေသည့် မြန်မာ ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း (ဓာတ်ပုံ - Reuters)
တပ်မတော်အနေဖြင့် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုအား ရာနှုန်းပြည့် ထောက်ခံကြောင်းနှင့် အနာဂတ်နိုင်ငံရေးတွင် တပ်မတော် အခန်းကဏ္ဍ လျှော့ချသွားမည်ဟု ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုပြီး အားရကျေနပ်ကြောင်း ပြောဆို လိုက်သည်။

အင်းစိန်ထောင် ၀မ်းပျက် ဝမ်းလျှော ဖြစ်နေ

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင်း၌ အကျဉ်းသားများ ၀မ်းပျက် ဝမ်းလျှော ဖြစ်ပွားမှုကြောင့် ပြင်ပဆေးရုံများသို့ပါ ပို့ဆောင်၍ ဆေး ကုသမှု ပြုလုပ်နေရကြောင်း သတင်းရရှိသည်။
အင်းစိန် အကျဉ်းထောင် (ဓာတ်ပုံ - Nic Dunlop)

ဆန္ဒပြပွဲများကြောင့် သမ္မတကြီး ထိုင်းခရီးစဉ်ဖျက်ရ ဟုဆို

နယူးဒေလီ (မဇ္ဈိမ) ။       ။ သမ္မတ ဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ရခြင်းမှာ ထိုရက်ပိုင်းအတွင်း
ဖြစ်ပွားနေသည့် အလုပ်သမား အခွင့်အရေး၊ လျှပ်စစ်မီး အလုံအလောက် ရရှိရေး

၂၉ ထပ် ဆီဒိုးနားဟိုတယ် ဆောက်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ဆီဒိုးနား ဟိုတယ်ပိုင်ရှင်များက ၂၉ ထပ်ရှိ အဆင့်မြင့် ဟိုတယ် တခု ရန်ကုန်မြို့တွင်
ဆောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

လွတ်လပ်သမဂ္ဂများ ပေါ်ပေါက်ရေး ILO မှာ FTUB ဆွေးနွေးမည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် မြန်မာနိုင်ငံတွင်း လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးအတွက် တင်ပြဆွေးနွေးမည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က ပြောသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ပွင့်လင်းမှု မရှိဟု စစ်တမ်းဆို

ချင်းမိုင်(မဇ္စျိမ) ။       ။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရမည့် ဒေသခံများအား လျော်ကြေး များ ပေးရာတွင် ပွင့်လင်းမရှိကြောင်း ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ DDA က ပြောဆိုလိုက်သည်။ 

ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် အပြစ်မဲ့သူတဦး အာရုံကြော ထိခိုက်သွား

စံခလပူရီ (မဇ္ဈိမ) ။        ။ ရဲ၏ ရိုက်နှက် စစ်ဆေးမှု ဒဏ်ချက်များကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကမာမိုးရွာသား ကိုသက်ပိုင်စိုး အား ဆေးရုံတင် ကုသထားရသည်မှာ ရက် ၂၀ ပြည့်ပြီ ဖြစ်သော်လည်း အာရုံကြော များ ထိခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါများ လှုပ်ရှား၍ မရတော့ကြောင်း မိသားစုဝင်နှင့် ကူညီဆောင်ရွက်ပေးနေ သူများက ပြောသည်။

ဗကသ များ အဖွဲ့ချုပ်ကို ရန်ကုန် ထွေ/အုပ် ခေါ်ယူသတိပေး

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဗကသ များအဖွဲ့ချုပ် ပြန်လည်ပေါ်ပေါက်ရေး ကြိုးပမ်းနေကြသည့် ကျောင်းသား
ခေါင်းဆောင်များအား ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးက ခေါ်ယူ၍ အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေအား ဖတ်ပြကာ သတိပေးခဲ့ကြောင်း သိရသည်။

လိုင်စင်သိမ်းခံ ရှေ့နေများ ရပိုင်ခွင့် တောင်းဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ နိုင်ငံရေးကြောင့် လိုင်စင်သိမ်းခံရသော ရှေ့နေများအနေနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ တွင် ရှေ့နေလိုက်ခွင့် ပြန်လည် ရရှိသင့်ကြပြီဖြစ်ကြောင်း ကာယကံရှင်ရှေ့နေများက အင်္ဂါနေ့က ပြောဆိုလိုက်သည်။

ကချင်ဒုက္ခသည် ၂,၆၀၀ ကျော်အတွက် တလစာရိက္ခာ UN လှူဒါန်း

ချင်းမိုင်(မဇ္စျိမ) ။       ။ မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် မိုင်ဂျာယန်အတွင်းရှိ ကချင် ဒုက္ခသည်စခန်းနှစ်ခုမှ လူပေါင်း ၂,၆ဝဝ ကျော်အတွက် တလစာ စားနပ်ရိက္ခာကို ကုလသမဂ္ဂ၏ စားနပ်ရိက္ခာပေးရေး အဖွဲ့အစည်းများက ထောက်ပံ့နေ သည်ဟု သိရသည်။

အကြမ်းဖက် သတ်ဖြတ်မှု စုံစမ်းရေးကော်မရှင် လူအများကြိုဆို

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ ဆိုပြီး အဖွဲ့တဖွဲ့ကို ပြည်ထောင်စုအစိုးရက ဖွဲ့စည်းလိုက်ပါတယ်။ အစိုးရရဲ့ ဒီလုပ်ရပ်ကို ရခိုင် လူမှုအဖွဲ့အစည်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကြိုဆိုကြပါတယ်။ စုံစမ်းရေးအဖွဲ့ အနေနဲ့ အခုဖြစ်ရပ်တွေတင် မဟုတ်ဘဲ ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူတွေအကြား သဟဇာတရှိစွာ နေထိုင်နိုင်မယ့် အခြေအနေတရပ်ကို ဖန်တီးနိုင်ရေး အစိုးရကို အကြံပြုပေးနိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ သဘောထားမျိုးလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြ ထားပါတယ်။

ကျပ်တသောင်းတန် ငွေစက္ကူ ထုတ်မည်


တသောင်းတန် ငွေစက္ကူအသစ် နောက်ကျောဘက်။
မန်မာနိုင်ငံမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူ သစ်တွေကို လာမယ့် ဇွန်လ ၁၅ ၇က်နေ့မှာ စတင်ထုတ်ဝေ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခုလို  ငွေစက္ကူသစ်

ILO နဲ့ မြန်မာအစိုးရ သဘောတူညီချက်တချို့ရရှိ

ILO နဲ့ မြန်မာအစိုးရ သဘောတူညီချက်တချို့ရရှိ
2012-06-07

အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်တို့ကြား ပထမဦးဆုံးအကြိမ် သဘောတူညီမှုတချို့ ရရှိခဲ့ပါတယ်။

RFA
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် ILO အထူးဆွေးနွေးပွဲတွင် အမှုဆောင် ဒါရိုက်တာ Mr. Guy Ryder စကားပြောကြားနေစဉ်။

အကြမ်းဖက်မှုမှာ မြို့လူထုပါဝင်ခြင်း မရှိလို့ တောင်ကုတ်မြို့ခံပြော

အကြမ်းဖက်မှုမှာ မြို့လူထုပါဝင်ခြင်း မရှိလို့ တောင်ကုတ်မြို့ခံပြော
2012-06-07

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားသွားမှုမှာ တောင်ကုတ်မြို့လူထုပါဝင်ပတ်သက်မှု မရှိဘဲ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ဖြစ်ပွားရတာလို့ ဒေသခံတွေက ပြောပါတယ်။

ရွှေတွင်းလုပ်သားများ ဆက်လက်ဆန္ဒပြ

ရွှေတွင်းလုပ်သားများ ဆက်လက်ဆန္ဒပြ
2012-06-07
ရမည်းသင်းခရိုင် မိုးထိမိုးမိ တောင်တ၀ိုက်မှာ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ အသေးစား ရွှေတွင်းကုမ္ပဏီတွေ၊ ရွှေတွင်းလုပ်သားတွေနဲ့ သက်ဆိုင်ရာမိသားစုဝင် စုစုပေါင်း တစ်သိန်းနီးပါးဟာ ဒီကနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။
RFA
ရမည်းသင်းခရိုင် မိုးထိမိုးမိ တောင်တ၀ိုက်ရှိ အသေးစား ရွှေတွင်းကုမ္ပဏီ၊ ရွှေတွင်းလုပ်သားများနှင့် သက်ဆိုင်ရာမိသားစုဝင် စုစုပေါင်း တစ်သိန်းနီးပါး ၂၀၁၂ ခုနှစ် ဇွန်လ ၇ ရက်တွင် ဆန္ဒပြနေကြစဉ်။

မင်းမဲ့စရိုက်အကြမ်းဖက်မှု ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

မင်းမဲ့စရိုက်အကြမ်းဖက်မှု ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
2012-06-06
မြန်မာနိုင်ငံမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း အစိုးရက ၂၀၁၂ ခုနှစ် ဇွန်လ (၆) ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။