Sunday, June 10, 2012

နိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ထုတ်ပြန်။

နိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ထုတ်ပြန်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂
၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀

စစ်တွေမြို့တွင် ဖြစ်ပွားနေသော သတင်းများ ရခိုင်ပြည်နယ် သတင်းထောက်

ဇွန်လ ၁၀၊ ၂၀၁၂၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်။
 ယနေ့ နံနံက် ၉ နာရီခွဲ အချိန်တွင်  မင်းဂံရပ်ကွက်  (ဒိုးမြောင်ရပ်ကွက်)အား ရခိုင်များက မီးရှီုးခဲ့ရာ   ရခိုင်သားတစ်ဦးအား ဘင်္ဂလီများက၀ိုင်းရိုက်လိုက်သဖြင့်  အရေးပေါ်ဆေးရုံတင်ထားရကြောင်းသိရသည်။

“ ဘင်္ဂလီတွေက သူကို့ဓါးနဲ့လိုက်ခုတ်လို့ အပြင်းထန်ဒဏ်ရာ ရသွားတယ်၊လူနာကိုတောင်ရခိုင်တွေ ဘင်္ဂလီတွေဆီကမနည်းလုယူခဲ့ရတယ်’’ဟုစစ်တွေမြို့မင်းဂံရပ်ကွက်မှ  ဦးလှမောင်က ပြောသည်။

 ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ ရန်ကုန်မြို့သို့ တိုက်ရိုက် လေကြောင်းခရီးစဉ်ကို All Nippon Airlways က တစ်ပတ်လျှင် သုံးကြိမ်ဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလခန့်မှ စတင်ပျံသန်းရန် စီစဉ်

7368
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာလေဆိပ်ကို တွေ့ရစဉ်
ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့အကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို All Nippon Airlways မှ တစ်ပတ်လျှင် သုံးကြိမ်ဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလခန့် အစောဆုံးထားကာ စတင်ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း အဆိုပါလေကြောင်းလိုင်းမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

 လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည်ဆိုသော သတင်းများ မကြားသိရသေး

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားနေသော ဖြစ်စဉ်များကြောင့် စစ်တွေမြို့ကို လုံခြုံရေးရယူထားသော လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည်ဆိုသော သတင်းများ မကြားသိရ သေးကြောင်း စစ်တွေမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

10.6.2012 (တနင်္ဂနွေ)နေ့တွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းနှင့် ဆန္ဒဖော်ထုတ်ခြင်း


Myintkyina












မြစ်ကြီးနားမြို့ တွင်10.6.2012 (တနင်္ဂနွေ) နေ့တွင်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ငြိမ်းချမ်းရေး ရလိုကြောင်း ဆန္ဒပြု ဖော်ထုတ်ကြမည်ဖြစ်ပါသည်၊

စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ

မြစ်မခရဲ့ ရခိုင်ပြည်နယ် သတင်းထောက် ဂျီမေးကတဆင့် နောက်ဆုံးပေးပို့ထားတဲ့ သတင်းပါ။

စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ
--------------------------------------------------------------------
ဆူပူများပိုများလာနေသည့် အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး
အလွန်စိုးရိမ်နေရကြောင်းသိရ သည်။
ဘင်္ဂလီများလာရာ လမ်းကြောင်းတွင် ကင်းစောင့်လျက်ရှိသော ရခိုင်မျိုးချစ်ျများ
(မြစ်မခ ရခိုင်ပြည်နယ်သတင်းထောက် သတင်းပေးပို့သည်)

စစ်တွေမြို့ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး လှေများဖြင့် ထွက်ပြေး

စစ်တွေမြို့ မင်းဂံရပ်ကွက် ၁၃ သို့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဘဂါင်္လီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသားများ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားလေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရ ကြောင်းသိရပါသည်။ အဆိုပါလေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရပါသည်။

ယနေ့ မောင်းတောမြို့ ဘင်္ဂါလီအကြမ်းသမားများလက်ချက်နှင့် လူငါးဦး သေဆုံးခဲ့ပြီး

မောင်းတောမြို့ မှ နောက်ဆုံးရသတင်းများ

မောင်တောမြို့နှင့် ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာတွင် လူသုံးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက် ၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်) တို့ ဖြစ်ကြပါသည်။

စစ်တွေတွင် ပစ်မိန့်ပေးပြီ

ဘင်္ဂါလီတွေကို ခုခံဖို့ အသင့်ပြင်ထားတဲ့ ရခိုင်လူငယ်တစု (ဓါတ်ပုံ-ဖေ့စ်ဘုတ်)
နံနက် ၁၂ နာရီဲ၊ ဇွန် ၁၀၊ ၂၀၁၂၊ YPI

အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးသည် စစ်တွေမြို့မင်းဂံရပ်ကွက်ဘက်မှ မြို့ထဲသို့ ၀င်ရောက်လာမည့် အန္တရာယ်ကြုံတွေ့နေရပြီးနောက် လွန်ခဲ့သည့် မိနစ်ပိုင်းတွင် လုံထိန်းရဲတပ်ဖွဲ့အား ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း၊ လုံထိန်းရဲတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် သတိပေးနေကြောင်း စစ်တွေမြို့ခံတဦးက YPI သို့ပြောသည်။

ဒုသမ္မတဒေါက်တာဆိုင်းမောင်ခမ်း ခြံဝင်းမှာရှိတဲ့အမှိုက်ပုံ အပါအ၀င် မူဆယ်မြို့ တွင်ဗုံးငါးလုံး ဆက်တိုက်ပေါက်ကွဲ

ရန်ကုန်၊ဇွန်-၁၀
တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သော မူဆယ်မြို့ တွင်ဇွန်လ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ဗုံး ငါး လုံး ဆက် တိုက်ပေါက်ကွဲခဲ့ကြောင်းဒေသခံမျက်မြင်သက်သေများကပြောသည်။

မောင်တော မှာ လုံခြုံရေးအင်းအားဖြည့် (ဓါတ်ပုံ)

မောင်းတော ဘက်က ကျေးရွာတွေဆီကို နောက်ထပ်စစ်ကြောင်းတွေ ထပ်ဝင်
ရောက်လာတယ်လို့ သိရပါတယ်။

စစ်အင်ဂျင်နီယာတပ်များကလည်း ရခိုင်ပြည်သို့ တက်သွားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။
ရခိုင်မျိုးချစ်များအားလည်း ပြည်သူစစ် အဖွဲ့များ ဖွဲ့ပေးလိုက်ပြီ

စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေ

ဓါတ်ပုံ-ဖေ့စ်ဘုတ်
နံနက် ၁၁ နာရီခွဲ၊ ဇွန် ၁၀၊ ၂၀၁၂၊ YPI

ယနေ့နံနက် ၁၁နာရီရရှိသည့် သတင်းများအရ စစ်တွေမြို့မင်းဂံရပ်ကွက်တွင် နေအိမ်များ မီးရှို့ရန်ကြိုးစားသည့် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေရကြောင်းနှင့် နှစ်ဘက်စလုံး အကျအဆုံးရှိကြောင်း စစ်တွေမြို့ခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

မောင်တော အလယ်သံကျော် ရဲစခန်းစီးနင်းသိမ်းပိုက်ခံရ

ဇွန်လ (၁၀)
မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယမန်နေ့နံနက်ပိုင်းမှ စ၍ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံမှ ကြေညာခဲ့သော်လည်း  အလယ်သံကျော်ကျေးရွာ ရဲစခန်းကို အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးက သိမ်းပိုက်ထားလိုက်သည့် သတင်းများ မောင်တောမြို့သို့ ၀င်ရောက်လာပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရဟတ်ယာဉ်ဖြင့် သွားရောက်နေသည်ဟု မောင်တောမြို့ခံက YPI သို့ပြောသည်။

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ် တို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက တိုင်းရင်းသားနေအိမ်များကို လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၊ ဖြစ်ပွားပြီးနောက်ရက်၌ အခြေအနေများကို သက်ဆိုင်ရာက ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းသိရ

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာများက လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် မြို့နယ် အထွေထွေ အုပ်ချုပ် ဦးစီးဌာနက အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် ညမထွက်ရ အမိန့်ထုတ် ပြန်ထားကြောင်း သတင်းရရှိပါသည်။

 စစ်တွေမြို့၌ လုံခြုံရေးမလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာဓါတ်ပုံများ


စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း စစ်တွေမြို့မှ  ရရှိသော သတင်းများအရ သိရသည်။ စစ်တွေမြို့ မင်းဂံရပ်ကွက်၁၃ သို့ နံနက် ၁၀ နာရီ မိနစ်၃၀အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသးများနှင့် ထိပ်တိုက် တိုးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မသီတာထွေးအား မုဒိမ်းကျင့်၊ ပစ္စည်းလု သတ်ဖြတ်ခဲ့သူတဦး မိမိကိုယ်ကို အဆုံးစီရင်သွား

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်း ကျေးရွာနေ မသီတာထွေးအား မုဒိမ်းကျင့်၊ ပစ္စည်းလု သတ်ဖြတ်ခဲ့သူ တရားခံသုံးဦးအနက်မှ ထက်ထက် (ခ) ရော်ရှီးသည် ကျောက်ဖြူ အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားစဉ် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းရရှိသည်။

ကြိုတင်သတိထားသင်.တဲ.သတင်းလေးတခုပါ

ကျွန်တော်ဒီသတင်းလေးကိုမေးကနေရလို.တင်လိုက်တာပါမှန်တယ်မမှန်ဘူးဆိုတာကတော.ဖြစ်လာမှသိမှာပေါ.
ဒါပေမဲ.ကျွန်တော်ပြည်သူတွေသတိထားနိုင်အောင်လို.ကျွန်တော်ရည်၇ွယ်ပြီးတော.တင်လိုက်တာပါတတ်နိုင်
သလောက်တော.အသိပေးစေချင်တယ်..

အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲပြီး လွှတ်တော်သို့ အဆိုပြုတင်သွင်းသွားမည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးသိန်းညွန့်နှင့် မေးမြန်းခြင်း

ယနေ့ ကမ္ဘာအနှံ့အပြားရှိ နိုင်ငံများ၌ ပြောင်းလဲနေသည့် ခေတ်စနစ်နှင့် အညီ အုပ်ချုပ်ရေးယန္တရား အသီးသီးတွင် အကျင့်ပျက်ခြစားမှုများ ရှိနေကြောင်း သိရှိရသည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံး အင်အားကြီး စီးပွားရေးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံများ၊အချို့သော

 ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ် တို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက တိုင်းရင်းသားနေအိမ်များကို လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၊ ဖြစ်ပွားပြီးနောက်ရက်၌ အခြေအနေများကို သက်ဆိုင်ရာက ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းသိရ


ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာများက လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် မြို့နယ် အထွေထွေ အုပ်ချုပ် ဦးစီးဌာနက အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် ညမထွက်ရ အမိန့်ထုတ် ပြန်ထားကြောင်း သတင်းရရှိပါသည်။

 ဆေးရုံတက်ရောက်သူများ၏ ၃၅ ရာခိုင်နှုန်းကျော်သည် အရေးပေါ် ပြဿနာများကြောင့် ဖြစ်ပြီး သေဆုံးရခြင်း အကြောင်းအရင်း၏ ၅၀ ရာခိုင်နှုန်းခန့်သည် အရေးပေါ် အခြေအနေကြောင့်ဖြစ်

နိုင်ငံပိုင်ဆေးရုံကြီးများ၏ စာရင်းဇယားအရ ဆေးရုံတက်ရောက် သူများ၏ ၃၅ ရာခိုင်နှုန်းကျော် သည် အရေးပေါ် ပြဿနာကြောင့်ဖြစ်ပြီး သေဆုံးရခြင်း အကြောင်းအရင်း၏ ၅၀ ရာခိုင်နှုန်းခန့်သည် အရေးပေါ် အခြေအနေကြောင့် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင်

၂၀၁၁-၁၂ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို စာစစ်ဌာနအသီးသီးမှ ထုတ်ပြန် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျမ်းမျှအောင်ချက် ရာခိုင်နှုန်း ၃၀ ကျော်ခန့်ရှိကြောင်း သိရ



7364
အထက(၂) တောင်ဥက္ကလာပကျောင်းတွင် နံနက် ၃ နာရီဝန်းကျင်က အောင်စာရင်း လာရောက်ကြည့်ရှုသူများကို တွေ့ရစဉ်
၂၀၁၁-၁၂ ပညာသင်နှစ်၏  အခြေခံပညာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများမှာ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ထွက်ရှိခဲ့ပြီး ယခင်နှစ်ကကဲ့သို့ပင် စနေနေ့၌ ထုတ်ပြန်ကြေငြာခဲ့ပါသည်။
ယခင်နှစ်၂၀၁၀-၁၁ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဇွန်လ (၄)ရက်နေ့တွင် ထွက်ရှိခဲ့ခြင်းဖြစ်ရာ ယခုနှစ်၏ထုတ်ပြန်ကြေငြာချက်မှာ ယခင်နှစ်

 စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက်ခွဲခြားကာ ယာယီ အခြေခံလစာအား သတ်မှတ်သွားမည်ဟု သိရ

7365
လှိုင်သာယာစက်မှုဇုန် ကနောင်မင်းသားကြီး ခန်းမတွင် စက်ရုံလုပ်ငန်းရှင်များအား အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ယာယီအခြေခံလစာနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက် ခွဲခြားကာ ယာယီ အခြေခံလစာအား သတ်မှတ်ပေး သွားမည်ဟု ဇွန်လ ၅ ရက်နေ့က လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်မင်းသားကြီးခန်းမတွင် ပြုလုပ်ခဲ့သော ယာယီအခြေခံလစာ ညှိနှိုင်းဆွေးနွေးပွဲတွင် အလုပ်သမားရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီးဦးမြင့်သိန်း၏ ပြောကြားချက်များအရ သိရှိရသည်။

စစ်တွေ နောက်ဆုံးရသတင်းများစုစည်းမှု

ည ၈ နာရီ

526226 438911916133929 1578293431 n






ဇွန်လ ၉ ရက်နေ့ ညဥ့် ၈ နာရီတွင် လီမွတ်ဆလင်အုပ်စုတစ်ခုသည် မင်းဂံရပ်ကွက် အကွက် ၁၅ ရှိ ရခိုင်အိမ်တစ်အိမ်ကို ဝင်ရောက်မီးရှို့ပြီး အသက် (၄၀)ကျော် ရှိသော ဦးဘစိန်ကိုလည်း သတ်ဖြတ်ခဲ့သည်ကို သတင်းရရှိသည်။

မွတ်ဆလင်များ သူတို့အိမ်ကို သူတို့မီးရှို့ခြင်းကြောင့် ရခိုင်အိမ်များကို ကူးစက်

စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၁)တွင် မွတ်ဆလင်များသည် သူတို့၏အိမ်ခြေ ၃၀ကျော်ကို သူတို့ကိုယ်တိုင် မီးရှို့လိုက်ရာတွင် ရခိုင်အိမ်(၃)အိမ် ပါဝင်သွားကြာင်းသတင်းရရှိသည်။
မင်းဂံရပ်ကွက် အကွက် (၁၅)တွင်လည်း မွတ်ဆလင်များ ရခိုင်ရွာထဲသို့ ၀င်ရောက်လာပြီး မီးရှို့သွားခဲ့ကြောင်းသိရှိရသည်။

အက်ဆစ်ငွေ့ ရှူရှိုက်နေရတဲ့ ကံကုန်းရွာ ရုပ်/သံ

သတ္ထုတွင်း ဝန်ကြီးဌာနက တူးဖော်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအနီးက လက်ပန်းတောင်းတောင် ကြေးနီ
စီမံကိန်းကြောင့် ဒေသခံ ပြည်သူတွေဟာ သူတို့ သားသမီးတွေရဲ့ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် ကံကုန်းရွာ အနောက်ပိုင်း

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု လက်ခံပွဲ ပြည်တွင်း မြန်မာများတက်ရောက်မည်

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု လက်ခံပွဲ ပြည်တွင်း မြန်မာများတက်ရောက်မည်
2012-06-10
၁၉၉၁ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နဲ့ မြန်မာပြည်တွင်းက သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အနုပညာရှင်တချို့လည်း တက်ရောက်ဖို့ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
Nobelprize.org

မသီတာထွေး သတ်ဖြတ်မှု ကျူးလွန်သူများ အများရှေ့မှောက် စစ်ဆေးမည်

မသီတာထွေး သတ်ဖြတ်မှု ကျူးလွန်သူများ အများရှေ့မှောက် စစ်ဆေးမည်
2012-06-09
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမှော် ဒေသက မသီတာထွေး အမည်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့် သတ်ဖြတ်မှုနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူထောင်မှာ ထိန်းသိမ်းထားသူ သုံးဦးထဲက ထက်ထက် (ခေါ်) ရော်ရှီး ဟာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ကျောက်ဖြူ အကျဉ်းထောင်ကို အာအက်ဖ်အေက ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသား တိုးတက်ရေး ပါတီက ဦးဘရှင်ကို ဆက်သွယ်မေးမြန်းရာမှာ -

ရန်ကုန် အချို့မြို့နယ်များတွင် ဧည့်စာရင်း စစ်မည်ဟု နှိုးဆော်

ဇွန် ၉၊ ၂၀၁၂၊ YPI

ရန်ကုန်မြို့ရှိ အချို့သော မြို့နယ်များတွင် ယနေ့ညဧည့်စာရင်း စစ်ဆေးမည်ဖြစ်၍ တိုင်ထားပါရန် ရပ်ကွက်ဆယ်အိမ်မှူးများက နှိုးဆော်ထားကြောင်း သိရသည်။

ဧည့်စာရင်း မစစ်ဆေးသည်မှာ တနှစ်ကျော်ကြာပြီးနောက် ယခုရက်ပိုင်းအ တွင်းရခိုင်ပြည်နယ်တွင် မငြိမ်သက်မှုများ ဖြစ်ပွားပြီးနောက် ယခုလို ပြန်လည်စစ်ဆေးခြင်းဖြစ်သည်။

Yangon Press International

စစ်တွေမြို့ ရပ်ကွက်အချို့ အကြမ်းဖက်မှု မီးရှို့မှုများဖြစ်ပွားနေ

ဆိုင်တစီးမီးရှို့ ခံရစဉ် (ဓါတ်ပုံ-MNN)
 နံနက် ၉နာရီခွဲ၊ ဇွန် ၁၀၊ ၂၀၁၂၊ YPI

စစ်တွေမြို့ ဘုမေရွာဘက်တွင် ယမန်နေ့ညက ဘင်္ဂါလီလူမျိုး အကြမ်းဖက်သူများနှင့် လုံထိန်းတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ပစ်ခတ်မှုမျိုးအထိ ရှိခဲ့ကာ ရခိုင်အမျိုးသား တချို့ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများက ဆိုသည်။

ကျေးရွာတွေကနေ စွန့် ခွာလာတဲ့ ရခိုင်တိုင်းရင်းသားများ (ဓါတ်ပုံ)

စစ်တွေမြို့ မင်းဂံ အကွက်(၁) နောက်ဘက်ရှိ ဘင်္ဂလီရွာများမီးလောင်နေ (ကိုယ်တိုင်မီးရှို့ ခြင်းဟု သတင်းရ)၊ မင်းဂံမှ မိန်းမ ၊ ကလေးနှင့် လူအိုများအား ဘေးကင်းရာသို့ရွှေပြောင်းနေ..... လုံခြုံရေးအဖွဲ့ဝင်များ ချပေးထားသော်လည်း အင်အားနည်းပါးသည်ကို မြင်တွေ့ခဲ့ရပါသည် (ကိုယ်တိုင်သွားရောက် သတင်းယူဆောင်ထားသဖြင့် သတင်းမှာ မှန်ကုန်မှုရှိပါသည်) — မင်းဂံမှာ ရွာသူ၊ ရွာသားများ နေအိမ်များအား စွန့် ခွာနေပုံတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ D-nwe Oo

ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးစဉ် NLD သတင်းထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်ကို လာမယ့်ဇွန်လ ၁၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီးတော့ ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ရှိမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ 

 ကချင်ပြည်နယ်တွင်း တိုက်ပွဲများ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခြင်း၏ နှစ်ပတ်လည် ဆုတောင်းပွဲအခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

အခမ်းအနား လာရောက်သူများနှင့် ခန်းမသို့အ၀င်လမ်း ခင်းကျင်းမှု
ကချင်ပြည်နယ်တွင်း တိုက်ပွဲများ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခြင်း၏ နှစ်ပတ်လည် ဆုတောင်းပွဲ အခမ်းအနားတစ်ရပ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 ဥပဒေနှင့် မညီညွတ်ဘဲ အဂတိလိုက်စားကာ စီရင်ချက်ချမှတ်သည့် တရာသူကြီးများအား ထိရောက်စွာ အရေးယူနိုင်မည့် ဥပဒေမူကြမ်းကို လာမည့်ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ပြောကြား

7361
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို အပါအ၀င်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်
လက်ရှိကာလတွင် တည်ဆဲ ဥပဒေများ၌ ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့်အတွက် ထိုဥပဒေမျိုးကို လာမည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြဋ္ဌာန်းနိုင်ရန် စီစဉ် လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇွန်လ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကချင်စစ်ပွဲ တနှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲ မြစ်ကြီးနားမှာ ကျင်းပ

ကချင်စစ်ပွဲ တနှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲ မြစ်ကြီးနားမှာ ကျင်းပ
2012-06-09
ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲ တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြစ်ကြီးနားမြို့မှာ ဆုတောင်းပွဲ ကျင်းပကြရာ မြို့ခံလူထု ၂၀၀၀ ကျော်လောက် တက်ရောက်ကြတယ်လို့ သိရပါတယ်။
Photo courtesy of KIO

မောင်တောလုံခြုံရေး တပ်မတော် အာမခံ

ဇွန် ၈ ရက် မောင်တောတွင် ဆူပူသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက် ရင်ဆိုင်နေစဉ် (ဓာတ်ပုံ - မှူးဇော်၏ Facebook)
အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယနေ့ ရောက်ရှိလာသည့် ကာကွယ်ရေး ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး လှမင်းက နယ်မြေလုံခြုံရေး တပ်မတော်က ကာကွယ်ပေးထားပြီဖြစ်၍ ပူပန်စရာ မလိုတော့ကြောင်း ဒေသခံ တိုင်းရင်းသားများကို ကတိပေးပြောဆို သွားသည်။

ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံဟု ၈၈ ကျောင်းသားများ ပြော


ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးအဖြစ် ထည့်သွင်းရန် ကမ္ဘာ့နိုင်ငံကြီးများက ဖိအားပေးလာပါက အမျိုးသားရေးပြဿနာအဖြစ် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ယမန်နေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

မောင်တောတွင် ရဟတ်ယာဉ်များဖြင် အစိုးရ တာဝန်ရှိသူများ ရောက်ရှိလာ

ယခုအခါ မောင်တောမြို့သို့  အစိုးရ အဆင့်မြင့် အရာရှိများ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာပြီ ဖြစ်သဖြင့် ခိုကိုးရာမဲ့ ဖြစ်နေကြသော လူထုကြီးမှာ စိတ်သက်သာရ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးကို မေးမြန်းစဉ် ပြောကြားသည်။
မြန်မာမှစစ် ရဟတ်ယာဉ်

ဒုတိယသမ္မတ မောင်တောသို့ရောက်ရှိ

Voice_president







ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွါးနေသော အခြေအနေများကို ဖြေရှင်းပေးရန် နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မောင်တောမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက် ရေး ပါတီနှင့် ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက ပြောကြားပါသည်။


ရခိုင်ပြည်နယ် ပဋိပက္ခ ထောင်ချီ ထွက်ပြေးနေဆဲ

ရခိုင်ပြည်နယ် မောင်တောမြို့ အဝင်ဝ မုခ်ဦး (ဓာတ်ပုံ - နိရဉ္စရာ)
ရခိုင်ပြည်နယ် မောင်တောမြို့နှင့် အနီးတ၀ိုက် ကျေးရွာ ၂၀ ခန့် မီးရှို့ဖျက်ဆီးခံလိုက်ရပြီးနောက် ဒေသခံ ပြည်သူ ထောင်ချီကာ ထွက်ပြေး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ဂြိုလ်တုစနစ်ဖြင့် အင်္ဂလိပ်ခေတ်က နှစ်မြုပ် ထားသော လေယာဉ်များကို ရှာဖွေမည်

08 JUN 2012  | BY ITTIMES
မြန်မာနိုင်ငံ အတွင်း ယခင်မြေ အောက်၌ နစ်မြုပ် နေခဲ့သော လေယာဉ် များကို နာဆာ၏ အဆင့်မြင့် High tech ဂြိုလ်တုစနစ် အသုံးပြု၍ တည်နေရာ ကို ပြန်လည် ရှာဖွေပြီး တူးဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

KNPP နဲ့ ၀န်ကြီး ဦးအောင်မင်း အဖွဲ့ ငြိမ်းချမ်းရေးဆက်လက် ဆွေးနွေး

KNPP နဲ့ ၀န်ကြီး ဦးအောင်မင်း အဖွဲ့ ငြိမ်းချမ်းရေးဆက်လက် ဆွေးနွေး
2012-06-09
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ အ၇င်က သဘောတူညီမှု မရသေးတဲ့ အချက်တွေကို ဒီကနေ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်း အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ပြေလည်မှု မရရှိသေးဘူးလို့ သိရပါတယ်။
RFA

မောင်တော တည်ငြိမ်/ကယ်ဆယ်/ထူထောင်ရေးအဖွဲ့ ဖွဲ့စည်းလိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် သောကြာနေ့က ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် အသက်အိုးအိမ်ပျက်စီးကာ ဆင်းရဲဒုက္ခရောက်လျက်ရှိသည့် တိုင်းရင်းသားများအား အနီးကပ်ကူညီ
စောင့်ရှောက်နိုင်ရန်အတွက် ‘တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့’ သမ္မတ၏ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းလိုက်ကြောင်း စနေနေ့က ကြေညာလိုက်သည်။

အာဏာပိုင်များ ထိန်းသိမ်းမှု နှောင့်နှေး၍ မောင်တော ပဋိပက္ခ ကြီးမားခဲ့ဟု RNDP ဝေဖန်

စံခလပူရီ (မဇ္ဈိမ)။     ။ သောကြာနေ့ နေ့လည် တနာရီခန့်မှ စတင်၍ မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ် ဘာသာဝင်များ၏ ဆူပူမှုများအား ကိုင်တွယ် ထိန်းသိမ်းရန် အာဏာပိုင်များမှ စီစဉ်ဆောင်ရွက်မှု နှောင့်နှေး ကြန့်ကြာခဲ့၍ ပဋိပက္ခ ကြီးမားခဲ့သည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ဝေဖန်လိုက်သည်။

ရခိုင်အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းဖို့ NLD မေတ္တာရပ်ခံ

ရခိုင်အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းဖို့ NLD မေတ္တာရပ်ခံ
2012-06-09
ရခိုင်ပြည်နယ်မှာ လောလောဆယ်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လှုံ့ဆော်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။

RFA

 ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေအနေနှင့် ပတ်သက်ပြီး နောက်ဆုံးရသတင်းများ ဇွန်လ ၉ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်မှဇွန်လ ၉ ရက် ည ၈ နာရီ ၂၅ မိနစ်

ဇွန်လ ၉ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်
နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည့် အစီအစဉ်မရှိကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကို အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းမှစတင်၍ အခြေအနေ များ မူလအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိက ၄င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။