Thursday, June 14, 2012

“နောက်ပြန်သွားမှာ စိုးရိမ်တဲ့အတွက် စစ်တပ်ကို မသုံးတာ”

စစ်တွေမြို့တွင် နေအိမ်များ မီးလောင်ကျွမ်းနေသည်ကို ဇွန် ၁၀ ရက်နေ့က မြင်တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက မောင်တောမြို့တွင် ယခုလ ၈ ရက်နေ့က ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသား

ရခိုင်ပဋိပက္ခ ဒုက္ခသည်တွေ ကူညီရေး နိုင်ငံတကာ တိုက်တွန်း

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ အဓိကရုဏ်းတွေကြောင့် ထွက်ပြေး နေကြရတဲ့ ဒုက္ခတွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ လက်ခံ ကူညီဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အလားတူပဲ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR ကလည်း မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်နှင်ထုတ်ခဲ့တဲ့ အပေါ်မှာ စိုးရိမ်ကြောင်း ပြောဆိုပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် သတင်းများ ရန်ကုန်တိုင်းအစိုးရ စိစစ်မည်

ရခိုင်ပြည်နယ် ပဋိပက္ခ သတင်းရေးသားမှုနှင့် ပတ်သက်၍ မီဒီယာများအား ခေါ်ယူသတိပေးနေသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)
ပြည်တွင်းမီဒီယာများ၏ ရခိုင်ပြည်နယ် ပဋိပက္ခ သတင်းရေးသားမှုနှင့် ပတ်သက်သော စိစစ်ဖြတ်တောက် မှုများအား ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးက ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်ချက်ကို ခံယူ လုပ်ဆောင်နေရကြောင်း သတင်းရရှိသည်။

စစ်တွေမြင်ကွင်း

(ဓာတ်ပုံ - ခင်သြ / ဧရာဝတီ)
စစ်တွေ လေယာဉ်ကွင်းကို လေယာဉ် မဆင်းခင်ကတည်းက အလိပ်လိုက် အလိပ်လိုက် တက်နေတဲ့ မီးခိုးလုံးကြီးတွေကို အပေါ်စီးက မြင်နေရတယ်။ လေယာဉ်ကွင်းမှာတော့ စစ်သားတချို့ ယူနီဖောင်းအပြည့်အစုံ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားတာကို တွေ့ရတယ်။ မြို့ထဲမှာ မီးခိုးတွေ လိပ်လိပ်တက်လာအောင် မီးလောင်နေပေမယ့် လေယာဉ်ကွင်းက လူတွေကတော့ သူတို့နဲ့ မဆိုင်သလိုပဲ။ လုပ်စရာရှိတာ အေးအေးဆေးဆေး လုပ်နေကြတယ်။

ရခိုင်ပြည်နယ် ဒုက္ခသည်များအရေး ကုလသမဂ္ဂ ကူညီမည်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ရှောင်တိမ်းခဲ့ရသည့် ဒုက္ခသည် အမျိုးသမီး တဦးကို ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
ရခိုင်ပြည်နယ် အတွင်း အဓိကရုဏ်းများ ဖြစ်ပွားမှုကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည်များ အရေးကို မြန်မာအစိုးရနှင့် ပူးပေါင်း ကူညီသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီယာက ယနေ့ ပြောဆိုလိုက်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် ကုလ ကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ဆွေးနွေး

သမ္မတ ဦးသိန်းစိန် နှင့် Peace Donor Support Group (PDSG) ကိုယ်စားလှယ်များ နေပြည်တော်တွင် ဇွန်လ ၁၂ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - သမ္မတရုံး ဝက်ဘ်ဆိုဒ်)
ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများကြောင့် အရေးပေါ် အခြေအနေ ကြေညာထားသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယားနှင့် သမ္မတ ဦးသိန်းစိန်တို့  ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ပမှ ခိုးဝင်နေတဲ့ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေရဲ့ ကလိမ်ကကျစ် အကောက်ကြံပုံများ

လွန်ခဲ့တဲ့ ၃ နှစ်ကျော် ရက်အတိ အကျဆိုရင် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဖက် အကျဆုံး ကမ်းလွန် ရေပိုင်နက်ထဲမှာ စက်လှေတစီး နစ်မြှုပ်သွားတော့မယ်လို့  သတင်းရတာကြောင့် အင်ဒိုနီးရှား ရေတပ်က သွားရောက်ကယ်ဆယ်ပြီး ကမ်းခြေကို ပို့ပေးခဲ့ပါတယ်။ စက်လှေပေါ်မှာ ယောက်ျားချည်း ၁၉၃ ဦး ရှိနေပြီး ၁၇ ဦးက လွဲလို့ ကျန်တဲ့သူအားလုံး ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အင်ဒိုနီးရှားကမ်းခြေမှာ လဲလျောင်းနေကြတာကို ဓါတ်ပုံထဲမှာ တွေ့မြင်နိုင်ပါတယ်။ ရိုဟင်ဂျာတွေဟာ အင်ဒီုနီးရှား နိုင်ငံသား မဟုတ်တာ နိုင်ငံတကာက သိကြပါတယ်။ 

ဇွန် (၁၃) ရက်နေ့ နံနက် ရခိုင်ပြည်နယ် အခြေအနေ

R_18ဇွန်လ (၈) ရက်နေ့ မှ (၁၁) ရက် အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက် မှုကြောင့် လူနေအိမ်ခြေ (၁၆၆၂)လုံး၊
မီးလောင် ဆုံးရှုံး ခဲ့ကြောင်း၊ လူ (၂၁) ဦး သေဆုံးပြီး၊ (၂၁) ဦး ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ ဆိုင်ကယ် (၁၈) စီး၊ ဆိုင်ခန်း(၆) ခန်း၊ ထော်လာဂျီ သုံးစီး၊ စက်ဘီး (၉) စီး၊ ပျက်စီး ခဲ့ကြောင်း၊ ပြန်ကြားရေး ၀န်ကြီး ဌာန၏ ၀က်ဆိုဒ်၌ ဖေါ်ပြခဲ့ပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူး ကိုယ်စားလှယ် ရခိုင်ကို ရောက်ရှိ

PSDG
ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဗီဂျေနမ်ဘီယားသည်၊ အကြမ်း ဖက်မှုဖြစ်ပွားနေသော ရခိုင်ပြည်နယ်သို့ ယနေ့ ရောက်ရှိနေသည်ဟု ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂရုံးမှ ပြောပါသည်။ သူသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အကူအညီ ပေးရေး အဖွဲ့(Peace Donor Support Group- PDSG) အတွက် သမ္မတဦးသိန်းစိန်
ဦးဆောင်သော ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုအဖွဲ့နှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု ကုလသမဂ္ဂရုံးမှ ဦးအေးဝင်းက ဆိုပါသည်။

မြန်မာ ဘောလုံး အဖွဲ့ချုပ်မှ ရခိုင် ဒုက္ခသည်များ အတွက် သိန်း (၅) ထောင်ကျော် လှူဒါန်း

Zaw_Zaw_23





ရခိုင်ပြည်ရှိ အခက်အခဲ ကြုံတွေ့နေရသော ဒေသခံ ပြည်သူများ အတွက် အလှူငွေ ကျပ် ၅၀၀၉ သိန်းနှင့် လူ ၃၀၀၀ အတွက် တစ်ကိုယ်ရေ သုံးပစ္စည်း (စောင်၊ ခေါင်းအုံး၊ အ၀တ်အစား တစ်စုံ…စသည်) များကို မြန်မာနေရှင်နယ်လိဂ် ဘော်လုံး အသင်းပိုင် ရှင်များမှ စုပေါင်းပြီး လှူဒါန်း ခဲ့ကြောင်း၊ ပြည်နယ် ၀န်ကြီး ချုပ်ရုံးမှ သိရပါသည်။

NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်း မမှန်သတင်းပေးမှုဖြင့် တရားစွဲဆိုခံရ

ရန်ကုန် (မဇ္ဈိမ) ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းအား ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ဥပဒေပုဒ်မ ၁၈၂ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားစွဲဆိုထားကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ နယ်စပ်တလျှောက်ရှိ ကျေးရွာများတွင်လည်း လုံခြုံရေး ကင်းများချ


( နိရဉ္စရာ), — June 12, 2012
ဘင်္ဂလာဒေခ်ျ့နိုင်ငံ နယ်စပ်တလျှောက်ရှိ ကျေးရွာများတွင်လည်း လုံခြုံရေး ကင်းများချ

မြန်မာ နယ်စပ် အနီး တည်ရှိသော ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းရှိ ရခိုင်နှင့် ဘင်္ဂလီ ကျေးရွာများတွင်လည်း လုံခြုံရေး ကင်းများချကာ မိမိ ရပ်ရွာကို မိမိ စောင့်ရှောက်နေကြသည်ဟု သိရသည်။

အထူးသဖြင့် ရခိုင်နှင့် ဘင်္ဂလီများ အနီးကပ် နေထိုင်သော နတ်ကျောက်ဆရီ မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ထိုသို့ ကင်းများချပြီး ရပ်ရွာများ၏ လုံခြုံရေးကို လုပ်ဆောင်နေကြသည်ဟု ဆိုသည်။

မင်းပြားတွင် မွတ်ဆလင်ရွာကို ဖျက်သည့် သတင်း မဟုတ်မှန်


( နိရဉ္စရာ),— June 12, 2012

မင်းပြားတွင် မွတ်ဆလင်ရွာကို ဖျက်သည့် သတင်း မဟုတ်မှန်

မင်းပြားတွင် ရခိုင်များက မွတ်ဆလင်ရွာများကို မီးတိုက် ဖျက်ဆီးနေသည် သတင်းမှာ မဟုတ်မှန်ကြောင်း မင်းပြားအမတ် ဦးသာကျော်က ပြောသည်။
 “ မြို့ထဲမှာတော့ လူငယ်တွေက ဓါးတွေ တုတ်တွေ ကိုင်ပြီး ကင်းလှည့်နေပါတယ်။ အာဏာပိုင်တွေက မေတ္တာရပ်ခံထားတဲ့ အတွက် ကျွန်တော်တို့ဘက်ကတော့ ဘာမှ မလုပ်သေးပါဘူး။ သူတို့က ရန်မစရင်ပေါ့” ဟု သူက ပြောသည်။

စစ်တွေတွင် တုတ်၊ဓါး လက်နက် မကိုင်ရ အမိန့်ထုတ်


( နိရဉ္စရာ), — June 13, 2012 at 6:17 pm
စစ်တွေတွင် တုတ်၊ဓါး လက်နက် မကိုင်ရ အမိန့်ထုတ်


ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားနေသော စစ်တွေတွင် တုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်၍ လမ်းများပေါ်တွင် မသွားလာရဟု ယနေ့ နံနက်က အာဏာပိုင်များက အမိန့်ထုတ်ကြောင်း သိရသည်။

၎င်းအမိန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်ပြီး ယနေ့နံနက်က အသံချဲ့စက်ဖြင့် မြို့ကို ပတ်ကာ ကျေညာသွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

 တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံရန် UNHCR၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေရှ် အစိုးရ ပယ်ချ



Bingalar989332-01-02
ဘင်္ဂလားဒေရှ် ဆိပ်ကမ်းများကို စောင့်ကြပ်နေသော ဘင်္ဂလားဒေရှ် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo: AFP)
ဘင်္ဂလားဒေရှ်နိုင်ငံဖက်သို့ တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံထားရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ တောင်ဆိုချက်အား ဘင်္ဂလားဒေရှ် အစိုးရက ပယ်ချလိုက်ကြောင်း သိရသည်။
ဘင်္ဂလားဒေရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမွန်နီက မြို့တော် ဒါကာတွင် ဇွန်လ ၁၂ ရက်နေ့က သတင်းထောက်များကို ပြောကြားရာတွင် "နောက်ထပ် ဒုက္ခသည်တွေ ထပ်ဝင်လာတာကို ခွင့်ပြုဖို့ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံး အကျိုးစီပွားမဟုတ်တာ လုံးဝသေချာပါတယ်။ နောက်ထပ် ဒုက္ခသည်တွေ အမြောက်အများ ထပ်ဝင်လာခွင့်ပြုမှာ မဟုတ်ပါဘူး။" ဟုပြောကြားခဲ့သည်။
ဘင်္ဂလားဒေရှ် အစိုးရသည် ဇွန်လ ၁၂ ရက်နေ့က နိင်ငံအတွင်းသို့ ၀င်ရောက်လာသော ရိုဟင်ဂျာ ၁၀၀၀ ကျော်ကို လှေ ၃ စီးဖြင့် မြန်မာနိုင်ငံဘက်သို့ ချက်ချင်း ပြန်လွှတ်ခဲ့သည်။ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ဘင်္ဂါလားဒေရှ်တွင် ရိုဟင်ဂျာ ၂သိန်းမှ ၃ သိန်းအကြား လက်ခံ ထားရခြင်းကို ၀န်ထုပ်ဝန်ပိုးအဖြစ် မှတ်ယူထားပြီး ရိုဟင်ဂျာများကို နိုင်ငံမဲ့လူမျိုးများအဖြစ် မြန်မာနိုင်ငံနည်းတူ ယူဆထားသည့် နိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေရှ်မီဒီယာများ၏ ဖေါ်ပြမှုအရ သိရသည်။
ဘင်္ဂလားဒေရှ်နိုင်ငံဖက်သို့ တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံထားရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ တောင်ဆိုချက်အား ဘင်္ဂလားဒေရှ် အစိုးရက ပယ်ချလိုက်ကြောင်း သိရသည်။

သံတွဲ ဂျိတ်တော သောက်ရေကန် အဆိပ်ခတ်ခံရ


( နိရဉ္စရာ),   — June 12, 2012
သံတွဲ ဂျိတ်တော သောက်ရေကန် အဆိပ်ခတ်ခံရ


သံတွဲ မြို့နယ် ဂျိတ်တော ကျေးရွာ သောက်ရေကန် အဆိပ်ခတ်ခံရကြောင်း သတင်း ရရှိသည်။
ယခုကဲသို့ အဆိပ်ခတ်ခံရမူကြောင်း ကန်ထဲရှိ ငါးများ သေဆုံးသွားကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ကိုကြီးသန်းက ပြောသည်။

လွှတ်တော်အစည်းအဝေးများ ဇူလိုင်လဆန်းတွင် ပြန်စမည်

မဇ္ဈိမသတင်းဌာန ။       ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့၏ ပထမအကြိမ် လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးများကို ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။

ဦးအေးလွင်ကို ပါတီမှ ထုတ်ရန် ကော်မရှင်၏အမိန့်စာ ပါတီက လက်မခံ

ချင်းမိုင်(မဇ္ဈိမ) ။       ။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်အား နိုင်ငံရေး ပါတီဝင်များ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီမှ ထုတ်ပယ်ရန် ရွေးကောက်ပွဲကော်မရှင်မှ အမိန့်စာထုတ်ဆင့်သော်လည်း ထုတ်ပယ်မည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တသောင်းတန် ကြေညာပြီးနောက် ငွေလဲကောင်တာများတွင် FEC ပြတ်လပ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကျပ် တသောင်းတန် ငွေစက္ကူသစ်များ ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေမည် ဖြစ်
ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇွန်လ ၈ ရက်နေ့က ကြေညာပြီး နောက်ပိုင်း ပြည်တွင်း ရွှေဈေးနှင့် ဒေါ်လာ
ဈေးများ တဖြည်းဖြည်း တက်နေရာမှ ရန်ကုန်မြို့ နိုင်ငံခြား ငွေလဲကောင်တာများတွင် FEC နှင့် ဒေါ်လာများ ပြတ်လပ် သည့်အထိ အဝယ်လိုက်လျက် ရှိကြောင်း သိရသည်။

SNLDအမည်ရင်းအတိုင်း မှတ်ပုံတင်ကျ

စံခလပူရီ (မဇ္ဈိမ) ။        ။ ယခင် ၁၉၉ဝ ရွေးကောက်ပွဲဝင်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အား မူလအမည်အတိုင်း ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၁၂ ရက်နေ့တွင် မှတ်ပုံတင်ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း ပါတီ
ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် နိုင်ငံတကာမှ ဒေါ်လာသန်း ၈၀၀ ကျော် ပေး

ချင်းမိုင်(မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအတွင်း  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးအတွက် ကုလသမဂ္ဂ၊ သြစတြေးလျ၊ ဥပရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံများက အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဝဝ ကျော် ကနဦး ကူညီ
ထောက်ပံ့ မည်ပြီး ထပ်မံ၍လည်း သန်း ၃ဝဝ ကျော် ပေးဦးမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်အား ကတိ ပေးလိုက်
ကြသည်။

စီမံကိန်းများ ချောမွေ့ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မဇ္ဈိမ သတင်းဌာန ။         ။ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် အဓိက စီမံကိန်း အချို့အား
ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် သေချာအောင် ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi က ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံအား တိုက်တွန်းလိုက်သည်။

အစိုးရ တပ်ရင်းများ တိုးချဲ့လာ၍ ရှမ်းဒေသခံများ ပိုမိုစိုးရိမ်လာ

အစိုးရ တပ်ရင်းများ တိုးချဲ့လာ၍ ရှမ်းဒေသခံများ ပိုမိုစိုးရိမ်လာ


ချင်းမိုင်(မဇ္စျိမ) ။       ။ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲထား သော်လည်း ရှမ်းပြည်နယ် အတွင်း မြန်မာအစိုးရ၏ စစ်တပ်များ ပိုမိုတိုးချဲ့လာသဖြင့် ကျေးလက်နေပြည်သူများ နေ့စဉ် ထိတ်လန့်နေရသည်ဟု
ဒေသခံများနှင့် လူထုအခြေပြု အဖွဲ့အစည်းများက ပြောသည်။

ယာဉ် ရပ်နားခ အတွက် အခက်ကြုံနေရတဲ့ ကားသမားတွေ


ဒေါ်အောင်ဆန်းစုကြည် ၁၈ ရက်ကြာ ဥရောပခရီးစဉ် စတင်


ဆင်ဆာ ပိတ်ခံ ရုပ်ရှင်ကားတွေ ပြန်လည် ခွင့်ပြု


ဂုန်းကျော်တံတား ဆောက်လုပ်မှုကြောင့် သွားလာမှု အခက်တွေ့


 ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်းနှင့် စက်မှုဇုန်များ အကောင်အထည်ဖော်မည့် သတင်းများကြောင့် ပဲခူးမြို့တွင် မြေကွက်များ အ၀ယ်လိုက်နေပြီး အမှန်တကယ် ရှိသင့်သည့် နှုန်းထားတန်ဖိုးထက် ကျော်လွန်၍ အရောင်းအ၀ယ်များ ဖြစ်ပေါ်နေ



5114
ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်း လုပ်ဆောင်ရန် ယခင်က ဖောက်လုပ်ထားသည့် ပြေးလမ်းမြေနေရာကို တွေ့ရစဉ်
ပဲခူးမြို့၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းစီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်မည့်သတင်းနှင့်အတူ စက်မှုဇုန်များ အကောင်အထည်ဖော်မည့် သတင်းများကြောင့် ပဲခူးမြို့တွင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံလိုသူများက မြေကွက်များ ဆင်း၍၀ယ်လျက်ရှိပြီး ထိုသို့ ၀ယ်ယူနေမှုများကြောင့် ဈေးနှုန်းများ မှာလည်း အမှန်တကယ် ရှိသင့်သည့် နှုန်းထားတန်ဖိုးထက် ကျော်လွန်၍ အရောင်းအ၀ယ် ဖြစ်ပေါ်နေသည်ဟု သိရသည်။

 အလုပ်သမားဝန်ကြီိးဌာနမှ စက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံး ယာယီလစာကို ၅၆၇၀၀ ကျပ် သတ်မှတ်ပြီး လုပ်ငန်းရှင်များဘက်မှလည်း အကောင်ထည်ဖော်ပေးရန် မေတ္တာရပ်ခံ

လှိုင်သာယာစက်မှုဇုန်၊ ကနောင်မင်းသာကြီးခန်းမတွင် စက်ရုံလုပ်ငန်းရှင်များအား အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယာယီအခြေခံလစာနှင့်ပတ်သတ်၍ ရှင်းလင်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်
အလုပ်သမားဝန်ကြီးဌာနမှ စက်မှုဇုံများရှိ စက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံး ယာယီလစာအား ၅၆၇၀၀ ကျပ် သတ်မှတ်လိုက်ကြောင်း၊ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များဘက် အကောင်ထည်ဖော်ပေးရန် ၀န်ကြီးဌာနမှ မေတ္တာရပ်ခံခဲ့ သတင်းရရှိသည်။

 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြေညာချက်တစ်စောင် ထုတ်ပြန် ရခိုင်တိုင်းရင်းသား လူမျိုးဟူသော စကားရပ် ပါဝင်ခြင်း မရှိ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြေညာချက်တစ်စောင်ကို ဇွန်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ရခိုင်တိုင်းရင်းသား လူမျိုးဟူသော စကားရပ် ပါဝင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။

 ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ယခင်နှစ်များထက် ထက်ဝက်နီးပါး လျှော့ချရန်စီစဉ်နေ



5112
ရန်ကုန် ဆေးတက္ကသိုလ်(၁)အတွင်းမှ ထွက်လာသော ကျောင်းသူ ကျောင်းသားများအား ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်
၂၀၁၂-၁၃ ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ  ယခင်နှစ်များထက် ထက်ဝက်နီးပါး လျှော့ချရန် စီစဉ်နေကြောင်း နေပြည်တော်ရှိ ဆေးသိပ္ပံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံထားမှု ကျပ်ဘီလျံ ၁၆၆၀ ကျော်အထိ မြင့်တက် မေလအတွင်း နိုင်ငံသားပိုင် ကုမ္ပဏီအချို့ သယ်ယူပို့ဆောင်ရေးနှင့် သတ္တုကဏ္ဍတွင် ကျပ်သန်း ၈၀၀ နီးပါး ထပ်မံမြှုပ်နှံ

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံထားသည့် ပမာဏမှာ ကျပ်ဘီလျံ ၁၆၆၀ ကျော်အထိရှိလာပြီး မေလအတွင်းက နိုင်ငံသားပိုင် ကုမ္ပဏီများ ထပ်မံမြှုပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိ ရသည်။

မေလအတွင်းက မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံသားပိုင် ကုမ္ပဏီအချို့မှ သယ်ယူပို့ဆောင်ရေးနှင့် သတ္တုတွင်းထွက် ကဏ္ဍတွင် ကျပ်သန်း ၈၀၀ နီးပါး ထပ်မံမြှုပ်နှံခဲ့ကြောင်း သိရသည်။

 ကညန မှတ်ပုံတင်ကြေးများ လျော့ချပေးရန် စီစဉ်နေဟု စီးပွားကူးသန်းပြည်ထောင်စု ၀န်ကြီးပြောကြား

ကားတင်သွင်းမှုများအပေါ် ကညနမှ ကောက်ခံနေသည့် မှတ်ပုံတင်ကြေးများကို လျော့ချပေးရန် စီစဉ်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇွန်လ ၁၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 ပြည်တွင်း စက်သုံးဆီဈေး ကမ္ဘာ့ဈေးထက် များစွာမြင့်တက်နေမှုကို ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီသို့ တင်ပြဆွေးနွေးပွဲသို့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ မတက်ရောက်ခဲ့ဟု သိရ



ပြည်တွင်း စက်သုံးဆီဈေး နိုင်ငံတကာဈေးဖြင့် များစွာ ကွာဟနေသည့်အပေါ် လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အသင်းအဖွဲ့များက ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီသို့ ဇွန်လ ၁၁ ရက်နေ့က တင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

ထားဝယ်ခရိုင်တွင် မဂ္ဂါဝပ် ၅၀ ထုတ်လုပ်နိုင်သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ထိုင်းကုမ္ပဏီတစ်ခုမှ တည်ဆောက်မည်ပြီးစီးပါက ထားဝယ်မြို့အပါအ၀င် ထားဝယ်ခရိုင် လေးမြို့နယ်၌ လျှပ်စစ်မီး အပြည့်အ၀ ရရှိမည်ဟု ဆို


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုက ထိုင်းနိုင်ငံအခြေစိုက် စွမ်းအင်ကုမ္ပဏီဖြစ်သော PTTEP ထံမှ သဘာဝဓာတ်ငွေ့ ၀ယ်ယူကာ မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။

အဆိုပါ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တနင်္သာရီတိုင်းဒေကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရှိပါသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်ထားသည့် အခွန်ထမ်း ၁၀၀ ဦးစာရင်း ထုတ်ပြန် နာမည်ကျော် ကုမ္ပဏီကြီးအချို့နှင့် ၁၀၀ ဦးစာရင်းတွင် ပါဝင်သင့်သည့် ကုမ္ပဏီများပါဝင်လာမှု မရှိ

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်ထားသည့် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းကို ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ထားသည့် ၁၀၀ ဦးနှင့် ၀င်ငွေခွန် အများဆုံး ပေးဆောင်ထားသည့် ၁၀၀ ဦးဟု ခွဲနှစ်ပိုင်း ခွဲထုတ်ပြန်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများ ရက်သတ္တပတ်နီးပါး ကြာမြင့်လာ အခြားမြို့ကြီးများတွင်မူ လူမျိုး၊ ဘာသာပေါင်းစုံ အေးချမ်းစွာ နေထိုင်လျက်ရှိနေ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများသည် လက်ရှိတွင် ရက်သတ္တပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သော်လည်း အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
ရခိုင်တိုင်းရင်းသား နည်းပါးသော မြို့နယ်များဖြစ်သည့် မောင်တော၊ စစ်တွေ စသည့်မြို့များတွင် အကြမ်းဖက်မှုများ အဓိက ဖြစ်ပွားနေခြင်းဖြစ်ပြီး အခြားသော ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ စသည့်မြို့များတွင်မူ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခြင်း မရှိကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ မြို့ကြီးအသီးသီးတွင် လူမျိုးဘာသာပေါင်းစုံ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

ဥရောပက မြန်မာအစိုးရ၏ ချင့်ချင့်ချိန်ချိန် ကိုင်တွယ်မှုများကို ကြိုဆို

ဥရောပသမဂ္ဂသည် မြန်မာအစိုးရ၏ ချင့်ချင့်ချိန်ချိန် ကိုင်တွယ်မှုကို ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
''လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒီခက်ခဲတဲ့ အသိုင်းအ၀ိုင်းကြား အကြမ်းဖက်မှုကို သင့်တော်တဲ့ နည်းလမ်းတစ်ခုနဲ့ ကိုင်တွယ်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ လူမျိုးရေး ပဋိပက္ခအားလုံးမှာ မြန်မာအစိုးရက ကိုင်တွယ်တဲ့ ဦးစားပေးပုံကို ကျွန်မတို့ ကြိုဆိုပါတယ်''ဟု ဥရော ပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်၏ ပြောခွင့်ရအမျိုးသမီး မာဂျာကိုစီဂျာနစ်က ပြောကြားခဲ့သည်။

ကုလားသောင်းကျန်းမှု ရခိုင်ပြည်လူထု ဒုက္ခအခြေအနေ

condition









ဘင်္ဂလီမူဆလင်သောင်းကျန်းသူများ မောင်တောမြို့ လူထုများ နေ့စဉ်သောက်သုံးနေသော ကန်တော်ကြီးအား ဇွန်လ(၉)ရက်နေ့ ကတည်းက အဆိပ်ခတ်ထားသော သတင်းမှာ သေချာမှန်ကန်ကြောင်းနှင့် မောင်တောမြို့နယ်တွင် ဒုက္ခရောက်နေကြသူ ရခိုင်လူထုပေါင်း ၈၀၀၀ ကျော်မှာ သောက်ရေနှင့် စားနပ်ရိက္ခာများဖြင့် ရင်ဆိုင်အခက်အခဲ ကြုံနေကြရပြီဖြစ်ကြောင်း မောင်တောမြို့မှ သတင်းရရှိသည်။

“၁၀ နာရီက ထွက်သွားပါတယ်။ ဒေါက်တာတင်မာအောင်ရယ်၊ ဦးခွန်သာမြင့်ရယ်၊ နောက် ဦးဇေယျာသော်ရယ်၊ နောက် မနေခြည်ဝင်းရယ်၊ ၁၈ ရက် ကြာမယ်လို့ ပြောသွားတယ်။” ၂၄ နှစ်အတွင်း ပထမဆုံး ဥရောပခရီးစဉ်ကို ရန်ကုန်ကနေ ဗုဒ္ဓဟူးနေ့မှာ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း နေအိမ်အကျယ်ချုပ်ဘ၀မှာ အနေများခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီခရီးဟာ သူ့ကို မျက်စိဖွင့်ပေးမယ့် ခရီးတခု ဖြစ်မယ်လို့ မျှော်လင့်ထားကြောင်းနဲ့ မြန်မာနိုင်ငံ ဘယ်လောက်ခေတ်နောက်ကျနေပြီလဲဆိုတာကို လက်တွေ့သိလာနိုင်မယ်လို့ လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မှာ ဂျနီဗာမှာကျင်းပနေတဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးရဲ့ ညီလာခံမှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။ အဲဒီကနေ နော်ဝေနိုင်ငံကို သွားရောက်မှာဖြစ်ပြီး သူနေအိမ် အကျယ်ချုပ်ဘ၀နဲ့ ရှိနေတာမို့ မယူနိုင်ခဲ့တဲ့ ၁၉၉၁ ခုနှစ်တုန်းက ပေးအပ်ထားတဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုကိုလက်ခံယူပြီး မိန့်ခွန်းလည်းပြောကြားမှာဖြစ်ပါတယ်။ နောက် ဆက်သွားမယ့်နိုင်ငံကတော့ အိုင်ယာလန်နိုင်ငံဖြစ်ပြီး အဲဒီမှာ နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Amnesty International က ချီးမြှင့်မယ့် လူ့အခွင့်ရေးဆုကို နာမည်ကျော် ရော့ခ်၊တေးဂီတ အဆိုတော် Bono က ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီကနေ သူ့ကို ပါလီမန် ၂ ရပ်မှာ မိန့်ခွန်းပြောကြားဖို့ ဖိတ်ကြားထားတဲ့ ဗြိတိန်နိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည် မိုက်ကယ်အဲရစ္စ်နဲ့ နှစ်ရှည်လများနေထိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု သူ့ရဲ့ ဥရောပ ခရီးစဉ်အတွင်း ကိုယ်ရေးကိုယ်တာကိစ္စ သီးသန့်တွေ့ဆုံဖို့တွေလည်း ရှိပါတယ်။ ဒီဥရောပခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပ ဒုတိယခရီးစဉ်ဖြစ်ပြီး ပထမဆုံးခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံကအပြန် ၅ ရက်အကြာမှာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က သူ့ကိုပေးအပ်ထားခဲ့တဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆု လက်ခံယူဖို့အပါအ၀င် ထူးခြားတဲ့ သမိုင်းဝင်ဥရောပခရီးစဉ် ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ၁၈ ရက်ကြာမယ့် ဥရောပခရီးကို ဒီကနေ့က စတင်ပြီး  ထွက်ခွာသွားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းကပြောပါတယ်။

အတန်းပညာမရှိသော ကျေးလက်နေအမျိုးသမီးကြီးများ နိုင်ငံခြားပညာသင်လျှောက်ထားနိုင်

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ ဆိုလာ နည်းပညာဆိုင်ရာ ပညာရပ်များအား အိန္ဒိယနိုင်ငံ Barefoot Universityသို့ သွားရောက်လေ့လာနိုင်ရန် ပြည်တွင်းရှိ အတန်းပညာမရှိသော ကျေးလက်နေ အမျိုးသမီးကြီးများ   လျှောက် ထားနိုင်ကြောင်း အဆိုပါအစီအစဉ်အား တာဝန်ယူဆောင်ရွက် ပေးနေသော CDCEအဖွဲ့က သိရှိရသည်။
 

ဒေသတွင်းစစ်ပွဲများကြောင့် နှစ်လအတွင်း ကချင်စစ်ဘေးသင့်ဒုက္ခသည်ဦးရေ နှစ်သောင်းကျော် တိုးလာ

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ဒုက္ခသည် ဦးရေမှာ နှစ်လအတွင်း လူဦးရေ နှစ်သောင်းကျော် တိုးပွားလာကြောင်း အကူညီပေးရေးအဖွဲ့များထံက သိရှိရသည်။

တစ်သောင်းတန်ငွေစက္ကူကြောင့် အိမ်ခြံမြေဈေးတက်ဖွယ်မရှိဟု အကျိုးဆောင်များသုံးသပ်

အသစ်ထွက်ရှိလာသည့် တစ်သောင်းတန်ငွေစက္ကူကြောင့် အိမ်ခြံမြေဈေးကွက်မှာ ဈေးထပ်တတ်ဖွယ်မရှိဟု ရန်ကုန်အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းများက သုံးသပ်ပြောဆိုကြသည်။

ကားအလှဆင်ပစ္စည်းဝင်ရောက်မှုများ၍ ဈေးနှုန်းကျဆင်းလျက်ရှိ

ကားအလှဆင် ပစ္စည်းဈေးကွက်တွင် ပစ္စည်းဝင်ရောက်မူများပြားခြင်းကြောင့် ပစ္စည်းဈေးနူန်းနှင့် ၀ယ်လိုအားကျဆင်းလျက်ရှိကြောင်း   ကားအလှဆင်ပစ္စည်းအရောင်းဆိုင်များက သိရှိရသည်။
 

အင်းအိုင်များတွင် ငါးရှားလာ၍ ပြည်ပတင်ပို့မှု၌ ဈေးမြှင့်တင်ရန် ကြိုးစားလာ

အင်းအိုင်ထုတ်လုပ်မှုကဏ္ဍတွင် ငါးများရှားပါးပြီး စံပြငါးဈေးသို့ မွေးမြူရေးငါးအ၀င်နည်းနေခြင်းကြောင့်   ပြည်ပတင်ပို့ သူများအနေဖြင့် ငါးဈေး တိုးတောင်းသင့်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သိရှိရသည်။

“ပ”အက္ခရာပြီးစီးပါက နှစ်(၂၀)ကျော်လိုင်စင်သက်တမ်းရှိ ယာဉ်ဟောင်းများ လက်ခံသွားမည်

အိုဟောင်းယာဉ်လက်ခံမှုတွင် (ပ)အက္ခရာမော်တော်ယာဉ်များအား လက်ခံပြီးစီးပါက လိုင်စင်သက်တမ်း အနှစ်(၂၀)ကျော် စာရင်း ဝင်မော်တော်  ယာဉ်ဟောင်းများအား ဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။