မြန်မာနိုင်ငံကနေ ဂျွန်လ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဥရောပခရီးစဉ် စတင်ထွက်ခွာလာခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ ပထမဆုံး ခရီးစဉ်တထောက်ဖြစ်တဲ့ မကြာသေးခင် နာရီပိုင်းအတွင်း ကပဲ ဒေသ စံတော်ချိန် ၁၃ ရက်နေ့ည ၁၁ နာရီမှာ ဂျနီဗာမြို့ရဲ့ နိုင်ငံတကာလေဆိပ်ကို ရောက်ရှိခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် အခုလို ရောက်လာတာနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်တလျှောက် သတင်းယူဖို့ ရောက်နေတဲ့ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းကို မအေးသန္တာကျော်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို စပြီးပြောပါတယ်။