Saturday, June 16, 2012

www.yemintun86.blogspot.comမှတောင်းပန်ခြင်း

ကျွန်တော်ခရီးသွားနေစဉ်http://www.yemintun86.blogspot.comအားဘလော.ရေးသားနိုင်ခြင်းမရှိပါ
ကစာရူ.သူများအားသီးခံခွင်.လွှတ်နားလည်ပေးရန်လေးစားစွာတောင်းပန်အပ်ပါသည်။

7 July ရွှေရတု နာယက သံဃာ ၂၀၊ လူ ၂၀ လျာထားပြီး

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဇူလိုင် ၇ ရက် အရေးတော်ပုံ ရွှေရတု အခမ်းအနား ကျင်းပရေးအတွက် ဦးစီးနာယကများ လျာထားပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

၁၉၆၂ ခုနှစ်က ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုချ ဖျက်ဆီးခံရခြင်း နှစ် ၅၀ ပြည့် အခမ်းအနား ဖြစ်မြောက်ရေး အတွက် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို မန္တလေးမြို့၊ ဘုရားကြီး အလယ်တိုက်တွင် ကြာသပတေးနေ့ မနက်က ပြုလုပ်ခဲ့သည်။

အစိုးရ စွမ်းအင်လုပ်ငန်း ပွင့်လင်းမှုနည်းဟု ဒေါ်စု ဝေဖန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE မှာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ နည်းပါးနေသေး၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေနှင့် ၎င်းနှင့် ဖက်စပ်မလုပ်ကိုင်သင့်
သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ နိုင်ငံခြားအစိုးရများကို တိုက်တွန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် မရောက်မီ အော်စလို မြင်ကွင်း

ဒေါ်အောင်ဆန်းစုကြည် ဥရောပရောက် မြန်မာတွေနဲ့ တွေ့ဆုံမယ့် နိုဗဲလ် ငြိမ်းချမ်းရေးစင်တာမှာ ပြင်ဆင်နေစဉ် (ဓာတ်ပုံ - ကိုညို-အော်စလို)
နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆုနဲ့ ရပ်ဖ်တို လူ့အခွင့်အရေးဆုကို ကိုယ်တိုင် လာရောက်လက်ခံဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ညနေမှာ အော်စလိုမြို့ကို ရောက်လာမှာဖြစ်တယ်။
၃ ရက်ကြာ နေထိုင်မယ့် သူ့ရဲ့ခရီးစဉ်ကို နော်ဝေနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာတွေကလည်း ၀မ်းမြောက်ပြီး စိတ်လှုပ်ရှားနေပါတယ်။

ရှမ်းပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပြည်နယ်အခြေစိုက်လူမှုရေးအဖွဲ့အစည်း(၁၆)ဖွဲ့ပါဝင်မည်

ရှမ်းပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ပြည်နယ်အခြေစိုက်လူထုအခြေပြုအဖွဲ့အစည်း (၁၆)ဖွဲ့က   နိုင်ငံရေးပြဿနာ၊ဒေသဖွံ့ဖြိုးရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်တော့မည်ဖြစ်သည်။



မြန်မာအစိုးရနှင့် ရှမ်းတပ်ဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်နေခြင်းတွင်နိုင်ငံရေးပြသနာ ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ ဖြေရှင်း   နိုင်မည်မဟုတ်သဖြင့်လူထုအခြေပြုလူ့အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟုပြောရေးဆိုခွင့်ရှိသူ   နန်းယဉ် ဟန်ဖက ပြောသည်။

ILO ညီလာခံ ဒေါ်စု မိန့်ခွန်း


အခုညနေပိုင်း အသံမလွှင့်ခင် အချိန်ကလေးကပဲ ၁၀၁ ကြိမ်မြောက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ သိနိုင်အောင် ဂျနီဗာမြို့မှာ ကိုယ်တိုင် သတင်း သွားယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းက အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်ရပ် လူမျိုးတုံး သတ်ဖြတ်မှု မဟုတ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ရုန်းရင်းဆန်ခတ် အကြမ်းဖက် ဖြစ်ရပ်တွေကို လူမျိုးတုန်း သတ်ဖြတ်မှု Genocide ဖြစ်ရပ်လို့ မခေါ်ဆိုနိုင်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ပဋိပက္ခဒဏ်သင့် လူထုဟာ ထိတ်လန့် ကြောက်ရွံ့နေဆဲ၊ မလုံခြုံမှုကို ခံစားနေရဆဲ ရှိတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က ပြောပါတယ်။ ဒီအခြေအနေဟာ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်နိုင်တဲ့ အလားအလာ ရှိတာကြောင့် နိုင်ငံတကာ
စံနှုန်း စံထားတွေနဲ့ အညီ ကိုယ်တွယ်ဖို့ လိုသလို ဒီဖြစ်ရပ်အပေါ် မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံကိုလည်း ကုလ သမဂ္ဂက အသိအမှတ်ပြု ချီးကျူးပြောဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။

ILO အရေးယူမှု ရပ်ဆိုင်းခြင်း ဒေါ်စု ကြိုဆို

မြန်မာနိုင်ငံမှာ  ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ ပိုမို ဖြစ်ထွန်းလာစေဖို့အတွက်  နိုင်ငံတကာက ကူညီ ထောက်ပံ့ကြဖို့နဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ကြဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၀၁ ကြိမ်မြောက် ILO နိုင်ငံတကာ အလုပ်သမား  ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

ဒေါ်စုကျန်းမာရေးကြောင့် Berne မြို့ သတင်းစာရှင်းလင်းပွဲရပ်နား

ဆွစ်ဇာလန်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ဆွစ်ဇာလန် သမ္မတ အယ်ဗလင်း ၀စ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) နဲ့ Berne မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။
မနေ့က ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ် တာ (Didier Burkhalter) နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက် ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နာမကျန်းဖြစ်လို့ သတင်းစာ ရှင်းလင်းပွဲ ကို ရပ်ဆိုင်းလိုက်ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးတွေကြောင့် သတင်းစာရှင်းလင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။

အလုပ်သမားအရေး လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေ ( ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ သီးခြားမေးမြန်းခန်း)

အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြကြတာတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ အလုပ်သမားရေး ဆောင်ရွက်သူတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးအကြံပြုခဲ့တာကို ပြည်ထောင်စုအလုပ်သမားဝန်ကြီး ဦးအောင်ကြည်က အသိအမှတ် ပြုလိုက်ပြီး အဲဒီဆွေးနွေးမှုနောက်ပိုင်း အလုပ်သမားအရေး ကိုင်တွယ်တဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေလာတာ တွေ့ရတယ်လို့လည်း ပြောလိုက်ပါတယ်။ (၁၀၁) ကြိမ်မြောက် ILO