Monday, July 2, 2012

ရခိုင်ပြည်သူများ ဘ၀လုံခြုံမှုကို ကာကွယ်ပေးရန် နယူးယောက် ကုလရုံး ရှေ့တွင် ဆန္ဒပြ တောင်းဆို

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အတိ ဒုက္ခ ရောက်ခဲ့ကြရသော ဒေသခံ ရခိုင် ပြည်သူများ၏ ဘ၀ လုံခြုံ ရေးကို လက်ရှိ အုပ်ချုပ်နေသည့် မြန်မာ အစိုးရအနေဖြင့် ထိထိ ရောက်ရောက် ကာကွယ် ပေးရန် နယူးယောက်မြို့ ကုလ သမဂ္ဂ ဌာနချုပ်ရုံးရှေ့တွင် မြန်မာနိုင်ငံသားများက ဇွန်လ ၃၀ ရက်နေ့က  တောင်းဆိုခဲ့ကြသည်။

“ ရခိုင်ပြည်သူတွေက အခုထက်ထိ မလုံခြုံမူတွေနဲ့ နေထိုင်နေကြရတယ်။ အခု လက်ရှိ အချိန်ထိ စိတ်ပူပင် သောကတွေ ရောက်နေကြရဆဲ ဖြစ်တယ်။ ဒီအတွက်  သူတို့ဘ၀ လုံခြုံရေးကို ထိထိ ရောက်ရောက် တာဝန်ယူပေးဖို့ အစိုးရကို တောင်းဆိုပါတယ်။ ဒီလို ရခိုင်ပြည်သူတွေဟာ မိမိမြေပေါ်မှာ မိမိအေးချမ်းစွာ နေထိုင် နေကြပေမယ့် မလုံခြုံတဲ့ ဘ၀မျိုးနဲ့ နေထိုင်နေကြရတယ် ဆိုတာကို  နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေကလည်း  သိရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကုလ သမဂ္ဂရုံးချုပ်ရှေ့မှာ ဆန္ဒလာပြရတာ ဖြစ်ပါတယ်” ဟု ဦးဆောင် လူပ်ရှားသူ တစ်ဦး ဖြစ်သည့် ခိုင်ဘခင်က ပြောသည်။
ဆန္ဒပြ တောင်းဆိုပွဲကို မြန်မာပြည် သွေးစည်းညီညွတ်ရေး (Solidarity Burma-USA) အမည်ဖြင့်  ပြုလုပ်ကြခြင်း ဖြစ်ပြီး တိုင်းရင်းသားလူမျိုး ပေါင်းစုံ လူပေါင်း ၁၀၀ ခန့်် ပူးပေါင်း ပါဝင်ခဲ့သည်ဟု ဆိုသည်။
“ဒီနေ့ ရခိုင်တွေပိုင်တဲ့ နယ်မြေမှာ ရခိုင်ပြည်သူတွေ ဒုက္ခသည်တွေ အဖြစ်ကို ရောက်နေကြရတယ်။ ဒါဟာ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အခုလိုဖြစ်ရတာဟာ တိုင်းရင်းသားဒေသတွေကို ကိုယ်ပိုင် ပြဌာန်းခွင့် မပေးတဲ့ အတွက် ဖြစ်တယ်” ဟု International Foundation for Burma National Congress (IFBNC) ဥက္ကဌ ကိုရဲထွတ်က ပြောသည်။

၎င်းပြင် သူက “ နောက်တခုက ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ ဟာ နိုင်ငံသား အဖြစ် တောင်းဆို နေကြတာ မဟုတ်ဘူး။ နိုင်ငံသား အဖြစ် တောင်းဆိုရင် ပြည်တွင်းမှာ နေနေကြတဲ့ တရုတ် လူမျိုးတွေ၊ အိန္ဒိယက ဟိန္ဒူတွေလို နိုင်ငံသား  အဖြစ် တောင်းဆိုလို့ ရတယ်။ အခုရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ တောင်းဆိုတာဟာ  ရခိုင်ပြည်ထဲက နယ်မြေ ဒေသ အစိတ်အပိုင်းတခု ကို အစ္စလာမ်မစ် နိုင်ငံ ထူထောင်ဖို့ အတွက် ဖြစ်တယ်ဆိုတာ လူတိုင်း သဘောပေါက် နားလည် သင့်တယ်။ ဒါကြောင့် ရခိုင်တွေသာမက မြန်ပြည်သူတွေ အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ကိုယ့်ပြည်ကို ကိုယ်ကာကွယ်ကြရမှာ ဖြစ်တယ်” ဟု ပြောဆိုသည်။
ဆန္ဒပြပွဲသို့တက်ရောက်လာသူများထဲမှ ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ဦးခိုင်အောင်ကျော်က “ဒီကနေ့ ဖြစ်ပျက်နေ တဲ့ အဖြစ်အပျက်ဟာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ကြားမှာ ဖြစ်ပျက် နေတာ မဟုတ်ဘူး၊ ဒီ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီကုလားတွေဟာ မြန်မာနိုင်ငံရဲ့ အနောက်တံခါးကို ဖြိုဖျက်ပြီး မြန်မာ တစ်ပြည်လုံးကို အစ္စလာမ်မစ်နိုင်ငံ အဖြစ်သို့ သွတ်သွင်းဖို့ ကြိုးစားရာကနေ ဖြစ်ပေါ်လာတဲ့ အကျိုးဆက် ဖြစ်ပါတယ်” ဟု ပြောသည်။
ဒီအဖြစ်အပျက်ကနေ ရခိုင်လူမျိုးများ သာမက မြန်မာတစ်နိုင်ငံလုံး အမျိုးသားရေး စိတ်ဓါတ်နဲ့ သတိ ထားင်္ပြီး ကာကွယ်ကြရန် လိုကြောင်း၊  ကိုယ့်မြေ ကိုယ့်ဒေသမှာနေပြီး ယခုကဲ့သို့ အတိ ဒုက္ခရောက်နေကြခြင်းမှာ ရခိုင် တမျိုးသားလုံးကို နိုင်ငံရေးအသိ၊ တော်လှန်ရေးအသိရှိကြရန် တွန်းပို့လိုက်ခြင်းဖြစ်ကြောင်း သူက ပြောကြားသွားသည်။

မှော်ဘီမြို့နယ်အတွင်းက လူသတ်တရားခံ(၃)ဦးအား မြောက်ပိုင်းခရိုင်တရားရုံးတွင် စွဲချက်တင်

မှော်ဘီမြို့နယ်အတွင်းရှိ နေအိမ်အတွင်းသို့ဝင်ရောက်ကာ အိပ်စက်နေသော အမျိုးသားတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သော တရားခံအမျိုးသား(၃)ဦးအား ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ ယနေ့ ပို့ဆောင် စွဲချက်တင် လိုက်ပြီဖြစ်ကြောင်း  မှော်ဘီရဲစခန်းက သိရှိရသည်။
 

ပြည်တွင်းရွှေဈေး ကျပ်-ခုနှစ်သိန်းနှစ်သောင်းဝန်းကျင်နှင့် တည်ငြိမ်နေ

ကမ္ဘာ့ရွှေဈေးတည်ငြိမ်နေခြင်းကြောင့်  ပြည်တွင်းရွှေဈေးကွက်တွင် ရွှေဈေးနှုန်းအပြောင်းအလဲမှာ အရောင်းအ၀ယ်ဖြစ်မှု အခြေအနေပေါ်တွင် မူတည်၍ လက်ရှိအချိန်တွင် တည်ငြိမ်နေကြောင်း  ရန်ကုန်မြို့ရှိ ရွှေဆိုင်ကြီး များက သိရှိရသည်။
 

မြန်မာကလေးစစ်သားအရေးအား ကုလသမဂ္ဂ က (၁၈)လအတွင်း အပြီးဆောင်ရွက်မည်

အရွယ်မရောက်သေးသော ကလေးသူငယ်စစ်သားများအား စစ်မှုထမ်းခြင်းမှ ကာကွယ်နိုင်ရန် အစီအစဉ်များကို ကုလသမဂ္ဂမှ (၁၈) လအတွင်း  အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် Ms.Radhika Coomaraswamyထံက သိရှိရသည်။
 

စော်ဘွားကြီးကုန်း အရှေ့မင်းဂံမှကျူးကျော်နေအိမ်များအတွက် မြေနေရာအစားပြန်ပေးစေလို

ရန်ကုန်တိုင်းဒေသကြီး စော်ဘွားကြီးကုန်းမြို့နယ် အရှေ့မင်းဂံအုပ်စု မင်္ဂလမ်းသွယ်(၂)တွင် နေထိုင်သော ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်က ကျူးကျော်နေအိမ်များအဖြစ်သက်မှက်ကာ ရက်ပိုင်း အတွင်း ဖယ်ရှားပေး ရမည်ပာု ပြောဆိုခဲ့သော်လည်း မြေနေရာအစားပြန်မပေးသည်အတွက် ပြည်သူများအခက် တွေ့လျှက်ရှိကြောင်း သိရသည်။
 
 

ငါးဗိုက်ထဲသို့ ရေခဲချောင်းထည့်၍ ရေရှည် Export ပြုလုပ်ပါက ဈေးကွက်ပျက်စီးနိုင်

ပြည်ပပို့ကုန်အဖြစ် ငါးဝမ်းဗိုက်ထဲသို့ ရေခဲချောင်းများထိုးထည့်၍ တင်ပို့ခြင်းသည် ငါးဈေးကွက်အား ထိခိုက်စေကြောင်း  ငါးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။ 
 
ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိသော မြန်မာပို့ကုန်ငါးများအား ငါးဝမ်းဗိုက်ထဲသို့ ရေခဲချောင်းများ ထိုးထည့်၍ တင်ပို့ခြင်းသည် အသားက ရေနှင့်တိုက်ရိုက်ထိကာ အသားထဲ ရေရောက်သွား၍ ပွစိစိဖြစ်သွားနိုင်ကြောင်းနှင့် ထိုသို့ဆက်လက်တင်ပို့နေပါက မြန်မာပြည်ငါးဈေးကွက်မှာ  ပျက်စီးသွာမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 

မရမ်းကုန်းမြို့ နယ်နေ အမျိုးသမီးငယ်တစ်ဦး ဓါးချက်များစွာဖြင့် သေဆုံး

 





ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့ နယ် အမှတ်(၂)ရပ်ကွက်၊ မိသားစုလမ်းအတွင်း၌  အသက် (၁၉)နှစ် အရွယ် အမျိုးသမီတစ်ဦး ဇွန်လ(၂၉)ရက်နေ့က ဓါးချက်(၁၁)ချက်ဖြင့် သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားခဲ့သည့် နေရာက သိရသည်။
 

စွမ်းအင်မလုံလောက်၍ ရေထွက်ကုန်ပစ္စည်းစက်ရုံ အချိန်ပြည့်မလည်ပတ်နိုင်ခြင်းဟု ငါးဦးစီးကဆို

မြန်မာနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်းစက်ရုံများအရှုံးပေါ်နေရခြင်းမှာ ကုန်ကြမ်းရှားပါးလာခြင်းကြောင့် မဟုတ်ပဲ စွမ်းအင် မလုံလောက်ခြင်းကြောင့်   အချိန်ပြည့်မလည်ပတ်နိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန၊ အရည်အသွေးစစ်ဆေးရေး ဌာနက သိရှိရသည်။  
 

 ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်း ကိုးခုသို့ ရုပ်ရှင်အနုပညာရှင်များ သွားရောက်၍ ငွေကျပ်သိန်းကိုးရာကျော်နှင့် ထောက်ပံ့ပစ္စည်း ၉၂ ထုပ်အား သွားရောက်လှူဒါန်း

AddThis Social Bookmark Button
ရဲကျော်သူ ကယ်ဆယ်ရေးစခန်း၌ အနုပညာရှင်များ ငွေလှူဒါန်းစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်း ကိုးခုသို့ ရုပ်ရှင်အနုပညာရှင်များ သွားရောက်၍ ငွေကျပ်သိန်းကိုးရာကျော်နှင့် ထောက်ပံ့ပစ္စည်း ၉၂ထုပ်တို့အား ဇူလိုင်လ ၁ ရက်နေ့တွင် ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါလှူဒါန်းခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူး၍ နှင်းဆီအဖွဲ့သားများနှင့်ရုပ်ရှင် အနုပညာရှင်များ တင်ဆက်ကပြသည့် ရခိုင်ပြည်နယ် ပြန်လည်တိုးတက်ဖွံ့ဖြိုးရေး ရန်ပုံငွေကပွဲမှ ရရှိသည့်အလှူငွေများဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ဇွန်လ ၂၉ရက်နေ့၌ မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲ၍ သေဆုံးသူမှာ ယာယီဆယ်အိမ်မှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်ဖြစ်ကြောင်း သိရ

ဇွန်လ ၂၉ရက်နေ့ ညနေ  ၆နာရီအချိန်ခန့်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊မြို့နယ် လ.၀.ကရုံးလမ်း၊ မိုးလုံလေလုံ အားကစားရုံ၏ တောင်ဘက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဗုံးထောင်သူဟု ယူဆရသူတစ်ဦး သေဆုံးခဲ့ရာ ယင်းသေဆုံးသူသည် ယာယီဆယ်အိမ်မှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရုံးမှရရှိသော သတင်းများအရ သိရပါသည်။

 သရက်မြို့နယ်ပိတောက်ပင်ရေနံမြေတွင် ရေနံခပ်နေစဉ် ရေနံခပ်ခွက်နှင့် ရေနံတွင်း သံပိုက်ထိခက်ရာမှတဆင့် မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ သရက်မမြို့နယ်၊ ပိတောက်ပင်ကျေးရွာ ပိတောက်ပင်ရေနံမြေတွင် ရေနံခပ်နေစဉ် ရေနံခပ်ခွက်နှင့် ရေနံတွင်း သံပိုက် ထိခက်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရုံးမှ ရရှိသော သတင်းများအရ သိရသည်။

ရှို့မီးကြောင့် ၂၀၁၂ နှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ မီးလောင်မှု ၄၅ ကြိမ်အထိ ဖြစ်ပွားခဲ့



7398
စစ်တွေမြို့တွင် ဇွန်လ ၁၀ ရက်နေ့က မီးလောင်မှုဖြစ်စဉ် တစ်ခုအား တွေ့ရစဉ်

ယခင်နှစ်ဇွန်လတွင် ရခိုင်ပြည်နယ်၌ မီးလောင်မှု မရှိခဲ့သော်လည်း ၂၀၁၂ နှစ် ဇွန်လပထမပတ်မှ လကုန် ပိုင်းအထိ၊ ရှို့မီးကြောင့် ရခိုင်ပြည်နယ်၌ မီးလောင်မှု ၄၅ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်ရုံးမှ ရရှိသော သတင်းများအရ သိရပါသည်။

ရခိုင်အရေးကိစ္စတွင် UNHCR မှ ၀န်ထမ်းတစ်ဦးနှင့် ခင်ပွန်းတို့ ထိန်းသိမ်းခံထားရမှုနှင့် ပတ်သက်ပြီး ၀န်ထမ်းကျင့်ဝတ် စည်းကမ်းအတိုင်း ဆောင်ရွက်သွားမည်ဟု UNHCR ၏ ပြောခွင့်ရ ပုဂ္ဂိုလ်ပြောကြား

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ အမျိုးသမီး ၀န်ထမ်းတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ ထိန်းသိမ်းခံထားရမှု နှင့် ပတ်သက်၍ ၎င်းတို့အဖွဲ့အစည်း မှ ထားရှိသော ၀န်ထမ်းကျင့်ဝတ် စည်းကမ်း (Code of Conduct) အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း UNHCR ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Ms.Kitty McKinsey က ပြောကြားခဲ့သည်။

 ငြိမ်းချမ်းရေးစင်တာ ဇူလိုင်လအတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်

ငြိမ်းချမ်းရေးစင်တာ Peace Center အား ရန်ကုန်မြို့တွင် ယခုဇူလိုင်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အစိုးရ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံတကာမှ အလှူရှင်များ၊ INGO များအကြား ပေါင်းကူးပေးရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

 နေပြည်တော်နှင့် မန္တလေးလေဆိပ်များတွင်ပါ ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့်ပေးမည့်စနစ် တိုးချဲ့မည်

 
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်ရှိ၌ ဆိုက်ရောက် ဗီဇာစနစ်ဖြင့် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ပေးသည့်စနစ်ဖြင့် ခွင့်ပြုပေးထားပြီး နေပြည်တော်နှင့် မန္တလေးလေဆိပ်များတွင်ပါ တိုးချဲ့သွားရန်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်လေဆိပ်မှ Arrival Visa ဖြင့် ဇွန်လ ၁ ရက်နေ့မှစ၍ ခွင့်ပြုလျက်ရှိရာ Business Visa အမျိုးအစားတစ်မျိုးကိုသာ Arrival Visa ထုတ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ခွင့်ပြုပေးထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ရေးရာကော်မတီဥက္ကဋ္ဌများ ပါဝင်သောအဖွဲ့ ၈၈ မျိုးဆက်ကျောင်းသားမျာနှင့် ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ရေးရာကော်မတီဥက္ကဋ္ဌများ ပါဝင်သောအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ဗဟန်းမြို့နယ် ရွှေဂုံတိုင်မီးပွိုင့်အနီး ယုဇနတာဝါရှိ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ရန်ကုန်(ရုံးခွဲ)၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 လွှတ်တော်စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် သုံးရက်ခွင့်ယူထား

ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သုံးရက်ခွင့်ယူထားပြီး လွှတ်တော် မတက်ရောက်နိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Eleven Media Group သို့ ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။

 လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင်ဂုံးကျော် တည်ဆောက်မှု ကုန်ကျစရိတ်များအား အသေးစိတ်တွက်ချက် အတည်ပြုပြီးပါက ကြေညာပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၅ သန်း ကုန်စရာမရှိဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းပြောကြား

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရှင်းလင်းနေစဉ်
လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင် ဂုံးကျော်တံတားများတည်ဆောက်မှု ကုန်ကျစရိတ်များအား အသေးစိတ်တွက်ချက်ကာ အတည်ပြုပြီးပါက ကြေညာပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၅ သန်း ကုန်ကျစရာ မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။

ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ရွှေ့ဆိုင်း

ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ရွှေ့ဆိုင်း
2012-07-01
လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
Photo:Myanmar President Office Web site

တိုင်းရင်းသားဒေသ ဆင်းရဲမွဲတေမှုကြောင့် မတည်ငြိမ်တာတွေ ဖြစ်လာနိုင်

တိုင်းရင်းသားဒေသ ဆင်းရဲမွဲတေမှုကြောင့် မတည်ငြိမ်တာတွေ ဖြစ်လာနိုင်
2012-07-01
မြန်မာနိုင်ငံက တိုင်းရင်းသား ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ကြီးမားလာနေတာဟာ လက်ရှိ မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား ဖြစ်စေနိုင်သလို လူထုအုံကြွမှုတွေ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ သတိပေးလိုက် ပါတယ်။

သူရဦးရွှေမန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ

သူရဦးရွှေမန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ
2012-07-01
မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ အချင်းချင်း ယုံကြည်မှုတွေ ရရှိကြပြီး အထွေထွေ သဟဇာတ ဖြစ်မြောက်ရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြ ပါတယ်။
အဲဒီဆွေးနွေးပွဲဟာ ပွင့်လင်းပြီး အပြုသဘော ရှိကြတယ်လို့ တက်ရောက်ကြသူတွေထဲ ပါဝင်တဲ့  (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောပါတယ်။

ဒု နိုင်ငံခြားရေးဝန်ကြီး ဘင်္ဂလားဒေ့ရှ် ကို ရောက်ရှိ

ဒု နိုင်ငံခြားရေးဝန်ကြီး ဘင်္ဂလားဒေ့ရှ် ကို ရောက်ရှိ
2012-06-30
အစိုးရ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဟာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ ကို ရောက်ရှိခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် မတိုင်ခင် ဒု နိုင်ငံခြားရေးဝန်ကြီး က ကြိုတင်လာရောက်ပြီး သမ္မတ ရဲ့ ခရီးစဉ်အတွင်း ဆွေးနွေး ပြောဆိုကြမယ့် ကိစ္စတွေကို ညှိနှိုင်း အတည်ပြုမှာ ဖြစ်ကြောင်း The Daily Star ဘင်္ဂလားဒေ့ရှ် သတင်းစာက ဖေါ်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်မယ့်ရက် ရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်မယ့်ရက် ရွှေ့ဆိုင်း
2012-06-30
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ငါးနိုင်ငံ ခရီးစဉ်က ပြန်လာအပြီး ခရီးပန်းတာကြောင့် လာမယ့် ရက်ပိုင်းအတွင်း ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်သေးကြောင်း ခွင့်တောင်းခံထားတယ်လို့ သိရပါတယ်။
AFP