Sunday, July 22, 2012

ရန်ကုန် လေဆိပ်အနီး ကျူးကျော်အိမ် ၁၀၀ ကျော် ဖယ်ရှား

ရန်ကုန် (မဇ္ဈိမ)။  ။ ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်း အနောက်ဖက် မရမ်းကုန်းမြို့နယ် အတွင်းရှိ
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်တဲအိမ် ၁၀၀ ကျော်အား အာဏာပိုင်
များက ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖြိုဖျက်လိုက်သည်။
ဖျက်သိမ်းခါနီးတွေ့ရသော ကျူးကျော်တဲများ။ ဓါတ်ပုံ - မဇ္ဈိမ

လှော်ကားဘေးမဲ့တောရောက်ရှိတော့မည့် ရွှေတိဂုံဘုရားမှ လေလွင့်ခွေးများ

ရွှေတိဂုံဘုရားအောက်ပစ္စယံတွင် ရှိသော ခွေးလေခွေးလွင့်များအားရွှေပြည်သာမြို့နယ် လှော်ကားဘေးမဲ့တောထဲသို့ ပို့လွှတ်ရန်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်နေကြောင်း သိရှိရသည်။
 
အောက်ပစ္စယံရှိ တရားစခန်း၊ ဓမ္မာရုံ၊ ဇရပ်၊ ဘုန်းကြီးကျောင်းများသို့လာရောက်ဘုရားဖူးလာသည့် ခရီးသည်များ စိတ်အနှောက်အယှက်ဖြစ်မည် စိုး၍ခွေးများအား ပြောင်းရွှေ့ရန် စီမံခြင်းဖြစ်သည်။

ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်နေရာသရုပ်ဆောင်များကို ဒေါ်စုကိုယ်တိုင်တွေ့ဆုံ

ဗိုလ်ချုပ်ဇာတ်ကား၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်အဖြစ်သရုပ်ဆောင်ရန်နေရာအတွက် နောက်ဆုံးဆန်ကာတင် များကိုသမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တွေ့ဆုံမေးမြန်းကာ ဇူလိုင်လ(၂၀)ရက်နေ့တွင် ရွေးချယ်လိုက်ပြီဖြစ်သည်။

 ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှု နောက်ထပ်အမိန့် မထုတ်ပြန်သည်အထိ ဆက်လက်ထားရှိရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှု နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်သည်အထိ ဆက်လက်ထားရှိရန် ကြေညာခြင်းကို ပြည်ထောင်စုလွှတ်တော်မှ ဇူလိုင်လ ၁၆ ရက်နေ့တွင် အတည်ပြုခဲ့သည်။

 ဇွန်လ (၈) ရက်နေ့က ဘူးသီးတောင်မြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ချီတက်လာသူ (၆)ဦး ထောင်ဒဏ်(၁၀)နှစ်ချမှတ်

ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သော ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့ကိုလည်း အကြမ်းဖက် တိုက်ခိုက်ရန် ချီတက်လာသူ ဘင်္ဂလီ(၆)ဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးမှ ဇူလိုင်လ (၁၈) ရက်နေ့က ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း အမိန့်ချရာသို့ သွားရောက်နားထောင်ခဲ့သူများက ပြောကြားသည်။

 တိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ အဆိုတွင် ပါဝင်ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ရုံးသို့ စာရင်းပေး

တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပတ်သက်သည့်အဆိုတွင် ပါဝင်ဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ရုံးသို့ စာရင်းပေးသွင်းခဲ့ကြောင်း သိရှိရသည်။

 ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ လွှတ်တော်ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက်ကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဥပဒေဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေကြောင်း လွှတ်တော် အစီရင်ခံစာတွင် ဖော်ပြ

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ လွှတ်တော်များမှ ဖွဲ့စည်းသော ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက်ကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဥပဒေဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေကြောင်း ပထမအ ကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ညီနောင်ပါတီ ခြောက်ပါတီနှင့် ပူးပေါင်းရန် တိုင်းရင်းသားပါတီ လေးပါတီ ကမ်းလှမ်း

တိုင်းရင်းသား ညီနောင်ပါတီ ခြောက်ပါတီသို့ အဖွဲ့ဝင်အဖြစ် ပါဝင်ရန် တိုင်းရင်းသားပါတီ လေးပါတီမှ ကမ်းလှမ်းထားကြောင်း သိရသည်။ အဆိုပါ တိုင်းရင်းသားပါတီ လေးပါတီမှာ တိုင်းလိုင်(ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ အင်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အရှိုချင်းအမျိုးသားများပါတီတို့ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး၌ အစိုးရထံမှ ကတိ ၆၈ ခုရရှိ

ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုအတွက် အစိုးရထံမှ ကတိပေးသည့်အဖြေ ၆၈ ခုရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊

ပြည်သူ့လွှတ်တော်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြန်လည်သုံးသပ် ဆွေးနွေးမည် နိုင်ငံခြားသားက မတည်ရင်းနှီးငွေ ရာနှုန်းပြည့်ဖြင့် ရင်းနှီးမြှုပ်နှံနိုင်မှုကို နိုင်ငံသားများ မလုပ်နိုင်သည့် အဆင့်မြင့် နည်းပညာပါရှိသော လုပ်ငန်းများတွင်သာ ခွင့်ပြုရန် ပြန်လည်ပြင်ဆင်မည်

လွှတ်တော်အစည်းအဝေးတစ်ခု ကျင်းပစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်
ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီးဖြစ်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြန်လည်သုံးသပ်ရန် တောင်းဆိုမှုများကြောင့် ပြည်သူ့လွှတ်တော်တွင် ပြန်လည်သုံးသပ်ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက် တာစောလှထွန်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ရှစ်လေးလုံး ငွေရတုအကြို အခမ်းအနားတွေ ကျင်းပဖို့ဆွေးနွေး

(၂၄) နှစ်မြောက် ရှစ်လေးလုံး နှစ်ပါတ်လည် ငွေရတုအကြို အခမ်းအနားကို မန္တလေးမြို့မှာ သြဂုတ်လ (၈) ရက်နေ့ ကျင်းပသွားဖို့ရှိပြီး တစ်နိုင်ငံလုံးက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြား လာရောက်ဖို့ စီစဉ်နေကြတယ်လို့ သတင်းရပါတယ်။
AFP

သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ဒီကနေ့ ရောက်မည်

သမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်ကို အထူးလေယာဉ်နဲ့ ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။
ခရီးစဉ်အရ Chon Buri မှာရှိတဲ့ Laem Chabang ရေနက်ဆိပ်ကမ်းကို ဒီကနေ့ သွားရောက် ကြည့်ရှုမှာဖြစ်ပြီး၊ မနက်ဖြန် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာနဲ့ တွေ့ဆုံအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ စတင်ရိုက်ကူး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဖြတ်သန်းမှုတွေကို အခြေခံတဲ့ အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင်ကို ဒီနေ့မှာပဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက စတင်ရိုက်ကူးတယ်လို့ သိရှိရပါတယ်။
(Archive Photo)

ရှပ်ပြေးရေယာဉ် တွေ့ရှိ၊ လူ ၅၀ ပျောက်ဆုံးနေဆဲ

မနေ့ မနက် ၉ နာရီခွဲက တာပိန်မြစ်ထဲ တိမ်းမှောက် နစ်မြုပ်သွားခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို အဲဒီ ဂိတ်နဲ့ ၁၀ ကိုက်အကွာ ပေ၃၀ အနက်ရှိတဲ့ တာပိန်မြစ်ကြမ်းပြင်မှာ ရေငုပ်သမားတွေနဲ့ ရှာဖွေတွေ့ရှိပြီ ဖြစ်ပေမဲ့၊ လူ ၅၀ ကျော်လောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
လောလောဆယ် အဲဒီ သင်္ဘောကို ဒီကနေ့ ညဦးပိုင်းလောက်မှာ ကမ်းဖက်ကို ဆွဲကပ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကူညီ ဆောင်ရွက်နေတဲ့ ဗန်မော်မြို့သူ တစ်ဦးက RFA ကို ပြောပါတယ်။

ကျူးကျော်ရပ်ကွက် ရုတ်တရက်ဝင် ဖျက်သိမ်း

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းနားမှာ ရှိတဲ့ ကျူးကျော်တဲ (၁၀၀) ကျော်ကို အာဏာပိုင်တွေက မနေ့က ရုတ်တရက် စတင် ဖျက်ဆီးခဲ့ပြီး၊ အားလုံးကို ဒီကနေ့ အပြီးတိုင်ဖျက်ဖို့ ဆောင်ရွက်နေကြောင်း နေအိမ် ဖျက်ခံရတဲ့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။
AFP
ပဲခူးတိုင်းအတွင်းတွင် တွေ့ရသော ကျူးကျော်တဲတချို့ ဖြစ်ပါသည်။

မီဇိုရမ်မှာ ကားမှောက်၊ ချင်းလူမျိုး ၂ ဦးသေဆုံး

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှာ ဒီကနေ့နံနက် ၁ နာရီခန့်က ညလိုင်း ပြေးဆွဲနေတဲ့ ခရီးသည်တင် မှန်လုံဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည် ၁၈ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

ထိုင်းမှာ မြန်မာဘာသာစကား သင်ကြားဖို့ စိတ်ဝင်စားသူ များပြား

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေကြောင့် ရင်းနှီးမြုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခွင့်အလမ်း များပြားလာတဲ့အတွက် ထိုင်းနိုင်ငံမှာ မြန်မာဘာသာစကား သင်ကြားဖို့ စိတ်ဝင်စားသူ များပြားလာတယ်လို့ သိရပါတယ်။

ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းရန် စောလွန်းသေးဟု အမေရိကန်သံအမတ်ပြော

ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းဖို့ဆိုတာ အချိန်စောလွန်းသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်က ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ် စကားပြောကြားနေစဉ်။

နယ်စည်းမထား အဖွဲ့ဝင်ငါးဦး ထိန်းသိမ်း ခံနေရဆဲ

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ AZG ဒါမှမဟုတ် MSF လို့ လူသိများတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ၀န်ထမ်း (၅) ဦး ပါဝင်ပြီး၊ သူတို့အားလုံး ထိန်းသိမ်း ခံထားရဆဲ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံး ဒုတိယ အကြီးအကဲ Ms. Vickie Hawkins က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

စစ်တွေမှာ ARV ဆေးဝါးပြတ်လပ်

ရခိုင်ပြည်နယ် အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေမြို့ပေါ်နဲ့ မြို့နယ်တွေက HIV/AIDS ဝေဒနာရှင်တွေဟာ ARV ဆေးဝါး ပြတ်လပ်သွားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။
စစ်တွေမြို့ပေါ်မှာ ARV ဆေးဝါး ပြတ်လပ်ပြီး ဒုက္ခရောက်နေကြရတဲ့ အခြေအနေတွေကို AIDS ဒေနာရှင် တစ်ဦးဖြစ်တဲ့ ကိုဦးဘရွှေက RFA ကို အခုလိုပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် သရုပ်ဆောင်ရွေးပွဲကျင်းပ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် ပဏာမ ရွေးချယ်ထားတဲ့ သရုပ်ဆောင် ၁၁ ဦးကို ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ တွေ့ဆုံပြီး လူတွေ့ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
RFA