Thursday, July 26, 2012

ကျူးကျော် နေထိုင်သည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ထောင်ဒဏ် ချမှတ်

မြန်မာ အစိုးရ စစ်တပ်က တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်း ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား ၉၂ ဦးကို တနင်္လာနေ့က ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသားများကို ကော့သောင်း ခရိုင် တရားသူကြီး ဒေါ်သူဇာလှိုင်ချိုက လူဝင်မှု ကြီးကြပ်ရေး(လ၀က)နှင့် သစ်တော ဆိုင်ရာ ဥပဒေ ပုဒ်မ တို့ဖြင့် အမိန့်ချမှတ် လိုက်ခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ်မှ ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။
ထောင်ဒဏ်ချမှတ်ခံရသော တရားမ၀င် ၀င်ရောက်နေထိုင်သည့် ထိုင်း လူမျိုးတချို့ (ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘုတ် မှ)

အစိုးရအဖွဲ့တွင်း အပြောင်းအလဲ စတင်

ဒုတိယ သမ္မတအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်းစစ် ကော်မတီက အတည်ပြုပေး တော့မယ်လို့  နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေ အဆိုအရ သိရပါတယ်။
ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန် က မေလ ၁၁ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး ဝက်ဘ်ဆိုဒ်)

ကချင်စစ်ပြေးဒုက္ခသည် ကလေးအများစု စာသင်ခွင့် မရသေး

လိုင်ဇာရှိ ကျောင်းတကျောင်းမှ မူလတန်း ကလေးငယ်များ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
ယခုအချိန်ထိ ကချင်စစ်ပြေး ဒုက္ခသည်စခန်းတချို့ တွင် နေထိုင်သည့် ကလေးငယ်အများစုမှာ စာသင်ခွင့် မရသေးကြောင်း သိရသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး လစာ ၇ သောင်းရမည်

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတရုံးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဓာတ်ပုံ ချိတ်ဆွဲနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)
အစိုးရ အုပ်ချုပ်ရေး ယန္တရားတွင် အခြေခံ ကျဆုံးသော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပြည်သူများက
စိတ်တိုင်းကျ မဲပေးရွေးချယ်၍ ခန့်အပ်ခံရသော အုပ်ချုပ်ရေးမှူးများသည် လစာ ကျပ် ၇ သောင်း ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အပြစ်ပေးလျှင် ခံမည်ဟု ဦးအောင်သိန်းလင်း ပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်း (ဓာတ်ပုံ – ဧရာဝတီ)

ပြည်တော်ပြန် ဥပဒေ ပြဌာန်းရန် မလိုဟုဆို

ဇူလိုင် ၁၆ ရက်နေ့ လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေကြသော မြန်မာများ ပြည်တော် ပြန်လာနိုင်ရေး ဥပဒေတရပ် ပြဌာန်းရန် မလိုကြောင်း ပြည်ထဲရေး ဒု ၀န်ကြီးက ပြောဆိုလိုက်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားအရေး ထိုင်းအစိုးရနှင့်ညှိနှိုင်းရန်အကြံပြုချက်များကိုဝန်ကြီးဦးအောင်ကြည်လက်ခံ

နိုင်ငံတော် သမ္မတ၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းလိုက်ပါခဲ့သော အလုပ်သမားရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ NGO အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်။        ထိုင်းနိုင်ငံရှိ အလုပ်သမားအရေးဆောင်ရွက်နေသော အစိုးရမဟုတ်သည့် NGO အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံ မြန်မာသံရုံး၌ အချိန် (၁) နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု MAP ဖောင်ဒေးရှင်းမှ မမိုင်က ယခုလို ပြောသည်။       

ခင်ဦးမြို့နယ်သဇင်စံပြကျေးရွာက၀ါစိုက်တောင်သူများ ချေးငွေကိစ္စအခက်အခဲရှိနေ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သဇင်စံပြကျေးရွာတွင် ၀ါစေ့စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးဘဏ်မှ ၂၀၁၂ ခုနှစ်အတွက်စိုက်စရိတ်ချေးငွေရရှိရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံတောင်သူများကဆိုသည်။

မန္တလေးနည်းပညာတက္ကသိုလ်နှင့် တက္ကသိုလ်ကျောင်းသားများ ဆိုင်ကယ်ပေါင်နှံမှု မြင့်မားနေ

နယ်မှလာသောတက္ကသိုလ်ကျောင်းသားအများစုမှာ ၄င်းတို့စီးနင်းနေသော ဆိုင်ကယ်များအားတက္ကသိုလ်များအနီးဖွင့်လှစ်ထားသော  အပေါင်ဆိုင်များ၌ အတိုးနှုန်းကြီးမြင့်စွာဖြင့် ပေါင်နှံမှုမှာ ယခင်နှစ်များကထက် ပိုမြင့် တက်လာကြောင်း မန္တလေး တက္ကသိုလ်ကျောင်းသား အသိုင်းအ၀ိုင်းက သိရသည်။     

မန္တလေး လမ်းပန်း/၀န်ကြီးနှင့် ကော်မတီဝင်များအား တရားစွဲမည်ဟုဆိုသည့် ပြည်သူ့ဒီမိုကရေစ်ီ်ပါတီဥက္ကဌ

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ဆန်းနှင့် ယ.က.က ကော်မတီဝင်များ အား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြည်သူ့ဒီမိုကရေစီပါတီမှ ဥက္ကဌဒေါက်တာသန်းထိုက်ဦးက မြစ်မခသို့ အသိပေးပြောကြားလိုက်သည်။     မန္တလေး ယ.က.က(မြို့တွင်း) (အဝေး) (ကုန်တင်ခေါက်တို)တို့အား လမ်းမကြီးများပေါ်တွင် အခွန် ကောက်ခံပိုင်ခွင့်မရှိပဲ အခွန်ကောက်ခံရန် ၀န်ကြီးဦးကျော်ဆန်းမှ လမ်းညွှန်ခွင့်ပြုခဲ့သောကြောင့် ဖြစ်သည်ဟု သိရသည်။ 

ဝမ်းတွင်းမြို့နယ်မှတောင်သူများ ထွန်တုံးတိုက်ပွဲတွင် အသေခံဆန္ဒပြနေ


 
မိထ္တီလာခရိုင် ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန်ရွာတွင် ကောင်းကင်ကုမ္ပဏီကသက်ဆိုင်ရာမှဖြေရှင်းပေးမှုကို မစောင့်ပဲဆောင်ရွက်နေ မှုကြောင့်  ဒေသခံလယ်သမားများကထွန်တုံးတိုက်ပွဲအား အသေခံ၍ ဆက်လက်ဆင်နွဲနေကြောင်း တောင်သူများထံက သိရသည်။   

အဆင့်မြင့်ဈေးအဖြစ်အသွင်ပြောင်းတော့မည့် တာမွေရာပြည့်ဈေး

တာမွေမြို့နယ်ရှိ ရာပြည့်ဈေးအား အဆင့်မြင့်ဈေးအဖြစ် ယခုနှစ်မိုးအကုန်ပွင့်လင်းရာသီတွငအကောင်အထည်   ဖော်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)ကသိရှိရသည်။

Export ဈေးကွက် ကျဆင်းနေချိန် ပြည်တွင်း၌ ဆန်ဈေးမြင့်

  အမြင့်ဈေးဖြင့်တည်ငြိမ်နေသော်လည်း ပြည်ပ Export ဆန်ဈေးကွက်မှာ အရောင်းအ၀ယ်ကျဆင်းလျက်ရှိကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းက သိရှိရသည်။     ဇူလိုင်လကုန်ပိုင်းတွင် ဘုရင့်နောင်ဆန်ဈေးကွက်မှ ဆန်Export တင်ပို့ခဲ့ရပြီး အင်ဒိုနီးရှားနိုင်ငံသို့ အဓိကတင်ပို့ကာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ဆန်ကြမ်းဝယ်ယူမှုများပြားခဲ့ကြောင်း သိရသည်။     ပြည်တွင်းဆန်ဈေးကွက်တွင်း Export သဘောင်္များ ၀င်ရောက်မှုမရှိတော့ခြင်းကြောင့် ဆန်ဈေးနူန်းများ အမြင့်ဈေးဖြင့် တည်ငြိမ်နေခြင်းဖြစ်သည်။ 
 

ပစ်သတ်ခံရသည့် အလုပ်သမား အသုဘပို့အပြန် ထိုင်းရဲက ထပ်မံဖမ်းဆီး

စံခလပူရီ (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာမြို့ရှိ CPF ပုဇွန် ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာ အလုပ်သမား သုံးဦးအား အမည်မသိ မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ်သမားမှ ဇူလိုင်လ ၂၄ ရက်နေ့ ညက လာရောက် ပစ်ခတ်ခဲ့သည်၍ အလုပ်သမား နှစ်ဦး သေဆုံးခဲ့ရသည်ဟု စက်ရုံ အလုပ်သမားတဦး ဖြစ်သည့် ကိုထွန်း က ပြောသည်။

OIE မှ ခွာနာလျှာနာ ကာကွယ်ဆေး အကူအညီပေးမည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကမ္ဘာ့ တိရိစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) မှ ခွာနာလျှာနာ ရောဂါ ကာကွယ်ရေးအတွက်
မြန်မာနိုင်ငံသို့ ဆေးအလုံးရေ ငါးသိန်း အကူအညီပေးရန်ရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

ပွဲစားအလိမ်ခံ မြန်မာအလုပ်သမား ၃၅ ဦးတို့ ရှေ့ဆက်ရန် မရေရာသေး

စံခလပူရီ (မဇ္ဈိမ) ။       ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရတို့ကြား အလုပ်သမား တင်သွင်းခွင့် နားလည်မှု စာချွန်လွှာ MOU ဖြင့် ဝင်ရောက် လာကြသည့် အလုပ်သမားများ ပွဲစား အလိမ်ခံရ၍ ရှေ့ဆက်ရေး အလားအလာမှ မရေမရာ
ဖြစ်နေသေးကြောင်း အလုပ်သမားများက မဇ္ဈိမကို ပြောသည်။

ရေနက်ဆိပ်ကမ်း သဘောတူညီချက် အသေးစိတ် ထားဝယ်ဒေသခံများ သိရှိလို

မဇ္ဈိမသတင်းဌာန ။        ။ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွါးရေးဇုန် အနီးရှိ ဒေသခံများက ယခုအပတ် အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူညီချက်များ၏ အသေးစိတ်ကို သိရှိလိုကြောင်းနှင့် ၎င်းတို့၏ လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားကြစေလိုကြောင်း ပြောသည်။

ဦးသိန်းစိန်အား ဖိတ်ကြားထားမှု ဗြိတိန် ပြန်ရုတ်သိမ်းသင့်ဟု BC (UK) ပြော

Anna-Roberts-BCUK




မဇ္ဈိမသတင်းဌာန ။       ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော လူမျိုးရေး အကြမ်းဖက် တိုက်ခိုက်မှုများသည် ယခုအခါ လူအခွင့်အရေးနှင့် လူသားဆိုင်ရာ အကြပ်အတည်းတခု ဖြစ်လာခဲ့သော်လည်း ထိုက်သင့်သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရရှိခဲ့ကြောင်း Burma Campaign (UK) ၏ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ကိုလိုနီဆန့်ကျင်ရေးကာလ မြန်မာ့မိတ်ဆွေ အိန္ဒိယစစ်သူရဲကောင်း ကွယ်လွန်

Lakshmi Sahgal







ရန်ကုန် (မဇ္ဈိမ) ။      ။ တနင်္လာနေ့က အိန္ဒိယနိုင်ငံတွင် ကွယ်လွန်သွားခဲ့သော ဗိုလ်မှူးကြီး လက်က်ရှမီး ဆေဂါးလ် (ငယ်အမည် လက်က်ရှမီး ဆွာမိနသန်) အသက် ၉၇ နှစ်သည် ကိုလိုနီဆန့်ကျင်ရေး တိုက်ပွဲကာလအတွင်း မြန်မာ အပါအဝင် အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံ အကြား အဆက်အစပ်ရှိသူများထဲမှ နောက်ဆုံးတဦးပင် ဖြစ်သည်။

အစိုးရ အဖွဲ့ဝင်များ၏ အကျိုးစီးပွားများ မှတ်တမ်းတင်ရန်အဆို ဆွေးနွေးမည်

ရန်ကုန် (မဇ္ဈိမ) ။      ။ ပြည်ထောင်စု၊ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကာ မှတ်တမ်းတင်ထားရန် အဆိုကို လွှတ်တော်မှ လက်ခံဆွေးနွေးရန် သဘောတူလိုက်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

မီးလောင် ၄,၈၂၂၊ သေဆုံး ၇၇၊ ဒဏ်ရာရ ၁၁၁၊ ဒုက္ခသည် ၇၀,၀၀၀

ဦးလှသိန်း
ရခိုင်ပြည်နယ် ဥပဒေချုပ်
(ရခိုင်ပြည်နယ် ပဋိပက္ခတွင် အစိုးရ၏ အရေးယူ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း)

စစ်တွေ (မဇ္ဈိမ) ။         ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း အား မဇ္ဈိမသတင်းဌာနက ဇူလိုင် ၂၃ ရက်နေ့တွင် စစ်တွေမြို့၊ ပြည်နယ်ဥပဒေရုံးရှိ ၎င်း၏ရုံးခန်း၌ ပထမဆုံးအကြိမ် တွေ့ဆုံ
မေးမြန်းခွင့် ရရှိခဲ့သည်။

ချင်းမိုင် မြန်မာကျောင်းထိုင် ဆရာတော် ဆက်ထားခွင့် ပြုမည်

ချင်းမိုင်(မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကိုးကွယ်နေသည့် “ဝပ်ဆိုင်မွန်း” ဘုန်းတော်ကြီးကျောင်းတွင် မြန်မာကျောင်းထိုင်ဆရာတော် ဆက်လက် ထားရှိခွင့် ပြန်လည်ရရှိမည်ဟု ဘန်ကောက်မြို့ ရှိ မြန်မာသံရုံးမှ သိရသည်။

ဂျပန် အလုပ်သမားများသမဂ္ဂ မြန်မာ အလုပ်သမားအရေး ကူညီမည်ဟုဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ ဂျပန်နိုင်ငံ မီးရထား အလုပ်သမားများ သမဂ္ဂသည် နောင်တွင် ဖွဲ့စည်းမည့် မြန်မာနိုင်ငံရှိ သယ်ယူပို့ဆောင်ရေးနယ်ပယ်မှ အလုပ်သမားများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ချိုးဖောက်ခံရမှု မရှိစေရန် ကူညီသွားမည်ဟု အဆိုပါသမဂ္ဂ၏ ဥက္ကဋ္ဌ မစ္စတာ မာဆတ်ဟာရိုတာခဲရိ က ပြောသည်။

KNPP ပင်မ ဆက်ဆံရေးရုံး လွိုင်ကော်တွင် ပြန်လည်ဖွင့်လှစ်

knppစံခလပူရီ (မဇ္ဈိမ) ။       ။ အပစ်ရပ် သဘောတူချက် ပျက်ပြားချိန်မှ ၁၇ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ပင်မ ဆက်ဆံရေးရုံးကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗုဒ္ဓဟူးနေ့ နံနက်က ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း ရုံးတာဝန်ခံ ခူဒယ်နီယာ က ပြောသည်။

ကချင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကော်မရှင် စတင်စစ်ဆေးနေ

ချင်းမိုင်(မဇ္ဈိမ) ။        ။ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲများ
ပြန်လည်ဖြစ်ပွားခဲ့စဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စတင်စစ်ဆေးနေသည်ဟု ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။

ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် ဗီဇာ အငြင်းပယ်ခံရ

နယူးဒေလီ (မဇ္ဈိမ)။       ။ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အချက်အလက်များ လာရောက်လေ့လာရယူရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ပါကစ္စတန် လူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် Ansar Burney နှင့် လုပ်ဖော်ကိုင်ဖက် တဦးတို့အား မြန်မာနိုင်ငံမှ ပြည်ဝင်ခွင့်
ဗီဇာ ငြင်းပယ်လိုက်ကြောင်း သိရသည်။

 တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ ရေ၀င်ရောက် လတ်တလောရာသီဥတု အခြေအနေများကြောင့် တောင်ငူမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်

နေအိမ်ရပ်ကွက်အတွင်း မြစ်ရေ၀င်ရောက်နေစဉ်
စစ်တောင်းမြစ်အနီးဝန်းကျင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ရက်သတ္တတစ်ပတ်ကျော်မျ မိုးများ အဆက်မပြတ်ရွာသွန်းသဖြင့် စစ်တောင်းမြစ်ရေမြင့်တက်လာကာ တောင်ငူခရိုင်အတွင်း စစ်တောင်မြစ် နဘေးကျေးရွာများနှင့် မြို့ပေါ်အနိမ့် ပိုင်းရပ်ကွက်များအတွင်းသို့ မြစ်ရေ များစတင်ဝင်ရောက်လျက်ရှိပြီး လယ်မြေစပါးစိုက်ခင်းများအတွင်း ၀င်ရောက်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။  

 မဟာမုနိဘုရားကြီးသို့ ထိုင်းနိုင်ငံမှလာရောက်၍ ၀ါဆိုသင်္ကန်း၊ စတီးသပိတ်နှင့် ပရိက္ခရာများ၊ ရွှေ ၁၉ ကျပ်သားရှိ စိန်နှင့်ကျောက်မျက်ရတနာ စီခြယ်ထားသော ဆွဲသီးဆက်ကပ်လှူဒါန်း



5176
ပင့်သံဃာအပါး ၁၀၀၀အား ၀ါဆိုသင်္ကန်း၊ စတီး သပိတ်နှင့် ပရိက္ခရာများ ဆက်ကပ်လှူဒါန်းစဉ်
ထိုင်းနိုင်ငံ အလှူရှင်များမှ မန္တလေးမြို့၊မဟာမုနိဘုရားကြီးသို့ လာရောက်၍ ရွှေ ၁၉ ကျပ်သား ရှိ စိန်နှင့်ကျောက်မျက်ရတနာ စီခြယ်ထားသော ဆွဲသီးဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင်လ၂၂ရက် နေ့ကပြုလုပ်ခဲ့ကြောင်း သိရပါသည်။

 မလိခ မြစ်ဝှမ်းငယ်၌ ဇီဝမျိုးစုံမျိုးကွဲ ၄၈ ရာခိုင်နှုန်းနှင့် မေခမြစ်ဝှမ်းငယ်၌ ၆၇ ရာခိုင်နှုန်းမှာ ထိန်းသိမ်းရန် လိုအပ်နေ

မလိခ၊ မေခမြစ်ဝှမ်းငယ်အနီး သဘာဝပတ်ဝန်းကျင်ကို ယခုနှစ် မတ်လအတွင်းက တွေ့ရစဉ်
ဧရာဝတီမြစ်အထက်ပိုင်းရှိ မလိခ၊မေခ မြစ်ဝှမ်းငယ်များ၌ ဇီဝမျိုး စုံမျိုးကွဲများစွာ တည်ရှိနေပြီး ကမ္ဘာ့စံနှုန်းအရ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရန် လိုအပ်မှုမှာ မလိခမြစ်ဝှမ်းငယ်တွင် ၄၈ ရာခိုင်နှုန်းနှင့် မေခမြစ်ဝှမ်းငယ်တွင် ၆၇ ရာခိုင်နှုန်း အသီး သီး ရှိနေကြောင်း သိရှိရသည်။

 ထိုင်းမှမြန်မာသို့ ရေလမ်းကြောင်းမှ မှောင်ခိုကုန်သွယ်နေမှုများအား တပ်မတော်ရေမှ ဖမ်းဆီးကျပ်သိန်း ၁၄၀၀ ၀န်းကျင် တန်ဖိုးရှိ စားအုန်းဆီ၊ စားသောက်ကုန်များ ဖမ်းမိ

ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းနေမှုများအား စတင်ဖမ်းဆီးလျက်ရှိကြောင်းနှင့် လက်ရှိတွင် ကျပ်သိန်း ၁၄၀၀ ၀န်းကျင်တန်ဖိုးရှိ မှောင်ခိုတင်သွင်းလာသည့် စားသောက်ကုန်များ ဖမ်းဆီးရမိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိ သူများထံမှ သတင်းရရှိပါသည်။

 ရန်ကုန်လေဆိပ်သို့ ယခုနှစ်အတွင်း ခရီးသည် ၀င်ရောက်မည့် ပမာဏနှင့် လက်ခံနိုင်မည့် ပမာဏ လုံလောက်ခြင်း မရှိသဖြင့် ပြည်တွင်းလေဆိပ် အဆောက်အအုံအား တိုးချဲ့တည်ဆောက်မည်



5174
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းအတွင်းရှိ ပြည်တွင်းလေဆိပ် အဆောက်အအုံကို ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်လေဆိပ်သို့ ယခုနှစ်အတွင်း ခရီးသည်ဝင်ရောက်မည့်ပမာဏ နှင့် လက်ခံနိုင်မည့်ပမာဏ လုံလောက်ခြင်းမရှိသဖြင့် ပြည်တွင်းလေဆိပ် အဆောက်အုံအား တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။

ဘုရင့်နောင်ခုံးကျော် တံတား ဆောက်လုပ်မည်ဖြစ်၍ ဘုရင့်နောင် လမ်းမကြီးကို ရှစ်လမ်းသွားနှင့် သမိုင်း ဘူတာရုံလမ်းကို ခြောက်လမ်းသွားအဖြစ် တိုးချဲ့မည်



5172
ဘုရင့်နောင် လမ်းဆုံအနီး ဆောင်ရွက်နေသည့် လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်

ဘုရင့်နောင်လမ်းဆုံတွင် ခုံးကျော်တံတား ဆောက်လုပ်မည်ဖြစ်သောကြောင့် ဘုရင့်နောင်လမ်းမကြီးအား လက်ရှိ ခြောက်လမ်းသွားလမ်းမှ ရှစ်လမ်းသွားလမ်းအဖြစ် လည်းကောင်း၊ သမိုင်းဘူတာရုံ လမ်းကိုလည်း ခြောက်လမ်းသွားလမ်းအဖြစ် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဒုံ လေဆိပ်ပိုင် မြေအတွင်းရှိ ကျူးကျော်နေအိမ်များ ဖယ်ရှားခံခဲ့ရသူများ နေစရာမရှိဖြစ်ကာ ကျန်းမာရေးချို့တဲ့မှုနှင့် ရင်ဆိုင်လာနေရ

ဖယ်ရှားရှင်းလင်းခံထားရသော အိမ်အပျက်အစီးများအား တွေ့ရစဉ်
မရမ်းကုန်းမြို့နယ်၊ အမှတ် (၅)ရပ်ကွက်ရှိ မင်္ဂလာဒုံလေဆိပ်ပိုင် မြေအတွင်းရှိ ကျူးကျော်နေအိမ်များကို ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာမှ ဖယ်ရှား ရှင်းလင်းမှုများ ပြုလုပ်ခဲ့သောကြောင့် အဆိုပါ နေအိမ်များမှ ပြည်သူများမှာ ယခုအချိန်တွင် နေစရာ နေရာမရှိဘဲ ကြုံသလို အနေအထားဖြင့်သာ နေနေရသောကြောင့် ကျန်းမာရေးချို့တဲ့မှုများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။

လျှပ်တစ်ပြက်ဂျာနယ်အား တရားစွဲဆိုထားမှုအတွက် လေးကြိမ်မြောက် ရုံးချိန်းခေါ်ယူ၊ ဂျာနယ်ထုတ်ဝေ ဖြန့်ချိခွင့်အား ဆက်လက် ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း သိရ

လျှပ်တစ်ပြက်ဂျာနယ်အား တရားစွဲထားမှုအတွက် လေးကြိမ်မြောက် ရုံးချိန်းကို ဇူလိုင်လ ၂၄ ရက်နေ့က ခေါ်ယူခဲ့ပြီး ဂျာနယ် ထုတ်ဝေဖြန့်ချိခွင့်ကိုမူ ဆက်လက်ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း သိရှိရပါသည်။ လျှပ်တစ်ပြက် ဂျာနယ်အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော် ပြပါရှိသော မသီတာထွေး၏ ဓာတ်ပုံ နှင့်ပတ်သက်၍ အယ်ဒီတာချုပ် ဦး မြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ တရားစွဲဆိုမှုနှင့်အတူ လျှပ်တစ်ပြက်ဂျာနယ် ထုတ်ဝေဖြန့်ချိခွင့်ကိုလည်း ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။

 ရေလုပ်ငန်းစက်ရုံများနှင့် ပတ်သက်သည့် ပထမဆုံး အဖွဲ့အစည်းဖြစ်သော အေအက်စ်ကေအန်ဒမန် လီမိတက် အခြေခံ အလုပ်သမားအဖွဲ့အား အတည်ပြု

5175
အေအက်စ်ကေအန်ဒမန် အအေးခန်းနှင့် ရေလုပ်ငန်းလုပ်ကိုင်ရာ တံတားကို တွေ့ရစဉ်

ရေလုပ်ငန်းစက်ရုံများနှင့် ပတ်သက်သည့် ပထမဆုံး အလုပ်သမား အဖွဲ့အစည်း တစ်ခုဖြစ်သည့် “အေအက်စ်ကေအန်ဒမန် လီမိတက်အခြေခံ အလုပ်သမားအဖွဲ့” (AABLO)အား မြိတ်မြို့တွင် ဖွဲ့စည်းပြီးနောက် သက်ဆိုင်ရာ အလုပ်သမား အဖွဲ့တာဝန်ရှိသူများ လာရောက်စစ်ဆေး အတည်ပြုခဲ့ကြောင်း သိရသည်။

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အချို့၌ ဟိုတယ်အခန်း ဈေးနှုန်းများ ကြီးမြင့်မှု ဆက်လက်ဖြစ်ပေါ်နေ၍ လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်ရန်ရှိ

မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အချို့၌ ဟိုတယ်အခန်းခ နှုန်းထားကြီးမြင့်မှုများ ဆက်လက် ဖြစ်ပေါ်နေသည့်အတွက် လိုအပ်သည့် အရေးယူမှုများကို ဆောင် ရွက်သွားရန်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ၌ အိမ်ထောင်မပြုသူ အချိုး များပြားလာပြီး အိမ်ထောင်ပြုသည့် အသက်အရွယ်မှာလည်း တဖြည်းဖြည်း မြင့်မားလာရာ စားဝတ်နေရေး ပြဿနာသည် အဓိက အကြောင်းရင်းတွင် ပါဝင်နေ


5173
အမျိုးသား၊ အမျိုးသမီး အိမ်ထောင်မပြုသူ အချိုးပြ ဇယား
မြန်မာနိုင်ငံ၌ အိမ်ထောင်မပြုသူ အချိုး ပိုမိုများပြားလာပြီး အိမ်ထောင်ပြုသည့် အသက်အရွယ်မှာ လည်း တဖြည်းဖြည်းမြင့်မားလာရာ စားဝတ်နေရေး ပြဿနာသည် အဓိက အကြောင်းရင်းတွင် ပါဝင်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း ကောက်ယူခဲ့သည့် ‘မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေး’ စစ်တမ်းအရ သိရသည်။

 မြန်မာအပါအ၀င် နိုင်ငံလေးနိုင်ငံမှ ဆင်များအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ဥရောပနိုင်ငံအချို့တွင် စတင်ပြသ

5171
www.lifesizememories.com တွင် ဖော်ပြထားသည့် မြန်မာနိုင်ငံမှ မှတ်တမ်းဓာတ်ပုံ
မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ သီရိ လင်္ကာနိုင်ငံများရှိ အာရှဆင်များအား ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်ကို ဥရောပနိုင်ငံအချို့တွင် စတင်ပြသနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုးရွားဆုံး မှောင်ခိုနေသည့် ထိုင်းနှင့် တရုတ်နယ်စပ်မှ မှောင်ခိုတင်သွင်းမှုများကို မှတ်တမ်းများဖြင့် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြပြီးနောက် ထိုင်းနယ်စပ်မှ မှောင်ခိုတင်သွင်းမှုများအား ဖမ်းဆီး

ချစ်ကြည်ရေးတံတားအနီး မြန်မာ-ထိုင်း နယ်စပ်တစ်နေရာ
မြန်မာနိုင်ငံ၏ အဓိကနယ်စပ် ကုန်သွယ်မှုပြုနေသည့် တရုတ်နှင့် ထိုင်းနယ်စပ်များမှ မှောင်ခိုတင်သွင်းမှုများကို ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းများဖြင့် နိုင်ငံတော်သမ္မတရုံးထံ တင်ပြပြီးနောက် ထိုင်းနယ်စပ်မှ မှောင်ခို တင်သွင်းမှုများအား စောင့်ကြပ်ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။

တိုင်းရင်းသားအရေး ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဆွေးနွေး


2012-07-25
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပထမဆုံးအကြိမ် ၀င်ရောက် ဆွေးနွေးခဲ့ပါတယ်။ ကွတ်ခိုင် မဲဆန္ဒနယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ "တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး" အဆိုကို သူကထောက်ခံ ဆွေးနွေးတာ ဖြစ်ပါတယ်။
AFP

ကုလ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာအစိုးရ ဖိတ်ကြား


2012-07-25
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ ဇူလိုင်လ ၃၀ ရက်နေ့ ကနေ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားမယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။
UN Photo/Eskinder Debebe
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ် အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။ (UN Photo/ Eskinder Debebe)
သူ့ခရီးစဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရုံးက ထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံက လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ ရခိုင်ပြည်နယ်က အကြမ်းဖက် မှုတွေ၊ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်က အခြေအနေတွေကို လေ့လာ စုံစမ်းမယ်လို့  ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မစ္စတာ ကင်းတားနားဟာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှုအခြေပြု လူထု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
ခရီးစဉ် ပြီးဆုံးမယ့် သြဂုတ်လ ၄ ရက်နေ့ ကျရင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမား ၂ ဦး ထိုင်းမှာ သတ်ဖြတ်ခံရ


2012-07-25
ထိုင်း မလေးရှားနယ်စပ် ဆုံခရာခရိုင် ရာနွတ်ဒေသမှာရှိတဲ့ CPF ပုဇွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား (၃) ဦး ညဆိုင်း အလုပ်ကနေ အဆောင်အပြန်မှာ ဆိုင်ကယ်စီး သေနတ်သမားတွေက ဒီကနေ့ မနက် ၃ နာရီ ၄၅ မိနစ် လောက် မှာ သေနတ်နဲ့ ပစ်ခတ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း


2012-07-24
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာ အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၄ ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမှုတွေ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
RFA

နေပြည်တော်မှာ ဆူမီတိုမို ကော်ပိုရေးရှင်းရုံး ထပ်ဖွင့်မည်


2012-07-24
မြန်မာနိုင်ငံတွင်း သတင်း ပြန်ကြားရေး လုပ်ငန်းဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်လို့ ကူညီနိုင်ဖို့အတွက် ဂျပန်နိုင်ငံက ဆူမီတိုမို ကော်ပိုရေးရှင်း ( Sumitomo Corporation) ဟာ ရန်ကုန်မှာရှိတဲ့ ရုံးအပြင် နောက်ထပ် ရုံးတစ်ရုံးကို သြဂုတ်လ ၁ ရက်နေ့မှာ နေပြည်တော်မှာ ထပ်မံ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ဆန်ဖရန်စစ္စကို မာရသွန် မြန်မာ ၁၇ ဦး ၀င်ရောက် ယှဉ်ပြိုင်မည်


2012-07-24
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ နှစ်စဉ် ကျင်းပတဲ့ ဆန်ဖရန် စစ္စကို မာရသွန် ပြိုင်ပွဲမှာ မြန်မာနိုင်ငံ အတွင်းက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး မြန်မာ ၁၇ ဦး ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်အမတ်တွေ ဆွေးနွေး


2012-07-24
ဒီမိုကရေစီရေးရာ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေတဲ့ ဗြိတိန် အခြေစိုက် Westminster Foundation for Democracy (WFD) အဖွဲ့ အကြီးအကဲ Linda Duffield ဦးဆောင်တဲ့ ပါတီပေါင်းစုံက ဗြိတိန်လွှတ်တော် အမတ်များ အဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီချုပ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးကြောင်း သိရပါတယ်။
RFA

ဦးအေးလွင်က ရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်


2012-07-24
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ လှည်းကူးတရားရုံးက တာဝန်ဝတ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ထောင်ဒဏ် နှစ်လ အပြစ်ပေးခြင်းခံရတဲ့ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ထောင်ကပြန်လည် လွှတ်မြောက်လာခဲ့ပါတယ်၊

NLD ညီလာခံ ကိုယ်စားလှယ်တစ်ထောင်ကျော် တက်ဖို့ရှိ


2012-07-24
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီညီလာခံ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ကော်မရှင်အဆင့်ဆင့်ကို ဖွဲ့စည်းလျက်ရှိရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ တိုင်းနဲ့ပြည်နယ် တစ်ဝက်လောက်မှာ မြို့ နယ်အဆင့်တွေ ဖွဲ့စည်းပြီးပြီ ဖြစ်ကြောင်း NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောပါတယ်။

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ

2012-07-24
မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
(ဓာတ်ပုံ- EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်မှ ရယူဖော်ပြပါသည်။)

Frist Weekly ဂျာနယ် တရားစွဲခံရမှု စတင်စစ်ဆေး

2012-07-24
ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ကန်ထရိုက်တာ ဒေါ်သစ်သစ်ဆွေက First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူကို သတင်းမှား ရေးသားတယ်ဆိုပြီး အသရေဖျက်မှုနဲ့ စွဲဆိုထားတဲ့ အမှုကို ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
RFA

မြန်မာ အလုပ်သမားရေး ထိုင်းနိုင်ငံရှိ NGO တွေနဲ့ ဝန်ကြီး ဦးအောင်ကြည် ဆွေးနွေး

2012-07-24
မြန်မာအလုပ်သမားဝန်ကြီး ဦးအောင်ကြည်ဟာဒီနေ့ မနက် (၉) နာရီအချိန်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ NGOs အဖွဲ့အစည်း တချို့နဲ့ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။