Monday, July 30, 2012

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် နဲ့ တွေ့ဆုံမေးမြန်းခန်း

မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ လက်တွေ့ကျ ဆက်ဆံရေး မူဝါဒဟာ မြန်မာပြည်တွင်း လက်ရှိ မြင်တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ အခြေအနေတိုးတက်မှုအပေါ် မူတည်ပြီး တဆင့်ပြီးတဆင့် တိုးမြှင့် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး ဒဲရက်မစ်ချဲလ်(Derek Mitchell) က ထပ်လောင်း ပြောကြားလိုက်ပါတယ်။

ရခိုင်ပဋိပက္ခစုံစမ်းရေး ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး တောင်းဆို

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြား ချက်တွေကြောင့် ဒီကိစ္စအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ် ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီရဲ့ မဟာမင်းကြီး မစ္စနာဗီပီလေး (Navi Pillay) က ဇူလိုင်လ (၂၇) ရက်နေ့ က တောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲဖို့ ပြင်ဆင်




မြန်
မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲနိုင်ဖို့အတွက် အခုရက်ပိုင်းတွေ အတွင်း နေပြည်တော်မှာရှိတဲ့ အစိုးရ အရာရှိတွေ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာက 

ရွှေတိဂုံ၌ ဧည့်နိုင်ငံခြားသားများ အင်တာနက် Wi-Fi အခမဲ့ သုံးခွင့်ပြုမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ရွှေတိဂုံ စေတီတော်သို့ လာရောက်ကြသည် နိုင်ငံခြားများအနေဖြင့် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ အင်တာနက် ၀ိုင်ဖိုင် Wi-Fi အခမဲ့ အသုံးပြုခွင့်ပေးသွားဟု စေတီတော် ဂေါ်ပကအဖွဲ့ တာဝန်ရှိသူတဦးက ဇူလိုင်လလ ၂၆ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ရခိုင်ပါတီနှစ်ခု ညှိနှိုင်းရန် ALD အဆင်သင့်ဖြစ်နေပြီဟုဆို

စစ်တွေ (မဇ္ဈိမ)။   ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အနေဖြင့် ရခိုင်ပါတီများ ပူးပေါင်းရေး ညှိနှိုင်းနိုင်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဇူလိုင် ၂၇ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ပါတီဌာနချုပ် ဆိုင်းဘုတ်
တင်ပွဲ အခမ်းအနားတွင် ပါတီ် ထိပ်ပိုင်းခေါင်းဆောင်တဦးက သတင်းထောက်များအား ပြောကြားလိုက်သည်။

လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံခြားသား ပိုများ

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင် မကြာသေးခင်က ကျင်းပပြုလုပ်သည့် Into Myanmar လယ်ယာကဏ္ဍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အခြေခံအဆောက်အအုံ ကမ္ဘာ့ ထိပ်သီး ညီလာခံကို အိမ်ရှင်
မြန်မာနိုင်ငံသားများထက် နိုင်ငံခြားသားများ ပိုမိုများပြားစွာ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

အစိုးရတပ်များ တိုးချဲ့ရန် အထက်ညွှန်ကြားချက် ထွက်လာကြောင်း KIO ပြော

စံခလပူရီ (မဇ္ဈိမ)။   ။ ကချင်ဒေသသို့ အစိုးရတပ်များ တိုးချဲ့နေရာယူထားကြရန် ဇူလိုင်လ ၂၆ ရက်နေ့က စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်သဘော ထိပ်သီး အစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က လမ်းညွှန်ချက် ပေးခဲ့ပြီး ဆိုင်ရာတပ် အသီးသီးသို့ ညွှန်ကြားချက် ပေးခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အတွင်းရေးမှူး ဦးလနန်မှ မဇ္ဈိမကို ပြောကြားသွားသည်။

မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော

နယူးဒေလီ (မဇ္ဈိမ)။   ။ မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားသည်။

သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရန် စမ်းသပ်မွေးမြူမည်

ရန်ကုန် (မဇ္ဈိမ) ။      ။ ပြည်ပ ၀ယ်လိုအားထက် ထုတ်လုပ်မှု ပိုလျှံနေသည့် ငါးမြစ်ချင်းအား ယခုနှစ်မှ စတင်
လျှော့မွေးကာ သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရှိရန် စမ်းသပ် မွေးမြူသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

သစ်တောပြုန်းတီးခြင်း အပြင် တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမ၀င် ရောင်းချမှုများကြောင့် မြန်မာနိုင်ငံ၌ ဆင်ကောင်ရေ လျော့ကျလာ



7437
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း လုပ်ငန်းခွင်တွင် အသုံးပြုသော ဆင်တစ်ကောင်ကို တွေ့မြင်ရစဉ်
သစ်တောပြုန်းတီးမှု မြင့်တက်လာခြင်းအပြင် တိရစ္ဆာန်ထွက်ပစ္စည်း များ တရားမ၀င် ရောင်းချမှုများကြောင့် မြန်မာနိုင်ငံတွင် ဆင်ကောင် ရေလျော့ကျလာကြောင်း သတင်းရရှိ ပါသည်။ မြန်မာနိုင်ငံသည် အာရှဒေသတွင် အာရှဆင်များ အဓိက ကျက်စားရာနိုင်ငံများ၌ အပါအ၀င်ဖြစ်နေပြီး သစ်လုပ်ငန်းသုံးဆင်များ၊ ပုဂ္ဂလိကပိုင်ဆင်များနှင့် တောဆင်များ ဟူ၍ရှိနေသည်။

လားရှိုးမြို့ အေတီတံတားအနီး ပြည်ထောင်စုလမ်းမကြီးပေါ် ရေကျော်သဖြင့် ခရီးသည်တင်ကားများ ခက်ခက်ခဲခဲ ဖြတ်သန်းနေရ



AddThis Social Bookmark Button
ဇူလိုင်လ(၂၈)ရက်နေ့က လားရှိုးမြို့ အေတီတံတားအနီး လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ နမ့်ယောင်ချောင်းမှ ရေများလျံတက်လာမှုကြောင့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ ခက်ခက်ခဲခဲ ဖြတ်သန်းနေရကြောင်း သိရသည်။    

 ဗိုလ်တစ်ထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည်

ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေ နေရာတိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

 ရန်ကုန်မြို့ရှိ ကျူးကျော်နေအိမ်များကို မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန်ဟု ဆိုကာ ဖယ်ရှားရှင်းလင်းနေ၊ ကျူးကျော်နေထိုင်သူ အများစု၌ စားဝတ်နေရေးအတွက် နယ်အသီးသီးမှ ရွှေ့ပြောင်းလုပ်ကိုင်လာသူ အများစုပါဝင်



7435
ရွှေပြည်သာမြို့နယ် ပတ္တမြားရပ်ကွက် အတွင်းရှိ ကျူးကျော်နေအိမ် အချို့အား ဖျက်သိမ်းနေမှုကို
ဇူလိုင်လ ဒုတိယပတ်အတွင်းက တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြို့တွင်းမြို့နယ် များ၊ မြို့စွန်ရပ်ကွက်များရှိ ကျူးကျော်နေအိမ်များကို မြို့ပြအင်္ဂါရပ် နှင့် ညီညွတ်စေရန်ဟု ဆိုကာ ဖယ်ရှား ရှင်းလင်းနေကြောင်း အဆိုပါ ကျူးကျော်ရပ်ကွက်များထံမှ သိရသည်။

 ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ



ရှင်းလင်းပွဲမြင်ကွင်း
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့၊ နေ့လည် ၁နာရီက ရန်ကုန်မြို့၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ကျင်းပခဲ့ပါသည်။

ဆေးတက္ကသိုလ် တက်ရောက်ခွင့်အတွက် ယခင်က ကျောင်းသားဦးရေ အချိုးကို ပိုမိုခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသားနှင့်ကျောင်းသူ အချိုး တန်းတူခေါ်ယူမည်


7438
ဆေးတက္ကသိုလ်(၁) ၀င်းအတွင်း ဆေးကျောင်းသား၊ ကျောင်းသူများကို တွေ့ရစဉ်
ဆေးတက္ကသိုလ် တက်ရောက်ခွင့်အတွက် ယခင်က ကျောင်းသား ဦးရေအချိုးကို ပိုမိုခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသားနှင့်ကျောင်းသူ အချိုးတန်းတူခေါ်ယူမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ဆေးသိပ္ပံပညာဦးစီး ဌာနမှ သိရသည်။

နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီ ၁၄ ပါတီတွေ့ဆုံမည်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၁၄ ခုနှင့်တွေ့ ဆုံမည်ဖြစ်ကြောင်းကို ဇူလိုင်လ ၂၂ ရက်နေ့က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က အဆိုပါနိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံမှုတွင် ၀န်ကြီးနှစ်ဦးက နိုင်ငံရေးပါတီ ၁၄ ခုနှင့် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် နိုင်ငံရေးပါတီများမှတင်ပြမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

 နိုင်ငံတော်သမ္မတနှင့် ၈၈မျိုးဆက် ကျောင်းသားများ တွေ့ဆုံမည်


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံသွားရန်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ တစ်နိုင်ငံလုံးရှိ ၀င်ပေါက်အသီးသီးမှ ခရီးသွားဦးရေ ငါးသိန်းဝန်းကျင် ၀င်ရောက်



7436
ပုဂံညောင်ဦးလေဆိပ်၌ ခရီးသွားများအား ၂၀၁၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ကိုနော်(ပုဂံ))
၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ တစ်နိုင်ငံလုံးရှိ ၀င်ပေါက်အသီးသီးမှ ခရီးသွားဦးရေ ငါးသိန်းဝန်းကျင် ၀င်ရောက်ခဲ့သည့်အတွက် ယခုနှစ် ခရီးသွားတစ်သန်း ရောက်ရှိရန် မျှော်မှန်းနိုင်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

စစ်တပ်ဖမ်းတဲ့ ရွာသား အလောင်းပဲ ပြန်တွေ့



ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် အတွင်းက ရွာသား တစ်ယောက်ကို မြန်မာ အစိုးရတပ်က ဖမ်းသွားပြီးနောက် သေဆုံးနေတဲ့ အလောင်းကိုပဲ မနေ့က ပြန်တွေ့ရတယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် ရီခူးကျေးရွာက ရွာသားတွေကို ဇူလိုင်လ တစ်ရက်နေ့က ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးတဲ့ နောက်ပိုင်း  ကေအိုင်အိုနဲ့ ပတ်သက်တယ်လို့ ယူဆပြီး အစိုးရစစ်တပ် အမှတ် ခမရ ၇၊ ခမရ ၉ နဲ့ ခလရ ၁၂၃ တပ်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။

၈ လေးလုံး ၂၄ နှစ်ပြည့် ရန်ကုန်မှာ ကျင်းပနိုင်ရေး ဆွေးနွေး



သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနား တရပ်ကို ရန်ကုန်မြို့မှာ ကျင်းပဖို့ အဖွဲ့အသီးသီးက M3 စားသောက်ဆိုင်မှာ ဒီနေ့ အစည်းအဝေး တရပ် ကျင်းပကြပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပြန်လည်စုစည်းရေး ကော်မတီ၊ Generation Wave နဲ့ ဝမ်းဖိုးဝမ်း ခေါ် ၁၄၁ ယောက်အဖွဲ့ တို့က စည်းဝေးညှိနှိုင်းကြ တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးက RFA ကိုပြောပါတယ်။

ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို



မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သူတို့ နိုင်ငံမှာ ထပ်မံလက်ခံဖို့  မဖြစ်နိုင်တော့ဘူးလို့  ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လက ဘင်္ဂလားဒေ့ခ်ျ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။

စာနယ်ဇင်းလောက အဟန့်အတားလုပ်ရပ်များကို ယာယီ စာနယ်ဇင်းသမဂ္ဂ ကော်မတီ ကန့်ကွက်



မြန်မာစာနယ်ဇင်းလောကမှာ သတင်းတွေ ရေးသားဖေါ်ပြတာနဲ့ ပတ်သက်လို့ ဂျာနယ်တချို့ တရားရင်ဆိုင်နေရတဲ့ ကိစ္စနဲ့ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရတာတွေ အပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) က ကန့်ကွက်တဲ့ ကြေညာချက် တစောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
AFP
စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။

လူထုကို ဗဟိုပြုပြီး နိုင်ငံအပြောင်းအလဲ ဆောင်ရွက်ရန် ဒေါ်သန်းမြင့်အောင် ဆွေးနွေး



လူငယ်အဖွဲ့တွေ ဦးစီးပြီး အပတ်စဉ် ကျင်းပနေတဲ့ အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆိုတဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ တော်ဝင်နှင်းဆီမှာ ဒီနေ့ကျင်းပခဲ့ပြီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဒုဥက္ကဋ္ဌ စာရေးဆရာမ သန်းမြင့်အောင် က ငြိမ်းချမ်းရေးနဲ့ပရဟိတအကြောင်း ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

ဒုက္ခသည်ထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူ ပါဝင်နိုင်




မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ၀င်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရေး ဖို့ဒ်ဝိန်း မိသားစု ပြင်ဆင်



2012-07-29
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့်စက်တင်ဘာလ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ အင်အားအပြည့်နဲ့ ကြိုဆိုနိုင်ရေး အတွက် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများဆုံး နေထိုင်ရာ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ပြင်ဆင်နေကြပါတယ်။

လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု မြို့နယ်တရားရုံး လက်ခံ



2012-07-29
ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့  ဇူလိုင်လ ၃၀ ရက်နေ့ မှာ စတင်ကြားနာမဲ့ အကြောင်း တရားလို ဦးမြင့်မောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဆွေ ကပြောပြပါတယ်။
RFA
လျှပ်တစ်ပြက် ဂျာနယ်၏ မျက်နှာဖုံး တစိတ်တပိုင်းပုံ ဖြစ်ပါသည်။

မန္တလေးလူမှုရေးလုပ်ငန်း ၈၈ ကျောင်းသားများ သွားရောက် လှူဒါန်း



2012-07-29
မန္တလေးမြို့ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တွေဟာ ဒေသခံ လူမှုရေးလုပ်ငန်းတွေ အတွက် ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ အနေနဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ၀ိုင်းဝန်း ဖြည့်ဆည်းပေးမယ်ဆိုတဲ့ မူလုပ်ငန်းစဉ်အရ ရောက်ရှိတဲ့ဒေသတွေမှာ သွားရောက် လှူဒါန်းတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။
88 Generation Students Group
မန္တလေးမြို့က နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းနှင့် ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါန စာသင်ကျောင်း အတွက် ၈၈ မျိုးဆက်ကျောင်းသားများက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က သွားရောက်လှူဒါန်းနေကြစဉ်။