Wednesday, August 1, 2012

ပီနန်အိတ်စက်ရုံ အလုပ်သမား ဆန္ဒပြ



2012-07-31
ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုန် အမှတ် (၁) မှာရှိတဲ့ မလေးရှား နိုင်ငံသားပိုင် (tefel) တဖယ်လ် ပီနန်အိတ်စက်ရုံက အလုပ်သမား (၄၀၀) ကျော်ဟာ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဒီကနေ့ မနက်ပိုင်းက အလုပ်မလုပ်ဘဲ စက်ရုံတွင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာ အနောက်ဘက် နယ်စပ်ကို ကွပ်ကဲရန် နစက ကွပ်ကဲရေးမှူး အသစ် ရောက်ပြီ



မောင်အေး
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ကို ကွပ်ကဲရန် အတွက် နစက ကွပ်ကဲရေးမှူး အသစ် တစ်ဦး ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
နစက အရာရှိများကို ဘင်္ဂလာနယ် ခြားစောင့်တပ်ဖွဲ့ အရာရှိများနှင့် ကော့စ်ဘဇားမြို့ ဆွေးနွေးပွဲ တစ်ခုတွင် တွေ့ရစဉ်။

မြန်မာသို့ ရောက်ရှိနေသော ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ထံ ရခိုင်အမျိုးသမီး အစည်းအရုံးမှ စာပို့

မောင်ရမ္မာ
မြန်မာနိုင်ငံသို့ ရောက်ရှိနေသာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနားထံသို့ ဒက္ကား အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံးမှ ဇူလိုင်လ ၃၀ ရက်နေ့က စာတစ်စောင်ရေးသား ပေးပို့လိုက်သည်။
ရခိုင်အမျိုးသမီး အစည်းအရုံးသည် ရခိုင်ပြည်သူများ အတွက် ယခုလို ရှေ့တန်းမှ မားမားမတ်မတ်ရပ်ကာ တောင်းဆို တိုက်ပွဲလျှက်ရှိသည်။ ရွှေဂတ်စ်စီမံကိန်း ရပ်တန့်ရန် ယခုနှစ် ဧပြီလ ၃ ရက်နေ့က ဒက္ကားမြို့ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြနေကြပုံ ဖြစ်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် အဖွဲ့ မောင်တောသို့ ရောက်ရှိ



မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနှင့် အဖွဲ့သည် ယနေ့ နေ့လည် ၁၂ နာရီခန့်က ရဟတ်ယာဉ် နှစ်စီးနှင့် အတူ မောင်တောမြို့သို့ ရောက်ရှိလာကြောင်း  သိရသည်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်



ယနေ့နေ့လည် ၁ နာရီကျော်က မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား မောင်တောသို့ ကားများဖြင့် လှည့်ပတ် ကြည့်ရှ့စဉ် ရခိုင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။

ကိုင်းတန်း ပျံကျဈေး မပြောင်းရရေး ဈေးသည်တွေ ဆန္ဒထုတ်ဖော်



ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ဘဏ် ဒုဥက္ကဌနှင့် တွေ့ဆုံ



ဘဏ်ချေးငွေကို ကိုယ်ရေး ကိုယ်တာအတွက် သုံးလိုက်တဲ့ အုပ်ချုပ်ရေးမှူး

<

လူပြောများလာသည့်ကန်ဒေါ်လာအဟောင်းအနွမ်းအစွန်းအထင်းပြဿနာ


မြန်မာနိုင်ငံရှိ ပုဂလိကကုမ္ပဏီများ။ဘဏ်လုပ်ငန်းရှင်များနှင့် လူမရေးအသင်းအဖွဲ့များ အနေဖြင့် နိုင်ငံခြားငွေလဲလှယ်ရာတွင်  (အထူးသဖြင်အမေရိကန်ဒေါ်လာ) အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံက သိရှိရသည်၊
 

ဂျပန်ရုပ်သံလိုင်းတွင် ပြသရန် စစ်ခုံရုံးဖြစ်ခဲ့သောမြို့တော်ခန်းမအား မှတ်တမ်းရိုက်ကူး


မြန်မာနိုင်ငံစစ်ခုံရုံးသမိုင်းမှတ်တမ်းအား ဂျပန်ရုပ်သံလိုင်းတွင် ပြသရန်အတွက် ဂျပန်နိုင်ငံရှိ တိုကျို သတင်းထုတ်လွှင့်ဋ္ဌာန မှရန်ကုန်မြို့တော်ခန်းမတွင် ()မိနစ်စာ မှတ်တမ်းဇာတ်လမ်းအား ဂျပန်ရိုက်ကူးရေးအဖွဲက လာရောက်ရိုက်ကူးခဲ့ကြောင်း သိရှိရသည်

၂ဝ၁၅ ခုနှစ်အထိသာ Global Fund က ARTဆေးဝါး ပေးဝေနိုင်မည်


မြန်မာနိုင်ငံတွင် အိတ်အိုင်ဗီဝေဒနာရှင်များအတွက် ဆေးဝါးကုသပေးနေသော ကမ္ဘာရန်ပုံငွေအဖွဲ( Global Fund)က ဆေးဝါးပေးဝေမှုကို ၂ဝ၁၅ ခုနှစ်အထိသာ ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

စည်းကမ်းဖောက် ယာဉ်လုပ်သား တရာကျော် မထသ မှ ထုတ်ပယ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး (ဗဟို)၏ စီမံမှု အောက်ရှိ ယာဉ်လိုင်းများတွင် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အထိ စည်းကမ်း ဖောက်ဖျက်မှုကြောင့် ထုတ်ပယ်လိုက်သော ယာဉ်လုပ်သား တရာကျော် ရှိသွားပြီဟု မထသ (ဗဟို) တာဝန်ရှိသူတဦးက ပြောသည်။

ရှင်စောပု မွန်အမျိုးသမီးများအသင်း ရန်ကုန်တိုင်းတွင် ဖွဲ့စည်း

ရန်ကုန် (မဇ္ဈိမ) ။      ။ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော မွန်စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မွန်အမျိုးသမီးများ စုစည်းကာ ရှင်စောပု မွန်အမျိုးသမီးများအသင်းကို ဇူလိုင် ၂၈ ရက်က ရွှေတိဂုံဘုရားလမ်းရှိ မွန်ပိဋကတ်တိုက်တွင် ဖွဲ့စည်းလိုက်ကြသည်။

ရွှေတိဂုံ စေတီတော်အား ၂ဝ၁၃ တွင် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရွှေတိဂုံ စေတီတော်အား လာမည့် ၂ဝ၁၃ ခုနှစ်တွင် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မှု ပြုလုပ်မည်
ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ငါးနှစ်လျှင် တကြိမ် ပုံမှန်ပြုလုပ်လေ့ရှိသည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်နိုင်ရန်အတွက် ငြမ်းထိုး ပြင်ဆင်မှုကို ယခုနှစ် အောက်တိုဘာလတွင် စတင်ပြုလုပ်မည် ဖြစ်သည်။

အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ သမ္မတထံ တင်ပြရမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်းပြုစု၍ ဗုဒ္ဓဟူးနေ့တွင် သမ္မတထံ ပေးပို့ကြရန် နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်ဟု သမ္မတရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြော သည်။

တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ ပီနန်အိတ်စက်ရုံ လုပ်သားများ ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ TE SEL ပီနန်အိတ် စက်ရုံမှ လုပ်သားများသည် လစာ တိုးမြှင့်ပေးမှု နှုန်းထားများ မညီမျှမှုကို မကျေနပ်၍ အင်္ဂါနေ့ နံနက် ၁ဝ နာရီခန့်မှ စတင် ဆန္ဒပြလျက်ရှိသည်။

စစ်တပ်၊ အစိုးရနှင့် NLD တွင်ပါ ရှေးရိုးစွဲများရှိဟု သမ္မတပြော

ရန်ကုန် (မဇ္ဈိမ) ။      ။ တပ်မတော်နှင့် အစိုးရတွင်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တွင်လည်း ရှေးရိုးစွဲ အမြင်ရှိသူများ ရှိနေသည်ဟု စင်္ကာပူအခြေစိုက် ရုပ်သံလွှင့် သတင်းဌာန တခု ဖြစ်သည့် CNA က တွေ့ဆုံမေးမြန်းရာ တွင် သမ္မတ ဦးသိန်းစိန် က ပြောဆိုသွားသည်။

အပတ်စဉ်ထုတ် ဂျာနယ် နှစ်စောင် ယာယီ ရပ်ဆိုင်းခံရ

ချင်းမိုင်၊ ရန်ကုန် (မဇ္စျိမ) ။        ။ အပတ်စဉ်ထုတ်ဝေနေသော The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို
ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ဒု-သမ္မတနေရာအတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရေပန်းစား

ရန်ကုန် (မဇ္ဈိမ) ။        ။ လစ်ဟာနေသော ဒုတိယ သမ္မတနေရာသို့ အစားထိုး ခန့်ထားနိုင်မည့်သူနှင့် ပတ်သက်၍ ခန့်မှန်းချက် အမျိုးမျိုး ပေါ်ထွက်နေချိန်တွင် ယခုနောက်ဆုံး ရေပန်းစားလာသူမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်သည်။

တိုင်း ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက်ကို ပြည်ထောင်စုခုံရုံးက ပြင်ဆင်ဆုံးဖြတ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ADK အထည်ချုပ်စက်ရုံမှ အလုပ်ရှင်၊ အလုပ်သမားအရေး တိုင်ကြားမှုတွင် အလုပ်သမားသမဂ္ဂ ခေါင်းဆောင် နှစ်ဦးကိုသာ အလုပ်မှ ထုတ်ပယ်ရန်နှင့် လုပ်သက်အလိုက် နစ်နာကြေး ပေးရန် ဟူ၍ ပြည်ထောင်စုအဆင့် ဝါဏိဇ္ဇ ခုံသမာဓိကောင်စီက မူလ တိုင်းခုံမသမာဓိ၏ ဆုံးဖြတ်ချက်ကို ဇူလိုင်လ ၃ဝ ရက်နေ့က ပြင်ဆင် ဆုံးဖြတ်လိုက်သည်။

‘လျှပ်တစ်ပြက်’ ကို ကာရာအိုကေ ပိုင်ရှင်က တရားစွဲဆိုမှု အာမခံ ရ

ချင်းမိုင် (မဇ္စျိမ)။   ။ စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ ဗယ်လင်တိုင်း (Valentine) ကာရာအိုကေ ပိုင်ရှင် ဦးမြင့်မောင် က ‘လျှပ်တစ်ပြက်’ ဂျာနယ်အား အသရေဖျက်မှုနှင့် တရားစွဲဆိုထားသည်ကို အာမခံ ရခဲ့သည်ဟု တရားစွဲဆိုခံ စာရေးဆရာ ဟာဂျူလီ(ကသာ) က ပြောသည်။

လုပ်ခလစာနည်းပါးမှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် တောင်ဒဂုံမြို့နယ် စက်မှုဇုန် (၁)ရှိ စက်ရုံတစ်ရုံမှ အလုပ်သမားများ ဆန္ဒဖော်ထုတ်


လုပ်ခလစာနည်းပါးမှု နှင့်ပတ်သက်၍ ကျေနပ်မှုမရှိသောကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)စက်မှုဇုန် (၁)အတွင်းရှိ TEFEL Packing Industries Co.Ltd စက်ရုံမှ အလုပ်သမား ဆန္ဒဖော်ထုတ်မှု ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၃၁ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
31july1

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာ



31jul5
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အစိုးရအဖွဲ့က Tomas Ojea Quintana နှင့် သံတမန်များအား မောင်တော အဓိကရုဏ်းဖြစ်စဉ်နှင့် လက်ရှိဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြား နေစဉ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana  သည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ နိုင်ငံတကာသံတမန်များနှင့်အတူ ဇူလိုင်လ ၃၁ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

The Voice Weekly နှင့် Envoy News Journal တို့အား စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ လက်အောက်ရှိ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက သတင်းဂျာနယ်နှစ်စောင် ဖြစ်သော The Voice Weekly နှင့် Envoy News Journal တို့အား ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ပြီး ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာသံအမတ်သစ်ခန့်အပ်လွှာ အိုဘားမား လက်ခံ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) ကို နှုတ်ဆက်နေသည့် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးသန်းဆွေသည် အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ ဦးသန်းဆွေဟာ ဇူလိုင်လ ၃၀ ရက်နေ့က အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာဖြင့် နှစ်ပေါင်း ၂၅ နှစ်နီးပါးအတွင်း အမေရိကန်နဲ့ မြန်မာအကြား သံတမန်ဆက်ဆံရေးအဆင့်အတန်းကို အပြည့်အ၀ ပြန်ပြီး ထူထောင်လိုက်ကြတာပါ။

စက်သုံးဆီဆိုင် ဖယ်ရှားဖို့ သာစည်မှာ ဆန္ဒပြ



2012-07-30
မန္တလေးတိုင်း သာစည်မြို့လယ်ခေါင်မှာရှိတဲ့ ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ဖယ်ရှားပေးရေးအတွက် လူအင်အား (၁၀၀) ကျော်က ဒီကနေ့ မနက်ပိုင်းက စီတန်း လှည့်လည်ပြီး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေ မမျှတမှု သမ္မတကြီးထံ တိုင်ကြား


2012-07-30
ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာမှာ မမျှတမှုတွေ ညီတူညီမျှ မရှိမှုတွေကြောင့် ဆိတ်ဖူးကျင်း ကျေးရွာအုပ်စု ကန်ကြီးကျေးရွာက လယ်သမားကြီး ၄၄ ယောက်က သမ္မတကြီး အပါအဝင် ဗဟိုနဲ့ တိုင်းဒေသကြီး အာဏာပိုင်တွေကို ဒီကနေ့  တင်ပြ တိုင်ကြားလိုက်တယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်မြတ်သူက ပြောပြပါတယ်။

ရခိုင်ပြည်နယ်အရေး သေချာစွာလေ့လာဖို့ ကင်တားနားကို တောင်းဆို



2012-07-30
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနား အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို သေချာစွာ စိစစ်လေ့လာပြီး တိကျမှန်ကန်တဲ့ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ပေးဖို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးက တောင်းဆိုလိုက်ပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက အခုလိုပြောပါတယ်။

မစ္စတာ ကင်တားနား လူ့အခွင့်အရေး အခြေအနေလေ့လာ



2012-07-30
မနေ့ညက ရန်ကုန်မြို့ကို ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ဒီကနေ့ မနက်က အင်းစိန်ထောင်ကို သွားရောက်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
Photo: 88 Generation Students
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ UNDP ရုံး၊ ဦးသန့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကင်တာနာနှင့် ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံစဉ်။
အင်းစိန်မြို့နယ် ဆေးရုံမှာ ကင်ဆာရောဂါ ကုသခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဖြိုးဝေအောင်ကို ဒီနေ့ နေ့လည်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ရာမှာ ခန္ဓာကိုယ် အောက်ပိုင်း သေနေတဲ့ ကိုဖြိုးဝေအောင်ကို ခြေထောက်နဲ့ သံကုတင်တွဲပြီး ခြေထိပ် ခတ်ထားတာ မြင်တွေ့သွားခဲ့တဲ့ မစ္စတာ ကင်တားနားက ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပြောမယ့်အကြောင်း အားပေးစကား ပြောသွားတယ်လို့ ကိုဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးက RFA ကိုပြောပါတယ်။
"လုံခြုံရေးတာဝန် ယူထားတဲ့ ရဲတွေက နေပြီးတော့ ခြေထောက်မှာ ခတ်ထားတဲ့ ခြေချင်းကို လာဖြုတ်တဲ့ အချိန်မှာ ကျွန်မကမေးတယ်။ ဘာလုပ်ဖို့တုန်းလို့ဆိုတော့ ဒီဟာကို ဖြုတ်ပေးဖို့တဲ့ ဆိုတော့ မဖြုတ်နဲ့လို့ ဒီအတိုင်းပဲထားလို့၊ မစ္စတာ ကင်တားနား လာလို့ သူတို့က ခဏဖြုတ်ထားတယ်ပေါ့။ ဖြုတ်ထားပြီးရင် ပြန်တပ်မှာပဲ။ အမှန်တကယ်ဆို ကျွန်မ အမျိုးသား အောက်ပိုင်းသေနေပြီ။ ဘာမှ သူများ အကူအညီ မပါပဲနဲ့ တစ်လက်မတောင် မရွေ့နိုင်တော့တဲ့ လူတစ်ယောက်လေ။ ဒါကို ခြေချင်းမှာ သံကြိုးနဲ့ သော့ခလောက်နဲ့ ခတ်ထားတယ်။ မစ္စတာ ကင်တားနား တွေ့သွားတယ်။ တွေ့သွားတဲ့ အချိန်မှာ သူချက်ခြင်းပဲ အကျဉ်းဦးစီးက ညွန်ကြားရေးမှူးကို သူခေါ်ပြီးပြောတယ်။ ဒီဟာကို ဖြုတ်ပေးဖို့ပေါ့။ ညွန်ကြားရေးမှူးက သူ့အပိုင်း မဟုတ်ဘူးပေါ့။ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတွေရဲ့အပိုင်းလို့ သူပြောတယ်ပေါ့။ အဲတာကို မစ္စတာ ကင်တာနားက သူလိုအပ်သလို ဆက်ပြောမယ်ဆိုပြီး ပြောသွားတယ်ရှင့်"
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေကိုလည်း ကုလသမဂ္ဂကို အစီရင်ခံတဲ့အခါ ထည့်သွင်း ရေးသားမယ့်အကြောင်း မစ္စတာ ကင်တားနားက ပြောသွားတယ်လို့ မဌေးဌေးက ပြောပါတယ်။
မစ္စတာ ကင်တားနားနဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စကိုတော့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။
"ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်တွေကို သွားတဲ့အခါမှာ ကြုံတွေ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အချက်တွေ အားနည်းချက်တွေ ရှိနေတယ်။ ကျေနပ်လောက်စရာ မရှိဘူးဆိုတဲ့ အနေအထားတွေ သူ့ကို ပြောပြတယ်။ အဲတာကြောင့် မို့လို့လည်း သူက ကျွန်တော်တို့ဆီက တကယ့်ကို ပြည်သူလူထုနဲ့ တွေ့တဲ့ အချိန်မှာ ရရှိခဲ့တဲ့ သတင်း အချက်အလက်တွေကို သူနားထောင်တယ်။ နားထောင်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ သူက ဒါတွေကို လေးလေးနက်နက် ဆက်ဆွေးနွေးမယ်။ ကျွန်တော်တို့နိုင်ငံမှာ လူ့အခွင်ကအရေး ချိုးဖောက်မှု နည်းနိုင်သမျှ နည်းအောင် သူလည်း ဒီခရီးစဉ်ကို ထပ်ခါတလဲလဲ ကြိုးပမ်းမယ်ဆိုတာ ပြောပြပါတယ်"
ဒါ့အပြင် ဗကသများ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ကိုလင်းထက်နိုင်၊ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်၊ Generation Wave အဖွဲ့က ကိုမိုးသွေးတို့နဲ့ မစ္စတာ ကင်တားနား တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားအနေနဲ့ ရခိုင်ပြည်နယ်ကို ကိုယ်တိုင် သွားရောက် လေ့လာတဲ့အခါမှာ အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဒီကနေ့ ညနေပိုင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် မနီလာသိန်းက ပြောပါတယ်။
"အခု သူလာတဲ့အခါမှာ ကျွန်မတို့နိုင်ငံမှာ အခု လက်ရှိဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေ အရေးကို စိတ်ဝင်စားလို့ နံပတ်တစ် လာတယ်ပေါ့နော်။ ပြီးတော့ နံပတ်နှစ် ဒုက္ခသည်တွေရဲ့ အနေအထား သူတို့နိုင်ငံရဲ့ ကူညီထောက်ပံ့မှုတွေလည်း အရင်ကတည်းက ပေးနေတယ်ပေါ့နော်။ အဲဒီအနေအထားတွေ အားလုံးကို ကိုယ်တိုင်လာရောက် ကြည့်ရှုတဲ့အခါမှာ အရင်ကထက် ပိုမိုပြီးတော့မှ တရားမျှတမှု၊ မျှမျှတတနဲ့ပေါ့နော်။ ဒီမှာရှိတဲ့ လူတွေအားလုံးပေါ့နော်၊ ရခိုင် တိုင်းရင်းသားတွေရော၊ ဒုက္ခသည်တွေ အားလုံး သူတို့ရဲ့ လူသားတန်ဖိုးတစ်ခုနဲ့ ရရှိမဲ့ အခွင့်အရေးတွေ အားလုံး အရင်ထက် ပိုပြီးတော့ ပိုမိုကောင်းမွန် လာလိမ့်မယ်လို့ ကျွန်မကယုံကြည် မျှော်လင့်နေပါတယ်"
တပတ်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် မနီလာသိန်းနဲ့ မမီးမီးတို့ကို ဒီကနေ့ ညနေမှာ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာ ကင်တားနားဟာ ဒီခရီးစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ စီစဉ်ထားသလို လူထုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပြီး မနက်ဖြန် မနက်ပိုင်းမှာ ရခိုင်ပြည်နယ်က အခြေအနေ တွေကိုလည်း သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် တာဝန်ယူလာတဲ့ကာလမှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး တိုးတက်တာတွေ တွေ့ရပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်လို့ ဖြေရှင်းရဦးမယ့် စိမ်ခေါ်မှုတွေ အများအပြား ရှိနေသေးတယ်လို့ မစ္စတာ ကင်တားနားက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို စုံစမ်းလေ့လာဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ပြည်တွင်းက နိုင်ငံရေး လှုပ်ရှားသူ တချို့ရဲ့ သဘောထား အမြင်တွေကို မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှုတွေ ရှိနေသေး



2012-07-30
မြန်မာနိုင်ငံ တစ်ဝှန်းမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေ ရှိနေသေးကြောင်း မနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ထားဝယ်ခရိုင် ဗကသအဖွဲ့ချုပ် ရေဘေးဒုက္ခသည်တွေကို ကူညီ



2012-07-30
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရေကြီးနေတဲ့အတွက် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ထားဝယ်ခရိုင်က စားနပ်ရိက္ခာနဲ့ ကျန်းမာရေးကိစ္စတွေ ကူညီနေတယ်လို့ သတင်းရရှိပါတယ်။
Photo:ABFSU
တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ရေကြီးနေ၍ အခက်အခဲဖြစ်နေသော ပြည်သူများကို ထားဝယ်ခရိုင် ဗကသ အဖွဲ့ချုပ်က ကူညီနေစဉ်။

လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်



2012-07-30
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီးရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့်  ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
တောင်သူ လယ်သမားတွေရဲ့ အခက်အခဲကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့  တာဝန်ခံတွေက အဲဒီ ခမရ ၁၄၈ က မြေသိမ်းယူခံထားရတဲ့ လယ်ပိုင်ရှင် ဒေသခံ လယ်သမားတွေနဲ့ တွေဆုံဆွေးနွေးတဲ့ နေ့မှာပဲ အခုလို ထုတ်ပြန်လိုက်တာလို့  ကျောက်လှည်းဘီးရွာက လယ်သမားကြီး ဦးဝင်းကြိုင်က ပြောပါတယ် ။

မိုးရွာသွန်းမှုကြောင့် အိမ်ခြေ တစ်ထောင်ကျော် ရေနစ်မြှုပ်



2012-07-30
ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ထဲက ရပ်ကွက်နှစ်ခုနဲ့  အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ခြေ တစ်ထောင်ကျော် ရေနစ်မြုပ်နေပြီး အစားအသောက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ကျိုင်းတုံမြို့က ရပ်ကွက် အမှတ် ၄ နဲ့ အမှတ် ၅ အပြင် မြို့သစ်၊ ကန်နာ စတဲ့ရွာတွေမှာ မြို့အနီးက ချောင်းရေမြင့် တက်လာပြီး ရေလွမ်းမိုး ခံနေရတာ ဖြစ်တယ်လို့ ရေဘေး ကူညီမှုတွေ ဆောင်ရွက်နေတဲ့ NLD ကျိုင်းတုံမြို့နယ် စည်းအဖွဲ့ဝင် ဦးတင်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

ဆန္ဒပြလယ်သမားကို အာဏာပိုင်က အကြမ်းဖက်ဖြိုခွဲ



2012-07-31
ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ လယ်သမား အယောက် (၂၀၀) နီးပါးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး လယ်သမား (၅) ဦးကို ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့တွင် လယ်သမား ဆန္ဒပြနေကြစဉ်။

တက္ကသိုလ်ပညာရေး ဥပဒေ မူကြမ်း ပြန်လည် ရေးဆွဲရန် အတည်ပြု



2012-07-31
မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကို ပညာရေးမြှင့်တင်မှု ကော်မတီက လက်ရှိတင်ပြထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံဆွေးနွေးတင်ပြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ တက္ကသိုလ် ပညာရေး ဥပဒေ မူကြမ်းအသစ် ပြန်လည် ရေးဆွဲရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်။