Thursday, August 9, 2012

အမျိုးသမီးကာယကြံ့ခိုင်မှုမယ်များပထမအကြိမ်ဝင်ပြိုင်ကြမည့်ကွမ်ကျိုးပြိုင်ပွဲ


တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၄၆)ကိမ်မြောက် အာရှကာယ ဗလနှင့်ကံ့ခိုင်မ အားကစားပိုင်ပွဲတွင်မြန်မာနိုင်ငံမှ အမျိုးသမီးကာယ ကံ့ခိုင်မ အားကစားမယ်များ ပထမဦးဆုံးအကိမ် ဝင်ရောက်ယှဉ်ပိုင်မည်ဖြစ်သည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ ဆိုင်းဘုတ် တင်ခွင့်မရတဲ့ တွံတေးမြို့



မောင်တောတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် အာဏာပိုင်များက လူစုလူဝေး မလုပ်ရန် ညွှန်ကြား



ထွန်းထွန်း
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အကြမ်းဖက်သမားများက ဗုံးဖေါက်ခွဲမည် ဆိုသော သတင်းများကြောင့် အာဏာပိုင်များက ယနေ့တွင် ဈေးဆိုင်တန်းများ၊ လမ်းဘေးဈေးများကို ပိတ်ခိုင်းထားကြောင်း သတင်း ရရှိသည်။

ဆိုဒီ အစိုးရမှ လူမျိုးတုန်း သတ်ဖြတ်မူ ကျူးလွန်နေကြောင်း မြန်မာကို စွပ်စွဲ

ဆိုဒီအာရေးဗီးယား အစိုးရမှ ဗုဒဘာသာ မြန်မာ အစိုးရသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြုလုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသော The Daily Star သတင်းစာ အပါအ၀င် သတင်းစာ အများအပြားက ယနေ့ ဖေါ်ပြသည်။
အိန္ဒိယကို တရုတ်သမ္မတ လာရောက်လည်ပတ်စဉ် မိမိကိုယ်ကို မီးရှို့၍ ဆန္ဒပြသူ အသက် ၂၇ နှစ်အရွယ် တိဗက် လူငယ် တစ်ဦး၏ ပုံကို ရိုဟင်ဂျာ တစ်ဦး၏ ပုံဖြစ်သည်ဟု ဆိုကာ ပုံမှားရိုက်ပြီး  နိုင်ငံတကာ တွင် လိမ်လည်ပြီး ဖေါ်ပြခဲ့ကြသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယနေ့ ပုဒ်မ ၁၄၄ ထုတ်ပြန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယနေ့ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

၈၈၈၈ နေ့အား သမိုင်းဝင်နေ့အဖြစ် တရားဝင်သတ်မှတ်စေလို


(၈)ရက်(၈)လ(၈၈)ခုနှစ် အထိမ်းအမှတ်နေအား မြန်မာနိုင်ငံသမိုင်းဝင် နေတစ်နေအဖြစ် တရားဝင် သတ်မှတ်ပေးရန် ၂၄နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေအခမ်းအနား သဘောထား ကေညာ ချက်တွင် ထည့်သွင်းထားကောင်း (၈၈)ကျောင်းသား ကိုတိုးကျော်လိင်က ရှစ်လေးလုံး နှစ်ပတ်လည် နေအခမ်းအနားတွင် ပြောကားခဲ့သည်

ငမိုးရိပ်ရေလွှဲဆည်အနီးရှိ ကျေးရွာများတွင် ရေကြီးမှုကြောင့်စပါးများပျက်စီး ၍ လူတစ်ဦးသေဆုံး


ငမိုးရိပ်ရေလွှဲဆည် ရေထွက်ပေါက်များ ပိတ်ဆိုထားခြင်းနှင်အတူ ရက်ဆက်မိုးရွာသွန်းခြင်းကောင် ဒဂုံအရှေပိုင်းနှင့် လှည်းကူးမြို့နယ်ရှိ ရွာ(၁၁)ရွာတွင် ရေဘေးဒုက္ခ ရင်ဆိုင်ခဲပီး လူတစ်ဦး အသက်ဆုံးရံးခဲကာင်း သိရှိရသည်

ရွှေပြည်သာမြို့နယ်တွင် အကြီးမားဆုံးရေကြီးရေလျှံမှုဖြစ်ပေါ်နေ၍ လိုအပ်ချက်များရှိနေ


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၇)နှစ်အတွင်း အကြီးမားဆုံး   ရေကြီးမှုဖြစ်ပေါ်ကာ ဒေသခံရေဘေးသင့်ပြည်သူများအတွက် အခက်အခဲများစွာဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။

စုပေါင်းရုံးနှင့် ကုန်သည်လမ်းရှိ မီးရထားရုံးချုပ်အား အဆင့်မြင့်ဟိုတယ်များအဖြစ် အသွင်ပြောင်းမည်


ကမ္ဘာလှည့်ခရီးသည်များ တည်ခိုမှုအခက်အခဲအဆင်ပြေစေရန် ရန်ကုန်တိုင်းစုပေါင်းရုံးနှင့် မြန်မာ့မီးရထားရုံးချုပ်အား အဆင့်မြင့်ခေတ်မီဟိုတယ်များအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်က သိရှိရသည်။

ရွှေဘိုနယ်တွင် အစုချလယ်စိုက်စနစ်က နှစ်ဦးနှစ်ဖက်အဆင်ပြေ


စပါးစိုက်တောင်သူများအနေဖြင့် လယ်အလုပ်သမားများနှင့် ဖက်စပ်၍ လယ်အစုချစိုက်ပျိုးရေး စနစ်ဖြင့် စိုက်ပျိုးလာခြင်းကြောင့် လယ်ယာမဲ့တောင်သူအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း တောင်သူများထံက သိရသည်။

ဝန်ထမ်းများ မိုဘိုင်းဖုန်း အရစ်ကျဝယ်ယူသည့် ကာလ ပြင်ဆင်သတ်မှတ်

ရန်ကုန် (မဇ္ဈိမ) ။       ။ အစိုးရဝန်ထမ်းများအား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM နှင့် WCDMA Sim ကတ်များ အရစ်ကျစနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးနေရာ ပေးချေရမည့် ကာလအား ငါးလမှ တနှစ်ကျော်သို့ ပြောင်းလဲလိုက်
ကြောင်း ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တဦးက ပြောသည်။

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ နှစ်သောင်းနီးပါး ဒဏ်ရိုက်ခံရ

ရန်ကုန် (မဇ္ဈိမ) ။      ။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများအား ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု
ကော်မတီက ဇန်နဝါရီလမှ စတင် အရေးယူခဲ့ရာ ဇူလိုင်လ ကုန်အထိ ၁၉,၄၉၂ ဦးကို ဒဏ်ကြေးတပ် အရေးယူခဲ့သည်။

FEC ကို လာမည့်နှစ် မတ်လအတွင်း ဖျက်သိမ်းဖွယ်ရှိ

ရန်ကုန် (မဇ္ဈိမ) ။       ။ နှစ်ပေါင်း ၂ဝ ကြာ အသုံးပြုလာခဲ့သည့် နိုင်ငံခြားငွေ လဲလှယ်ခွင့် လက်မှတ် ဖြစ်သည့် Foreign Exchange Certificate - FEC ကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ကုန်မည့် ၂ဝ၁၃ ခုနှစ်၊ မတ်လအတွင်း ဖျက်သိမ်း သွားရန်ရှိသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က မဇ္ဈိမကို ပြောသည်။ 

အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကျောင်းသားတပ်မတော် မယုံကြည်

ချင်းမိုင်(မဇ္စျိမ) ။       ။ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်း တည်ဆောက်နေသည်ဟု ဆိုသော်လည်း ကချင်ပြည်နယ်အတွင်းမှာမူ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ကျောင်းသားတပ်မတော် က ပြောဆိုလိုက်သည်။

ကချင်ပြည်နယ်၊ ပူတာအို ဆန်ပြတ်နေဆဲ

ချင်းမိုင်(မဇ္စျိမ) ။      ။ ဆန်ရှားပါးမှု ကြုံတွေ့နေရသော ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအို ခရိုင်အတွင်းရှိ ကျေးရွာ များအား ကြံ့ခိုင်ရေးပါတီမှ ဆန်များ ရောင်းချပေးခြင်း ရပ်တန့်သွား၍ ဒေသခံများ ပိုမိုကြပ်တည်းလျက်ရှိသည်ဟု ပူတာအိုမြို့ခံများက ပြောသည်။

“၈၈၈၈ အပေါ် သစ္စာရှိမရှိဆိုတာ အရေးကြီးတဲ့ စံတခုဖြစ်တယ်”


ptks



ရဲဘော်ဖိုးသံချောင်း

(ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ)

နယူးဒေလီ (မဇ္ဈိမ) ။       ။ ၈၈၈၈ ခေါ် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာချိန်သည် ဗိုလ်ချုပ်ကြီး
နေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ တပါတီ အာဏာရှင်စနစ်ဖြင့် တိုင်းပြည်အား အုပ်ချုပ်နေချိန် ဖြစ်သည်။

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ဖေါ်ကြေညာရေးအဆို ရှုံးနိမ့်

ရန်ကုန် (မဇ္ဈိမ) ။       ။ အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ထုတ်ဖေါ်ကြေညာပြီး လွှတ်တော်မှ မှတ်တမ်းတင်ထားရန် အဆိုကို ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာ မဲအရေအတွက် ၂၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ခဲ့သည်ဟု အဆိုရှင် ပုသိမ် လွှတ်တော်အမတ် ဦးဝင်းမြင့် က မဇ္ဈိမကို ပြောသည်။

ဒေါ်စု ရုပ်တု ဖွင့်ပွဲနှင့် ၈၈၈၈ အခမ်းအနား မိုးရေးမြို့တွင် ကျင်းပ

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာ-အိန္ဒိယ နယ်စပ် မိုးရေးမြို့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တပိုင်းပုံ ရုပ်တုဖွင့်ပွဲနှင့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ဗုဒ္ဓဟူးနေ့ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

 ၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်စတင်


၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်ကို သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက စတင်၍ ထွက်ခွာခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအ၀င်အဖွဲ့ဝင် ၅၀ ၀န်း ကျင်ခန့် သွားရောက်ခဲ့ကြကြောင်း သိရသည်။

 အင်းစိန်မြို့နယ်တွင် ဆီဘောက်စာကား ဘရိတ်ပေါက်ရာမှ တစ်ဆင့် ဂုံးတံတား ပလက်ဖောင်း ကျော်တက်မှုဖြစ်ပွား



boxer
အင်းစိန်ဂုံးတံတား အဆင်းတွင် ဘရိတ်ပေါက်ကာ ပလက်ဖောင်းအား ၀င်ရောက်တိုက်မိခဲ့သော ယာဉ်အား မီးသတ်တပ်ဖွဲ့ မှ ပြုပြင်ရှင်းလင်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်
ဆီဘောက်စာကား ဘရိတ်ပေါက်ရာမှတစ်ဆင့် အင်းစိန် မြို့နယ်ရှိ၊ ဂုံးတံတား ပလက်ဖောင်းအား ကျော်တက်မှုဖြစ်စဉ်တစ်ခု သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီဝန်ကျင် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

 ဗဟန်း ၃လမ်းမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှပ်နေသူယာဉ်မောင်းကိုသုံး နာရီနီးပါးအကြာမှ ထုတ်ယူခဲ့



ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှပ်နေသည့် ယာဉ်ယာဉ်မောင်းအမျိုးသားအား တွေ့ရစဉ်
သြဂုတ်လ ၈ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ဗဟန်း ၃လမ်းမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှပ်နေသူ ယာဉ်ယာဉ်မောင်းအမျိုးသားကို သုံးနာရီနီးပါးအကြာမှ ထုတ်ယူနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

 ကမ်းရိုးတန်းနှင့် မြစ်တွင်းရေပြင်နယ်မြေများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရန်ကုန်၊ ကျောက်ဖြူ၊ ထားဝယ်မြို့များတွင် ရေကြောင်းရဲတပ်ဖွဲ့များ ဖွဲ့စည်း


ကမ်းရိုးတန်းနှင့် မြစ်တွင်း ရေပြင်နယ်မြေများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုစရိုက်မှုခင်းများ ကာကွယ်တားဆီးရေးအတွက် ရန်ကုန်၊ ကျောက်ဖြူ၊ ထားဝယ်မြို့များတွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ သုံးခုဖွဲ့စည်းထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးကိုကိုက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များ နှစ်ပတ်တစ်ကြိမ် တွေ့ဆုံမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များ နှစ်ပတ်တစ်ကြိမ်တွေ့ဆုံမည်ဖြစ်ကြောင်း သြဂုတ် ၆ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ တွင်ပြုလုပ်သည့် တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 မော်တော်ယာဉ်ဈေးနှုန်းများ သတ်မှတ်မှုသည် အမှန်တကယ် ပေါက်ဈေးများနှင့် ယုတ္တိမတန်ဘဲ ကွာဟမှုရှိ၍ တင်သွင်းသူများ နစ်နာ


မော်တော်ယာဉ် တင်သွင်းခွင့်ပြုသည့် ဈေးနှုန်းများသတ်မှတ်ရာတွင် အမှန်တကယ် ပေါက်ဈေးများဖြင့် ယုတ္တိမတန်ဘဲ ကွာဟမှုနေသည့်အတွက် ကားတင်သွင်းသူများ နစ်နာလျက်ရှိ ကြောင်း သတင်းရရှိပါသည်။ 

Quintana မဲဆောက်ရောက်

ကုလသမဂ္ဂ၊ လူအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ်၊ အိုဟေးကင်တားနား ဟာ အောက်တိုဘာလမှာ တင်မယ့် သူရဲ့ အစီရင်ခံစာအတွက် ထိုင်း-မြန်မာနယ်စပ်က လူအခွင့်အရေး အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့ အစည်းတွေနဲ့ သြဂုတ်လ ၇ ရက်နေ့က တွေ့ဆုံပြီး သတင်းအချက်အလက်တွေ စုဆောင်းသွားခဲ့ပါတယ်။ ဒီအကြောင်း အစုံအလင် ကိုတော့ ထိုင်းအခြေစိုက်၊ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့က ရှစ်လေးလုံး လူတစ်ထောင်ကျော် တက်ရောက်



2012-08-08
ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ NLD ခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားတွေ၊ ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဂီတ အနုပညာရှင်တွေ စုစုပေါင်း လူ (၁ဝဝဝ) ကျော် တက်ရောက်ခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသော ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနား၌ အခမ်းအနား ဖြစ်မြောက်ရေး လှုပ်ရှားသူ၊ ၈၈ ကျောင်းသား ကိုတိုးကျော်လှိုင် စကားပြောကြားနေစဉ်။

သြဂုတ်လ (၈) ရက်နေ့ကို မြန်မာ့ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖို့ အဆိုတင်သွင်း



2012-08-08
ဒီနေ့ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးအလယ်တိုက်မှာ ပြုလုပ်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ၂၄ နှစ်ပြည့် ငွေရတုအကြို ဆွမ်းကျွေးပွဲနဲ့ ၀ါဆိုသင်္ကန်းကပ်ပွဲမှာ ရှစ်လေးလုံး အရေးတော်ပုံ စတင်ခဲ့တဲ့ သြဂုတ်လ (၈) ရက်နေ့ကို့ မြန်မာ့ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖို့ မန္တလေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုတင်သစ်က အဆိုတင်သွင်းခဲ့ရာမှာ တက်ရောက်လာသူ ၁၀၀၀ ကျော်က ထောက်ခံခဲ့ကြပါတယ်။
88 Generation Students
၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးအလယ်တိုက်တွင် ပြုလုပ်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ၂၄ နှစ်ပြည့် ငွေရတုအကြို ဆွမ်းကျွေးပွဲနှင့် ၀ါဆိုသင်္ကန်းကပ်ပွဲတွင် ရေစက်ချ လှူဒါန်းနေစဉ်။

နိုင်ငံတလွှားက ရှစ်လေးလုံး အခမ်းအနားများ



2012-08-08
၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အမှတ်တရ အခမ်းအနားတွေကို မြန်မာနိုင်ငံရဲ့ မြို့နယ်အနှံ့အပြားမှာ တစ်စုံတစ်ရာ တားဆီး နှောင့်ယှက်မှု မရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့် ရခဲ့ပါတယ်။
မကွေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပြီး မြို့ခံ လူထု ၃၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ NLD ပါတီရဲ့ စည်းရုံးရေး အဖွဲ့ဝင် ဦးအေးခိုင်က RFA ကို ပြောပါတယ်။

NGO အဖွဲ့အစည်းတွေ ဆက်လက် အကူအညီ ပေးခွင့်ပြုဖို့ UNHCR တိုက်တွန်း



2012-08-07
အစိုးရ မဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာကြသူ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် ဆက်လက် အကူအညီ ပေးခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ အိမ်ခြေ ၃၀၀ ခန့် ရေနစ်မြှုပ်



2012-08-07
ထိုင်း မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဇမိမြစ်ရေကြီးနေတဲ့အတွက် ကမ်းနားပိုင်း ရပ်ကွက်ဖြစ်တဲ့ အမှတ် (၆) ရပ်ကွက် တစ်ခုလုံးနီးပါးနဲ့ အမှတ် (၄) ရပ်ကွက်အချို့ အိမ်ခြေ ၃၀၀ ခန့် ရေတွေ နစ်မြှုပ်နေတယ်လို့ သိရပါတယ်။
ရပ်ကွက် (၆) ခုရှိတဲ့မြို့မှာ အမှတ် (၆) နဲ့ အမှတ် (၄) ရပ်ကွက် အချို့နေရာတို့ ရေနစ်မြှုပ်နေတယ်လို့ အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ဒေသခံမြို့သား တစ်ယောက်က ပြောပါတယ်။

ဆန္ဒပြဈေးသည် (၁၁) ဦး အာမခံနဲ့ ပြန်လွှတ်



2012-08-07
အင်းစိန်ပန်းခြံအနီး မနေ့က ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံရတဲ့ ဈေးသည် (၁၁) ဦးကို အာဏာပိုင်တွေက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပေမယ့် သူတို့အားလုံးကို တရားမ၀င် စုရုံးမှု ပုဒ်မ ၁၈ (က) နဲ့ တရားစွဲဆို ထားတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ လမ်းဘေးဈေးသည်များ တောင်းဆို ဆန္ဒဖော်ထုတ်နေကြစဉ်။

ရှစ်လေးလုံး အထိမ်းအမှတ် မိဘမဲ့ကလေးဂေဟာတွင် လှူဒါန်းမည်



2012-08-07
မြန်မာ့နိုင်ငံရေး သမိုင်းမှာ အရေးပါပြီး လူတန်းစား အလွှာအသီးသီး ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်တဲ့ ဒီကနေ့ ကျရောက်မဲ့ ၂၄ နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် NLD ပါတီဝင်တွေက ဦးစီးပြီး မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာရှိတဲ့ မေတ္တာစိမ့်စမ်း မိဘမဲ့ကလေးဂေဟာအတွက် ငွေကြေး၊ ဆန်၊ အဝတ်အထည်၊ စာရေးကိရိယာနဲ့ အခြား လူသုံးကုန်ပစ္စည်းများ လှူဒါန်းမယ်လို့သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ပြုလုပ်မယ့် ရှစ်လေးလုံး အခမ်းအနား ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး NLD ပါတီဝင် ဦးခင်မောင်မြင့်က RFA ကို အခုလို ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးများ ရှစ်လေးလုံး အခမ်းအနားအတွက် အလှူငွေပေးအပ်



2012-08-07
ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ဟာ ဒီကနေ့ ညနေ (၅) နာရီလောက်မှာ (၂၄) နှစ်မြောက် ငွေရတုအကြို ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား ကျင်းပမယ့် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီး အလယ်တိုက်ကို သွားရောက်ပြီး ဆရာတော် ဦးခေမာကို အလှူငွေ ဆက်ကပ်သလို ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကိုလည်း ၈ လေးလုံး အခမ်းအနားအတွက် ကျပ်ငွေ (၁၀) သိန်း ပေးအပ်ခဲ့ပါတယ်။
88 Generation Students
၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်က ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ကိုမင်းကိုနိုင်ကို (၂၄) နှစ်မြောက် ငွေရတုအကြို ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားအတွက် အလှူငွေ ပေးအပ်နေစဉ်။

ကလေးတွေကို ပြည်အာဏာပိုင်တွေက တောနက်ထဲမှာ သွားရောက်စွန့်ပစ်



2012-08-07
ပဲခူးတိုင်း ပြည်မြို့ မြကွမ်းတောင် ဘုရားဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ ကရုဏာလက်များ ကွန်ယက် စာသင်ကျောင်းမှာ ပညာသင်နေတဲ့ အခြေအနေမဲ့ ကလေး အယောက် (၄၀) လောက်ကို ဒေသခံ အာဏာပိုင်တွေက ဖမ်းခေါ်သွားပြီး ပြည်မြို့နဲ့  မိုင်(၁၀၀) ကျော် ဝေးတဲ့ ဥသျှစ်ပင် တောနက်ကြီးထဲမှာ သွားရောက် စွန့်ပစ်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

မန္တလေးမှာ ဈေးသည်တွေဆန္ဒပြ သုံးဦးအဖမ်းခံရ



2012-08-07
မန္တလေးမြို့ ကိုင်းတန်းဈေးကနေ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရတဲ့ ဈေးသူ ဈေးသား ၁ဝဝဝ ကျော်လောက် ဈေးအတွင်း မနေ့ညက စုရုံး ဆန္ဒပြခဲ့ကြပြီး ဈေးကနေ မြို့တော်ခန်းမအထိ လမ်းလျှောက် ချီတက်ခဲ့တဲ့ ဈေးသူဈေးသား (၃၀၀) လောက်ထဲက (၃) ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
RFA
မန္တလေးမြို့ ကိုင်းတန်းဈေးမှ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရသည့် ဈေးသူ ဈေးသား ၁ဝဝဝ ကျော် ၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်က စုရုံး ဆန္ဒပြနေကြစဉ်။