Saturday, August 11, 2012

ထိုင်း-မြန်မာ ပညာရေး ဖလှယ်မည်




ချင်းမိုင် တက္ကသိုလ် မှ သင်ကြားရေး အစီအစဉ် တခု(ဓာတ်ပုံ – chiangmaiplaces.com)
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ Rajamangala University of Technology Lanna တက္ကသိုလ်သည် ပညာရေး ဖလှယ်မှု အစီအစဉ်အရ မြန်မာနိုင်ငံ အဆင့်မြင့် ပညာ ဦးစီးဌာနနှင့် မကြာခင် နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးရန် စီစဉ် နေ ကြောင်း သိရသည်။

ပညာရေးအထောက်အပံ့ ပစ္စည်းပေးလှူပွဲ (ရုပ်/သံ)

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲက ဆင်းရဲတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပညာရေးအထောက်အပံ့ ပစ္စည်းပေးလှူပွဲ ရုပ်သံ ဖြစ်ပါတယ်။

စာပေစိစစ်ရေး ဖျက်သိမ်းမည်




သတင်းလွတ်လပ်ခွင့် အတွက် ရန်ကုန်အခြေစိုက် သတင်းသမားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ – Reuters)
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဖျက်သိမ်းတော့မည် ဖြစ်သည်။
အဖွဲ့ဝင် ၂၀ ဦးပါဝင်သော မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီက ယနေ့ ဖွဲ့စည်းလိုက်ကြောင်း အစိုးရ သတင်းစာများမှ ထုတ်ပြန်ကြေညာ လိုက်ပြီးနောက် စာပေစိစစ်ရေး ဌာနကို ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
သို့သော် ယာယီ ဖွဲ့စည်းလိုက်သော စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များ အနေဖြင့် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများ အပေါ် သံသယ ရှိနေကြသည်။

သယံဇာတ အကျိုးစီးပွား ခွဲဝေရေး အဆို ဆွေးနွေးရန် သဘောတူ


ပြည်နယ်၊ တိုင်းဒေသကြီးများမှ ထွက်ရှိသည့် စီးပွားရေး အကျိုးအမြတ် ရလဒ်များကို ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအားလုံး တပြေးညီ ခွဲဝေပေးသင့်သည်ဟူသော ပြည်ထောင်စု အစိုးရကို တိုက်တွန်းသည့်အဆို ဆွေးနွေးရန် လွှတ်တော်က သဘောတူ ကြောင်း သိရသည်။
လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)












အာဏာပိုင်က ခွင့်မပြုသဖြင့် နိုင်ငံခြားသားတစု ဓမ္မာရုံတွင် တည်းလိုက်ရ




နိုင်ငံခြားသား အသွားအလာများသော အင်းဝ မြို့ဟောင်းရှိ ဗားကရာကျောင်းတိုက် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏ အကျိုးစီးပွားဟု အစိုးရက ဆိုသော်လည်း စက်ဘီးစီး ကမ္ဘာလှည့် ခရီးသွား မိသားတစုကို မန္တလေးတိုင်း တံတားဦးမြို့ရှိ တည်းခိုခန်းတွင် တည်းခိုခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ခဲ့သဖြင့် ရပ်ကွက် ဓမ္မာရုံက လက်ခံ တည်းခိုခွင့် ပေးလိုက်ရကြောင်း သတင်းရသည်။

ဘူးသီးတောင်၊ မောင်တောက ရခိုင်တိုင်းရင်းသားများ ပြောင်းရွှေ့နေထိုင်လို




စစ်တွေတွင် ပဋိပက္ခများအတွင်း မီးလောင်ကျွမ်းထားသည့် ရပ်ကွက်တခု။ ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း အိမ်ပေါင်း ၂၅၀၀ မီးလောင်ပျက်စီးသည် (ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သော ဘူးသီးတောင်နှင့် မောင်တောရှိ ဒေသခံများက ၎င်းတို့၏ လက်ရှိ နေ ထိုင်ရာ နေရပ်ရင်းကို စွန့်၍ ရခိုင်လူမျိုးအများစုရှိရာ နေရာများကို ပြောင်းရွှေ့နေလိုကြကြောင်း ပြောဆိုနေကြသည်။

အိမ်ခြံမြေ အခွန် ၃ဆနီပါးတိုး

ရန်ကုန် ဩဂုတ် ၁၀

ရန်ကုန် အိမ်ခြံမြေအခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၃၇ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

မလေးရှားရောက် ရခိုင်လူငယ် ၃၀၀ ကျော် အိမ်ပြန်

1 copy
ရခိုင်ပြည်နယ်တွင် ယခုအပတ်အတွင်း ကျောက်တော်မြို့နယ်ရှိ သန်တာလီရွာနှင့် အင်ဘာလီရွာတို့ မီးရှို့ ခံခဲ့ရသောကြောင့် မိဘများက ပြန်ခေါ်ခဲ့သည့်အတွက် မလေးရှားရောက် ကျောက်တော်မြို့နယ်မှ လူငယ် ၃၀၀ ကျော် စုစည်းပြီး အိမ်ပြန်သွားခဲ့ကြသည်ကို မောင်ဆန်းဝင်းက သတင်းပေးပို့ထားသည်။

ကချင်အကျဉ်းသား ဦးဘရန်ရှောင် ချောင်းဆိုးသွေးပါ ဖြစ်နေဟုဆို

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲခံရ၍ တရားရင်ဆိုင်နေရသူ ဦးလထော် ဘရန်ရှောင်မှာ ချောင်းဆိုးသွေးပါ ဖြစ်နေသဖြင့် ကျန်းမာရေး ကုသရန် လိုအပ်နေသည်ဟု သောကြာနေ့ ရုံးချိန်းတွင်
တွေ့ဆုံခဲ့သည် ဂျန်မိုင်ကောင်း အသင်းတော်မှ ဓမ္မဆရာ ဦးအောင်မြတ် က ပြောသည်။

မိုးထိမိုးမိ ရွှေလုပ်သားများ လျော်ကြေး အပြည့်မရကြသေး

စံခလပူရီ (မဇ္ဈိမ) ။      ။ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတောမှ အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စုကုမ္ပဏီနှင့် ရွှေတွင်းလုပ်သားများ နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုထားသည့်အတိုင်း လုပ်သားများအား ကုမ္ပဏီဘက်မှ နစ်နာကြေးနှင့် လျော်ကြေးများကို အလုံးစုံ ပေးလျော်ခြင်း မရှိသေးကြောင်း အလုပ်သမား ကိုယ်စားလှယ်က ပြောသည်။

ညမထွက်ရအမိန့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့များ ထပ်တိုး

ရန်ကုန် (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်းရှိ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များကို ဗုဒ္ဓဟူးနေ့မှ စ၍ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်ဟု ကျောက်တော် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

တရားမဝင် ထိုင်းများထဲမှ ထွက်ပြေးသူ တဦး ပစ်သတ်ခံရဟု မိသားစုပြော

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်မှုနှင့် အခြားရာဇဝတ်မှုများဖြင့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ဖမ်းဆီးအရေးယူထားသော်လည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးစဉ်က ထွက်ပြေးသူ တဦးအား မြန်မာစစ်တပ်မှ ပစ်ခတ်၍
သေဆုံးသွားခဲ့ရသည်ဟု သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုက ပြောသည်။

ကချင်အာဇာနည်နေ့ လိုင်ဇာတွင် ကျင်းပ

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေး အဖွဲ့ KIO ခေါင်းဆောင် များနှင့် ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁ဝ ရက်နေ့တွင် ကျရောက်သော ၃၇ နှစ်မြောက် ကချင် အာဇာနည်နေ့တွင် ကချင်အားလုံး စည်းလုံးကြရန် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား က တိုက်တွန်းပြောဆိုလိုက်သည်။

ပြည်သူ့အသံကို လွှတ်တော် ဝဘ်ဆိုဒ်မှတဆင့် တင်ပြနိုင်တော့မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်သူများ၏ ဆန္ဒများနှင့် လွှတ်တော်အတွင်း ဆွေးနွေးမှုများကို အထောက်အကူပြုနိုင်ရန် ပြည်သူ့လွှတ်တော် အင်တာနက် စာမျက်နှာမှတဆင့် သြဂုတ်လ ဒုတိယပတ်အတွင်း တင်ပြနိုင်တော့မည်ဟု ပြည်သူ့လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးတဦးက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ တိုင်းရင်းသားချင်း ပြောရန် သမ္မတ တိုက်တွန်း

ရန်ကုန်၊ နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများ ရပ်တန့်စေရန်နှင့် ရခိုင်ပြည်သူလူထုကို တိုင်းရင်းသားအချင်းချင်း စည်းရုံးဖြောင်းဖြရန် သမ္မတဦးသိန်းစိန်က ရခိုင်ပါတီနှစ်ခုကို တိုက်တွန်းလိုက်ကြောင်း အဆိုပါ ပါတီများ၏ ခေါင်းဆောင်များက ပြောသည်။

‘အမြုတေ စာနယ်ဇင်းကောင်စီ’ ဖွဲ့စည်း

ရန်ကုန် (မဇ္ဈိမ)။   ။ ဥပဒေပညာရှင်များ၊ စာပေပညာရှင်များ၊ စာရေးဆရာများ၊ စာနယ်ဇင်းသမားများ ပါဝင်သည့် ‘အမြုတေ စာနယ်ဇင်းကောင်စီ’ ကို သြဂုတ်လ ၉ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သောကြာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြပါရှိသည်။

press-council

ဒေါ်အောင်ဆန်းစုကြည်နဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ


နေပြည်တော်မှာ လွှတ်တော် တက်ရောက်နေတဲ့ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ကို တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu က
သြဂုတ်လ ၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ နေအိမ်ကို ညနေ ၆:၄၅ နာရီတွင် လာရောက်ပြီး ၁ နာရီကျော်ကြာ တွေ့ဆုံ သွားခဲ့ပါတယ်။

 သောင်ရင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြ၀တီမြို့ရှိ အနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ်



မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်လာကာ မြ၀တီမြို့  လူနေရပ်ကွက်(၄)ခုမှ အနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ်လျက်ရှိပြီး သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရေဘေးမှ လွတ်ကင်းရာသို့ ရွှေ့ ပြောင်းနေရကြောင်း သိရသည်။

 တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်လျက်ရှိ ရေဘေးအန္တရယ်ထိ ရောက်ခြင်းမရှိသေးသော်လည်း ရေ၀င်ရောက်တတ်သော အနိမ့်ပိုင်းနေရာမှ ပြည်သူအချို့ အခက်အခဲဖြစ်ပေါ်နေ


တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေသည်သြဂုတ် ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်အထက် ၆၀၉ စင်တီ မီတာသို့ ဆက်လက်မြင့်တက်လာခဲ့ပြီး လူများ ရွှေ့ပြောင်းရသည်အထိ ရေဘေးအန္တရယ် ကျရောက်ခြင်းမရှိသေးသော်လည်း ရေအလွယ်တကူ ၀င်ရောက်တတ်သော အနိမ့်ပိုင်းကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များသည် မြစ်ရေများ ရက်ရှည်ဝင်ရောက်နေခြင်းကြောင့် သောက်သုံးရေနှင့် နေထိုင်သွားလာရေးများ အခက်အခဲရှိလာကြောင်း သိရှိရသည်။ 

 မော်လမြိုင် မုပွန်တောင်ဖျားရပ်တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့


မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မုပွန်ရပ်ကွက် တောင်ဖျားရပ်သို့ သြဂုတ်လ ၉ရက်နေ့ နံနက်(၈း၃၀) နာရီခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ရာ အိမ်ခြေအချို့နှင့် ဘီအိုစီရေနံဂိုဒေါင်တို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများမှ သိရှိရပါသည်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုဲံမြန်မာသမ္မတဦးသိန်းစိန်(ဝဲ )နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ahmet Davutoglu (ယာ)။ (ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံးဝဘ်ဆိုဒ်)







ဲမြန်မာသမ္မတဦးသိန်းစိန်(ဝဲ )နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ahmet Davutoglu (ယာ)။ (ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံးဝဘ်ဆိုဒ်)
မြန်မာနိုင်ငံမှာရောက်နေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Ahmet Davutoglu ကို သမ္မတ ဦးသိန်းစိန်က နေပြည်တော်မှာ သြဂုတ်လ ၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သစ် ခန့်အပ်

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးသန့်ကျော်က သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သြဂုတ်လ ၈ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ထားပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် ဒုက္ခသည်တွေနဲ့ တွေ့ဆုံလှူဒါန်း



2012-08-10
တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိပြီး ဒုက္ခသည် စခန်းတချို့ကို သွားရောက် လေ့လာခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း၌ တူရကီ နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံနေစဉ်။

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခုတောင်းဆို



2012-08-10
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ နေရာကို အခြားသူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်၏ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နှင့် နိုင်ငံရေးပါတီ ၂၄ ခုမှ ခေါင်းဆောင်များ တွေ့ဆုံဆွေနွေးနေစဉ်။

အကျင့်ပျက် တရားသူကြီးတွေကို ဖယ်ရှားဖို့ သူရ ဦးအောင်ကိုတင်ပြ



2012-08-10
မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်နဲ့ ပြည်သူလူထု ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို ဒီကနေ့ အစီရင်ခံစာတစ်စောင် တင်ပြခဲ့ပါတယ်။
တရားစီရင်ရေးမှာ တာဝန်မကျေပွန်တဲ့၊ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းတဲ့ တရားသူကြီးတွေ၊ ဝန်ထမ်းတွေကို ဖယ်ရှားပြီး ပြည်သူ့တွေက ရွေးချယ်သူတွေနဲ့ ပြန်လည်အစားထိုး ခန့်အပ်ဖို့လိုကြောင်း စသဖြင့် ပြောဆိုခဲ့တယ်လို့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ပွင့်လင်းလူ့အဖွဲ့အစည်း တွေ့ဆုံပွဲ ခန်းမငှားရမ်းခွင့်ပြု



2012-08-09
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ထွန်းရေး စစ်ကိုင်းတိုင်း ခရီးစဉ်အတွင်း မုံရွာမြို့မှာ မြို့ခံပြည်သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ ခန်းမငှားရမ်းရာမှာ အာဏာပိုင်တွေက မနေ့က ညနေပိုင်းအထိ ငှားရမ်းခွင့် တားမြစ် ပိတ်ပင်ထားခဲ့ပေမယ့် အခုတော့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

လူသားချင်းစာနာရေး အကူအညီ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ EU တိုက်တွန်း



2012-08-09
အိမ်နီးချင်းမြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရောက်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်းစာနာရေး အဖွဲ့တွေက အကူအညီ ဆက်လက်ပေးခွင့်ပြုဖို့ EU ဥရောပကော်မရှင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
Photo:Wikipedia
အီးယူ ဥရောပသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး မဟာမင်းကြီး Ms. Kristalina Georgieva

အကူအညီလိုအပ်နေတဲ့ ဒေသမှန်သမျှ အကူအညီ ရောက်ရှိရေး ကုလသမဂ္ဂ တိုက်တွန်း



2012-08-09
မြန်မာနိုင်ငံမှာ ပြည်တွင်း နေရာရွှေ့ပြောင်းကြရသူတွေ ငါးသိန်းလောက်ရှိနေပြီး လူသားချင်းစာနာရေး အကူအညီလိုအပ်မှုတွေ တိုးတက်များပြား လာနေတဲ့အတွက် အစိုးရအနေနဲ့ ကူညီရေးအဖွဲ့အစည်းတွေကို ဒေသမရွေး သွားရောက်ကူညီခွင့်ပြုဖို့ ကုလသမဂ္ဂက မနေ့က တိုက်တွန်းလိုက်ပါတယ်။
Photo: Wikipedia
OCHA ခေါ် လူသားချင်းစာနာမှု ကိစ္စများဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ကုလသမဂ္ဂရုံး ညွှန်ကြားရေးမှူး မစ္စတာ John Ging

စမာ ရေလွှဲဆည် တည်ဆောက်မှု ရပ်တန့်ရေး ၈၈ တွေကူညီမည်



2012-08-09
မန္တလေးတိုင်း၊ မြစ်သားမြို့ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို စမာရေလွှဲဆည် တည်ဆောက်မှု ရပ်တန့်ရေး အတွက် မြို့သူ မြို့သားတွေက စုပေါင်း လက်မှတ်ရေးထိုးပြီး ပွင့်လင်း လူ့အဖွဲ့အစည်း ဟောပြောပွဲမှာ ဒီကနေ့ အကူအညီ တောင်းခံခဲ့တယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က မန္တလေးတိုင်း၊ မြစ်သားမြို့နယ် စမာရေလွှဲဆည် တည်ဆောက်မှု ရပ်တန့်ရေး အတွက် မြို့သူ မြို့သားများ စုပေါင်းတောင်းဆို ဆန္ဒပြနေစဉ်။

မန္တလေး ပညာဒါနကျောင်းဖွင့်



2012-08-09
နိုင်ငံရေး အကျဉ်းသားဟောင်း မန္တလေး မစိုးရိမ်ဆရာတော် ဦးဝီရသူ ထူထောင်ထားတဲ့ ကလေးလုပ်သား ပညာရေး ဖောင်ဒေးရှင်းကနေ ချို့တဲ့ဆင်းရဲတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် လောက အလင်း ၁၀ တန်းကျူရှင် ပညာဒါနကျောင်းကို မန္တလေးမြို့ ချမ်းမြသာစည်မြိုနယ်မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြိုနယ်တွင် ဖွင့်လှစ်သည့် မန္တလေး မစိုးရိမ်ဆရာတော် ဦးဝီရသူ၏ လောကအလင်း ၁၀ တန်းကျူရှင် ပညာဒါနကျောင်းကိုတွေ့ရစဉ်။