Friday, August 17, 2012

ပြည်သူ့ဝန်ထမ်းများ ပြစ်မှုကျူးလွန်ပါက ခွင့်ပြုမိန့်မလိုဘဲ တရားစွဲဆိုခွင့်ပြု

ပြည်သူ့ဝန်ထမ်း (ပြန်တမ်းဝင်အရာရှိ) များ တာဝန်ထမ်းဆောင်ချိန်တွင် ပြစ်မှု ကျူးလွန်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၉၇(၁)အရ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန်နှင့် တာဝန်ချိန်ပြင်ပ တွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ  ----

ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးထောင် တန်ဖုန်းကို အများပြည်သူများ ကိုင်ဆောင်နိုင် ရေးအတွက် ရွှေ ပြည်တံခွန် ကုမ္ပဏီအား ၉-၇-၂၀၁၂ ရက်က အတိုင်ပင် အဖွဲ့ဝင်အဖြစ် ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။ 

ကားအရစ်ကျရောင်းချသည့်စနစ်တွင် အားနည်းချက်များရှိနေ


ကားအရောင်းစင်တာများမှ ကားသစ်များ အရစ်ကျ စနစ်ဖြစ်ရောင်းချရာတွင်ဝယ်ယူမည့်ကား၏ အပြင်ပေါက်ဈေးကွက် အား လေ့လာပြီးမှ ဝယ်ယူသင့်ကြောင်းကားဝယ်ရောင်းပြုလုပ်သူများများမှ သုံးသပ်သည်။

 ရခိုင်ပြည် အရေးအခင်းတွင် ပါဝင်ပတ်သက်မှုကြောင့် ဖမ်းဆီးထားသူ ယူအန်နှင့် အိုင်အန်ဂျီအို ၀န်ထမ်း (၅) ဦး ပြန်လွှတ်

ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည် အရေးအခင်းတွင် ပါဝင်ပတ်သက်မှုကြောင့် ဖမ်းဆီးထားသူ ယူအန်နှင့် အိုင်အန်ဂျီအိုဝန်ထမ်း (၅)ဦးမှာ သြဂုတ်လ (၁၆) ရက်နေ့က ပြန်လည် လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိရသည်။

 တရုတ်နိုင်ငံထုတ် ဆေးဝါးတုများအား အာရှတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများသို့ အများဆုံးတင်ပို့ကြောင်း ထုတ်ပြန် ၊ ကမ္ဘာပေါ်တွင်အဆိုးရွားဆုံး ဆေးဝါးတုထုတ်လုပ်သည့် တရုတ်နိုင်ငံ၌ ဆေးတုထုတ်လုပ်သူ ၂၀၀၀ နီးပါးအားဖမ်းဆီး



52012
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဆေးဝါးအတုနှင့် ဆေးဝါးအတု ထုတ်လုပ်သည့် ပစ္စည်းများကို ဖျက်ဆီးရန်အတွက် ကွန်တိန်နာအတွင်းသို့ ထည့်နေစဉ်
လူ့အသက်အန္တရာယ်ကိုပါ ထိခိုက်စေသည့် ငှက်ဖျားဆေးအပါ အ၀င် တရုတ်နိုင်ငံထုတ် ဆေးဝါးအတုများကို အာရှတွင် မြန်မာ၊ လာအို နှင့်ကမ္ဘောဒီးယားနိုင်ငံများသို့ အများဆုံး တင်ပို့နေကြောင်း နိုင်ငံတကာ သတင်းများအရ သိရပါသည်။

CAVERTA ဆေး ဈေးကွက်၌ အတု ထွက်ပေါ်နေ


အမျိုးသားများ အတွက် သီးသန့် ထုတ်လုပ် ထားသော CAVERTA ဆေးဈေး ကွက်အတွင်း အတုများ ထွက်ပေါ်နေကြောင်း ဈေးကွက်မှ သိရသည်။ CAVERTA ထုတ်လုပ်ဖြန့်ချိသော ဆေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “တရုတ်က ဝင်လာတဲ့ ဆေးအတုတွေ ဈေးကွက်ထဲမှာ တွေ့ရတယ်။ ဘယ်လိုလမ်းကြောင်းနဲ့ ဝင်လာလဲတော့ မသိဘူး” ဟု ပြောသည်။

အထီးကျန် နေဝင်ချိန်များ


သမီးရယ် အကြွေလေး ပါရင်ပေးခဲ့ပါ၊ ထမင်းမစား ရသေးလို့“အသံကြားရာ ကို လှမ်းကြည့်လိုက်တော့ မိုးရေ စိုရွှဲနေသည့် အဘွားအို တစ်ဦး။ အဖာရာ ပြည့်နေသည့် အပေါ်ထပ် အနွေးထည်နွမ်းနွမ်း ဝတ်ဆင် ထားပြီး မျက်လုံးများက ကျွန်မ စားနေသော ထမင်းများကိုငေးလို့နေသည်။ အသက် ၇၀ ဝန်းကျင်ခန့်သာ ရှိသေးသော်လည်း မျက်နှာပေါ်ကအရေးအကြောင်းများကြောင့် ရှိရင်းစွဲအသက်ထက်ပိုကြီးနေသည်။ ထိုအဘွားအို၏အမည်သည် ဒေါ်သန်းဖြစ်လေသည်။

ကားလေး စီးဆင့်တိုက် မှုဖြစ်ပွား



ကားလေးစီးဆင့်တိုက်မှုဖြစ်ပွား







ယနေ့ သြဂုတ် ၁၅ရက်နေ့  နေ့ လည် ၃နာရီက ပြည်လမ်းနှင့် ဗိုလ်ချုပ်အောင် ဆန်း လမ်းဆုံ မီးပွိုင့် ဗိုလ်ချုပ်လမ်းပေါ်တွင် ယာဉ်လေး စီးဆင့်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ၆၂ ခရီးသည် တင်ယာဉ်လိုင်းမှ မီးပွိုင့်တွင် ဘရိတ်ပေါက်၍ ပလက်ဖောင်းပေါ် ကျော်ပြီး ဓါတ်တိုင်ကိုရှောင်ရာမှ ရှေ့ ရှိ အဌားယာဉ်နှစ်စီးအား တိုက်မိပြီး အဌားယာဉ်တစ်စီးအား ပွတ်မိသဖြင့် ကားလေးစီးနှင့် ဓါတ်တိုင် ပျက်စီးပြီး ခရီးသည်များ ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ရပ်ကွက်အတွင်း ဆီသိုလှောင်ရောင်းချ သဖြင့် ရပ်ကွက်နေပြည်သူများ စိုးရိမ်နေ

ရပ်ကွက်အတွင်း ဆီသိုလှောင်ရောင်းချသဖြင့် ရပ်ကွက်နေပြည်သူများ စိုးရိမ်နေ
မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် သံလျက် မှော်တောင် ရပ်ကွက် ဧရာထွန်း တိုက်တန်း  အမတ ဆိပ်ဦးဓမ္မာရုံ၏ အရှေ့တောင်ဘက်နှင့် မြောက်ဘက် လူနေအိမ် ထူထပ်သည့် ရပ်ကွက်အတွင်း စက်သုံး လောင်စာဆီများကို သိုလှောင်ရောင်းချနေမှုများကြောင့် ရပ်ကွက်နေပြည်သူများ နေ့စဉ် စိတ်ပူပင်သောက ရောက်နေကြောင်း သိရသည်။

မကွေးမြို့တွင် အမျိုးသမီးများ ဦးဆောင်သော ဖဲဝိုင်း ဖမ်းမိ


မကွေးမြို့နယ် အတွင်း ဖဲရိုက် လောင်းကစား နေသည့် အမျိုး သမီးအဖွဲ့နှင့် အမျိုးသား တစ်ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ သက်သေခံဖဲချပ် များနှင့်အတူ လောင်းကြေးငွေများပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ သည်ဆိုမှု ဩဂုတ်လ ၄ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

မန္တလေးတိုင်း ဟိုတယ်ဇုန်သစ်တွင် ရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မန္တလေးတိုင်းဒေသကြီးအတွင်း ခန့်မှန်းဧရိယာ ဧက ၃,ဝဝဝ ကျော် အကျယ်အဝန်းရှိ ဟိုတယ်ဇုန်သစ် တခုတွင် ဟိုတယ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြောသည်။

ရခိုင်မှာ ဖမ်းဆီးထားတဲ့ AZG ဝန်ထမ်းတချို့ကို ပြန်လွှတ်ပေး

2012-08-16
ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဟော်လန် အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (AZG) အဖွဲ့အစည်းက ရခိုင်ပြည်နယ်ဆိုင်ရာ တာဝန်ခံအရာရှိ ဦးကျော်လှအောင်နဲ့ ဝန်ထမ်း အချို့ကို အာဏာပိုင်တွေက ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
RFA
စစ်တွေအကျဉ်းထောင် ဖြစ်ပါသည်။

ရိုဟင်ဂျာကိစ္စ ဖိအားပိုမိုပေးဖို့ OIC ထုတ်ပြန်



2012-08-16
အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံပါဝင်တဲ့ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ အစ္စလာမ်မစ် သွေးစည်းညီညွတ်ရေး ညီလာခံကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ မနေ့က ကျင်းပပြီးစီးခဲ့ရာ မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ ဖိအား ပိုမိုပေးဖို့ ဆွေးနွေးခဲ့ကြောင်း OIC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ သမာဆတ်တက္ကသိုလ်မှာ ရိုဟင်ဂျာ ပြဿနာဆွေးနွေး



2012-08-16
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရိုဟင်ဂျာ ပြဿနာနဲ့  ပတ်သက်ပြီး မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သမာဆတ် တက္ကသိုလ်မှာ နိုင်ငံတကာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့  ဒီမိုကရေစီရေးမှာ ရိုဟင်ဂျာတွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့  သုံးသပ် ဆွေးနွေးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်း အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း မြန်မာလေ့လာချင်



2012-08-16
ထိုင်းနဲ့ အမေရိကန် ပူးတွဲလုပ်မယ့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက အကဲခတ် လေ့လာလိုပြီး ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုနဲ့ ညှိနှိုင်းဖို့ ထိုင်းနိုင်ငံရဲ့ အကူအညီရအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
Photo: Myanmar President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Air Chief Marshal Sukumpol Suwanatat တွေ့ဆုံစဉ်။

OIC တောင်းဆိုမှု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်တုံ့ပြန်



2012-08-16
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့  စုံစမ်းစစ်ဆေးရေး လုပ်စရာမလိုဘူးလို့  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်က အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ၀င်ရောက် ဆောင်ရွက်ပေးဖို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့  OIC ကနေ တောင်းဆိုမှု ထွက်ပေါ်လာပြီးနောက် အခုလို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ရဲ့ ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ရသူပေါင်း ၆ သောင်း ၈ ထောင် ကျော် ရှိသွားပြီလို့  ကုလသမဂ္ဂက မနေ့က ထုတ်ပြန် ကြေညာပါတယ်။

ရိုဟင်ဂျာအရေး ကုလသမဂ္ဂကိုတင်ပြဖို့ OIC ဆုံးဖြတ်



2012-08-16
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ညီလာခံက မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကို ကုလသမဂ္ဂ တင်ပြသွားမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
Photo:Wikipedia
Organization of Islamic Cooperation (OIC) အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို

ကချင်ဒုက္ခသည်တွေ အကူအညီထပ်မံရရှိ



2012-08-16
တရုတ် မြန်မာနယ်စပ် လိုင်ဇာမြို့အနီးရှိ ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ ခုကို ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေဖြစ်တဲ့ အဖြူရောင်တွဲလက်များနဲ့ မန္တလေးရှိ ကလေးသူငယ်များ ကွန်ယက်အဖွဲ့က ဆေးနဲ့ ကျောင်းသုံးပစ္စည်းတွေ ဒီနေ့ သွားရောက် ကူညီကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်တချို့ ချင်းမိုင်ကို ရောက်ရှိ



2012-08-16
ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်တွေ လေ့လာသင်ကြားနိုင်ဖို့ မြန်မာနိုင်ငံက ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ စုစုပေါင်း ၂၀ ခန့် ဒီကနေ့ ညနေပိုင်းမှာ ချင်းမိုင်မြို့ကို ရောက်ရှိလာပါတယ်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း မြေနေရာအတွက် လျော်ကြေးတောင်းဆို



2012-08-16
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အထက်ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းကြောင့် နေရာ ဖယ်ပေးရမယ့် မြေဧက ၆၀၀၀ ကျော်အတွက် ထိုက်သင့်တဲ့ လျော်ကြေးရရှိဖို့ ဒေသခံ အခွင့်အရေး လှုပ်ရှားသူတွေက အစိုးရအဖွဲ့ထံ ဒီကနေ့ စာရေးသား တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
Photo: Kayan New Generation Youth
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်ကို တွေ့မြင်ရစဉ်။

စိုက်ပျိုးစရိတ်ချေးငွေ မရရှိသေးလို့ တောင်သူတွေအခက်တွေ့



2012-08-16
ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်အတွင်း ကျေးရွာ (၃၀) လောက် စိုက်ပျိုးစရိတ်ချေးငွေ မရရှိသေးတာကြောင့် ဒေသခံ တောင်သူတွေ ထွန်ယက် စိုက်ပျိုးဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။
(Photo: AFP)
လယ်သမားတဦး ကျွဲတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

အိန္ဒိယသံတမန် စစ်တွေမြို့ကို လေ့လာရေးခရီး သွားဖို့ ရှိ



2012-08-15
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံတမန် Mr. Seshadri ဟာ မကြာသေးခင် လပိုင်းက ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လေ့လာရေး ခရီး သွားရောက်ဖို့ ရှိတယ်လို့ အိန္ဒိယနိုင်ငံထုတ် The Indian Express သတင်းစာက ဖော်ပြထားပါတယ်၊

မြန်မာအစိုးရ သဘောထား မလေးရှား ၀န်ကြီးချုပ်ဟောင်း အကောင်းမြင်



2012-08-15
ရိုဟင်ဂျာ မူဆလင်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့အညီ လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ခေါင်းဆောင်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သဘောထားအမြင်တွေကို နားထောင်လိုစိတ် ရှိပါတယ်လို့ မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က အကောင်းမြင်စကား ပြောကြားလိုက်ပါတယ်။
UN
မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်ကို ၂၀၀၈ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောဆိုနေစဉ် တွေ့ရပုံ။

သဘာဝဘေးအန္တရာယ်ကြောင့် ဘဏ္ဍာရေး ထိခိုက်နိုင်



2012-08-15
တောင်အာရှဒေသမှာ အပူပိုင်း မုန်တိုင်းတွေ ရေလွှမ်းမိုးတာတွေကြောင့် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံ ၁၀ နိုင်ငံဟာ ဘဏ္ဍာရေး ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း Maplecroft ခေါ် ဘေးအန္တရာယ် လေ့လာရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။

ထင်ယောင်ထင်မှား ဓာတ်ပုံဖြန့်ဝေမှု စိုးရိမ်မကင်းကြောင်း တိဗက်ဗဟိုအုပ်ချုပ်မှုအဖွဲ့ ကြေညာ



2012-08-15
မကြာခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ တချို့မီဒီယာတွေဟာ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဓာတ်ပုံတွေ ဖြန့်ဝေဖော်ပြတဲ့အတွက် စိတ်အနှောင့်အယှက် အထူးတလည် ဖြစ်ရပြီး စိုးရိမ်မကင်းလည်း ဖြစ်ရတယ်လို့ အိန္ဒိယနိုင်ငံ Dharamshala အခြေစိုက် CTA - တိဗက် ဗဟိုအုပ်ချုပ်မှုအဖွဲ့က မနေ့က ကြေညာလိုက်ပါတယ်။