Tuesday, August 21, 2012

ဦးအောင်သိန်းလင်းကို ကန့်ကွက်ရန် မဲဆန္ဒရှင်လက်မှတ် ၁,၃၀၀ ကျော် စုဆောင်းရရှိပြီဟုဆို


ရန်ကုန်၊ သြဂုတ် - ၂၀

ပြည်ခိုင် ဖြိုးပါတီ တောင်ဥက္ကလာပ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သော စကားများအား မနှစ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရန် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူဆန္ဒမဲ လက်မှတ်များ စုဆောင်းရာတွင် လက်မှတ်ပေါင်း ၁,၃၀၀ ကျော်ရ ရှိနေပြီ ဖြစ်ကြောင်း ဦးဆောင် ဦးရွက်ပြုသူ ဦးမင်းအောင်ကပြောသည်။

ADSLအင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေး

ယခု ၁ ရက်နေ့မှ စတင်၍ ADSL အင်တာနက် လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့် ပေးခဲ့သည်ဟု ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက သြဂုတ်လ ၁၅ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောသည်။ ---

စက်တင်ဘာ(၁)ရက်နေ့တွင် တစ်သိန်းဖုန်းထွက်ရှိမည်ဟု သတင်းများထွက်ပေါ်


စက်တင် ဘာလ(၁) ရက်နေ့တွင် ကျပ်တစ်သိန်းတန် မိုဘိုင်းဖုန်း များအား ချထားပေး မည်ဟု ပြည်သူများ အကြား သတင်းများ ထွက်ပေါ် နေသော်လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ဈေးနှုန်း အပြောင်း အလဲရှိပါက တရာဝင် ကြေ ညာချက် ထုတ်ပြန်မည်ဟု  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက---



တခြား ဘာသာရေး ခေါင်းဆောင်များ နည်းတူ ဗုဒ္ဓဘာသာ ရဟန်းခေါင်းဆောင်များလည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် ပါဝင်သင့်

မောင်အေး
သြဂတ်စ်လ (၁၇) ရက်နေ့က နိုင်ငံတော်သမတ ဦးသိန်းစိန်အမိန့်ဖြင့် ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည် တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခအား စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မွတ်ဆလင်၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနည်းတူ ဗုဒ္ဓဘာ ခေါင်းဆောင် ရဟန်းတော်များလည်း ပါဝင် သင့်သည် ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
ကော်မရှင် ပထမ အကြိမ် အစည်းအဝေး ကျင်းပနေစဉ်။

ရသေ့တောင် ကုလားချောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အများအပြား သိမ်းဆည်းရ

သြဂတ်စ်လ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာအား ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရရှိခဲ့သော သက်သေခံ ပစ္စည်းများမှာ ဘင်္ဂလာဒေခ်ျ့နှင့် သက်ဆိုင်သော ပစ္စည်းများ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

ကျန်ရှိ နိုင်/ကျဉ်းများ ဂုဏ်သိက္ခာရှိစွာ လွတ်မြောက်ရေး ဆွေးနွေး


ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရန် ရည်ရွယ်ပြီး အဆိုပါ အစည်းအဝေးကို နိုင်ငံရေးအကျဉ်းသား ဆရာဦးရွှေထူး(တောင်ကြီးထောင်)၏ မိသားစုအိမ်တွင် ယနေ့(၁၉-၈-၂၀၁၂)မွန်းလွဲ (၂း၃၀)နာရီမှာ ကျင်းပကြောင်း သိရပါတယ်။ အဆိုပါ အစည်းအဝေးသို့ မစိုးရိမ်တ
ိုက်သစ်မှ ဆရာတော်ဦးဝီရသူ၊ မန္တလေးတိုင်းNLD-ပါတီ ဥက္ကဋ္ဌဟောင်း ဦးသိန်းတန် (ဦးရွှေထူး၏ သူငယ်ချင်း)၊

အုန်းနှဲကျေးရွာ နေအိမ်များ ရေမြုပ်



စစ်တပ် ခေါင်းမာ၍ ကချင် ငြိမ်းချမ်းရေး မရ


ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးရန် အခက်အခဲဖြစ်နေရခြင်းမှာ အစိုးရ စစ်တပ် ဘက် မှ ခေါင်းမာနေသည့်အတွက် ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ကချင် BGF ပိုင်မြေတွင် လူ ၂၀၀၀ ကျော် ကျူးကျော် နေဟုဆို


မန္တလေးမြို့ရှိ လယ်မြေများကို အကွက်ရိုက်ပြီး တရုတ်လူမျိုးများထံ ရောင်းချသည်ကို ဆန့်ကျင် ဆန္ဒပြသည့် အနေဖြင့် ရောင်းချပြီး ဖြစ်သော မြေကွက်များတွင် ကျူးကျော်သူ နှစ်ထောင်ကျော်တို့ ၀င်ရောက်နေထိုင်လျှက် ရှိကြောင်းသိရသည်။

မန္တလေးမြို့တွင် ရေမြောင်းအတွင်း ပေါက်ကွဲ မီးလောင်းမှု ဖြစ်ပွား


မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော် မန္တလေးမြို့တော်၊ မဟာအောင်မြေမြို့နယ်ရှိ လမ်းဘေး ရေမြောင်း အတွင်းမှ ပေါက်ကွဲ သံကြီး ထွက်ပေါ်ပြီး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနထံမှ သိရသည်။

မြန်မာ့ စီးပွားရေး ဆယ်စုနှစ် အတွင်း တစ်နှစ် ရှစ်ရာခိုင်နှုန်း တိုးတက်မည်ဟု အာရှ ဖွံ့ဖြိုးရေး ဘဏ် ခန့်မှန်း

မြန်မာ့ စီးပွားရေး ဆယ်စုနှစ် အတွင်း တစ်နှစ် ရှစ်ရာခိုင်နှုန်း တိုးတက်မည်ဟု အာရှ ဖွံ့ဖြိုးရေး ဘဏ် ခန့်မှန်း






မြန်မာ့ စီးပွားရေးသည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်မှု တိုးတက်အောင် အစိုးရက ပြုလုပ်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း နိမ့်အောင် ထိန်းထားခြင်း အားဖြင့် လာမည့်ဆယ်စုနှစ်အတွင်း တစ်နှစ်ရှစ်ရာခိုင်နှုန်းဖြင့် စီးပွားရေးတိုးတက်နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းလိုက်သည်။

မြန်မာနိုင်ငံ အတွက် လျှပ်စစ် ရရှိရေး ထပ်မံ ပြည့်ဝအောင် လုပ်ဆောင် သွားမည်


မြန်မာနိုင်ငံ၏ လျှပ်စစ်ရရှိရေး ကိစ္စများကို ထပ်မံပြည့်ဝအောင် လုပ်ဆောင် သွားရန် ပြုလုပ် သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေး ကပြောသည်။

သတင်းဂျာနယ် ၊ နိုင်ငံရေးနှင့် ဘာသာရေး စာပေများ လွတ်လပ်စွာ ထုတ်ဝေ ခွင့်ရပြီ


သတင်း ဂျာနယ်များ အပါအ၀င် တင်ထုတ် အဖြစ်ကျန်ရှိ နေသေးသည့် ဘာသာရေး၊ နိုင်ငံရေးဆိုင်ရာ စာပေများ အားလုံးကို ထုတ်တင် စနစ်သို့  ခွင့်ပြုပေး လိုက်ပြီ ဖြစ်သည်။
သတင်းဂျာနယ် ၊ နိုင်ငံရေးနှင့် ဘာသာရေး စာပေများ လွတ်လပ်စွာ ထုတ်ဝေ ခွင့်ရပြီ 

အင်းစိန် ရေလျှံခြင်းမှာ ရွာမသံမဏိစက်ရုံ ရေဆင်းပေါက်များ ပိတ်ထားခြင်းကြောင်း ဟုဆို


အင်းစိန် ရေလျှံခြင်းမှာ ရွာမ သံမဏိ စက်ရုံ ရေဆင်းပေါက်များ ပိတ်ထားခြင်းကြောင်း ဟုဆို
ရွာမ သံမဏိ စက်ရုံမှ ရေဆင်း ပေါက်များ ဖွင့်မပေး သောကြောင့် ၄င်းတို့ ရပ်ကွက်များ အတွင်းရေကြီးရေလျှံမှု များဖြစ်ပွားေ နကြောင်းအင်း စိန်မြို့ နယ် အတွင်းရှိ ရပ်ကွက် အချို့ မှဒေသခံများက စွပ်စွဲလိုက်သည်။

သမိုင်းလမ်းဆုံ အနီး ရေကြီးမှုမြင်ကွင်း

သမိုင်းလမ်းဆုံ အနီး ရေကြီးမှုမြင်ကွင်း







သြဂုတ်လ ၁၈ ရက်နေ့ ညမှ ၁၉ ရက်နေ့ နံနက် အထိ မိုး အဆက်မပြတ် ရွာသွန်း မှုကြောင့် သမိုင်း လမ်းစုံအနီး ရေကြီးခဲ့ကြောင်း The Voice Weekly သတင်း ရင်းမြစ် များက ပြောကြားသည်။

ပုသိမ်မြို့ ရေဘေး ဒုက္ခသည်များကို OVDR4MM မိသားစုမှ ကူညီလှူဒါန်းမည်


ရာသီဥတု ဆိုးရွားမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြန်မာပြည် အနယ်နယ်
အရပ်ရပ်တွင် ရေကြီး ရေလျှံမှုများ နေရာအနှံတွင် ဖြစ်ပွားနေပါသည်။

မိုဘိုင်းပြပွဲကြီးနှင့် ကားပြပွဲ ကျင်းပပြုလုပ်မည်


Paing Aung Business Group မှ ကြီးမှူး ကျင်းပသည့် Mobile Living Style & Car Expo 2012 ပြပွဲကြီးကို ယခုလ ၃၀ ရက်နေ့မှ လာမည့် စက်တင် ဘာလ ၂ ရက်နေ့အထိ ရန်ကုန် မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမတွင် မနက် ၉ နာရီမှ ညနေ ၆ နာရီထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကြီးတွင်E.Lite မှ မိုဘိုင်းဆင်းမ်ကဒ်များကို ရောင်း ချပေးသွားပြီး ဟန်းဆက်များကို လည်း ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းထိလျော့ချပေးမည်ဖြစ်သည်။

ဆီးဂိမ်းအမှီ မိုဘိုင်း ဆင်းမ်ကဒ် များကို အင်တာနေရှင်နယ်နှုန်းဖြင့် သုံးနိုင်အောင် ပြုလုပ်မည် ဟုဆို


မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၃ ဒီဇင်ဘာလ တွင် ပြုလုပ်မည့် ဆီးဂိမ်း အမှီ မိုဘိုင်းဆင်းမ်ကဒ် များကို အင်တာနေရှင် နယ်နှုန်း (သို့) လူ တိုင်း ကိုင်ဆောင် အသုံးပြုနိုင်သည့် နှုန်းထား တစ်ခုသို့ ရောက်အောင် ဆက်လက် လုပ်ဆောင် သွားမည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

Sea Game နှင့် ပတ်သက်သည့် မိုဘိုင်း application ရေးဆွဲမည်


လာမည့် ၂၀၁၃ ခုနှစ် မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဆီးဂိမ်းတွင် ဆီး ဂိမ်းနှင့် ပတ်သက်သည့် application ရေးဆွဲပြီး မိုဘိုင်းဖုန်း ပေါ် တွင် အသုံးပြုနိုင်မည် ဖြစ်သည်ဟု အဆိုပါ application ကိုရေး ဆွဲမည့် Myanmar SoftCom မှ or Managing Director ကိုနေမျိုး အောင် က ပြောသည်။

မြန်မာပြည် မြောက်ပိုင်း စစ်ရေး အခြေအနေ ပိုမိုပြင်းထန် တင်းမာလာ

စံခလပူရီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံတောင်ပိုင်းရှိ အပစ်ရပ် အဖွဲ့များ အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်များ ချမှတ်ကာ ငြိမ်းချမ်းရေး ဖော်ဆောင်နေကြ သော်လည်း မြောက်ပိုင်း ဒေသရှိ စစ်ရေး အခြေအနေမှာ စိုးရိမ်စရာ အနေအထား၌ ရှိနေဆဲ ဖြစ်သည်။

စာနယ်ဇင်းများ စိစစ်ရေးသို့ တင်ပြရန် မလိုတော့

ချင်းမိုင်(မဇ္စျိမ) ။        ။ ဘာသာရေး၊ နိုင်ငံရေးတို့နှင့် ပတ်သက်သည့် ပြည်တွင်းထုတ် ဂျာနယ်နှင့် မဂ္ဂဇင်းများကို ခွင့်ပြုချက်အတွက် ကြိုတင် တင်ပြရန်မလိုဘဲ ထုတ်ဝေခွင့် ပြုလိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက် သည်။

ထိုးစစ်များ ရပ်တန့်ရန် တိုင်းရင်းသား ညီနောင်ပါတီများ တိုက်တွန်း

စံခလပူရီ (မဇ္ဈိမ) ။      ။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် နိုင်ငံတော် သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို တပ်မတော်မှ လေးစားလိုက်နာသင့်ကြောင်း တိုင်းရင်းသား ညီနောင် ၆ ပါတီက တိုက်တွန်းလိုက်သည်။

ရန်ကုန်မြို့ရှိ ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ရုံးတွင် တနင်္ဂနွေနေ့က ကျင်းပသည့် ညီနောင် တိုင်းရင်းသားပါတီများ (Nationality Brotherhood Fဝrum) ၏ ပုံမှန်အစည်းအဝေးမှ တိုင်းရင်းသားဒေသများတွင်
ဖြစ်ပွားနေသည့် စစ်ပွဲများကို ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ရေကြီးဒဏ်ခံ ပုသိမ်သားတို့ နေစရာ စားစရာ အခက်ကြုံ

ပုသိမ် (မဇ္ဈိမ)။         ။ ငဝန်မြစ်ရေတိုးမှုက ပုသိမ်မြို့တွင် ရေကြီးနေသည်မှာ ၁၂ ရက်ကြာမြင့်နေပြီဖြစ်ပြီး ရက်ကြာလာသည်နှင့်အမျှ လူအများမှာ နေစရာအခက်အခဲ သာမက စားစရာ အခက်အခဲနှင့်ပါ ကြုံတွေ့လာနေရသည်။

 ရွှေဘိုမြို့ရှိ ရှေးဟောင်းနန်းတော်ကြီးများအပါအ၀င် ကျုံးမြို့ရိုးများနှင့် သမိုင်းဝင် ခံတပ်များအား Historical Park များအဖြစ် ပြုလုပ်မည်



ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာနန်းတော်
ရှေးဟောင်းနန်းတော်ကြီးများ အပါအ၀င်ကျုံးမြို့ရိုးများနှင့် သမိုင်းဝင်ခံတပ်များအား ပြည်တွင်းပြည်ပမှ ဧည့်သည်များ လွယ်ကူချောမွေ့စွာ လေ့လာကြည့်ရှုနိုင်ရန်အတွက် Historical Park များအဖြစ် တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရှိရသည်။

 နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက သင့်လျော်ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတတိုက်တွန်း


နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက သင့်လျော်ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၂၀ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များအပါအ၀င် တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ်အားလုံးကို ထုတ်/တင် စနစ်သို့ ပြောင်းလဲ

လက်ရှိထုတ်ဝေနေသော ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များအနက် ထုတ်/တင် စနစ်သို့ြေ ပာင်းလဲရန် ကျန်ရှိနေသော သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များ အပါအ၀င် တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ် အားလုံးကို သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ထုတ်/တင် စနစ်သို့ ပြောင်းလဲလိုက်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသားတွေ ဝင်ငွေသုံးဆ တိုးလာနိုင်တယ်လို့ အေဒီဘီ ခန့်မှန်း



2012-08-20
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခက်အခဲတွေကို ကျော်လွှား နိုင်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာပြီး လာမယ့် သက္ကရာဇ် ၂၀၃၀ ခုနှစ်လောက် အရောက်မှာ ၀င်ငွေအလယ် အလတ်တန်းစားလောက်ရှိမယ့် နိုင်ငံစာရင်းထဲကို ၀င်ရောက်နိုင်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ဘန်ကောက်တွင် ကျင်းပသည့် အာရှဖွံ့ဖြိုးရေးဘဏ် သတင်းစာ ရှင်းလင်းပွဲ၌ အေဒီဘီ စီးပွားရေးပညာရှင် အကြီးအကဲ Ms. Cyn-Young Park (လယ်)နှင့် အေဒီဘီအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Stephen Groff (ယာ) တို့တက်ရောက်နေကြစဉ်။

စာနယ်ဇင်းအားလုံး ဆင်ဆာဖြတ်တောက်မှု ရုပ်သိမ်း



2012-08-20
မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ စာနယ်ဇင်းအားလုံးကို ဒီကနေ့ကစလို့ ဆင်ဆာဖြတ်တောက်မှုတွေ ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက ဒီကနေ့ ကြေညာလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က စာပေစိစစ်ရေးဌာန ဒု ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကို RFA မှ တွေ့ဆုံမေးမြန်းနေစဉ်။

တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးကိစ္စ လွှတ်တော်မှာ ဆွေးနွေး



2012-08-20
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို တင်သွင်းထားတဲ့ တရားစီရင်ရေး စနစ် ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။

အခြေခံဥပဒေခုံရုံးအဖွဲ့ နုတ်ထွက်ရေး အမတ်တွေ ဆက်လက်ဆောင်ရွက်မယ်



2012-08-20
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်ခင် တာဝန်ကနေ အနားယူဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦး လက်မှတ်ရေးထိုး တောင်းဆိုထားတာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့အကြောင်းပြန်ကြားတဲ့ သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော် အမတ်တွေအနေနဲ့ လက်မခံပဲ ခုံရုံးတာဝန်ရှိသူတွေ နှုတ်ထွက်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အပစ်ရပ် သဘောတူညီချက် အစိုးရဘက်က ချိုးဖောက်ကြောင်း SSPP/SSA အဖွဲ့ပြောဆို



2012-08-19
မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့ရဲ့ ဗဟိုဌာနချုပ် အနီးတ၀ိုက်မှာ အစိုးရတပ်တွေက နေရာယူ တပ်စွဲထားပြီး အပစ်ရပ် သဘောတူညီမှုကိုလည်း အစိုးရဘက်က မလိုက်နာကြောင်း SSPP/SSA အဖွဲ့က ပြောပါတယ်။
Photo courtesy of SSPP/SSA
ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။

လှိုင်သာယာ စက်မှုဇုန်အလုပ်သမား ကိုယ်စားလှယ်များ သတင်းစာရှင်းလင်း



2012-08-19
အလုပ်ရှင်တွေရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံမှာ ရှိတဲ့ စက်ရုံ (၁၅) ခုက အလုပ်သမား ကိုယ်စားလှယ် (၅၀) လောက် ဒီကနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။

တောင်ကျချောင်းရေကြောင့် လားရှိုးမြို့ ရေလျှံ



2012-08-19
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မိုးသည်းထန်ပြီး အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တောင်ကျချောင်းရေကြောင့် ဆိုးဆိုးဝါးဝါး ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ နေအိမ်တွေ ပြိုကျမှုတွေ၊ ရေစီးနဲ့မျှောပါ ပျောက်ဆုံး နေသူတွေ ရှိတယ်လို့ ရေဘေး ဒုက္ခသည်တွေကို လိုက်လံကူညီပေးနေတဲ့ ကိုထွန်းနိုင်က RFA ကို ပြောပါတယ်။