Wednesday, August 22, 2012

မုဒိမ်းကျင့်ခံရသော ချင်းအမျိုးသမီး ကျပ် ၅ သိန်းနှင့် ကျေအေးလိုက်ရ

ဇူလိုင်လ ၂၈ ရက်နေ့က ကျောက်တော် အခြေစိုက် စစ်တပ် တပ်ရင်း တစ်ခုမှ စစ်သား တစ်ဦး၏ မုဒိမ်း ပြုကျင့်မူကို ခံလိုက်ရသော အသက် ၂၃ နှစ် အရွယ် ချင်းအမျိုးသမီး တစ်ဦး၏ အမူကို ကျပ်ငွေ ၅ သိန်းဖြင့် ကျေအေးလိုက်ရသည်ဟု Chinland Guardian သတင်းတွင် ဖေါ်ပြသည်။
ချင်းအမျိုးသမီးများကို မုဒိမ်းကျင့်မူ ရပ်ဆိုင်းရန် အိန္ဒိယတွင် တောင်းဆိုနေစဉ် ( ဓါတ်ပုံ- Chinland Guardian)
၎င်းအမျိုးသမီးငယ်မှာ ချင်းပြည်နယ် မင်းတပ်မြို့မှ ဖြစ်သည်။








မြန်မာ အနောက်ဘက် နယ်စပ် လုံခြုံရေး တိုးမြှင့်


မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလာဒေ့ခ်ျ-ရခိုင် နယ်စပ်တလျှောက်တွင် မနေ့က စပြီး လုံခြုံရေး တိုးမြှင့်ချထားလိုက်ကြောင်း သတင်း ရရှိသည်။
မောင်တော မြောက်ပိုင်း နံသာတောင် ကျေးရွာသားတစ်ဦးက “ အခု ကျွန်တော် တို့ မောင်တောမြို့ နယ် မှာရှိတဲ့ နစက တွေအပါအ၀င် စစ်သားတွေ တိုးချဲ့ ချထားတာကို တွေ့ ရပါတယ်။ ကျွန်တော်ထင်တာကတော့ အခု မူဆလင်တွေရဲ့ ဥပုသ်လ အပြီး တခုခု ဖြစ်လာမှာ စိုးရိမ်လို့ အ ခုလို စစ်သားတွေ တိုးချဲ့ ချထားတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
Photo: AFP

ပိုက်လိုင်း လျော်ကြေးငွေ အစိုးရ၀န်ထမ်းများ လုယူမူ မြို့နယ် တရားရုံးက ပလပ်၊ ခရိုင်တရားရုံး အမူပြန်တင်

ကျောက်ဖြူမြို့နယ်တွင် ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်မြေများ အတွက် လယ်သမားများ ရရှိခဲ့သော လျော်ကြေးငွေများ အထဲမှ ငွေတချို့ကို မြေစာရင်းဌာနမှ တာဝန်ရှိသူများက လူယူသွားခဲ့သော အမူကို  မြို့နယ် တရားရုံးက ပလပ်လိုက်သဖြင့် ယခုအခါ ခရိုင်တရားရုံးကို အမူကို ပြန်လည် တင်ထားလိုက်သည်ဟု သိရသည်။

မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်


မန္တလေး သြဂုတ်(၂၁)ရက်

၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာမုနိဘုရားကြီးရှိဝန်ထမ်းအချို့က အလှူခံသေတ္တာပုံးများအတွင်းမှ
အလှူငွေများဖောက်ထွင်းခိုးယူသွားမှူကို (၆)လအကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍ အမှူဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

ဘုရင့်နောင်လမ်းဆုံတွင် တရားမ၀င် ပြည့်တန်ဆာ လုပ်ငန်းများ စည်ကားနေခြင်း

ဘုရင့်နောင် လမ်းစုံထောင့်ရှိ ပွိုင့် အမည်ရှိ တည်းခိုခန်းတွင် တရားမ၀င် ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ငန်းများကို ၂၄ နာရီ စည်းကား သိုက်မြိုက် စွာဖြင့်လုပ်ကိုင်နေ ကြပါသည်။ ဘုရင့်နောင် လမ်းစုံထောင့်ရှိ ၆ ထပ်တိုက်၏ ဒုတိယထပ်တွင် ပွိုင့် အမည်ရှိ တည်းခိုခန်းဖွင့် လှစ်ထားပြီး ပေါ်ပေါ်လွင်လွင်ပင် တရားမ၀င် ပြည့်တန်ဆာ အမျိုးသမီး ၁၆ ယောက်ခန့် နှင့် ---

၂၀၃၀ မှာ မြန်မာတွေ သူဌေးဖြစ်မည်


မြန်မာပြည်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားပါက နှစ်စဉ် စီးပွားတိုးတက်နှုန်း ၈ ရာခိုင်နှုန်းထိ ရောက်နိုင်ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်ရောက်လျင် ပျမ်းမျှ တဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ်ငွေ နှစ်သန်းငါးသိန်းရှစ်သောင်း) အထိ ဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank (ADB) က ထုတ်ပြန်လိုက်သည်။

ကချင်တွင် တပ်တိုးချဲ့၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်


ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ အကြား ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒီမိုကရေစီ ခေါင်းဆောင်များကို အမေရိကန် ဆုပေးမည်


မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများဖြစ်သော ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ဦးကျော်သူတို့ ၃ ဦးသည်ဒီမိုကရေစီ ဆု(The Democracy Award) လက်ခံရယူရန်အတွက် လာမည့် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဆေးကုသမှုအပြင် လှူဒါန်းမှုတွေပါ ပြုလုပ်ပေးတဲ့ စေတနာ့ ဆရာဝန်တွေ




 ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် အတွင်းရှိ ရေနစ်မြုပ်ခဲ့သော ဒေသများသို့ နိုင်ငံတော် သမ္မတဦးသိန်းစိန် လှည့်လည် ကြည့်ရှုမည် ဖြစ်ကြောင်းသိရ


ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြစ်ရေလွှမ်းမိုးမှုဒဏ်ကြောင့်  လယ်မြေများနှင့် ဒေသခံများ၏ လူနေမှုဘ၀ ဆိုးရွားစွာထိခိုက်ခဲ့သည့် သာပေါင်းမြို့နယ်သို့ နိုင်ငံတော် သမ္မတဦးသိန်းစိန် လာရောက် ကြည့်ရှုမည် ဖြစ်ကြောင်း သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှုး(ခေတ္တ) ဦးကျော်သူက သြဂုတ်လ ၂၁ ရက်နေ့တွင် ပြောကြားသည်။

ရန်ကုန် ဗိုလ်ချုပ် အောင်ဆန်းဈေး အနီး နိုင်ငံတကာ ကုန်တိုက် ဖွင့်လှစ်မည်


ရန်ကုန်မြို့ ၏ အသည်းနှလုံး နေရာတွင် တည်ရှိသည့် ကိုလိုနီ ခေတ် လက်ရာ များဖြင့် ဆောက်လုပ် ထားသော ဗိုလ်ချုပ် အောင်ဆန်းဈေး အနီး တွင် နိုင်ငံတကာ တွင် ဖွင့်လှစ် ထားသည့် ကုန်တိုက်ကြီး တစ်ခု ဖွင့်လှစ်မည် ဖြစ်ကြောင်း FMI ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်-ဆိုးလ် ခရီးစဉ် စက်တင်ဘာလ ၁၃ ရက် စပျံမည်


မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ကိုးရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့တို့ အကြား ခရီးစဉ်ကို ကိုရီးယား လေကြောင်းလိုင်း လာမည့် စက်တင်ဘာလ ၁၃ ရက်မှစတင်၍ တိုက်ရိုက် ပျံသန်း ပြေးဆွဲသွားရန် ရှိကြောင်း ရန်ကုန် အခြေစိုက် Sun Far လေကြောင်း လက်မှတ် အရောင်းကုမ္ပဏီ မှ သတင်းပေးပို့ချက် အရ သိရှိရသည်။

နိုင်ငံတော် သမ္မတ ပြည်သူ့ လွှတ်တော် ဥက္ကဌထံ သဝဏ်လွှာပေးပို့


လွှတ်တော် အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်း သတ်မှတ်ပေးရေးနှင့် စပ်လျဉ်း ၍ ပြည်သူ့ လွှတ်တော် ဥက္ကဌက ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သည်။

တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်း University Teachers Association များဖွဲ့စည်း


တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်း University Teachers Association များဖွဲ့စည်း၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက် ဆိုင်တွင် ရန်ကုန် တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့မှ ဆရာ/မများက တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းကို ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး စာနယ်ဇင်းများအား ဖိတ်ကြား ရှင်းလင်းပွဲ ပြုလုပ်ကြောင်း  သိရသည်။

အိမ်ခြေယာမဲ့ ဆင်းရဲနွမ်းပါးသူများအား မြေယာများ အခမဲ့ ချထားပေးလျက်ရှိ


အိမ်ခြေယာ ခြေမဲ့ ဆင်းရဲ နွမ်းပါးသူများ ဘဝကို သာယာ စိုပြေစေရန် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး အဖွဲ့မှ ဦးဆောင်၍ မြေယာများ အခမဲ့ ချထားပေးလျက် ရှိကြောင်း သိရသည်။
မြရည်နန္ဒာမြို့သစ်၊ ၄၅ လမ်း၊ ၄၈လမ်း ထွန်တုံးရပ်ကွက် အနောက်ဘက်မှာရှိသည့် ပလပ် မြေယာများနှင့် ရွှေပေါက်ပင် သင်္ချိုင်းနေရောဟောင်းတို့တွင် အကွက်များ စနစ်တကျရိုက်၍ ချထားပေးနေသည်ဟု ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအဖွဲ့ထံမှ သိရှိရသည်။

၂၀၁၃ အာဆီယံဆီးဂိမ်းစ်အမီ ငါးထောင် တန်ဖုန်း ထွက်ရှိမည်ဟုဆို


မြန်မာပြည်သူ အများ စိတ်ပါဝင်စားမှု မြင့်တက် လျက် ရှိသော ကျပ်ငါး ထောင်တန် ဖုန်းများကို ၂၀၁၃ ဆီးဂိမ်းစ်ပွဲအမီ ထွက်ပေါ်လာရန် ရှိသော် လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနိုင်ရေးမှာ မဖြစ်နိုင်သေးကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးထန့်ကျင်ထောင်းက ပြောကြားသည်။

JAMCS ကုမ္ပဏီက ပြည်တွင်းတွင် စက်ရုံ တည်ထောင်ပြီး လုပ်ငန်းသုံး ကားများ ထုတ်လုပ်မည်


ပြည်တွင်းတွင် ကားထုတ်လုပ် နိုင်ရန်အတွက် မြန်မာနိုင်ငံ မော်တော် ယာဉ်ထုတ်လုပ် တင်သွင်း ရောင်းချ သူများ အသင်းဖြစ်မြောက်ရေး ကော် မတီကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ရာ ယခုအခါ Japan Auto Mobile Corporation Service ကုမ္ပဏီက စက်ရုံ တည်ထောင်ပြီး လုပ်ငန်းသုံး ကား သစ်များ ထုတ်လုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ထိခိုက်မှုအတွက် သမ္မတထံ စာတင်မည်


ရှမ်းပြည်နယ် တောင်ပိုင်း ပေါင်းလောင်းမြို့နယ်တွင် တည်ဆောက်နေသော အထက် ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ဧရိယာတွင်းရှိ ကျေးရွာ ၂၃ ရွာခန့်ပြောင်းရွှေ့ ရနိုင်ပြီး ယင်းကိစ္စ အတွက် သမ္မထထံ စာတင်မည်ဖြစ်ကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ (KNGY) တာဝန်ရှိသူကပြောကြားသည်။

စင်္ကာပူကြက်ခြေနီက ကချင် IDPကလေးများကို ကျောင်းသုံးပစ္စည်းထောက်ပံ့မည်


စင်ကာပူကြက်ခြေနီအသင်းအနေဖြင့် သဘောတူထားသည့် လုပ်ငန်းစဉ် (၆)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက် ရန်   ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပထမဦးဆုံးအကြိမ်အဖြစ် သြဂုတ်လ(၁၆)ရက်နေ့တွင် လာရောက်ခဲ့သည်။

ဆင်ဘိုတွင် ကြွက်ကျ၊ ပြောင်းခင်းများ ဖျက်ဆီးခံရ

နယူးဒေလီ (မဇ္ဈိမ) ။         ။ ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်အတွင်း ဧရာဝတီမြစ်ထဲမှ တဆင့် ကြွက်အုပ်များ ညအချိန်တွင် အများအပြား ဝင်ရောက်လာကာ ပြောင်းခင်းများအား ဖျက်ဆီးနေကြောင်း ဒေသခံများအပြောအရ သိရသည်။

TTC ကျောင်းမှ ဆရာမနှစ်ဦးကို ပြောင်းရွှေ့သဖြင့် သမ္မတထံ တိုင်ကြားမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ ကမာရွတ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း TTC  မှ ဝါရင့် ကျောင်းဆရာမ နှစ်ဦးအား ကျောင်းပြောင်းလိုက်သည့်အပေါ် မကျေနပ်သော တပည့်များက သမ္မတထံ စာရေးတိုင်ကြားရန် စီစဉ်နေကြောင်း ဦးစီးဆောင်ရွက်နေသည့် ကျောင်းသားများက ပြောသည်။

PNLO နှင့် KNU တို့ ဦးအောင်မင်းနှင့် ဆက်လက် တွေ့ဆုံမည်

စံခလပူရီ (မဇ္ဈိမ) ။      ။ ပြည်နယ် အဆင့်၌ ပဏာမ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ရန် အတွက် ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သည် ယခု သီတင်းပတ်ထဲတွင် တောင်ကြီး မြို့၌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်း ကော်မီတီနှင့် တွေ့ဆုံမည်ဟု PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဖူကူယားမားရဲ့ ဟောပြောပွဲများ ရန်ကုန်၊ နေပြည်တော်မှာ လုပ်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ကမ္ဘာကျော် ‘သမိုင်းနိဂုံးချုပ်ပြီ’ ၏ မူရင်းစာအုပ် ‘The End of History and the Last Man’ စာအုပ်ရေးသားသူ ဒေါက်တာ ဖရန်စစ် ဖူကူယားမား Francis Fukuyama က စီးပွားရေး လုပ်ငန်းနှင့် ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးနှင့် ပတ်သက်သည်များကို ဟောပြောရန်အတွက် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် အလုပ်ရုံ
ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်သည်။

အခြေခံဥပဒေ ခုံရုံးလူကြီးများ စွဲချက် အတင်ခံရတော့မည်လား

ရန်ကုန် (မဇ္ဈိမ) ။       ။ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တောင်းဆိုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အလိုအလျောက် နှုတ်ထွက်ပေးကြရန်ကို လက်မခံသည့်အတွက် လွှတ်တော်တွင် ခုံရုံးအဖွဲ့ဝင်များကို စွဲချက်တင်မှုများ မကြာမီ မြင်တွေ့ရဖွယ် ရှိသည်။

မြန်မာအမျိုးသမီးအသင်းနှင့် ယူ-၁၉ အမျိုးသားအသင်း တို့အား နာကာတာ အကြံပေး

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဂျပန် ဘောလုံးသမား နာကာတာ က
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဘောလုံး မပါဘဲ လူရွှေ့လိုက်ပါနေရာယူရာတွင် အားနည်းနေသေး
ကြောင်း ပြောသွားသည်။

ဒီမိုကရေစီထွန်းကား တည်တံ့ခိုင်မြဲရန် နိုင်ငံရေးအရ ညှိနှိုင်းဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား



2012-08-20
မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့၊ တည်တံ့ခိုင်မြဲဖို့ ဆိုရင် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ညိနှိုင်းဖြေရှင်း အဖြေရှာဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။

နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဖြစ်စဉ်စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံ



2012-08-21
သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းပေးခဲ့တဲ့ ရခိုင်ပြည်နယ် ဖြစ်စဉ် စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ နယ်စပ်ရေးရာ ဝန်ကြီးက ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ ပက်သက်တဲ့ ရုပ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုဖိုင်တွေကို ရှင်းလင်းပြသခဲ့ပြီး ဒီစုံစမ်းရေး ကိစ္စရပ်မှာ လိုအပ်တဲ့ အကူအညီ မှန်သမျှကို ထောက်ပံ့မယ်လို့ ကတိပေးခဲ့ကြောင်း ဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက RFA ကိုပြောပါတယ်။

မြရည်နန္ဒာမြို့သစ် ကျူးကျော်နေထိုင်သူနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ရုန်းရင်းဆန်ခတ်ဖြစ်



2012-08-21
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ် မြရည်နန္ဒာ ရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူတွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ဒီကနေ့ အဓမ္မ၀င်ရောက် ရိုက်နှက်ဖယ်ရှား ခိုင်းခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ဆောင် နှစ်ဦးအပါအ၀င် စုစုပေါင်း ၇ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်က လုံခြုံရေး တပ်ဖွဲ့များ အဓမ္မ၀င်ရောက် ဖယ်ရှားခြင်း ခံခဲ့ရသည့် မြရည်နန္ဒာ ရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူများကို တွေ့ရစဉ်။

မြန်မာနိုင်ငံ စာပေစိစစ်ရေးကို ဖျက်သိမ်းကြောင်း ကြေညာချက် အမေရိကန်ပြည်ထောင်စု ကြိုဆို



2012-08-20
မြန်မာနိုင်ငံက စာပေစိစစ်ရေးကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကြေညာချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး စာပေစိစစ်ရေး မရှိဘဲ ရှေ့ဆက်သွားဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ နေ့စဉ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူးလန်းက ပြောကြားလိုက်ပါတယ်။
Photo: U.S.Department of State
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူးလန်း ရှင်းလင်းပြောကြားနေစဉ်။

ရေဘေးဒုက္ခသည်တွေကို ၈၈ မျိုးဆက် သွားရောက်ကူညီ



2012-08-20
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း အတွင်းက ရေကြီး ရေလျှံနေတဲ့ နေရာတွေကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လူမှုရေး အကူအညီတွေ သွားရောက် ပို့ဆောင်ပေးနေကြောင်း သိရပါတယ်။
Photo courtesy of Mizzima
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်တွင် ရေလွှမ်းမိုးနေပုံ။

ကော့သောင်းမှာ NLD အဖွဲ့ဝင်တချို့ ဆန္ဒပြ



2012-08-20
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးရှေ့မှာ ဒီကနေ့ နေ့လည်က အဖွဲ့ဝင်တချို့က ပါတီတွင်း မကျေနပ်မှုအတွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
မြို့နယ်က ၁၅ ဦး ခရိုင်က ၁၅ ဦးပါဝင်တဲ့ ခရိုင်နဲ့ မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ကို ဇူလိုင်လ ၁၅ ရက်နေ့က ကော့သောင်မြို့ ဝေလရိပ် စားသောက်ဆိုင်မှာ ဖွဲစည်းခဲ့တာဟာ ဒီမိုကရေစီ နည်းလမ်းမကျလို့ ပြန်လည် ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြတာပါလို့ မြို့နယ်ဥက္ကဋ္ဌဟောင်းလည်းဖြစ် မြို့နယ် လှုမှုအထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမြင့်မောင်က ပြောပါတယ်။