Friday, August 24, 2012

 စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုအကြောင်း ဖူကူယားမားဆွေးနွေး


မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဖူကူယားမား သည် သြဂုတ်လ ၂၃ ရက်နေ့ ညနေက ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ် တွင် အကြောင်းအရာနှစ်မျိုးကို ဟောပြောဆွေးနွေးခဲ့သည်။
fukuyama1

မောင်တောတောင်ပိုင်း ကိုင်းကြီးတွင် ဆူပူလိုသူများကို စစ်တပ်က သေနတ် ပစ်ဖေါက် လူစုခွဲခဲ့ရ

မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးရွာတွင် ဆူပူ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြသော လူအုပ်စု တစ်ခုကို စစ်တပ်က သေနတ် မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာများ မီးရှို့ခံနေရစဉ်။

အိဒ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ခ်ျတွင် လူ ၄၂ဦးသေ၊ ၁၈၀ ဒဏ်ရာရ


ရာမန်ဒန် ဥပုသ်လ အပြီး အိဒ် ပွဲတော်အတွင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ယာဉ်တိုက်မူကြောင့် လူပေါင်း ၄၂ ဦး သေဆုံးပြီး ၁၈၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အိဒ်ပွဲတော် ဆင်နွဲရန် ဘင်္ဂလီအမျိုးသားများ အိမ်ပြန်နေကြစဉ်။
သြဂတ်စ်လ ၂၀ နေ့က ပီးဆုံးခဲ့သော တစ်လကြာ ရာမန်ဒန် ဥပုသ်လ ပြီးဆုံး ပြီးနောက် မူဆလင် ဘာသာဝင် တို့၏ ထုံးတန်းစဉ်လာအရ တရွာနှင့်တရွာ တမြို့နှင့်တမြို့ အလည်အပတ် သွားကြရာတွင်  ၅ ရက်အတွင်း ယာဉ်မတော်တဆ တိုက်မူကြောင့်  သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

ရေဘေးကြောင့် ဆန်ဈေး တက်ရိပ်ပြ


စပါးစိုက်ပျိုးသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းဒေသများတွင် ရေကြီးမှုများကြောင့် စပါးအထွက် နောက်ကျနိုင်သည့်အတွက် ဆန်ဈေးကွက်တွင် ၀ယ်ယူသိုလှောင်မှု များပြားလာပြီး ဈေးနှုန်းများလည်း မြင့်တက်လာသည်။

ဒုက္ခသည်များ ကျန်းမာရေး ဂရုပြုပေး ကြပါ


မြန်မာနိုင်ငံ အတွက် လက်ရှိ ကာလမှာ ဒုက္ခသည် အများဆုံး ကာလ တစ်ခုဖြစ် ဖွယ် ရှိသည်။ အစိုးရနှင့် ကေအိုင်အေကြား တိုက်ပွဲများကြောင့် ကချင်ပြည် နယ်တွင် စစ်ဘေးဒုက္ခသည်ရှစ် သောင်းကျော်၊ ရခိုင်ပြည်နယ်ပဋိ ပက္ခကြောင့် ဒုက္ခသည် ခြောက်သောင်းဝန်းကျင် ရှိနေ သည့်အပြင် ရေကြီးမှုကြောင့် ဒုက္ခသည်သောင်းနှင့်ချီ၍ ရှိလာ သောကြောင့်ဖြစ်သည်။ ဒုက္ခသည် စခန်းများတွင်ရောက်ရှိနေသူများ ပြားသလို မိမိနေရပ်တွင် စစ်ဘေး၊ သဘာဝဘေးရှောင်ဒုက္ခသည်များ လည်း ရှိပါသည်။

စီပီကုမ္ပဏီ မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၅၅၀ ထပ်မံ ရင်းနှီးမြှုပ်နှံ မည်ဟုဆို


မြန်မာနိုင်ငံ အနှံ့ရှိ မွေးမြူရေး၊ စိုက် ပျိုးရေးနှင့် ရေလုပ်ငန်း ကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံ မှုများ
ထပ်ဆင့် တိုးချဲ့ရန် အတွက် ကန်ဒေါ်လာ သန်း ၅၅၀ ထပ်မံ ထည့်သွင်း လိုက် ကြောင်း မြန်မာ စီပီလိုက်ဖ်စတော့ ကုမ္ပဏီလီမိတက်မှ အထွေထွေ မန်နေဂျာဒေါက်တာမျိုးသန့်က ပြောသည်။

၂၀၁၃ ဆီးဂိမ်း သီချင်း များကို မကြာမီ ဖြန့်ချိမည်


၂၀၁၃ ဆီးဂိမ်းတွင် ပါဝင်မည့် အားကစား မျိုးစုံကို ပရိသတ်တွေ ပိုမို စိတ်ဝင်စား လာနိုင်ရန် အတွက် အနုပညာရှင်များမှ အားကစား သီချင်းများဖြင့် ဆီးဂိမ်းအကြို လှုံ့ဆော် သွားမည် ဖြစ်ကြောင်း သိရသည်။

ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်တို့ ပညာရေး ဆိုင်ရာ ပူးပေါင်း မည်


မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ရေကြောင်း ပညာ တက္ကသိုလ် ထံမှ စုံစမ်း သိရသည်။

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင် လာရောက်မည်


ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စယင် လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံ သို့ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်သော ကိစ္စများ ဆက်လက်ဆွေးနွေး ရန်နှင့်နှစ်နိုင်ငံ သဘောတူ ထားသည့် ကတိက၀တ်များကို ဆက်လက်ဆွေးနွေးရန် စက်တင်ဘာလ 

HIV ပိုးရှိသူ မိဘမဲ့ ဆယ်တန်းကျောင်း သူနှစ်ဦး ဝိုင်းကျူရှင်မှ ထုတ်ပယ်ခံရ


အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ် (HIV Positive) ၁ဝ တန်းကျောင်းသူ နှစ်ဦးအား
ဝိုင်း ကျူရှင် ဆရာမက ကျူရှင် လာရောက် မတက်ရန် ပြောကြား ခဲ့ကြောင်း National NGOs Network မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တွင် ပထမဆုံး လူရွှင်တော်ည ကျင်းပမည်


လူဦးရေ ခြောက်သန်းခန့် နေထိုင်သည့် ရန်ကုန် မြို့တော်တွင် ရယ်မောခြင်းကို နှစ်သက် သူများ အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး လူရွှင်တော်ည ( STAND – UP COMEDIAN ) အစီစဉ်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း Home ( House of Media & Entertainment ) ၏ တာဝန် ရှိသူ ဦးဇော်သက်ထွေးက ပြောကြားသည်။

အနာဂါတ်ပြင်ဆင်မှုအနေဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု အနှစ်(၄ဝ)စီမံကိန်းစတင်


ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအား နှစ် (၄ဝ)စီမံကိန်းဖြင့် မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) နှင့် JICA (Japan International Cooperation Agency)တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

ခိုးကူးခွေ နှိမ်နင်းရေးစီမံချက်ကြောင့် ယာယီ အလုပ်လက်မဲ့ဦးရေမြင့်တက်


 မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လမ်းဘေးခိုးကူးခွေနှိမ်နှင်းရေးစီမံချက်ကြောင့် ယခင်က နိုင်ငံခြားခွေရောင်းချသူအများစုမှာ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရန် အခက်အခဲများရှိနေကြောင်း နှင့် ယာယီအလုပ်လက်မဲဦးရေ တိုးပွားနေကြောင်း အခွေရောင်းသူ များထံက သိရသည်။

ဘတ်စ်ကားတစ်စီး ပျမ်းမျှလူဦးရေ(၁၁၇)ဦး တင်ဆောင်နေရ၍ မြို့ပတ်ရထားကို အားကိုးသင့်ဟု မထသအကြံပြု


ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားတစ်စီးလျှင် ပျမ်းမျှခရီးသည်(၁၁၇)ဦး တင်ဆောင်နေရသည့် အတွက် မြို့ပတ်ရထားများအား အဆင့်မြှင့်တင်၍ အချိန်မှန်ထပ်မံတိုးချဲ့ ပြေးဆွဲသင့်ကြောင်းကိုမထသ(ဗဟို)မှ အကြံပြုပြောကြားသည်။

ရန်ကုန်မြို့တွင်း၌ ဘတ်စ်ကားမလုံလောက်မှုတို့ကြောင့် နေ့စဉ်လူကြပ်မှုဒုက္ခများကို ဖြေရှင်းရန် မြို့ပတ်ရထားများကို အားကိုးရန် ဆိုလိုခြင်းဖြစ်သည်။

မြောင်းမြ၊ ပုသိမ် လယ်သမားများ သမဂ္ဂ ဖွဲ့ကြမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ တောင်သူလယ်သမားများ၏ နစ်နာချက်များ အရေးဆိုရန်နှင့် လယ်သမားဘဝ တိုးတက်ရေး
ဆောင်ရွက်ရန်အတွက် ဧရာဝတီတိုင်း၊ မြောင်းမြနှင့် ပုသိမ် မြို့နယ်များတွင် တောင်သူလယ်သမား သမဂ္ဂများ ဖွဲ့မည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် သမဂ္ဂ ခေါင်းဆောင်တဦးက ပြောသည်။

ရခိုင်ပြည် ပဋိပက္ခနှင့် ပတ်သက်သည့် သမ္မတ သဝဏ်လွှာ ကန့်ကွက်ခံရ

ရန်ကုန် (မဇ္ဈိမ) ။         ။ သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်တွင် ကြာသပတေးနေ့က ဖတ်ကြားရန် စီစဉ်ထားခဲ့သော်လည်း သဝဏ်လွှာနှင့်အတူပါရှိသည့် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် မှတ်တမ်းတွင် ရခိုင်အမျိုးသားများကို အကြမ်းဖက်လုပ်ဆောင်နေဟန် စွပ်စွဲချက်ကို  ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က သဘောမတူကြောင်း ကန့်ကွက်သဖြင့် ပျက်ပြားသွားခဲ့သည်။

‘Burmese Shadows’ စာအုပ် မိတ်ဆက်ပွဲ ဘန်ကောက်တွင် လုပ်မည်

မဇ္ဈိမသတင်းဌာန ။       ။ ဝါရင့် သတင်းစာဆရာ Thierry Falise ရေးသားထားသော Burmese Shadows ဟု အမည်ရသည့် မြန်မာပြည်အကြောင်း စာအုပ် မိတ်ဆက်ပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက် များ ကလပ်၌ စက်တင်္ဘာလ ၆ ရက်နေတွင် ကျင်းပမည် ဖြစ်သည်။

ကဝ မြို့နယ်၏ သုံးပုံတပုံ တလခန့် ရေလွှမ်းနေဆဲ

စံခလပူရီ (မဇ္ဈိမ) ။      ။ မိုးများ ဆက်တိုက် ရွာသွန်းနေခြင်းနှင့် စစ်တောင်း မြစ်ရေ လျှံခြင်းကြောင့် ပဲခူးတိုင်း၊ ကဝမြို့နယ် သုံးပုံတပုံမှာ တလခန့် ရေလွှမ်းမိုးမှု ခံနေရဆဲ ဖြစ်ကြောင်း ရေဘေးဒုက္ခသည်များကို အကူအညီပေးနေသူ များနှင့် ဒေသခံများက ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌများ လွှတ်တော်အစည်းအဝေးဖျက်၍ သမ္မတနှင့်တွေ့

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ကြာသပတေးနေ့တွင် ဆွေးနွေးရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သော်လည်း လွှတ်တော်အစည်းအဝေးများ ဖျက်သိမ်း၍ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် သမ္မတဦးသိန်းစိန်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု နေပြည်တော် သတင်းရပ်ကွက်က
ပြောသည်။

ပူပန်မှု ရှိသော်လည်း အိန္ဒိယရှိ မြန်မာ ရဟန်းတော်များ အေးချမ်းစွာ ပညာသင်ကြားနိုင်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံတဝှမ်းတွင် ထွက်ပေါ်လျက်ရှိသော လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက် သည့် ကောလာဟလ သတင်းများကြောင့် ဗုဒ္ဓဂါယာနှင့် ဗာရာဏသီမြို့များရှိ မြန်မာ စာသင်သား ရဟန်းတော်များ အနေဖြင့် အနည်းငယ် စိတ်ပူပန်ခဲ့သော်လည်း အေးချမ်းစွာပင် စာပေသင်ကြား လျက်ရှိကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာနေအိမ်များကို တည်ဆောက်လျက်ရှိပြီး ကျေးလက်ကျမ်းမာရေးဆေးခန်းများနှင့် စာသင်ကျောင်းများကို ပွင့်လင်းရာသီတွင် ပြန်လည်တည်ဆောက်ဖွယ်ရှိ


မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများရှိ နေအိမ်များကို တည်ဆောက်လျက်ရှိနေပြီး ကျေးလက်ကျန်းမာရေး ဆေးခန်းများနှင့် စာသင်ကျောင်းများကိုလည်း ပွင့်လင်းရာသီတွင် ပြန်လည် တည်ဆောက်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

 ပြည်ပမှ ကျန်းမာရေးကို ထိခိုက်စေသေ ဆီများ အထက်မြန်မာပြည်ဈေးကွက်သို့ ၀င်ရောက်လျက်ရှိပြီး အဆိုပါဆီများ ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာမှုမရှိစေရေး တားဆီးပိတ်ပင်မှုများ ပြုလုပ်သွားရန် ရခိုင်ပြည်နယ်အစိုးရရုံးမှ ပြည်နယ်အတွင်းခရိုင်မြို့များသို့ လမ်းညွှန်ထားကြောင်းသိရှိရ


ပြည်ပမှ ကျန်းမာရေးကို ထိခိုက်စေသောဆီများ အထက်မြန်မာပြည်ဈေးကွက်သို့ ၀င်ရောက်လျက်ရှိပြီး အဆိုပါဆီများ ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာမှုမရှိစေရေး တားဆီးပိတ်ပင်မှုများ ပြုလုပ်သွားရန် ရခိုင်ပြည်နယ်အစိုးရရုံးမှ ပြည်နယ်အတွင်းခရိုင်မြို့များသို့ လမ်းညွှန်ထားကြောင်း သိရှိရပါသည်။

 ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းပေါင်း နှစ်ထောင့်လေးရာကျော် ဖွင့်လှစ်ပြီးဖြစ်ကာ နှစ်ရာ့ရှစ်ဆယ်တစ်ကျောင်းသာ ဖွင့်လှစ်ရန် ကျန်ရှိတော့ကြောင်း သိရှိရ


ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းပေါင်း ၂၄၃၄ ကျောင်း ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ ဖွင့်လှစ်ရန်ကျန်ရှိတော့သည့် ကျောင်းမှာ ၂၈၁ ကျောင်းသာရှိတော့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။ 

 ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် ရေကြီးမှုများဖြစ်ပေါ်နေ

ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် သြဂုတ်လဆန်းပိုင်းမှ စတင်၍ ရေကြီးမှုများ ရက်ရှည်ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ သနပ်ပင်မြို့သည် စစ်တောင်းမြစ်ရေကြီးမှု၏ အကျိုးဆက်ကို ပဲခူး-စစ်တောင်းတူးမြောင်းမှ တဆင့် ခံစားနေရခြင်းဖြစ်သည်။ ဤကဲ့သို့ ရေကြီးမှုများဖြစ်ပေါ်နေမှုကြောင့် သနပ်ပင်မြို့အထက်တန်းကျောင်း အပါအ၀င် စာသင်ကျောင်းအချို့ ပိတ်ခဲ့ရသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ရေအနည်းငယ် ပြန်လည်ကျဆင်းသွားသဖြင့် သနပ်ပင်မြို့ အထက်တန်းကျောင်းပြန်လည် ဖွင့်လှစ်နေပြီဖြစ်သော်လည်း အချို့မှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 ကျောင်းကုန်းမြို့နယ်အတွင်း ရေဘေးကြုံတွေ့နေရသော ကျေးရွာပေါင်း ၄၅ ရွာရှိပြီး ကယ်ဆယ်ရေးစခန်း ၇၀ ဖွင့်လှစ်ထား



ကယ်ဆယ်ရေးစခန်းတစ်ခု၌ ဆန်ဝေနေသည်ကို လာရောက်ယူနေကြသူများ ဓာတ်ပုံ - နေမျိုးထွန်း
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်း၌ ကျေးရွာပေါင်း ၆၈ ရွာရှိသည့်အနက် ကျေးရွာ ၄၅ ရွာမှာ ရေဘေးဒဏ်ကြုံတွေ့နေရပြီး ကယ်ဆယ်ရေးစခန်း ၇၀ ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

 သတ္တုတွင်းဝန်ကြီးဌာနမှ The voice ဂျာနယ်အပေါ်ပုဒ်မ ၅၀၀ ဖြင့်စွဲဆိုထားမှုအား စွဲချက်တင်သင့် မတင်သင့်ကို စက်တင်ဘာလ ၆ ရက်နေ့တွင် တရားရုံးမှ အဆုံးအဖြတ်ပေးမည်


သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွပ်စွဲထားမှုအား စွဲချင်တင်သင့် မတင်သင့် စက်တင်ဘာလ ၆ ရက်နေ့တွင် တရားရုံးမှ အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း ဒဂုံမြို့နယ်တရားရုံး၌ သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်သောရုံးချိန်းမှ သိရသည်။

၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လူသေမှု အများဆုံးဖြစ်သည့် ယာဉ်တိုက်မှု ဖြစ်ပွား

၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လူသေမှုအများ ဆုံးဖြစ်ခဲ့သည့် ယာဉ်တိုက်မှုဖြစ် စဉ်တစ်ခုကို သြဂုတ်လ ၁၉ ရက် နေ့တွင် သာကေတမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

 မြန်မာအမျိုးသမီးနှင့် ဂျပန်နိုင်ငံသားအမှုတွင် တရားခွင်၌ ဂျပန်နိုင်ငံသားမှ မကျူးလွန်ခဲ့ကြောင်း ထွက်ဆိုနေ၍ အမျိုးသမီးဘက်မှ သက်သေများနှင့် တင်ပြချေပမည်

ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel မှ မြန်မာအမျိုးသမီးတစ်ဦးနှင့် တည်းခိုနေထိုင်သည့် ဂျပန်နိုင်ငံသား  တစ်ဦးတို့ နှစ်ဦးအပြန်အလှန်တရား စွဲဆိုမှုဖြစ်စဉ်တွင် တရားခွင်၌ ဂျပန် နိုင်ငံသားမှ မကျူးလွန်ခဲ့ကြောင်း ထွက်ဆိုနေသဖြင့် မြန်မာအမျိုးသမီး ဘက်မှ သက်သေအထောက်အထား များနှင့်အတူ တင်ပြသွားမည်ဖြစ် ကြောင်း မြန်မာအမျိုးသမီးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသောရှေ့နေ ထံမှ သိရှိရသည်။

မြန်မာဘဏ်များနှင့် လူထုအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန် ဂျွန်ဟော့ကင်းတက္ကသိုလ် ပါမောက္ခ Dr Roger Leeds ပြောကြား

မြန်မာဘဏ်များနှင့် ပြည်သူလူထုအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် ပါမောက္ခ Dr Roger Leeds က ဆီဒိုးနားဟိုတယ်တွင် ယနေ့ကျင်းပသည့် Leadership Academy for Development Program(LAD)၌ ပြောကြားပါသည်။

 (၁၇) ကြိမ်နှင့် (၁၈) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်မှုအောင်မြင်



(၁၈) ကြိမ်မြောက် ကျောက်ကပ်အစားထိုးသူ ဦးဆက်ဘိုအား တွေ့ရစဉ် ဓာတ်ပုံ-အိသဉ္ဇာကျော်
ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးတွင် သြဂုတ်လ ၁၅ ရက်နှင့် ၁၇ ရက်နေ့များတွင် (၁၇) ကြိမ်နှင့် (၁၈) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသရာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

 မြန်မာနိုင်ငံရှိ အဓိကလမ်းမကြီးများ၏ ၇၀ ရာခိုင်နှုန်းအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထား၊ ကုမ္ပဏီ ၂၉ ခုမှ လမ်းပိုင်း ၆၁ ပိုင်း၌ လုပ်ကိုင်လျက်ရှိ

5121
BOT စနစ်ဖြင့် ဆောင်ရွက်နေသော ရန်ကုန်-ပြည်လမ်းပိုင်း မင်းလှမြို့အနီး တစ်နေရာ
မြန်မာနိုင်ငံရှိ အဓိကလမ်းကြီးများ၏ ၇၀ ရာခိုင်နှုန်းအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားကြောင်း၊  ကျန်ရှိနေသော လမ်းများအားလည်း ဆက်လက် လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သော လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး



2012-08-22
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ရက်သတ္တနှစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် အဖြစ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်ဋ္ဌေးက ပြောပါတယ်။
RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်သုံးသပ်ချက် မှတ်တမ်း RNDP ပါတီကန့်ကွက်



2012-08-23
ဒီနေ့ နေ့လည်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သမ္မတရုံးက ပေးပို့တဲ့ သဝဏ်လွှာကို နာယက ကဖတ်ကြား တင်ပြပြီး မှတ်တမ်းတင်မယ့် အစီအစဉ်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်တဲ့အတွက် ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
အဲဒီသဝဏ်လွှာနဲ့အတူ ပူးတွဲပါရှိတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်းထဲမှာ ရခိုင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အချက် ၉ ချက် ပါတဲ့အတွက် ကန့်ကွက်တာလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က RFA ကို ပြောပါတယ်။

ရသေ့တောင်မြို့တွင် မေယုမြစ်ဝှမ်း ညီလာခံကျင်းပရေး ပင်မကော်မတီဖွဲ့စည်း



2012-08-22
မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ဒေသခံ ခေါင်းဆောင်တွေဟာ ရသေ့တောင်မြို့မှာ စုဝေးပြီး မေယုမြစ်ဝှမ်း ညီလာခံလို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို များမကြာခင် ကျင်းပနိုင်ရေးအတွက် ရသေ့တောင်မြို့ အောင်မြေဗောဓိ အလိုတော်ပြည့် ကျောင်းတိုက်မှာ သြဂုတ်လ ၂၂ ရက် မနေ့က နေ့လည်ပိုင်းက မြို့မိမြို့ဖတွေ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံဖွား ဟောင်ကောင် ခွဲစိတ်ဆရာဝန်ကြီး မြန်မာနိုင်ငံမှာ သင်တန်းပို့ချမည်



2012-08-22
မြန်မာနိုင်ငံမှာမွေးပြီး ဟောင်ကောင်မှာ အခုအခြေစိုက် နေထိုင်တဲ့ ခွဲစိတ်ဆရာဝန်ကြီး Dr. James Kong ဟာ စိတ်ဒဏ်ရာ Trauma ပြင်းပြင်းထန်ထန် ရရှိထားသူတွေကို ပဏာမ ကုသပေးနိုင်မယ့် အခြေခံသင်တန်းတစ်ခု ပို့ချဖို့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဗောက်စ်ဝက်ဂွန်နဲ့ ကိုးရီယား ကားကုမ္ပဏီ မြန်မာ့ဈေးကွက် ရှာဖွေနေ



2012-08-22
ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ကားအရောင်းဋ္ဌာန ဖြစ်တဲ့ ဂျာမဏီ အခြေစိုက် ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဈေးကွက် ချဲ့ထွင်ဖို့ အတွက် ဒေသတွင်း တွဲဖက် လုပ်ကိုင်မယ့်သူကို ရှာဖွေနေကြောင်း Asia News Network သတင်းမှာ ဖော်ပြပါတယ်။

နေရာ ပြောင်းရွှေ့ဆန္ဒပြဖို့ ရဲစခန်းတာဝန်ရှိသူတွေက ပြောဆို



2012-08-22
သတင်းလွတ်လပ်ခွင့် ကော်မတီက ရန်ကုန်မြို့တော် ခန်းမရှေ့လူ ၁၅၀ ဝန်းကျင် စုရုံးဆန္ဒပြဖို့ လျှောက်ထားတာကို အခြားနေရာ ပြောင်းရွှေ့ဆန္ဒပြဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက ဒီကနေ့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
RFA
ရန်ကုန်မြို့တော် ခန်းမ

ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်ဆောက်လုပ်ဖို့ စည်းဝေး



2012-08-22
ရန်ကုန်တက္ကသိုလ် ပရဝုဏ်ထဲမှာရှိတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ယခင်နေရာမှာ ပြန်လည် ဆောက်လုပ်ခွင့် ရဖို့အတွက် မျိုးဆက်အလိုက် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ အစည်းအဝေး တစ်ရပ်ကို ဒီကနေ့ ရန်ကုန်မြို့ တစ်နေရာမှာ ကျင်းပခဲ့ပါတယ်။
RFA
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)

ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ



2012-08-22
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် အခြေချနေထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့ အကြမ်းဖက် ၀င်ရောက်စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် တစ်နာရီကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ရဲတပ်ဖွဲ့များ အဓမ္မ၀င်ရောက် စီးနင်းခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သည့် မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူတစ်ဦးကို တွေ့ရစဉ်။

ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး



2012-08-22
မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာ တွေက ရွာခံတွေကို အာဏာပိုင်တွေက စစ်ဆေးနေရာမှာ အခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၃၀ ကျော် ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

မြေယာ ပြဿနာဖြေရှင်းရေး NDF ဆွေးနွေးပွဲကျင်းပ



2012-08-22
မြန်မာနိုင်ငံတ၀ှမ်းက လယ်မြေ သိမ်းယူခံထားရတဲ့ တောင်သူ လယ်သမားများအတွက် နေပြည်တော် လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ မြေယာ ပြဿနာ ဖြေရှင်းရေး ကော်မရှင်ကို ကူညီတင်ပြပေးဖို့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဝင် (၂၀၀) နီးပါးလောက် ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်မှာ ဒီကနေ့ ဆွေးနွေးပွဲ ကျင်းခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်က ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်တွင် NDF ပါတီက တောင်သူ လယ်သမားရေးရာ ကော်မတီ ဆွေးနွေးပွဲတွင် ဒေါ်ဘောက်ဂျာ (လူ့အခွင့်အရေးလှုပ်ရှားသူ)က ဆွေးနွေးတင်ပြနေစဉ်။

အလုပ်သမားအဖွဲ့အစည်းတွေ အရည်အသွေး တိုးတက်လာရေး ဆွေးနွေးပွဲကျင်းပ



2012-08-22
မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံ အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား အဖွဲ့အစည်းတွေ အရည်အသွေး တိုးတက်လာရေးအတွက် ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ summit park view ဟိုတယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်က ရန်ကုန်မြို့ Summit Park View ဟိုတယ်တွင် ILO ကြီးမှူးပြီး မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့အစည်းများ အရည်အသွေး တိုးတက်လာရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေစဉ်။

လယ်သမားများ စီတန်းလှည့်လည် ဆန္ဒပြခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ



2012-08-22
လယ်ယာမြေ သိမ်းခံထားရတဲ့ လယ်သမားကြီး ၆၀၀ ခန့် ဒီလ ၂၇ ရက်ကျရင် ပြည်မြို့မှာ စီတန်းလှည့်လည် ဆန္ဒပြဖို့  ၁၉ ရက်နေ့က လျှောက်ထားခဲ့တာကို ငြင်းပယ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မနေ့ညက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်မယ့် သူလည်းဖြစ် ခွင့်ပြုမိန့် လျှောက်ထားသူ တစ်ဦးလည်းဖြစ်သူ ကိုရဲထင်ကျော်က အမိန့်စာ ရရှိပုံကို အခုလို ပြောပြပါတယ်။