Saturday, August 25, 2012

တစ်သိန်းတန်မိုဘိုင်းဖုန်းထွက်ရှိမည့် သတင်းမှာမဟုတ်ဟု အင်ဂျင်နီယာချုပ် အတည်ပြုပြောကြား


၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလတွင် တစ်သိန်းတန်မိုဘိုင်းဖုန်းထွက်ရှိမည်ဆိုသည့်သတင်းမှာမဟုတ်မှန်ကြောင်း မြန်မာ့ဆက် သွယ်ရေး  လုပ်ငန်းက သိရှိရသည်။

''တစ်သိန်းတန်မိုးဘိုင်းဖုန်းထွက်မယ်ဆိုတာ မဟုတ်ပါဘူး'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။

ရခိုင်အရေး တည်ငြိမ် အေးချမ်း သွားပြီ ဖြစ်ကြောင်း မြန်မာ သံအမတ်က ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ကို ပြောကြား

မန်မာသံအမတ်နှင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် တွေ့ဆုံနေစဉ်
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ တည်ငြိမ်အေးဆေးသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ် ဦးမျိုးမြင့်သန်းက ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာကို ပြောကြားလိုက်သည်။

လက်နက်စက်ရုံ အတွက် သိမ်းမြေများ ပြန်ပေးရန် တောင်းဆို


မကွေးတိုင်း ဆင်ပေါင်ဝဲ မြို့နယ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက စစ်လက်နက် ပစ္စည်း စက်ရုံ (ကပစ) အမှတ် (၈) တည်ဆောက်ရန် သိမ်းယူခဲ့သော မြေဧက ၁၂၀၀၀ ကို မူရင်းဒေသခံ ပိုင်ရှင်များက ပြန်လည် ရရှိရေး အတွက် အစိုးရသစ်ကို တောင်းဆိုနေကြသည်။
စစ်လက်နက် ပစ္စည်းစက်ရုံ ဆောက်လုပ်ရန် အတွက် တောင်ယာများကို ယခင်အစိုးရ လက်ထက်မှစ၍ သိမ်းဆည်း ခဲ့သည်မှာ ၁၃ နှစ်ကြာပြီ ဖြစ်ပြီး ထိုမြေများ ပြန်ပေးရန်နှင့် နစ်နာကြေးများပေးရန် တောင်သူ ၄၈၉ ဦးက လက်မှတ်ထိုး၍ ဦးသိန်းစိန် အစိုးရကို တောင်းဆို လိုက်ပြီ ဖြစ်ကြောင်း မြေပိုင်ရှင် တောင်သူများက ပြောသည်။

မလေးတွင် မြန်မာနိုင်ငံသား အချင်းချင်း ခိုက်ရန် ဖြစ်ပွား၍ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ


မလေးရှားတွင် ရောက်ရှိနေသော မြန်မာတိုင်းရင်းသားများ အကြား အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

မြန်မာ့စပါးကျီ ရေမြုပ်မှုကြောင့် ဆန်ဈေးကွက်ပျက်မည် မဟုတ်


ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်း ရေကြီးမှုကြောင့် လယ်စိုက်ဧက တသိန်းကျော် ရေအောက် ရောက်သွားသော်လည်း ပြည်တွင်း ဆန်စပါးဈေးကွက်၊ ပြည်ပ ဆန်တင်ပို့မှုတို့ကို ထိခိုက်မည်မဟုတ်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ကြာသပတေးနေ့တွင် ပြောလိုက်သည်။
“သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ ရေကျတာနဲ့ စပါးပြန်စိုက်နိုင်အောင် ကျနော်တို့ အားလုံးစီစဉ်နေပါတယ်။ အစပိုင်းမှာ ရေနစ်မြုပ်ထားတဲ့ အတွက် နောက် ပြန်စိုက်တဲ့ စပါးကို အလေအလွင့် မရှိအောင် စောင့်ကြည့်ဖို့တော့ လိုပါတယ်” ဟု ဆန်စပါးလုပ်ငန်းအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောလိုက်သည်။

ရိုဟင်ဂျာသည် မြန်မာ့ပြဿနာဟု အမေရိကန်သံအမတ် ပြော


ရိုဟင်ဂျာအရေးဟာ ကမ္ဘာကမြင်နေတာထက် ပိုပြီး မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း လူမှုရေး မညီမျှမှုများကို ဖွင့်လှစ်ဖော်ပြနေတာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်က ပြောဆိုလိုက်ပါတယ်။
အရင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆို စစ်တပ်နဲ့ အစိုးရတွေကိုသာ နိုင်ငံတကာက စွပ်စွဲရှုတ်ချခဲ့ကြတယ်။ အခု ရိုဟင်ဂျာအရေးကတော့ သူတို့ကို နိုင်ငံအတွင်း နေထိုင်ခွင့်တောင် မပေးလိုတဲ့ သာမန်လူထုတွေကြား ခွဲခြားနှိမ့်ချမှုတွေကြောင့်ဖြစ်တယ်လို့ ဒဲရက်မစ်ချယ်က The Wall Street Journal ဝေါစတြိဂျာနယ် သတင်းစာကို ပြောကြားခဲ့ပါတယ်။

ကချင်ဒုက္ခသည်များ တရုတ်က ပြန်ပို့


တရုတ်ပြည်ထဲသို့ သွားရောက်ခိုလှုံနေသည့် ကချင်စစ်ရှောင် ဒုက္ခသည်များ အားလုံးသည် သြဂုတ် ၂၂ ရက်မှစတင်ကာ တရုတ် အာဏာရှင်များက မြန်မာပြည်ထဲသို့ ပြန်လည် ပို့ဆောင်နေသည်။
အဆိုပါဒေသသို့ သွားရောက်နေထိုင်သည့်သူများကို ဇူလိုင်လပိုင်းတွင် မြန်မာအစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) တို့ အပစ်ရပ်သည်အထိ နေထိုင်ခိုင်းထားပြီးမှ အခုအခါ အတင်းအဓမ္မ ပြန်လည်ဖယ်ခိုင်းနေကြောင်း ရမ်းလူးစခန်းမှ တာဝန်ခံတဦးက ဧရာဝတီသို့ပြောသည်။

ကားတိုက် သူမှ တာဝန် မယူ၍ သေဆုံး သူမြန်မာ လုပ်သား အလောင်းမြေချရန် ဆိုင်းငံ့

ကားတိုက် သူမှ တာဝန် မယူ၍ သေဆုံး သူမြန်မာ လုပ်သား အလောင်းမြေချရန် ဆိုင်းငံ့
မဲဆောက်မြို့တွင် ယာဉ်တိုက် မှုကြောင့် သေဆုံး ခဲ့ရသည့် နောင်ဘွား အထည် ချုပ် စက်ရုံမှ မအေးအေးမော်( ၃၃) နှစ်ကို ယာဉ်မောင်းသူ ထိုင်းနိုင်ငံသား (မျှော့လူ မျိုး) က တစုံတရာ တာဝန်ယူမှု မရှိသည့်အတွက် နာရေးကိစ္စမြေချမှုကိုဆိုင်းငံ့ထားပြီး 
မဲဆောက်ရဲ စခန်းတွင် ဥပဒေကြောင်း အရအမှု ဖွင့်တရား စွဲဆို ထားသည်။

သီလဝါ အထူးဇုန်ကြောင့် သန်လျင် အိမ်ခြံ မြေဈေးကွက် လှုပ်ခတ်


ဂျပန်-မြန်မာ ဖက်စပ် လုပ်မည့် သီလဝါ အထူးဇုန်ကြောင့် သန်လျင် အိမ်ခြံမြေ ဈေးကွက် လှုပ်ခတ် သီလဝါ အထူး စီးပွားရေးဇုန်ကို ဂျပန်နှင့်မြန်မာ ဖက်စပ် အကောင် အထည်ဖော်မည့် သတင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက် အနည်းငယ် လှုပ်ခတ်စပြု လာကြောင်း သိရသည်။

ဂျပန်နှင့် အိန္ဒိယနိုင်ငံများသို့ အလုပ်သင် ITဘွဲ့ရများ စေလွှတ်မည်


မြန်မာ လူငယ်များ အတွက် အထူးအ ခွင့်အရေး အနေဖြင့် ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ အလုပ်သင်အိုင်တီ ဘွဲ့ရများကို စေလွှတ် သွားမည်ဟု Better Life Acty ကုမ္ပဏီမှ သိရှိရ သည်။

အင်တာနက်စမတ်တီဗီ အမျိုးအစား သစ်များ ပြည်တွင်း ဝင်ရောက်


အီလက်ထရွန်နစ် နည်းပညာ သစ်များ အပြင် ကွန်ရက်စနစ် သစ်များကို ထည့်သွင်း ထားသော အင်တာနက် အသုံးပြုနိုင်သည့် Smart TV များ ပြည် တွင်းဈေးကွက် သို့ အသစ်ထပ်မံဝင် ရောက်လာကြောင်း သိရသည်။

ံပကစလစ်ဈေးမြင့်တက် လာမှုနှင့် အတူ “ဗ”အက္ခရာ ကားများပါ ဈေးမြင့်


အပ်ကားများ ဈေးကွက် အတွင်း တဖြည်းဖြည်း ရှားပါး လာမှုနှင့် အတူ စလစ်ဈေးနှုန်း များပါ တရိပ်ရိပ်မြင့် တက်လာမှုကြောင့် မကြာမီ အပ်နှံခွင့် ရတော့မည်ဟု သတင်းများ ထွက်ပေါ် နေသော “ဗ”အက္ခရာ အပ်ကားများ ပါ ဈေးကွက်အတွင်း အဝယ်လိုက် လာပြီး ဈေးနှုန်းများလည်း မြင့်တက် လာကြောင်း သိရှိရသည်။

ပြည်ပနိုင်ငံများ၌ အသုံးပြုနိုင်ရန် ဖုန်းအသုံးပြုခများ ညှိနှိုင်းနေ


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်တွင်း မိုဘိုင်းဖုန်း များကို ပြည်ပနိုင်ငံ အားလုံးတွင် အသုံးပြုနိုင်ရန်အတွက် ဖုန်းအသုံးပြုခများကို ညှိနှိုင်းဆောင် ရွက်လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းများအား ပြည်ပနိုင်ငံအများစုတွင် သယ်ဆောင် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိရာ လက်ရှိအချိန်တွင်လည်း အာဆီယံနိုင်ငံအများစုနှင့် ချိတ်ဆက် အသုံးပြုနိုင်သည့်အနေအထားတွင် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရ သည်။

Y-Pay စနစ်နှင့် ချိတ်ဆက်၍ လုပ်ငန်း လုပ်ဆောင်လိုသူများအား ဖိတ်ခေါ်


အွန်လိုင်းပေါ်တွင် ဈေးရောင်း ဈေးဝယ်နှင့် ဝန်ဆောင်မှု ပြုလုပ်နိုင်မည့် Y-Pay (Online Payment Gateway) ဝန်ဆောင်မှုကို မကြာမီတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
YPay စနစ်သည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားနိုင်စေရန် ဘဏ်များနှင့်ချိတ်ဆက်၍ ငွေပေးချေမှု ငွေလက်ခံမှုများ လုံခြုံစွာဖြင့် ပြုလုပ်နိုင်သည့် Online Payment စနစ်ဖြစ်သည်။

မြောင်တောင်သူများ မိုးခေါင်ရေရှား၍ အလုပ်ပြောင်းလဲလုပ်ကိုင်မှုပိုများလာ


စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့နယ်အတွင်း မိုးခေါင်ရေရှား၍ တောင်သူလုပ်ငန်းများအလုပ် မဖြစ်သောကြောင့် စားဝတ်နေရေး အတွက် တောင်သူလုပ်ငန်းများ၊ အငှားလုပ်ကိုင်ရသော တောင်သူ အလုပ်သမားများ အလုပ်အကိုင်ရှားပါးခြင်းနှင့် ရင်ဆိုင်နေရကြောင်းဒေသခံတို့က ဆိုသည်။

လမ်းဘေးအခွေဆိုင်များရှင်းလင်းရာမှ ဥပဒေအသစ်ထပ်မံ လိုအပ်လာ


လမ်းဘေးခိုးကူခွေဆိုင်များနှင့်အခွေကူးရောင်းသောဒိုင်များအား လိုက်လံဖမ်းဆီးလျက်ရှိသောကြောင့် နိုင်ငံခြား ရုပ်ရှင်ကားများ ကြည်ရူခွင့်ကို ပိတ်ပင်လိုက်သည့် သဘောဖြစ်နေသည့်အတွက် တိကျခိုင်မာ သည့် ဥပဒေတစ်ရပ်ထွက်ပေါ်ရန် လိုအပ်နေကြောင်း  (၈၈)မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းက ဆိုသည်။

ယခုနှစ်ကုန်အထိ ရေကြီးမှုတစ်ကြိမ်နှင့် မုန်တိုင်း(၃)လုံးကျန်ရှိကြောင်း ဒေါက်တာထွန်းလွင်ဆို


မြန်မာနိုင်ငံတွင် ၂ဝ၁၂ခုနှစ် အောက်တိုဘာလအတွင်း၌ ရေကြီးမှုဒဏ် နောက်ထပ်တစ်ကြိမ် ကြုံတွေ့နိုင်ကြောင်း မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

အောက်တိုဘာလ အတွင်းမှာတော့  ရေကြီးမှုနောက်တစ်ကြိမ်ကြုံ နိုင်ပါတယ်။ အဲဒါ ကျော်သွားရင်တော့ ရာသီဥတုကောင်းလာနိုင်မှာပါ"ပာု ဦးထွန်းလွင်က ပြောသည်။

(၈)လအတွင်း ဒုတိယအကြိမ် ရွှေဈေးအမြင့်ဆုံးရောက်ရှိ


ပြည်တွင်းရွှေဈေးကွက်၌ (၈)လတွင်း ကမ္ဘာ့ရွှေဈေးအတက်အကျဖြစ်မှုနှင့်အတူဒုတိယအကြိမ်အမြင့်ဆုံးသို့ပြန်လည်ရောက် ရှိလာကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံက သိရှိရသည်။

ချမ်းမြသာစည်၊ ခတ္တန်းရပ်မှ ဆရာဖြစ်သူကို သတ်သည့်တရားခံအား နာရီပိုင်းအတွင်း ဖမ်းမိ


၂၀၁၂ခုနှစ် ၊ သြဂုတ်လ (၂၃)ရက်နေ့ ည ( ၁၀ )နာရီခွဲအချိန်က မန္တလေးတိုင်းချမ်းမြသာစည်မြို့နယ် ၊ တမ္မပ၀တီရပ်ကွက် ၊ ခတ္တန်းရပ်ကွက်တွင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း အမှတ်(၁၀)ရဲစခန်မှ တာဝန်မှူးကအတည်ပြုပြောကြားသည်။


သေဆုံးသူမှာ အဆိုပါရပ်ကွက်တွင်နေထိုင်သူ ဦးတင်မောင်မြင့်ဖြစ်ပြီးဇနီးဖြစ်သူဒေါ်ဌေးဌေးဝင်း ကိုလည်း နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ၊၀ဲလက်မောင်း ပျက်ရှဒဏ်ရာတစ်ချက်နှင့် ၀ဲလက်ခလယ်ပျက်ရှဒဏ်ရာတစ်ချက်တို့ဖြင့်   မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံနေရ ကြောင်းသိရသည်။

ရန်ကုန်-ဒလ ကူးတို့သင်္ဘောသစ်များအတွက် ငွေနှင့် နည်းပညာ ဂျပန်ကူမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်နှင့် ဒလ ပြေးဆွဲနေသော လက်ရှိ ကူးတို့သင်္ဘောများ နေရာတွင် သင်္ဘောသစ်များ
ပြေးဆွဲနိုင်ရန် ငွေကြေးနှင့် နည်းပညာ အကူအညီများ ပေးမည်ဟု ဂျပန်နိုင်ငံ ရေကြောင်းဗျူရို၏ ဒါရိုက်တာ မစ္စတာ ရှီနီချီရို အိုဆူဘို က ပြောသည်။

လက်နက်မှုဖြင့် ထိုင်းနိုင်ငံသား ရှစ်ဦးကို ထောင် ၇ နှစ်စီ အမိန့်ချ

စံခလပူရီ (မဇ္ဈိမ) ။       ။ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုဖြင့် စွပ်စွဲခံထားရသည့် ထိုင်းနိုင်ငံသား ကိုးဦးအနက် လက်နက်မှုဖြင့် ရှစ်ဦးကို သောကြာနေ့တွင် ကော့သောင်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းအတွက် မျိုးစပါး ၄၀,၀၀၀ ပံ့ပိုးပေးရန်ရှိ

ရန်ကုန် (မဇ္ဈိမ) ။         ။ ရေလွှမ်းခြင်းခံရသော ဧရာဝတီ၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း တို့မှ လယ်ယာမြေများတွင်
ပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါး တင်းရေ လေးသောင်းခန့် ပံ့ပိုးပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း တာဝန်ရှိသူ တဦးက ပြောသည်။

နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်အချို့ ပညာသင်နှစ်တိုးမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ကျွမ်းကျင်အတတ်ပညာသည်များ မွေးထုတ်ပေးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း
ကောင်းရေးအတွက် ရန်ကုန်နှင့် မန္တလေးတိုင်းရှိ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် လာမည့် ပညာသင်နှစ်မှစ၍ လုပ်ငန်းခွင် သင်တန်းများပါ ဖြည့်စွက်သွားမှာဖြစ်၍ ပညာသင်ကာလကို တနှစ် ထပ်မံ တိုးမြှင့်လိုက်သည်။

အဲကမ္ဘောဇ လေကြောင်းလိုင်းမှ(ATR)လေယာဉ်အမျိုးအစား လေယာဉ်မှာ မြိတ်မြို့မှအတက်တွင် လေယာဉ်အင်ဂျင်ထဲသို့ ဌက်တစ်ကောင်ဝင်သွားသောကြောင့် ခရီးစဉ် ရွေ့ဆိုင်းခဲ့ရကြောင်းသိရ



အဲကမ္ဘောဇလေကြောင်းလိုင်းမှ (ATR)လေယာဉ်အမျိုးအစားလေယာဉ်တစ်စင်းမှာမြိတ်မြို့လေဆိပ်မှ ၂၃.၈.၂၀၁၂ နံနက်ပိုင်းမှပျံသန်းရန် ထွက်ခွာစဉ်လေယာဉ်အင်ဂျင်ထဲသို့ ဌက်တစ်ကောင်ဝင်သွားသောကြောင့် ခရီးစဉ်ရွေ့ဆိုင်းခဲ့ရကြောင်းသိရသည်။    

 တရုတ်နိုင်ငံဖက်သို့ရောက်ရှိနေသော ကချင်စစ်ပြေးဒုက္ခသည်များအား တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပို့ဆောင်နေ


ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်းရင်း တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည်များအား တရုတ်အစိုးရ ဒေသဆိုင်ရာ အာဏာပိုင်များက သြဂုတ်လ တတိယအပတ်မှစတင်ကာ မြန်မာနိုင်ငံဖက်သို့ ပြန်လည်ပို့ဆောင်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

မြစ်ကြီးနားမြို့ရှိ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များအား ကူညီစောင့်ရှောက်ပေးနေသူ အမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နောင်တောင်းခရိုင်အတွင်း ရောက်ရှိနေကြသော စစ်ဘေးဒုက္ခသည်များအား သြဂုတ်လ(၁၅)ရက်နေ့မှ စတင်ကာ ၎င်းတို့နေထိုင်လျှက်ရှိသော စခန်းများမှ ထွက်ခွာကြရန် ဒေသအာဏာပိုင်များက လာရောက်ပြောဆိုခဲ့ကြသည်ဟု သိရှိရသည်။

 ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ လျှပ်တစ်ပြက်ဂျာနယ်အပေါ် ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲဆိုထားမှုအား စွဲချက်တင်သင့် မသင့်ကို တရားရုံးမှ စက်တင်ဘာလ ၇ ရက်နေ့၌ အဆုံးအဖြတ်ပေးမည်



သြဂုတ်လ ၂၄ ရက်နေ့ ရုံးချိန်းအား တွေ့ရစဉ်
ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ လျှပ်တစ်ပြက်ဂျာနယ်အပေါ် ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲဆိုထားမှုကို စွဲချက်တင်သင့် မသင့်ကို စက်တင်ဘာလ ၇ ရက်နေ့တွင် အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း သြဂုတ်လ ၂၄ ရက်နေ့(ယနေ့)တွင် ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ပြုလုပ်သောရုံးချိန်းမှ သိရသည်။

လေးရက်ကြာ ဓာတ်အားပြန်တောက်မည်ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ အများပြည်သူများအား ၂၄နာရီ မီးပေးသွားမည်


မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တည်ဆောက်လျက်ရှိသည့် ၂၃၀ကေဗွီ မင်းလှပင်မ ဓာတ်အားခွဲရုံအား လက်ရှိဓာတ်အားပို့ လွှတ်ထားသော ၂၃၀ကေဗွီ ရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်သည့်အတွက် သြဂုတ်လ၂၅ရက်နေ့ နံနက် ၆ နာရီမှ သြဂုတ်လ၂၈ရက်နေ့ ညနေ၆နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ နေရာဒေသအချို့တွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ အများပြည်သူများအား ၂၄နာရီ လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုံများကိုမူ အုပ်စုနှစ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်း အမှတ် ၂ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

 မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ဖွံ့ဖြိုးမှုအတွက် ဂျပန်ပညာရှင်များနှင့် နည်းပညာဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲပြုလုပ်


jica1


မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံမှ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နည်းပညာဆိုင်ရာ အဆင့်မြင့် ဆွေးနွေးမှုများကို သြဂုတ်လ ၂၄ ရက်နေ့က Chatrium Hotel တွင်ပြုလုပ်ခဲ့ကြ သည်။
အဆိုပါ အဆင့်မြင့် ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒါရိုက်တာ ဦးဌေးဝင်းတို့နှင့် ဂျပန်နိုင်ငံ၏မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွား ၀န်ကြီးဌာန (MLIT) မှ ဒုတိယ၀န်ကြီး မစ္စတာ တာကာရှီ ကိတမူရနှင့် ဂျပန်နိုင်ငံမှ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များ တက်ရောက် ခဲ့ကြသည်။
'' ဒီဆွေးနွေးပွဲကြီးဟာ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဂျပန်နိုင်ငံမှာ ဂျပန်ဝန်ကြီးချုပ် မစ္စတာနိုဒါနဲ့ ထိပ်သီးအစည်းအဝေးပြုလုပ်အပြီးမှာ ပထမဆုံးပြုလုပ်တဲ့ ဆွေးနွေးပွဲကြီး ဖြစ်ပါတယ်'' ဟု NLIT မှ ဒုတိယ၀န်ကြီး မစ္စတာ ကိတမူရကပြော ကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံအတွင်း အသုံးပြုလျက်ရှိသော ပို့ဆောင်ဆက်သွယ်ရေး နည်းပညာများနှင့် မြန်မာနိုင်ငံအပေါ် ကူညီပေးနိုင်မည့် နည်းပညာများ အကြောင်း ဆွေးနွေးတင်ပြခဲ့ ကြသည်။
ထိုသို့ ဆွေးနွေးခဲ့ကြရာတွင် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ မြန်မာနိုင်ငံသို့ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်ခြင်း၊  ကာလရှည် အတိုးနှုန်းနိမ့်  Official Development Assistant (ODA) ချေးငွေများပေးအပ်ခြင်းနှင့် အခြားငွေကြေး အထောက်အပံ့များ ပေးအပ်ခြင်းတို့ဖြင့် ပူးပေါင်းကူ ညီဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
''အမျိုးသား ပို့ဆောင်ရေး ဖွံ့ဖြိုးမှုအစီအစဉ် Survey Program အတွက် ပို့ဆောင်ရေး ဒုဝန်ကြီးနဲ့ သဘောတူညီမှု လက်မှတ်ရေး ထိုးထားပြီးပါပြီ'' ဟု JICA  မြန်မာရုံးမှ ကိုယ်စားလှယ်မစ္စတာ မတ်ဆုအိုကာက ပြောကြားခဲ့သည်။
၎င်းက မြန်မာနိုင်ငံတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ကို JICA မှ အကူအညီပေးသွားမည်ဖြစ်ပြီး ကဏ္ဍအလိုက် လေ့လာရေး အစီအစဉ်(ှSurvey Program) များကိုရေး ဆွဲသွားမည်ဖြစ်ကာ တစ်နှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ၏မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွား ၀န်ကြီးဌာန (MLIT) မှ ဒုတိယ၀န်ကြီး မစ္စတာ တာကာရှီ ကိတမူရအား ဆွေးနွေးပွဲတွင် တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံမှ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နည်းပညာဆိုင်ရာ အဆင့်မြင့် ဆွေးနွေးမှုများကို သြဂုတ်လ ၂၄ ရက်နေ့က Chatrium Hotel တွင်ပြုလုပ်ခဲ့ကြ သည်။ 

 နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၂ဦး လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခဲ့ပြီး ၎င်းအဆိုကိုဆွေးနွေးရန် အမျိုးသားလွှတ်တော်မှ သဘောတူ


ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအနေဖြင့် လွှတ်တော်အသီးသီးမှ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက်  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား သြဂုတ်လ ၂၄ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၂ ဦး လက်မှတ်ရေးထိုးကာ  စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်း ခဲ့ကြောင်း သိရသည်။

 ရခိုင်တိုင်းရင်းသားများအပေါ် အငြင်းပွားဖွယ် ဖြစ်ခဲ့ရသော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာနှင့် ပတ်သက်ပြီး အများပြည်သူအကြား၌ ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ပြန်လည်ရှင်းလင်း


ရခိုင်တိုင်းရင်းသားများအပေါ် အငြင်းပွားဖွယ်ဖြစ်ခဲ့ရသော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာနှင့် ပတ်သက်ပြီး အများပြည်သူအကြား၌ ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က သြဂုတ်လ ၂၄ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါသည်။ 

 ရာသီဥတုဖောက်ပြန်မှုကြောင့် လာမည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာထိ ကောက်ပဲသီးနှံ အထွက်လျော့မည် စိုက်ပျိုးရေး ထွက်ကုန်များ ပြည်ပတင်ပို့မှုအား ချင့်ချိန်လုပ်ကိုင်မှုမရှိပါက တစ်နိုင်ငံလုံး အတိုင်းအတာအထိ သက်ရောက်နိုင်


လက်ရှိအချိန်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် လာမည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာထိ ကောက်ပဲသီးနှံ အထွက်လျော့မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပတင်ပို့မှုအား ချင့်ချိန်လုပ်ကိုင်မှုမရှိပါက တစ်နိုင်ငံလုံး အတိုင်းအတာအထိ သက်ရောက်နိုင်ကြောင်း ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။

ဆားလင်းကြီးမြို့နယ် ဒေသခံလူထု တစ်ထောင်ကျော် ဆန္ဒပြ



2012-08-24
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည် ဖော်နေတဲ့ နေရာမှာ လယ်ယာမြေ အသိမ်းခံထားရတဲ့ ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံလူထု တစ်ထောင်ကျော် ဟာ အလံတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လယ်ယာမြေ သိမ်းပိုက်ပွဲလို့ အမည်ပေးထားတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ နေ့လည်ပိုင်းမှာ စတင်လိုက်ကြပါတယ်။

ရိုဟင်ဂျာပြဿနာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု လျော့ချရေးကို ထိခိုက်မှုမရှိ

2012-08-24
မူဆလင် ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံသားတွေရဲ့ သည်းခံနိုင်မှု အားနည်းတဲ့ အချက်ကြောင့် အမေရိကန်နိုင်ငံသား တချို့ရဲ့ မြန်မာနိုင်ငံအပေါ် ရှုမြင်ပုံကို တစ်စုံတစ်ရာ ထိခိုက်မှု ရှိနေပေမယ့် မိမိတို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ လျော့ချပေးဖို့ ကိစ္စကိုတော့ ထူးထူးခြားခြား ထိခိုက်မှု မရှိပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell က ပြောလိုက်ပါတယ်။

ဒုတိယမြောက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား တည်ဆောက်မည်



2012-08-23
ထိုင်း မြန်မာနယ်စပ် မြ၀တီနဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည်ဆောက်တော့မယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြပါတယ်။
Photo: RFA
ထိုင်း မြန်မာ နှစ်နိုင်ငံကြားက မဲဆောက်-မြ၀တီ ကုန်သွယ်တံတားသည် ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါလှသော တံတားတခု ဖြစ်သည်။ ဓါတ်ပုံ - RFA

ညှိနှိုင်းဆဲကာလမှာ စီမံကိန်းလုပ်ငန်း အကောင်အထည်မဖော်ဖို့ ဒေသခံများတောင်းဆို



2012-08-23
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ အာဏာပိုင်တွေဘက်က ခြံစည်းရိုး ကာရံနေတာကို ဒီကနေ့ ဒေသခံရွာသား ၆၀၀ ကျော်လောက် သွားရောက်ပြီး တည်ဆောက်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မြန်မာယန်စီ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့ ပူးပေါင်း အကောင်အထည် ဖော်နေတဲ့ အဲဒီစီမံကိန်းကို ဆက်လုပ် မဆောင်ရွက်ဖို့ ဒေသခံတွေနဲ့ နှစ်ဖက်သဘောတူညီမှု ရရှိထားပေမယ့် မကြာသေးမီ ရက်ပိုင်းလောက်မှာ မြေနီတောင်ခြေ အနီးအနားက သိမ်းဆည်းထားတဲ့ မြေနေရာ ၁၀ ဧက ကျော်လောက်ကို ဆက်လက် ခြံစည်းရိုးခတ်နေတဲ့အတွက် ဒေသခံတွေက သွားရောက် တားမြစ်ရတာဖြစ်တယ်လို့ တားမြစ်ရာမှာ ပါဝင်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

သာဓုကန်လယ်ယာမြေ လျော်ကြေးကိစ္စ ပြေလည်မှုမရသေး



2012-08-23
ရန်ကုန်မြို့ ရွှေပြည်သာ သာဓုကန်ဒေသက လယ်သမား ၇၆ ဦးပိုင် လယ်ယာမြေတွေ သိမ်းယူခံထားရမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီ ၄၀ က ပိုင်ရှင်တွေနဲ့ လယ်သမားကိုယ်စားလှယ် ၁၁ ဦးတို့ ဒီကနေ့ ဗဟန်းမြို့နယ်က M-3 စားသောက်ဆိုင်မှာ လျော်ကြေးကိစ္စ ညှိနှိုင်းခဲ့ကြရာမှာ ပြေလည်မှု မရခဲ့ဘူးလို့ RFA က စုံစမ်းသိရပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ပထမဆုံးအကြိမ်အမှုရင်ဆိုင်



2012-08-23
ဇေကမ္ဘာကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲဆိုခြင်း ခံနေရတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဒီကနေ့  နေ့လည်က မင်္ဂလာဒုံ မြို့နယ်တရားရုံး တရားသူကြီး ဦးကိုကိုနိုင်ရဲ့ တရားခုံမှာ ပထမဆုံးအကြိမ် ရုံးရှေ့ရောက် အမှုရင်ဆိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်က မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဦးဆောင်ပြီး တောင်သူလယ်သမားများ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြပွဲပြုလုပ်နေစဉ်။