Saturday, September 1, 2012

မြန်မာပြည်ဖွား ဘင်္ဂလီတစု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ရခိုင်လူငယ်အား မလေးတွင် သင်္ဂြိုလ်






မလေးရှားနှိုင်ငံတွင် မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မူကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဆေးရုံတင်ထားရာမှ သေဆုံးသွာသူ  ရခိုင်လူငယ် တစ်ဦ၏ အသုဘကို သြဂတ်စ်၂၉ ရက်နေ့က မလေးတွင် သင်္ဂြိုလ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြေပုံမြို့တွင် ညဥ့်အချိန် စစ်တပ်မှ သေနတ်ပစ်ခတ်၍ ပြည်သူများ အထိတ်တလန့် ဖြစ်ပွား







ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့်အချိန်တွင် စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား  အထိတ်တလန့် ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
“ ညဥ့်  ၈ နာရီကျော်လောက်မှာ သေနတ်သံတွေ ဆက်တိုက် ထွက်လာတော့ လူတွေက အထူး စိုးရိမ်သွားကြပါတယ်။ ၁၀ ချက်ခန့် ဆက်တိုက် ဆက်တိုက် ပစ်ပါတယ်။ မြို့ထဲမှာ အခုလို ပစ်ခတ်တော့ တစ်မြို့လုံး လုံးဝ ငြိမ်သက် တိတ်ဆိတ် သွားခဲ့ပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။

ရခိုင် ဒုက္ခသည်များ အတွက် အိန္ဒိယ အကူအညီ အမေရိကန် ဒေါ်လာ ၂သိန်း နယ်စပ်ရေးရာ ၀န်ကြီးသို့ လွဲပေး



ဆူပူ အကြမ်းဖက်မူကြောင့် ခိုကိုးရာမဲ့နေကြသော ရခိုင်ပြည်သူ ဒုက္ခသည်များ အတွက် ကူညီသော အမေရိကန် ဒေါ်လာ (၂) သိန်းကို အိန္ဒိယ တာဝန်ရှိသူများမှ မြန်မာ နယ်စပ် ရေးရာဝန်ကြီး ဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးလက်သို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း သတင်း ရရှိသည်။
AP-photo
အိန္ဒိယ သံအမတ် Dr. Villur Sundararajan Seshadri က အမေရိကန် ဒေါ်လာ ၂သိန်းကို နယ်စပ်ရေးရာ ၀န်ကြီး ဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးထံသို့  သြဂတ်(စ်) ၂၉ရက် (ဗုဒ္ဓ ဟူး)နေ့က လွှဲပြောင်း  ပေးအပ်ခဲ့သည်ဟု ဆိုသည်။
၎င်းထောက်ပံ့ ကူညီ ငွေများကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်မှဆင့် စီမံခန့်ခွဲပြီး ဒုက္ခရောက်နေသော မိသားစုများထံသို့ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ထောက်ပံ့ ကူညီပေးသွားမည် ဟု ဆိုသည်။
အဆိုပါ အကူအညီကို ဒုက္ခရောက်နေကြသော မိသားစုများအကြား သဟဇာတဖြစ်မှုနှင့် တည်ငြိမ်အေးချမ်းမှု ဆီသို့ လျင်မြန်စွာ ဦးတည်လာအောင် ရည်ရွယ်၍ အိန္ဒိယနိုင်ငံက ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ သံအမတ်သည် မြန်မာ့ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးသိန်းဌေးနှင့် အတူ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများသို့ သွား ရောက် ကြည့်ရှု ခဲ့ကြသည်ဟု ဆိုသည်။
အိန္ဒိယ၏ ထောက်ပံ့ ကူညီငွေများဖြင့်  ဒုက္ခသည်များ အတွက် အမြဲတန်း နေထိုင်နိုင်သော အဆောက်အအုံ ၈၀၀ ဆောက်လုပ် သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးက ပြောကြောင်း သိရသည်။
အိန္ဒိယ နိုင်ငံ အာသံပြည်နယ်တွင်လည်း ရခိုင်မှာ ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူများကဲ့သို့ ဌာနေတိုင်းရင်းသား ဘိုဒို လူမျိုးများနှင့် အခြေချ နေထိုင်ရန် ရောက်ရှိလာသူ ဘင်္ဂလီ မွတ်ဆလင်များ အကြား ဆူပူ အကြမ်းဖက်မူများ  အလားတူ ပေါ်ပေါက်နေပြီး သြဂတ်စလ ၂၉  ရက်နေ့ကလည်း တိုက်ခိုက်မူများ ဆက်လက် ဖြစ်ပွားခဲ့ သဖြင့် လူ တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ယမ်းဂိုဒေါင်တခု ပေါက်ကွဲခဲ့ကာ အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀ ကျော် ကျဆုံးသွားကြောင်း KIA မှ အရာရှိတဦးက ပြောသည်။

မြန်မာပြည် ပို့မည့် လက်နက်များ ဖမ်းမိ


မြန်မာပြည်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအာဏာပိုင်များက ယနေ့ ဖမ်းဆီးလိုက်သည်။
လက်နက်များကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင် မဲ့ဖာလွန်မြို့နယ် အတွင်းရှိ စစ်ဆေးရေး ဂိတ်တွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပင်စင်လစာကို E-pension စနစ်ဖြင့် ထုတ်ယူနိုင်ပြီ

ပြည်တွင်း ပင်စင်စားများ အနေဖြင့် Smart Card ဖြင့် ပင်စင်လစာ ထုတ်ယူ နိုင်သော E-pension စနစ်ကို မြန်မာ့ စီးပွားရေး ဘဏ်ခွဲ (၂) ၌ စတင် စမ်းသပ်ဆောင်ရွက်လျက် ရှိရာမှ  ယခုအခါ စတင်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဖားကန် အနီးမိုင်းထိ၍ မြန်မာ့ တပ်မတော် အရာရှိ ၆ ဦးပါဝင် ၄၈ ဦးကျဆုံး


အစိုးရတပ်ဖွဲ များနှင့် ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့ တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည် ကျေးရွာ ကိုဝင်ရောက်ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။

ADSL အင်တာနက်လိုင်း အသုံးပြုခများကို လျှော့ချနိုင်ရန် စီစဉ်လျက်ရှိဟုဆို


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများတွင် လျှောက်ထား အသုံးပြုနိုင်သော ADSL အင်တာနက် လိုင်းများကို လျှော့ချ အသုံးပြုနိုင်ရန် အတွက် စီစဉ်လျက် ရှိကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အဆိုပါ ADSL အင်တာနက်လိုင်းများ၏ မြန်နှုန်းများကိုလည်း သြဂုတ်လဆန်းပိုင်းမှ စတင်၍ မြန်နှုန်း အခမဲ့ နှစ်ဆတိုးမြှင့်ပေးထားကြောင်းလည်း သိရသည်။

၁၅ သိန်းတန်ဖုန်းများ ပြန်လည်အပ်နှံခွင့် ရှိမရှိကို ရှင်းလင်း


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခင် ချထားပေး ခဲ့သော ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများ ပြန်လည်အပ်နှံခွင့် ရှိမရှိ မေးမြန်းမှုကို ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက  ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

အရေပြား ကြွေကျသည့် ရောဂါဆန်း တစ်မျိုး ခံစားနေရသည့်ကလေးငယ်


အရီဇိုးနား ပြည်နယ်၊ တူစင်မြို့မှ Brystal ခေါ်တဲ့ ကိုးလ အရွယ် ကလေးငယ် လေးတစ်ဦးဟာ Epidermolysis Bullosa ခေါ်တဲ့ ရောဂါဆန်း တစ်မျိုးကို ခံစားနေရတယ်လို့ သိရပါတယ်။ အဲဒီ ရောဂါဟာ အရေပြားကို လက်နဲ့ အသာအယာ ထိတွေ့ရုံနဲ့ အရေပြားမှာ အရည်ကြည်ဖုတွေ ပေါက်လာတတ်တာကြောင့် သူ့ခြေတွေ၊ လက်တွေကို ပတ်တီးနဲ့ စည်းထားရပါတယ်။

အသင်းမှ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ပထမဆုံးအကြိမ်ကျန်းမာရေးစောင့်ရှောက်မှုပေးမည်


ကိုယ်အင်္ဂါမသန်စွမ်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခမဲ့ဆေးကုသပေးခြင်းအား ပထမဦးဆုံးအနေဖြင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မှ သိရသည်။

ကျွန်တော်တို့အသင်းက ပထမဆုံးအနေနဲ့ပြုလုပ်တာပါ။ အသင်းဝင်တွေတင်မကပဲ  အသင်းမဝင်ထားတဲ့ ကိုယ်အင်္ဂါချို့တဲ့သူတွေ ကိုလည်း ကုသပေးမှာပါ။ ဆေးပေးဖို့လိုအပ်တဲ့သူကို (၁ဝ)ရက်စာလောက် အခမဲ့ပေးခဲ့မယ်။ ဆေးရုံကိုလွဲရမယ့်သူကိုတော့ နီးစပ်ရာဆေးရုံကို လွဲခဲ့ပေးမှာပါ” ဟု မြန်မာနိုင်ငံကိုယ် အင်္ဂါမသန်စွမ်းသူများအသင်း အထွေထွေအတွင်းရေးမှူးဦးအေးကိုကို ကပြောသည်။

ပုဂံမြို့သစ် ဟိုတယ်ဇုန်စီမံကိန်းကြောင့် ဇုန်(၄)အနီးတွင် မြေတစ်ဧက သိန်း(၂၀၀)၀န်းကျင်ရောက်


ညောင်ဦးမြိုနယ် ပုဂံမြိုသစ် တောင်ဘက်ဇုန်(၄)တွင် ဟိုတယ်စီမံကိန်းချခြင်းကြောင့် ပုဂံမြို့သစ်ရှိ အိမ်ခြံမြေဈေး   မြင့်တက်လာကြောင်း   ဒေသခံများထံက သိရှိရသည်။

မြိုသစ်နှင့်ဇုန်(၄)အကြားရှိ လယ်ယာမြေများအား လုပ်ငန်းရှင်ကြီးများမှ အားလုံးနီးပါးဝယ်ယူသွားပြီး မြေဈေး မှာလည်း မြင့်တက်လျှက်ရှိနေသည်။

မန္တလေးတွင် လ.၀.က သတ်မှတ်ချက်အရ အိန္ဒိယ-ဗမာ များနေ


မန္တလေးမြို့တွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင်၊ဟိန္ဒူဘာသာဝင်များအား လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်အသစ်ပြန် လည်ပြုလုပ်ခိုင်းပြီး၊  အိန္ဒိယ- ဗမာ ဟု သတ်မှတ်ခြင်းများရှိနေကြောင်း မြို့ခံများက ဆိုသည်။

အစ္စလာမ်ဘာသာဝင် ဗမာအမျိုးသမီးတစ်ဦး၏မှတ်ပုံတင်အား လူမျိုးအမည်ပြန်လည်ပြင်ဆင်ပြောင်းလဲရန်အတွက် မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်အသစ်ပြန်လည် ပြုလုပ်ခိုင်းခဲ့သည်ဟု ကာယကံရှင် မတင်တင်ရီက  ဆိုသည်။

မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်သော အဆိုကို အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်း


တက္ကသိုလ်တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများအတွက် မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်ရန် သီးခြား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်း အဆိုကို ၂ဝ၁၂ခုနှစ် သြဂုတ်လ ၃ဝရက်နေ့၊ အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

'' ဆယ်တန်းအောင်ပြီး ကိုယ်ကြိုက်တဲ့ တက္ကသိုလ်တက်နိုင်ဖို့ကို ဆယ်တန်းအမှတ်စာရင်းကို မကြည့်တော့ဘဲနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲထပ်ဖြေဖို့ ဦးနုကအဆိုတင်သွင်းတာပေါ့ ဒီကိစ္စကိုလာမယ့် နှစ်ဆိုရင်တော့ အကောင်အထည်ဖော်ဖြစ်မယ် ထင်ရတယ်။'' ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် အာမခံသည့် (၈)လ သင်တန်း


ကြယ်ငါးပွင့်ဟိုတယ်ကြီးများနှင့် ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် ရာခိုင်နှုန်းပြည့် အာမခံသည့် (၈)လ သင်တန်းအား လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းအား မလေးရှားနိုင်ငံအခြေစိုက် Green City International College တွင် တက်ရောက် သင်ကြားရ  မည်ဖြစ်ပြီး ကျောင်းလခအနေဖြင့် ဗီဇာကြေး၊ နေထိုင်စားသောက်မူစရိတ် အပါဝင် မလေးရှားရင်းဂစ် (၁၆၂၃ဝ)ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက Carnival Cruise Lines, Celebrity Cruises, Holland America Line, Princess Cruises, P & O Cruises, Royal Caribbean Cruise Ltd, Star Cruise နှင့် အခြားနာမည်ကြီး သဘောင်္ကြီးများတွင် အလုပ်လုပ်ကိုင် ခွင့်ရနိုင်မည်ဖြစ်ကြောင်း သိရသည်။

စစ်တက္ကသိုလ်နယ်မြေတွင်းရှိ အိမ်ခြေနှစ်ရာကျော် ဒုကျောင်းအုပ်မှ ပြောင်းရက်ရွှေ့ဆိုင်းပေး



သြဂုတ်လပိုင်း အပြီးပြောင်းရွှေ့ပေးခိုင်းသည့် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်နယ်မြေတွင်းရှိ အိမ်ခြေနှစ်ရာကျော် ဒုကျောင်းအုပ်မှ ရက်ရွှေ့ဆိုင်းပေးခဲ့ကြောင်း သိရသည်။

''ကျောင်းအုပ်က ကလေးတွေရဲ့ ပညာရေးကိုထောက်ထားပြီး အခုသြဂုတ်လမှာ မပြောင်းခိုင်း   တော့ပါဘူး။   နွေရာသီကျောင်းပိတ်ရာသီရောက်မှပြောင်းရမှာပါ''ဟု အဆိုပါနယ်မြေတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

ပြည်တွင်း ဓာတ်ဆီဈေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်


ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာမှုနှင့် အတူ ပြည်တွင်း ဓာတ်ဆီဈေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံက သိရှိရသည်။

 ဓါတ်ဆီတစ်ပေပါကိုငါးသောင်းကျော်တက်သွားတာနည်းတာမှမဟုတ်တာပဲ။ ဒီလိုဈေးတက်သွားတာကလည်း တစ်နိုင်ငံထဲမှမဟုတ်တာ ကမ္ဘာ့ဈေးကွက်မှာကိုက တက်သွားတာ။ ဒီကိစ္စတွေက ကမ္ဘာ့စီးပွားရေအခြေအနေပေါ်မှာလည်း မူတည်နေတာကိုးဟု ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ခုမှ အရောင်းတာဝန်ခံ ကိုစိုးသူက ၎င်း၏အမြင်ကို ပြောသည်။

တောင်ပြုန်းပွဲတော် ဆိုင်ခန်းငှားခများ ငါးဆ မြှင့်တက်

မန္တလေး (မဇ္ဈိမ) ။       ။ နှစ်စဉ် ဝါခေါင်လတိုင်း အမရပူရမြို့နယ်တွင် ကျင်းပလေ့ရှိသော တောင်ပြုန်း နတ်ပွဲတော်၌ ယခုနှစ် ဈေးဆိုင်ခန်းများ ငှားရမ်းခမှာ ယမန်နှစ်ကထက် ငါးဆ မြင့်တက်ခဲ့သည်။

၂ဝ၁၁ ခုနှစ်က အစားအသောက်၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်ခန်း တခန်းလျှင် ပွဲတော် ကျင်းပသည့် သီတင်းတပတ်စာအတွက် ကျသင့်ငွေ ခြောက်သောင်းကျပ်သာ ရှိရာမှ ယခုနှစ်တွင် ကျပ်သုံးသိန်းအထိ
မြင့်တက်သွားသည်။

ဖားကန့်တွင် ဆက်ကြေး ကောက်ခံခြင်း မရှိဟု KIO ငြင်းဆို

ချင်းမိုင်(မဇ္စျိမ) ။       ။ ဖားကန့်မြို့နယ်တွင် အတင်းအဓမ္မ ဆက်ကြေး ဆက်ကောက်ခံခြင်း မရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ မှ အရာရှိ တဦးက ငြင်းဆိုလိုက်သည်။

KIA က ဖားကန့်နယ်မြေအတွင်း ဇန်နဝါရီမှ မေလထိ အတင်းအဓမ္မ ဆက်ကြေး ကောက်ခံမှု သုံးကြိမ် ပြုလုပ်ခဲ့သည့် အပြင် အဓမ္မ လူသစ် ဖမ်းဆီးခြင်းများကို ပြုလုပ်လျက်ရှိပြီး သြဂုတ်လတွင်လည်း ဆက်ကြေး ဆက်လက် ကောက်ခံနေ သည်ဟု အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက်ကို တုန့်ပြန်ပြောဆိုလိုက်
ခြင်း ဖြစ်သည်။

အိန္ဒိယ အရှေ့မြောက်မှ ကုမ္ပဏီများ မြန်မာ လုပ်ငန်းရှင်များနှင့်တွေ့

ရန်ကုန် (မဇ္ဈိမ) ။       ။ ဖက်စပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်များမှ ကုမ္ပဏီ ၂၈ ခုနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ သြဂုတ်လ ၃ဝ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့၊ ကုန်သည်/စက်မှု အသင်းချုပ် (UMFCCI) ခန်းမ၌ ညနေ ၃ နာရီမှ ၅ နာရီအထိ ဆွေးနွေးခဲ့ကြခြင်း
ဖြစ်သည်။

မီဒီယာလွတ်လပ်ခွင့်အတွက် ၃၄ ချက် ကွန်ယက် တောင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာဂျာနယ်လစ်ကွန်ယက် MJN က စီစဉ်ပြုလုပ်သည့် မီဒီယာဥပဒေဆိုင်ရာ အလုပ်ရုံ
ဆွေးနွေးပွဲမှ သတင်းလွတ်လပ်ခွင့်အတွက် အချက် ၃၄ ချက် ရရှိခဲ့သည်ဟု သိရသည်။

အစိုးရတပ်များ ဆုတ်ပေးပါက နေရာမရွေး ဆွေးနွေးမည်ဟု KIO ပြော

ချင်းမိုင်(မဇ္စျိမ)။   ။ အစိုးရဘက်မှ တပ်များ ဆုတ်ခွာပေးပါက မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက်
တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး ဂျီးနောင် က ပြောသည်။  

ရခိုင်မှ အိုးအိမ်မဲ့ ဒုက္ခသည်များအား သြစတြေးလျ တိုက်ရိုက်ကူညီမည်

မဇ္ဈိမသတင်းဌာန ။        ။ သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူပေါင်း ၁၄,ဝဝဝ ခန့်အား လိုအပ်မည့် အခြေခံ ပစ္စည်းများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ အရေးပေါ် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကို မြန်မာနိုင်ငံသို့ ပေးအပ်မည် ဖြစ်သည်။

 အင်းလေဒေသပတ်ဝန်းကျင်တွင် ဟိုတယ်များ ပိုမိုလိုအပ်လာသည့်အတွက် ဟိုတယ်ဇုန်တစ်ခု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ


အင်းလေးဒေသပတ်ဝန်းကျင်တွင် ဟိုတယ်များ ပိုမိုလိုအပ်လာသည့်အတွက် ဟိုတယ်ဇုန်တစ်ခု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သိရှိရသည်။

 အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနမှ အကြီးကဲဖြစ်သူ Mr.Arifin Muh Hadi စစ်တွေမြို့သို့ ရောက်ရှိ၊ ဒေသဆိုင်ရာဝန်ကြီးများနှင့် တွေ့ဆုံ



အင်ဒိုနီးရှားနိုင်ငံမှ ရောက်ရှိလာသူများ
အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနမှ အကြီးကဲဖြစ်သူ Mr.Arifin Muh Hadi  နှင့်အဖွဲ့သည် သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး ဒေသဆိုင်ရာဝန်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။ 

 ကချင်ပြည်နယ်တွင် ယုဇနကုမ္ပဏီမှ ပီလော်ပီနံ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်ဧက ၂၀၀၀၀၀ ကျော်အနက် ရွာခြောက်ရွာမှ ဒေသခံများ၏ လယ်မြေများအား ပြန်လည်ပေးအပ်ရန် ယာယီသဘောတူညီမှုရရှိ


၂၀၀၆ ခုနှစ်မှစ၍ ကချင်ပြည်နယ်တွင် ပီလောပီနံအား အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်ဧက ၂၀၀၀၀၀ ကျော်အနက် ကချင်ပြည်နယ်ရှိ ရွာခြောက်ရွာမှ ဒေသခံများ၏ လယ်မြေများအား ပြန်ပေးရန် ယုဇနကုမ္ပဏီနှင့် ဒေသခံရွာသားများ ယာယီ သဘောတူညီမှု ရရှိခဲ့ကြောင်း ဒေသခံများ အရေးဆောင်ရွက်ပေးလျက်ရှိသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင် ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

 မောင်တော ဆူပူအကြမ်းဘက်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ဒေါက်တာထွန်းအောင်(ခ) နူရာဟတ်အား နိုင်ငံခြားငွေမှုဖြင့် ထောင်ဒဏ် ချမှတ်

မောင်တော ဆူပူအကြမ်းဘက်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ဒေါက်တာထွန်းအောင်(ခ) နူရာဟတ်အား ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားငွေလှဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေပုဒ်မ -၂၄ (၁) ကိုကျူးလွန်ကြောင်း ၀န်ခံသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်ကျခံစေရန် သြဂုတ်လ (၃၀) ရက်နေ့က စစ်တွေ ခရိုင်တရားရုံးမှ အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

 တညင်းကုန် အုတ်စက်ရုံအား MOTHER TRADING မှ လွှဲပြောင်းရယူ ၊ လုပ်သားဝန်ထမ်းများအနေဖြင့် နေထိုင်ရေးအတွက် အခတ်အခဲဖြစ်ပေါ်နေ


danyingone


စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အမှတ် (၃)အကြီးစား စက်မှုလုပ်ငန်းလက်အောက်ရှိ အင်းစိန်မြို့နယ် တညင်းကုန်း အုတ်ထုတ်လုပ်ရေးစက်ရုံအား MOTHER TRADING ကုမ္ပဏီမှ စက်တင် ဘာလ ၁ ရက်နေ့မှစ၍ လွှဲပြောင်းရယူမည်ဖြစ်သောကြောင့် စက်ရုံအတွင်း လုပ်ကိုင်လျှက်ရှိသော နေ့စားလုပ်သားများနှင့် အစိုးရ၀န်ထမ်းများအနေဖြင့် နေထိုင်ရန် အခတ်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိသည်။
"အခုဟာက သူတို့က စက်ရုံနဲ့ ပတ်သတ်တဲ့ အရာတွေ အားလုံးကို လွှဲပြောင်းတယ်ဆိုပြီး စက်ရုံဝန်းထဲမှာ ကိုယ်ဘာသာကိုယ် တဲထိုးနေရတဲ့ အစိုးရ၀န်ထမ်းတွေကိုပါ ပြောင်းရွှေ့ခိုင်းတော့ ဘယ်နေရာမှာ သွားနေရာမှာလဲ။ နောက်ပြီး အစိုးရလစာနဲ့က ဘယ်လိုမှ အိမ်ဝယ်နိုင်ဖို့လည်းဖြစ်လာနိုင်မှာ မဟုတ်ဘူး။ နောက်ပြီး အခုလို နေနိုင်အောင်လည်း ကိုယ်ဘာသာကိုယ် အိမ်ဆောက်ပြီး နေခဲ့ရတာပါ။ ကျွန်တော်တို့ကတော့ အစားထိုး မြေနေရာ ပြန်မရမချင်းတော့ ပြောင်းရွှေ့ပေးမှာ မဟုတ်ဘူး" ဟု လုပ်သက် ၂၀ ကျော်ရှိ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ တညင်းကုန် အုတ်ထုတ်လုပ်ရေးစက်ရုံမှ အရာရှိများအား သွားရောက် မေးမြန်းခဲ့ရာတွင် အထက်က ညွှန်ကြားချက်အရ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
တညင်းကုန် အုတ်ထုတ်လုပ်ရေး စက်ရုံဝင်းအတွင်း နေထိုင်လျှက်ရှိသော နေ့စားမိသားစုများနှင့် အစိုးရ၀န်ထမ်း အိမ်ထောင် စုပေါင်း ၃၀၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။
"အုတ်ထုတ်လုပ်တာကို ရပ်ဆိုင်းထားတာ လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းကပါ။ နောက်ပြီး အခုလို ဗြန်းစားကြီးချက်ချင်း ပြောင်းရမယ် ရွှေ့ရမယ်ဆိုတော့ ဘာနဲ့ရွှေ့ပြောင်းရမှာလဲ။ ဘယ်နေရာမှာ သွားနေရမှာလဲ"ဟု နေ့ စား အလုပ်သမားအဖြစ် လုပ်ကိုင်လျှက်ရှိသော ကိုငယ်လေး၏ ပြောကြားချက်အရသိရသည်။
တညင်းကုန်း အုတ်စက်ရုံအတွင်း နေထိုင်လျှက်ရှိသော လုပ်သားဝန်ထမ်းအိမ်ယာများအား သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အပြီး ရှင်းလင်းမှုများ ပြုလုပ်ရန် စက်ရုံတာဝန်ရှိသူများနှင့် လွှဲပြောင်းရယူမည့် ကုမ္ပဏီဘက်မှ ညွှန်ကြားထားကြောင်းလည်း သိရသည်။
တညင်းကုန်းအုတ်ဖုတ်စက်  အမှတ် ၁ အားတွေ့ရစဉ်
စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အမှတ် (၃)အကြီးစား စက်မှုလုပ်ငန်းလက်အောက်ရှိ အင်းစိန်မြို့နယ် တညင်းကုန်း အုတ်ထုတ်လုပ်ရေးစက်ရုံအား MOTHER TRADING ကုမ္ပဏီမှ စက်တင် ဘာလ ၁ ရက်နေ့မှစ၍ လွှဲပြောင်းရယူမည်ဖြစ်သောကြောင့် စက်ရုံအတွင်း လုပ်ကိုင်လျှက်ရှိသော နေ့စားလုပ်သားများနှင့် အစိုးရ၀န်ထမ်းများအနေဖြင့် နေထိုင်ရန် အခတ်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိသည်။

မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုက အမျိုးသားတစ်ဦးအား ဓားဖြင့် ၀ိုင်းဝန်းခုတ်သတ်ခဲ့သည့်ဖြစ်စဉ်မှ ထွက်ပြေးတိမ်ရှောင်နေသော ကျူးလွန်သူတစ်ဦးထပ်မံ ဖမ်းဆီးရမိ


မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူအုပ်စုတစ်စုက အမျိုးသားတစ်ဦးအား ဓားဖြင့်ဝိုင်းဝန်း ခုတ်သတ်ခဲ့သည့်ဖြစ်စဉ်မှ ထွက်ပြေးတိမ်းရှောင်နေသော ကျူးလွန်သူတစ်ဦးထပ်မံ ဖမ်းဆီးရမိကာ စစ်ဆေးလျက်ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ၉၂-ပါဂျောင်ရှင်းတမ်း သတင်းစာရှင်းလင်းပွဲပြုလုပ်


ABSDF1
မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(မြောက်ပိုင်း) ကျောင်းသား ရဲဘော်ဟောင်းများမှ ရှင်းလင်းပြောကြားနေစဉ်
မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ၉၂-ပါဂျောင်ရှင်း တမ်းသတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၃၁ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။  

 တရုတ်ပြည် နောင်တောင်းရှိ နာကောင်းကောင်စခန်းမှ ဒုက္ခသည်များအား ကချင်ပြည်နယ်အတွင်းသို့ မိုးရာသီကုန်မှ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိ


တရုတ်ပြည်ရှိ ကချင်ဒုက္ခသည်များ သြဂုတ်လ၂၀ရက်နေ့က ပြောင်းရွှေ့နေသည်ကို တွေ့ရစဉ် Photo - WPN
တရုတ်ပြည် နောင်တောင်းမြို့အနီးတ၀ိုက်ရှိ ကယ်ဆယ်ရေးစခန်းများအနက် နာကောင်းကောင် (Na Kawng Kawng )စခန်းမှ ကချင်ဒုက္ခသည်များအား မိုးရာသီကုန်မှ နေရပ်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်း ရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ 

 ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန အရေအတွက် ပြင်ဆင်ခြင်းနှင့် ပြည်ထောင်စုဝန်ကြီးဦးရေ တိုး/လျော့ခြင်းများ ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စု လွှတ်တော်နာယကထံသို့ သ၀ဏ်လွှာပေးပို့

ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန အရေအတွက် ပြင်ဆင်ခြင်းနှင့် ပြည်ထောင်စုဝန်ကြီးဦးရေ တိုး/လျော့ခြင်းများ ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စု လွှတ်တော်နာယကထံသို့ သြဂုတ်လ ၂၉ရက်နေ့နှင့် သြဂုတ်လ ၃၁ရက်နေ့ ရက်စွဲများဖြင့် သ၀ဏ်လွှာများပေးပို့ ခဲ့ကြောင်း သိရသည်။

 ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံသို့ ရောက်ရှိ


ဒေါက်တာနိုင်အောင် အပါအ၀င်သုံးဦးသည် သမ္မတ၏ ဖိတ်ကြားချက်အပေါ် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ စီစဉ်ပေးချက်အရ နိုင်ငံတော်သမ္မတ အပါအ၀င် အခြားတွေ့သင့်တွေ့ထိုက်သော ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလေ့လာရေး ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။  

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ ပြန်လည်သုံးသပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်နှင့် ဆွေးနွေး


မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ ပြန်လည်သုံးသပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (International Commission of Jurists-ICJ)နှင့် ပြည်ထောင်စုရှေ့ နေချုပ်တို့ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပြည်ပရောက် အတိုက်အခံခေါင်းဆောင်များ မြန်မာနိုင်ငံ ရောက်ရှိ



2012-08-31
ပြည်ပရောက်ထင်ရှားတဲ့ နိုင်ငံရေးအတိုက်အခံ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းနဲ့ ဦးညိုအုန်းမြင့်တို့ဟာ နှစ်ပေါင်း နှစ်ဆယ့်လေးနှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ထိုင်းလေကြောင်းနဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်က ပြည်ပရောက် နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင် ဒေါက်တာနိုင်အောင် (ယာ) ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို



2012-08-31
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဟာ ယခင်စစ်အစိုးရ လက်ထက် နောက်ဆုံးသက်တမ်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (၂) ခုကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ဝန်ကြီးအဖြစ် ဦးဆောင် လုပ်ကိုင်ခဲ့တာပါ။

ဒုက္ခသည်များ ပြန်လည်နေရာချထားရေး လူတွေ့စစ်ဆေးမှု စတင်တော့မည်



2012-08-31
အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဟိုတယ်တစ်ခုမှာ လူတွေ့စစ်ဆေးမှုတွေ ဒီသီတင်းပတ်ထဲမှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး အဲဒီမှာ လက်ဗွေနှိပ်တာတွေကိုပါ တခါတည်း ဆောင်ရွက်မယ်လို့ ဘန်ကောက်မြို့ အမေရိကန်သံရုံးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှု သတင်းစာရှင်းလင်းပွဲ ပြုလုပ်



2012-08-31
၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ လိုင်စင်စခန်း ဌာနချုပ်မှာ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တပ်ဖွဲ့ဝင် အမြောက်အများ ရက်စက်စွာ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲနှင့်အဖွဲ့ စစ်တွေမြို့ကို ရောက်ရှိ



2012-08-30
အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲ မစ္စတာ အာရီမူဟာဒီ ဦးဆောင်တဲ့ ၆ ဦးပါ ကူညီရေးအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီဖို့အတွက် ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီဝင် ဦးမျိုးသန့်က RFA ကို အတည်ပြု ပြောပါတယ်။

KIA နှင့်အစိုးရတပ်တိုက်ပွဲ ယမ်းဂိုဒေါင် ပြင်းထန်စွာပေါက်ကွဲမှုဖြစ်



2012-08-30
အစိုးရတပ်နဲ့ KIA တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းကုမ္ပဏီတစ်ခုက ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းဂိုဒေါင်တစ်ခု မနေ့က မီးလောင်ပြီး ပြင်းထန်စွာ ပေါက်ကွဲခဲ့တဲ့ အတွက် ဒေသခံ ပြည်သူတွေကြားမှာ ထိတ်လန့် တုန်လှုပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဖားကန့် ကုလားမှော် ကျေးရွာအနီးမှာရှိတဲ့ “ဝေ" ကျောက်မျက်ကုမ္ပဏီနားမှာ အစိုးရတပ်နဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်နေချိန် KIA ဘက်က ပစ်လိုက်တဲ့ လက်နက်ထိမှန်ပြီး အခုလို ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တိုက်တွန်း



2012-08-30
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
photo courtesy of Kachinnet.net
ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။