Sunday, September 2, 2012

ကိုယ်ကျိုးစီးပွား ကာလွန်းလျှင် ရင်းနှီးမြှုပ်နှံမှု အလာနည်းမည်


လွှတ်တော်တွင် ရေးဆွဲနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ကိုယ်ကျိုးစီးပွား ကာကွယ်သည့်အပိုဒ်များ ထည့်သွင်းလာနေသောကြောင့် အတည်ပြုပြဌာန်းမည့် ယင်းဥပဒေသည် မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ထားသော ထိပ်သီးစီးပွားရေးသမားများကိုသာ အကျိုးဖြစ်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်သူများကို ဆွဲဆောင်မှု နည်းစေမည်ဟု ဝေဖန်နေကြသည်။

ရခိုင် လယ်ယာမြေ စစ်ဆေးရေး ကော်မရှင် တာဝန်ခံ နေရာမှ တိုင်းမှူးဟောင်း ဦးမောင်ဦး ဖယ်ရှားခံရ

ရခိုင်ပြည်နယ် အသိမ်းခံထားရသော လယ်ယာမြေနှင့် တစ်ခြားမြေများ သိမ်းဆည်းခံရမူ စုံစမ်းရေး ကော်မရှင်တွင်  ယခင် အနောက်ပိုင်းတိုင်း တိုင်းမှူးလည်းဖြစ်၊ ပြည်ထဲရေး ၀န်ကြီးဟောင်းလည်း ဖြစ်သူ ဦးမောင်ဦးအား တာဝန်ခံ အဖြစ် ခန့်အပ်ထားရာ ယင်းသို့ ခန့်အပ်ရာမှာ မသင့်တော်ဟု ရခိုင် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် ယခုအခါ တစ်ခြား တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးဖြင့် ၎င်းနေရာကို အစားထိုး တာဝန် ပေးအပ်လိုက်သည်ဟု သတင်း ရရှိသည်။

(ဗ)အက္ခရာ ယာဉ်ဟောင်းများ စက်တင်ဘာ ၅ ရက်တွင် လက်ခံမည်


အစိုးရသစ် လက်ထက် ယာဉ်အို ယာဉ်ဟောင်း အပ်နှံရေး စီမံချက် အရ လာမည့် စက်တင်ဘာလ ၅ ရက်မှ နေ့စပြီးပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် (ဗ)အက္ခရာ ယာဉ်များကို စတင် အပ်နှံနိုင် မည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန် ကြေညာ ချက်အရ သိရသည်။

ဆင်းမ်ကတ်ကို ဝယ်ယူသည့် နေရာတွင် မဖြစ်မနေ ချိုးရန် မလိုတော့


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြည်တွင်း အသုံးပြုနေသော မိုဘိုင်းဖုန်းများ အားလုံးကို Local Roaming စနစ် ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ယင်း လုပ်ငန်း၏ မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ်က ပြောသည်။ လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများသည် ယခုကဲ့သို့ Local Roaming စနစ် မဖွင့်ပေးမီက ဆင်းမ်ကတ်ကို မချိုးရသေးဘဲနှင့် အခြား နေရာဒေသများသို့ သယ်ဆောင် အသုံးမပြုနိုင်ခဲ့ပေ။

ရှေးဟောင်းမြို့များ ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်း ရာတွင် အခက် အခဲရှိနေ

ရှေးဟောင်းမြို့များ ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်း ရာတွင် အခက် အခဲရှိနေ
မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ် များကို ကမ္ဘာ့ အမွေ အနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် အဆင့်ဆင့်၌ အတွေ့အကြုံ အား နည်းခြင်းနှင့် လုပ်ကိုင် ဆောင်ရွက်ရသည့် အချိန်ကာလ တိုတောင်းခြင်းတို့ 
ကြုံတွေ့နေရကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင် က ပြောသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်း ကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်းကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း အုတ်စက်ရုံအား ပုဂ္ဂလိက သို့ စက်တင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းမည် ဖြစ်သော်လည်း လုပ်သက်ရင့် စက်ရုံ ဝန်ထမ်း များမှာ ပင်စင်လစာ အပါအ၀င် ခံစားခွင့် လျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခြင်း 
မရှိကြောင်း စက်ရုံ လုပ်သားများက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အား လက်ပွေ့ရောင်းချလာသည်အထိ ရောင်းအားမြင့်တက်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်အား လက်ပွေ့ရောင်းချလာသည်အထိ ရောင်းအားမြင့်တက်လျှက်ရှိပြီး ရန်ကုန်စာအုပ်ဈေးကွက်အတွင်းတွင်လည်း  ၀ယ်လိုအားမြင့်တက်လျှက်ရှိကြောင်း သိရှိရသည်။

သမ္မတထံစာတင်သည့် ဆင်ပေါင်ဝဲတောင်သူများအား စစ်တပ်က ခေါ်ယူမေးမြန်း


 ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စစ်တပ်သိမ်းယူထားသောမြေများအားပြန်လည်လုပ်ကိုင်လိုမှုဖြင့် သမ္မတထံအသနား ခံ စာတင်ထားသော ဒေသခံများအား စစ်တပ်ကခေါ်ယူမေးမြန်းခဲ့ကြောင်း ကာယကံရှင်များထံက သိရသည်။

လွှတ်တော်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ အချိန်မကုန်သင့်ဟု အင်အားကြီးပါတီများ သုံးသပ်


 မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရာတွင် သဘောထားကွဲလွဲခြင်း ၊မတိုက်ဆိုင်ခြင်းများ ဖြစ်ပေါ်တတ်သော်လည်း လွှတ်တော်အတွင်းတွင် ဖြစ်ပေါ်နေသော ခုံရုံးကိစ္စနှင့်ပတ်သက်ပြီး ရေရှည်ဆက်လက် အငြင်းပွားခြင်း   မဖြစ်ပေါ်သင့်ကြောင်း   နိုင်ငံရေးပါတီအချို့က သုံးသပ်သည်။

ဆန္ဒပြလိုသည့်စက်ရုံလုပ်သားများ နည်းဥပဒေအရ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခွင့်ရ


ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံအလုပ်သမားများအနေဖြင့် နည်းဥပဒေအရ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခွင့် ရရှိပြီဖြစ်သည်။

အလုပ်သမားအခွင့်အရေးများတောင်းဆိုရန်အတွက် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ် စက်တင် ဘာလ(၂) ရက်နေ့၌ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်သည်။

ဗြိတိသျှကောင်စီ၏ အင်္ဂလိပ်စာသင်ကြားရေး ရုပ်မြင်သံကြားအစီအစဉ် MRTV-4 တွင်ပြမည်


ဗြိတိသျှကောင်စီ နှင့် ဘီဘီစီ ပါရှင်းဘာသာဌာနတို့ ပူးတွဲပြုစု၍ရိုက်ကူးထုတ်လုပ်ထားသည့် Word on the Street ဟု အမည်ပေးထားသောအင်္ဂလိပ်ဘာသာစကား သင်ကြားရေး စိတ်ပါဝင်စားဖွယ်ရာရုပ်မြင်သံကြားအစီအစဉ်သစ်တစ်ခုကိုMRTV-4   နှင့် For Edu ရုပ်သံလိုင်းများမှ ယခုနှစ်မကုန်မီတွင် ပြသမည်ဖြစ်ကြောင်းဗြိတိသျှကောင်စီ သတင်းထုတ်ပြန်ထားပါသည်။

ထိုင်းသို့ အလုပ်သမား စေလွှတ်ခွင့်ရ ကုမ္ပဏီများ နယ်စပ်တွင် ရုံးဖွင့်ရမည်

ရန်ကုန် (မဇ္ဈိမ)။      ။ အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ခွင့် ရသည့် ကုမ္ပဏီများ အနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ရုံးခွဲများ ဖွင့်လှစ်ထားရမည်ဖြစ်သည်ဟု ပြည်ပ အလုပ်အကိုင် ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံလိုသော်လည်း ဥပဒေသစ် ဒိန်းမတ် ဘဝင်မကျသေး

ရန်ကုန် (မဇ္ဈိမ)။            ။ ဒိန်းမတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစား ရှိလှသော်လည်း ရေးဆွဲနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အပေါ် အားမလိုအားမရ
ဖြစ်နေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး Mr. Mikael Hemniti Winther က ပြောဆိုလိုက်သည်။

သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်သည့် ဒိန်းမတ်နှင့် မြန်မာ လုပ်ငန်းရှင်များ ဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း
ဖြစ်သည်။

လှည်းတန်း ခုံးကျော်တံတား ၂၀၁၃ သင်္ကြန် မတိုင်မီ ပြီးမည်မှန်း

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့ရှိ လမ်းမကြီး ငါးလမ်း ဆုံရာ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံတွင် ကားလမ်း ခုံးကျော်တံတားတစင်း တည်ဆောက်လျက်ရှိရာ ၂၀၁၃ ခုနှစ်၊ ဧပြီလ သင်္ကြန်မတိုင်ခင် ပြီးစီးမည်ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

MPU ကတ်များ စသုံးတော့မည်၊ Network ကို ဖိုင်ဘာလိုင်းဖြင့် ချိတ်မည်

ရန်ကုန် (မဇ္ဈိမ)။   ။ Myanmar Payment Union (MPU) ကတ်များကို စက်တင်္ဘာလ ၁၅ ရက်နေ့တွင် စတင် သုံးစွဲမည်ဖြစ်ပြီး ဘဏ်အချင်းချင်း ချိတ်ဆက်ထားသည့် Network (ကွန်ယက်)ကို ဖိုင်ဘာလိုင်းဖြင့် ချိတ်ဆက်မည်ဟု MPU စနစ်ကို အသုံးပြုမည့် ဘဏ်များက ဆိုသည်။

 မကွေးမြို့ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ထားသော DVB သတင်းထောက်၏ အမှုတွဲကို စက်တင်ဘာလ ၃ ရက်နေ့၌ တရားရုံးတင် စစ်ဆေးမည်ဟု သိရ

DVB သတင်းဌာနမှ မကွေးသတင်းထောက် ဦးဇော်ဖေ ခေါ် ဦးသူရသက်တင် အသက် ၄၀ နှစ် နှင့် ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးလှိုင်လှိုင် ခေါ် ဦးဝင်းမြင့်လှိုင် အသက် ၄၁ နှစ်တို့အား ပုဒ်မ ၃၅၃ တာဝန် ၀တ္တရားနှောင့်ယှက်မှု၊ ပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် မကွေးမြို့၊ အမှတ်(၁) ရဲစခန်း၌ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယ တိုင်းပညာရေးမှူးက အမှုဖွင့်ထားသည့်အမှုတွဲအား စက်တင်ဘာလ ၃ရက် တနင်္လာနေ့တွင် မကွေးမြို့နယ် တရားရုံးမှ စစ်ဆေးမည်ဟု သိရှိရပါသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ၀င်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း အင်ဒိုနီးရှား သမ္မတအကြံပေးကောင်စီ ပြောကြား


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းကို အင်ဒိုနီးရှားနိုင်ငံသမ္မတ၏ အကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် Dr.N.Hahassan Wirajuda က ပြောကြားခဲ့ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေးသင့်ပြည်သူများအား ကျပ်သိန်း ၂၀ လှူဒါန်း



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ ရေဘေးသင့်ရပ်ကွက်နှစ်ခုမှ ပြည်သူများအတွက် ကျန်းမာရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း ၂၀ ကို စက်တင်ဘာလ ၁ ရက်နေ့က လာရောက်လှူဒါန်းခဲ့သည်။

 ရှင်းစရာရှိတာတွေကို အရင်မရှင်းဘဲ လက်ဝါးချင်းရိုက်ပြီးပြန်လာတာလို့ပဲမြင်ပါတယ် ( ABSDF တောင်ပိုင်းစခန်းတွင် တပ်မတော်ထောက်လှမ်းရေးမှဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသူ ကိုစိုးလင်းနှင့်တွေ့ဆုံခြင်း)


ksl1
ကိုမင်းလွင်၊ ကိုစိုးလင်း(အနကလ)နှင့် ကိုဇာနည်အောင်တို့ကို Eleven Media Group ၏ ၁၁-၁၁-၁၁ (၁) ခြောက်လုံး ဆုံသည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်

 လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအကြား အငြင်းပွားမှု ပြင်းထန်နေချိန်တွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာ

လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးအကြား အငြင်းပွားမှု ပြင်းထန်နေချိန်တွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာသည်ကို တွေ့ရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေး သွားရောက်ကူညီ



2012-09-01
မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခ ရဲ့အကြောင်းရင်းတွေကို ရှာဖွေပြီး ရေတိုရေရှည် အစီအစဉ်တွေ ဆောင်ရွက်ဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
AFP
ဧရာဝတီတိုင်း ပုသိမ်မြို့ ရေဘေးဒုက္ခသည်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က သွားရောက်တွေ့ဆုံနေစဉ်။

ရင်းနှီးမြုပ်နှံမှုနဲ့ သဘာ၀၀န်းကျင် ပြောင်းလဲခြင်းဆိုင်ရာ ချင်းမိုင်ဆွေးနွေးပွဲ



2012-09-01
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့နိုင်ငံ ရင်းနှီးမြုပ်နှံမှု အကြောင်းနဲ့ နိုင်ငံခြား မီဒီယာတွေက စိတ်ပါဝင်စားသူတွေဟာ သြဂုတ်လ ၃၁ ရက် နေ့ မနေ့က ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
RFA
မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲခြင်း ခေါင်းစဉ်နှင့် မြန်မာ့နိုင်ငံ ရင်းနှီးမြုပ်နှံမှုအကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ တာဝန်ခံ ကိုစိုင်းစိုင်း ဆွေးနွေးနေစဉ်။

NLD ပါတီလှုပ်ရှားမှုအပေါ် ရွေးကောက်ပွဲကော်မရှင် ခေါ်ယူဆွေးနွေး



2012-09-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့လှုပ်ရှားဆောင်ရွက်မှုတွေ ဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ အတွက် ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မညီညွတ်တာတွေ ရှိနေလို့ လာရောက်ဆွေးနွေး ဖို့ ဖိတ်ခေါ်တာ ကြောင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းတို့ဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ကို မနေ့မနက်ပိုင်းက နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
Photo courtesy of NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များအား ရှင်းလင်းနေစဉ်။

ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ (၇) ရန်ကုန်ရောက်ရှိ



2012-09-01
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ အပါအ၀င် ပြည်ပရောက် အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူ (၇) ဦးဟာ (၂၄) နှစ်တာအတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာခဲ့ ပါတယ်။
RFA
ကိုမိုးသီးဇွန်နှင့် ပြည်ပအတိုက်အခံနိုင်ငံရေး လှုပ်ရှားသူများ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်လေဆိပ် ကားတစင်းပေါ်ကနေ ပရိသတ်ကို နှုတ်ဆက်စကား ပြောကြားနေစဉ်။

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ် မရေရာသေး



2012-08-31
ထိုင်း ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်ဟာ မရေရာသေးဘူးလို့ The Nation သတင်းစာက ဖော်ပြပါတယ်။
သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်း ထားဝယ် စီမံကိန်းနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်မူကြမ်းကို နှစ်နိုင်ငံခေါင်းဆောင်တွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။