Tuesday, September 4, 2012

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ကျောက်တော်မြို့မှာ ဖွင့်လှစ်



2012-09-03
မကြာသေးခင်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။

တနိုင်ငံလုံးရှိ ကျောင်းသား သမဂ္ဂများနှင့် လက်တွဲရန် ရခိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ယာယီ) ဖွဲ့စည်း


ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တက္ကသိုလ်ကျောင်းသားများက တနိုင်ငံလုံးရှိ ကျောင်းသား သမဂ္ဂများ နှင့် လက်တွဲ၍ ကျောင်းသား အရေး ဆောင်ရွက်နိုင်ရန် ရခိုင်ပြည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ယာ ယီ) ကို ဖွဲ့စည်း လိုက်သည်။

www.yemintun86.com ပန်ကြားခြင်း

ကျွန်တော်လက်လှမ်းမှီသလောက်အားကစားသတင်းလေးတွေကိုဖတ်လို့ရမဲ့သတင်းဆိုဒ်လေးတခုတင်လိုက်ပါပြီလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်သူငယ်ချင်းတွေလဲမျှပေးဖို့တောင်းဆိုပါတယ်အားလုံးပဲကိုယ်စိတ်နစ်ဖြာကျန်းမာကြပါစေလို့www.yemintun86.comမှဆုတောင်းပေးပါတယ်

http://wwwyemintun21287.blogspot.com/

အမေရိကန်ဒေါ်လာ ပြည်တွင်းပေါက်ဈေး ၁၀ဝ၀ ကျပ်ထိ မရောက်ရှိနိုင်ဟုဆို


ဟားဗတ် တက္ကသိုလ်မှ ပညာရှင်များ က အမေရိကန် ဒေါ်လာသည် မြန်မာ ပြည်တွင် တန်ဖိုး ၁၃၀၀ နှင့် အထက်ရှိလျှင် စီးပွားရေးလုပ်ငန်းများ ပိုမို အဆင်ပြေနိုင်မည်ဟူ၍ ပြောကြားချက်အား ပြည်တွင်းဘဏ်လုပ်ငန်းမှ တာဝန်ရှိသူ ပညာရှင်များက ငြင်းဆိုခဲ့ ကြသည်။ အမေရိကန် ဒေါ်လာ တန်ဖိုးသည် ၁၀၀၀ကျပ်ထိမရောက်ရှိနိုင်ဟု ခန့်မှန်းပြောဆိုခဲ့ ပြီး ယခု ပေါက်ဈေးနှင့် ၉၅၀ ကျပ်ကြားတွင် သာလျှင် ပိုမို သင့် လျော်သော ပမာဏများ ဖြစ်သည်ဟု သိရသည်။

ထိုင်းအကြီးစား စက်မှု လုပ်ငန်းစုကြီး တစ်ခုက မြန်မာနှင့် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမည်


ထိုင်းနိုင်ငံ၏ အကြီးစား လျှပ်စစ်နှင့် စက်မှု လက်မှု ကုမ္ပဏီကြီး တစ်ခု ဖြစ်သော Hana Microelectronics PCL (HANA) အနေဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘော ဒီးယားနိုင်ငံ တို့တွင် လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ Hana အုပ်စု အနေဖြင့် မြန်မာနိုင်ငံတွင် General Electric ကဲ့သို့သော အမေရိကန် အကြီးစား လုပ်ငန်းစုများ လာရောက်ရင်းနှီးမြှုပ်နှံရန် တာစူနေသည်ကို သိရှိထားပြီး ၄င်းတို့နှင့်အပြိုင် ရင်းနှီးမြှုပ်နှံ သွားရန် လေ့လာမှု များပြုလုပ်နေသည်ဟု ဆိုသည်။

လှိုင်သာယာ စက်မှုဇုန် လုပ်သားများ ဆန္ဒပြ


လှိုင်သာယာ စက်မှုဇုန် လုပ်သားများ ဆန္ဒပြရန်ကုန်မြို့တော်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် များရှိ စက်ရုံ ၃၀ခန့်မှ အလုပ်သမား ၂၀၀ကျော် အလုပ်သမား အခွင့် အရေး အပြည့်အ၀ရရှိရေး အတွက်စက် တင်ဘာလ ၂ရက်နေ့ နံနက် ၉နာရီမှ ၁၁နာရီ အထိ ငြိမ်းချမ်းစွာ စုဝေး စီတန်း လှည့်လည် နေကြသည်ကို တွေ့ရစဉ်။ အဆိုပါ အလုပ်သမားများသည် လှိုင်သာယာမြို့နယ် ဘီအိုစီမှတ်တိုင်တွင် စတင်စုဝေးကာ ရန်ကုန်- ပုသိမ်လမ်း တစ်လျောက် စီတန်းလှည့်လည်ပြီး ဘုရားလမ်းမှတ်တိုင်၊ ဘုရားလမ်း မှတ်တိုင်မှတစ်ဆင့် ရုံးရှေ့မှတ်တိုင် ၊ယင်းမှ တစ်ဆင့် အောင်မြေသာယာဘုရား အနီး မြို့နယ် အားကစားကွင်းသို့ စီတန်းလှည့်လည်ခဲ့ကြသည်။

ဇာဂနာမှ မီဒီယာ သမားများသို့ စာပေးပို့ တောင်းပန်


ဇာဂနာမှ မီဒီယာ သမားများသို့ စာပေးပို့  တောင်းပန်ရန်ကုန် လေဆိပ်တွင် ဆဲဆိုခဲ့ခြင်း အပေါ် မီဒီယာ သမားများ သို့ တောင်းပန်ကြောင်းစာတစ်စောင့်ကို ဇာဂနာမှ အီးလ်မေးမှ တဆင့် ပေးပို့ခဲ့သည်။ ယင်းစာကို သတင်းဂျာနယ် တိုက်များနှင့် ဂျာနယ်လစ်ဆိုင်ရာအသင်းအဖွဲ့များသို့ ယနေ့ နေလည် ၃ နာရီကျော်က ပေးပို့ခဲ့ခြင်းဖြစ်သည်။ ပေးပို့သည့်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

တောင်သုသာန်သတင်းကြောင့် ကျောက်မဲတွင် အိမ်ခြံမြေဈေးတက်


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ တောင်သုသာန်ပြောင်းရွှေ့မည့်သတင်းများကြောင့်  ၄င်းပတ်ဝန်းကျင် အနီးမြေကွက်များမှာ ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိကြောင်း ဒေသခံများထံကသိရှိရသည်။

ဟုန်ပန်းကုမ္ပဏီမှ သိမ်းဆည်းခံလယ်မြေဧက တစ်ရာကျော်အတွက် ဒေသခံများ အသနားခံ


ပုဂံ ညောင်ဦးမြို့နယ် ဟိုတယ်ဇုန် (၄)အနောက်ဘက်ရှိ  လယ်ယာမြေဧကတစ်ရာကျော်အား ဟုန်ပန်းကုမ္ပဏီက သိမ်းယူထားသည့်ကိစ္စနှင့်ပတ်သက်၍လွှတ်တော်သို့ အသနားခံစာတင်ထားကြောင်း ဒေသခံများထံက သိရသည်။

သမ္မတကြီးရပ်တည်ချက်အား ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ဒုတိယနေ့အား ခွင့်မပြု


မန္တလေးမြို တော်တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ပြုလုပ်မည့် နိုင်ငံတော်သမ္မကြီး၏ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်သော ရပ်တည်ချက်ကို ထောက်ခံသည့်  အရှင်ဝီရသူ ဦးဆောင်သည့် သံဃာတော်များနှင့် မန္တလေးမြို့ ခံများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် မှုခွင့်ပြုမိန့်အား  ယနေ့ ပြန်လညရုပ်သိမ်းခံခဲ့ရကြောင်း မြို့ခံများထံက သိရှိရသည်။

ကချင်ပြည်နယ် ကျောက်စိမ်းဈေးကွက်ကို အမှီပြုနေသူများ ရပ်တည်ရန်ခက်ခဲလာ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း ကေအိုင်အိုနှင့် မြန်မာစစ်တပ်တော်နှစ်ဘက်အကြား စစ်ဖြစ် ပွားနေခြင်းကြောင့်   ကျောက်စိမ်းဈေးကွက်အား လှုပ်ခတ်ထိခိုက်စေသည်ဟု လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုနေသည်။

အမှိုက်သိမ်းစနစ်ညံ့ဖျင်းမှုကြောင့် အသက်ရှူလမ်းကြောင်းနှင့် အခြားရောဂါများ လွယ်ကူစွာဝင်ရောက်နိုင်


အမှိုက်သိမ်းစနစ်ညံ့ဖျင်းမှုကြောင့် ဖြစ်ပွားနိုင်သော ရောဂါများဒဏ်မှ ကာကွယ်ရန် စည်ပင်သာယာရေးဝန်ကြီးဋ္ဌာန အနေဖြင့် အမှိုက်သိမ်းဆည်းရာတွင် စနစ်တကျ ဆောင်ရွက်ပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုပြောဆို ကြသည်။

ရတနာပုံ နည်းပြချုပ်နှင့် လက်ထောက် ပွဲကြီးကြပ်ခွင့်ပိတ်ခံရ

ရန်ကုန် (မဇ္ဈိမ)။        ။ မြန်မာနေရှင်နယ်လိဂ် ဒိုင်လူကြီးများကို ဝေဖန်ပြောဆိုသည်ဟူသည့် စွပ်စွဲချက်ဖြင့် ရတနာပုံ အသင်းနည်းပြချုပ်နှင့် လက်ထောက်နည်းပြတို့နှစ်ဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး
ကော်မတီမှ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သလို ဒဏ်ငွေလည်း တပ်လိုက်သည်။ 

ရခိုင်လွတ်မြောက်ရေးပါတီ ပထမဆုံး ဆက်ဆံရေးရုံးဖွင့်လှစ်

စစ်တွေ (မဇ္ဈိမ) ။        ။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အစိုးရနှင့် လုပ်ကိုင်လျက်ရှိသော ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ (ALP) ၏ ဗွေဆော်ဦး ဆက်ဆံရေးရုံးတခုကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် တနင်္လာနေ့က ဖွင့်လှစ် လိုက်သည်။

ဂျပန်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများကို အထောက်အပံ့ပေးရန် စင်တာထောင်

ရန်ကုန် (မဇ္ဈိမ) ။        ။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံမည့်လုပ်ငန်းများနှင့် ရင်းနှီးမြုပ်နှံလိုသူ များကို အထောက်အကူပေးနိုင်ရေးအတွက် JETRO ရန်ကုန် ၏ Business Support Center (BSC) ကို သြဂုတ်လ ၃၁ ရက်နေ့ ညက ဆီဒိုးနား ဟိုတယ်တွင် ဖွင့်လှစ်ခဲ့သည်။

လုပ်ငန်းခွင်ဝင်မည့် ကျွဲ၊ နွားတို့အတွက် ကျန်းမားရေး စောင့်ရှောက်မှုပေးရန်ပြင်

ရန်ကုန် (မဇ္ဈိမ) ။         ။ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သော ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာလုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ကြတော့မည့် ကျွဲ၊ နွားတို့အတွက် ဆေးကုသမှုနှင့် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ တိရစ္ဆာန် ဆေးကုဆရာဝန်များအသင်းနှင့် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု မွေးမြူရေးနှင့် လုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာလှလှသိန်းက ပြောသည်။

ဝန်ကြီးများနှင့် ပြည်တော်ပြန်တို့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းရန် သဘောတူ

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်နှင့် သမ္မတရုံး ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း ဦးစိုးသိန်းတို့ တနင်္ဂနွေနေ့ တွေ့ဆုံမှုအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည် ဟု ကိုမိုးသီးဇွန်က ပြောသည်။

ကချင်မှာ အစိုးရတပ် အင်အားတိုး တိုက်ပွဲကြီးမှာကို စိုးရိမ်ကြပြီ

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ မြန်မာအစိုးရတပ်ဖွဲ့အင်အား နေ့စဉ် တိုးမြင့်ချလာ သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမလိုလို ဖြစ်နေမှုမှသည် တိုက်ပွဲကြီးများ ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လာနေကြသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ လူနည်းစုအတွက် မဟုတ်ဟုဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ စက်တင်ဘာ လထဲတွင် ထွက်ရှိလာမှာဖြစ်ပြီး လက်ဝါးကြီးအုပ် လူနည်းစု စီးပွားရေးလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို အကာကွယ်ပေးမည့် ဥပဒေ မဟုတ်ကြောင်း  အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဦးစီးဌာန ဒါရိုက်တာ ဦးကျော်ဇောမောင်က ပြောသည်။

ငါးထောင်တန်ငွေတု ကော့သောင်းမှာ မိပြန်ပြီ

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာငွေ ကျပ်ငါးထောင်တန် အတု သိန်း လေးဆယ်ကျော်ကို မြန်မာနိုင်ငံ တောင်ဘက် အစွန် ကော့သောင်းမြို့တွင် စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိကြောင်း ကော့သောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောသည်။

သမ္မတကို ထောက်ခံမှု တားမြစ်ခံရသော်လည်း ဆန္ဒဆက်ဖေါ်ထုတ်

ရန်ကုန် (မဇ္ဈိမ)။        ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ဆက်စပ်၍ သမ္မတ ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေး ပြောဆိုခဲ့မှုကို ထောက်ခံကြောင်း မန္တလေး လူထုနှင့် သံဃာတို့ ဒုတိယနေ့ ဆန္ဒထုတ်ဖေါ်မှု တားမြစ်ခံရသော်လည်း ဆက်လက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

သက်တမ်း ၄၀ ရှိ ဘောက်ထော်ဈေး အဆင်မြှင့်ရန်တင်ပြ

ရန်ကုန် (မဇ္ဈိမ) ။        ။ သက်တမ်း ၄၀ ခန့်ရှိပြီဖြစ်သော ရန်ကုန်မြို့ ရန်ကင်း ဘောက်ထော်ဈေးသည် ဈေးဆိုင်ခန်း များ ဟောင်းနွမ်းနေခြင်း၊ ဈေးအတွင်းလမ်းများ ကောင်းမွန်မှုမရှိတော့ခြင်းကြောင့် အဆင့်မြင့် ဈေးအဖြစ် ပြန်လည်
ဆောက်လုပ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ သြဂုတ်လအတွင်း တင်ပြတောင်းဆိုထား သည်ဟု ဘောက်ထော်ဈေး ဈေးသာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အေးက ပြောသည်။

 MOTHER TRADING မှ လုပ်ကိုင်ခွင့်လွှဲပြောင်းရယူခဲ့သည့် ဒညင်းကုန်းအုတ်စက်ရုံမှ ၀န်ထမ်းမျာအား ယခင်အတိုင်း ဆက်လက် နေထိုင်လုပ်ကိုင်ခွင့်ပြုမည်

MONDAY, 03 SEPTEMBER 2012 14:40
AddThis Social Bookmark Button
ဒညင်းကုန်းအုတ်ဖုတ်စက် အမှတ်(၁) အားတွေ့ရစဉ်
စက်မှုဝန်ကြီးဌာန အမှတ် (၃)အကြီးစား စက်မှုလုပ်ငန်းလက်အောက်ရှိ အင်းစိန်မြို့နယ် ဒညင်းကုန်း အုတ်ထုတ်လုပ်ရေးစက်ရုံအား MOTHER TRADING ကုမ္ပဏီမှ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ လုပ်ကိုင်ခွင့်အား ၀န်ကြီးဌာနမှ လွှဲပြောင်း ရယူခဲ့ပြီး စက်ရုံရှိလုပ်သားဝန်ထမ်းများမှာမူ ယခင်အတိုင်းနေထိုင်ခွင့်နှင့် လုပ်ကိုင်ခွင့်များ ပြောင်းလဲသွားမည်မဟုတ်ကြောင်း စက်မှုဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဟိန်းက ပြောကြားခဲ့သည်။

 ပါရမီ အဓိပတိ(အ၀ါ)ယာဉ်လိုင်းမှ ယာဉ်တစ်စီး အရှိန်ပြင်းမောင်းနှင်ကာ ကမ္ဘာအေးဘုရားရှေ့တွင် လမ်းဘေးရှိ ယာဉ်နှစ်စီး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးအား ၀င်တိုက်မိပြီး ကလေးမှာပွဲချင်းပြီး သေဆုံး



ပါရမီ အဓိပတိ(အ၀ါ)ယာဉ်လိုင်းမှ ယာဉ်တစ်စီး အရှိန်ပြင်းမောင်းနှင်ကာ ကမ္ဘာအေးဘုရားရှေ့ ဂမုန်းပွင့်ကုန်တိုက်အနီးတွင် လမ်းဘေးရှိ ယာဉ်နှစ်စီး၊ အမျိုးသမီးတစ်ဦးနှင့် အသက် ၅ နှစ်ခန့်အရွယ် ကလေးတစ်ဦးအား ၀င်တိုက်မိပြီး ကလေးမှ ပွဲချင်းပြီး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၁ ရက် နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်မြောက်ပိုင်းတွင် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများပေးရန် UNHCR ကို ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ဒေါ်လာ ၁ သန်းလှူဒါန်း



ဆော်ဒီအာရေးဗီးယားသံအမတ်ကြီးက UNHCR မြန်မာပြည်ကိုယ်စားလှယ်ကို အလှူငွေ ချက်လတ်မှတ် ပေးအပ်နေစဉ်
ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လိုအပ်သော ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို စက်တင်ဘာလ ၃ ရက်နေ့က အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်လိုက်သည်။ 

မထသအား မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ (၂၆)အရ အမြတ်အစွန်း ရရှိရေးအတွက် မဟုတ်သော ၀န်ဆောင်မှုအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ရှိ


မထသအား မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ (၂၆) အရ အမြတ်အစွန်း ရရှိရေးအတွက်မဟုတ်သော ၀န်ဆောင်မှုအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်းဒေသကြီး)မှ သိရှိရသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ မဟာမုနိနှင့် ရှမ်းပြည်နယ် မိုင်းလားဒေသသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သွားရောက်ခွင့် မပြုတော့ကြောင်း ထုတ်ပြန်


ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ မဟာမုနိနှင့် ရှမ်းပြည်နယ် မိုင်းလားဒေသသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား လတ်တလောတွင် သွားရောက်ခွင့်မပြုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်ဟု သိရှိရသည်။

 ပြည်သူ့ လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးမှ ကန့်ကွက်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရန်အတွက် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဆိုင်ရာ ခုံရုံးမှ ကန့်ကွက်ခဲ့ကြောင်း သိရပါသည်။ 

ကလေးစစ်သား ၄၂ ဦး အုပ်ထိန်းသူ မိဘထံ ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ



2012-09-03
မြန်မာ့တပ်မတော်ထဲမှာ အရွယ်မရောက်သေးဘဲ စစ်မှုထမ်းနေတဲ့ ကလေးစစ်သား ၄၂ ဦးကို စစ်တပ် အရာရှိကြီးတွေကိုယ်တိုင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ရှေ့မှောက်မှာ အုပ်ထိန်းသူ မိဘတွေထံ ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီးပေါ်မှာရှိတဲ့ အမှတ် (၁) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အခြေခံဥပဒေခုံရုံး စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ပြောင်းလဲ



2012-09-03
အခြေခံဥပဒေခုံရုံး စုံစမ်းရေးအဖွဲ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနဲ့ အဖွဲ့ဝင်တွေကို အခြေခံဥပဒေခုံရုံးက ကန့်ကွက်လိုက်တဲ့အတွက် အမ်း မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ အသစ်အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထုစည်းဝေးပွဲ ကျင်းပမည်



2012-09-02
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရသေ့တောင်မြို့မှာ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထု စည်းဝေးပွဲကြီးတစ်ရပ် ကျင်းပဖို့ စီစဉ်ထားရာမှာ အဲဒီ စည်းဝေးပွဲကို စက်တင်ဘာ (၂၅) ရက်နေ့မှာ ကျင်းပဖို့ လူထုစည်းဝေးပွဲ ဖြစ်မြောက်ရေး ကော်မတီက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ မိုင်းပေါက်ကွဲမှုနှင့်တွေ့ကြုံ



2012-09-02
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း နယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း (၃၁) ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အနီးတ၀ိုက် ရွာတွေက ရိက္ခာနဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းနေကြရာမှာ မနေ့ကတော့ ဖားကန့်နဲ့ (၁၅) မိုင်အကွာ တာမခံကျေးရွာက အလှူပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား (၅) စီးဟာ မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရကြောင်း သိရပါတယ်။

တောင်သူအရေး ဆောင်ရွက်သူကို ဖမ်းဆီးမှု အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ ဝေဖန်ပြောကြား



2012-09-02
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် စံပယ်တောင်နဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွေကြောင့် လယ်သိမ်းခံခဲ့ရတဲ့ တောင်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝေဠုကို သောကြာနေ့က ဒေသခံအာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အတွက် သူ့ရဲ့နောက်ဆုံး အခြေအနေကို စုံစမ်းသိရှိနိုင်ဖို့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်အဖွဲ့ဝင် ခေါင်းဆောင်တွေဟာ မနေ့က မုံရွာမြို့ကို ထွက်ခွာ သွားကြတယ်လို့ သိရပါတယ်။

ပုဂ္ဂလိကသတင်းစာ ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ထုတ်ဝေနိုင်မည်လို့ မျှော်လင့်



2012-09-02
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ စတင် ထုတ်ဝေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်က မနေ့က ပြောကြားလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံ



2012-09-02
မြန်မာနိုင်ငံ ရုပ်ရှင်၊ စာပေ၊ ဂီတနယ်ပယ် အသီးသီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် စွန့်လွှတ်စွန့်စားမှု အပြည့်နဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်က ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ၀န်ကြီးများနဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံပွဲမှာ ပြောကြားလိုက် ပါတယ်။

မိုးထိမိုးမိ ရွှေလုပ်သားဇုန်တွင်း ကုမ္ပဏီ ပြောက်ကျားအဖွဲ့ လက်နက်ကိုင်ဝင်ရောက်



2012-09-02
မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသမှာ ဒီကနေ့ မနက်ပိုင်းက ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့ လူ (၁၀၀) ကျော်က တုတ်တွေ၊ လက်ထိပ်တွေ ကိုင်ဆောင်ပြီး ရွှေလုပ်သားတွေ အလုပ်လုပ်နေတဲ့ ထုံးကြီးဇုန် (၈) ထဲကို ကျူးကျော်ဝင် ရောက်လာခဲ့တဲ့ အတွက် ရွှေလုပ်သားတွေနဲ့ ကျူးကျော် ၀င်ရောက်လာသူတွေ အကြား အဓိကရုန်း ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ကေအိုင်အို-ပလောင် လွတ်မြောက်ရေးပူးပေါင်းတပ်နဲ့ အစိုးရတပ်အကြား တိုက်ပွဲဆက်



2012-09-02
ရှမ်းပြည်မြောက်ပိုင်းမှာ ကေအိုင်အိုနဲ့ ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံ ပြည်သူ ထောင်ဂဏန်းလောက် ပြည်တွင်း တောတောင်တွေအတွင်း စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။