Friday, September 7, 2012

ရခိုင်အရေး သတင်းလိမ်လည်မူများကို ဂျပန်ရောက် မြန်မာနိုင်ငံသားများက ယူအန် ရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြ


ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာတိုင်းရင်းသားများမှ ရခိုင်ပြည် နယ်တွင် ဖြစ်ပေါ် နေသည့် ပဋိပက္ခကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မူဆလင်နိုင်ငံ တချို့တို့မှ သတင်းများ လွဲမှားစွာ လိမ်လည် ထုတ်ပြန်ပြီး ၀င်ရောက်စွက်ဖက်နေမူ အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြ ဖေါ်ထုတ်ပွဲ တစ်ရပ်ကို ဂျပန်နိုင်ငံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့


မြန်မာ့ တပ်မတော်အတွင်း မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ  စစ်တိုင်းမှူး အပါအ၀င် တပ်မမှူးများ အပြောင်းအရွှေ့ကို ပြီးခဲ့သည့် သောကြာနေ့က စတင်ပြုလုပ်သည်။

ရန်ကုန်-မန္တလေး လမ်းမကြီးတွင် အရှိန်ထိန်းတိုင်းစက် တပ်မည်


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များကို မောင်းနှင်သွားသည့် အချိန်၊ မောင်းနှင်သွားသည့် အရှိန်နှုန်း၊ GPS တည်နေရာတို့ကို အရှိန်ထိန်း တိုင်းတာမည့် စက်ကိရိယာကို တပ်ဆင်သွားမည်ဟု အမြန်လမ်းမကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။

ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်း ဆွေးနွေးညှိုနှိုင်းကြဆဲ

မြန်မာနိုင်ငံမှာ မကြာခင် ပြဌာန်းဖို့ရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာ ဥပဒေ တရပ် ပြင်ဆင် ရေးဆွဲနေတာမှာ အရင်ကနဲ့မတူတဲ့ ပွင့်လင်းမြင်သာတဲ့ ဆွေးနွေး အကြံပြုမှုတွေနဲ့ သတင်းမီဒီယာတွေမှာ ထုတ်ပြန် ပြောဆိုတာတွေ ရှိခဲ့တဲ့အတွက် သင့်လျော်တဲ့ ဥပဒေ တရပ် ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပါတယ်။ လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ဥပဒေ တရပ်ဖြစ်ဖို့မှာ ဘယ်လို အချက်တွေကို အဓိက ထည့်သွင်းသင့်ပါသလဲ။ ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရုပ်ရှင် အကယ်ဒမီပေးပွဲ ရန်ကုန်တွင် ပြန်ကျင်းပခွင့် ရရန် စီစဉ်


အကယ်ဒမီ ပေးပွဲအား ရန်ကုန်တွင် ပြန်လည် ကျင်းပ ခွင့်ပြုရန် ပြန်ကြားရေး ဝန်ကြီးထံ တင်ပြထားကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။ “နေပြည်တော်မှာလုပ်တာ အခက်အခဲတွေရှိလို့ ရန်ကုန်မှာ ကျင်းပခွင့် တင်ပြထားတာ ဖြစ်နိုင်ဖွယ် ရှိပါတယ်” ဟု ၎င်းကပြောသည်။ နေပြည်တော်တွင် အကယ်ဒမီပေးပွဲ ကျင်းပခြင်းသည် သိန်းထောင်ချီ ကုန်ကျစရိတ် ရှိနေပြီး အနုပညာရှင်များအား ရုပ်ရှင်အစည်းအရုံးမှ တာဝန်ယူ ပို့ဆောင်ပေးရမှုတွင်လည်း အခက်အခဲ ရှိနေရသည်။ တစ်ဦးချင်းစီ သွားရောက်မှု၌လည်း စားစရိတ်၊ နေစရိတ်၊ ခရီးစရိတ်များ အကြောင်းမဲ့ သက်သက်ကုန်ကျမှု ရှိနေခြင်းကြောင့် အချို့ မတတ်နိုင်သော အနုပညာရှင်များနှင့် ခရီးဝေး မသွားရောက်နိုင်သော သက်ကြီးအနုပညာရှင်များ တက်ရောက်နိုင်ခြင်းမရှိ ဖြစ်နေရကြောင်း သိရသည်။

စင်ကာပူလေကြောင်း မြန်မာနိုင်ငံသို့ နေ့စဉ် ပျံသန်းမည်


မြန်မာနိုင်ငံသို့ ခရီးသွားလာမှု အလျင်အမြန် ကြီးထွား လာခြင်းကို ဖြည့်ဆည်း ရန် စင်ကာပူနိုင်ငံ အမျိုးသားလေကြောင်း Singapore Airlines က မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၈ ရက်နေ့ စတင်မည့် ၀န်ဆောင်မှုတွင် စင်ကာပူလေကြောင်းက ၄င်း၏ လက်ခွဲကုမ္ပဏီဖြစ်သော Silk Air ၏ အချို့ခရီးစဉ်များကို လွှဲပြောင်းရယူမည်ဖြစ်သည်။

လျှပ်စစ်မီတာခ အွန်လိုင်းမှ ပေးချေမှု စတော့မည်


လျှပ်စစ် မီတာခများကို အွန်လိုင်းမှ တဆင့် ပေးဆောင်နိုင်ရေး အတွက် ရတနာပုံ တယ်လီပို့၊ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊ မြန်မာ့စီးပွားေ၇း ဘဏ်နှင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်သွား မည်ဟု သိရှိရသည်။
Online Electricity Billing System သည် ယခင်အမှတ်၂လျှပ်စစ်ဝန်ကြီးဌာန ရုံးခွဲများ သို့လူကိုယ်တိုင်သွားရောက် တန်းစီပေးသွင်းရသည့် စနစ်ကို အဆင့်မြင့်တင်လိုက်သည့် e-government ဆိုင်ရာအွန်လိုင်းဝန်ဆောင်မှု တစ်ခုဖြစ်သည်။ အင်တာနက်ချိပ်ဆက်နိုင်သောမည်သည့်နေရာမှဖြစ်စေ အွန်လိုင်းစနစ် ဘဏ်များ ၊ငွေသွင်းကောင်တာ များနှင်ချိတ် ဆက်၍ ပေးသွင်းနိုင်ပြီး ၎င်းစနစ်နှင့် ပတ်သက်ပြီး စက်တင်ဘာလ ၆ရက်နေ့တွင် နေပြည်ေ တာ် အမှတ်၂ လျှပ်စစ်ဝန်ကြီး ဌာန၌ နေ့လည် တစ်နာရီ အချိန်မှ စတင်၍ ရတနာပုံ တယ်လီပို့က သက်ဆိုင်ရာသို့ ရှင်းလင်းဆွေးနွေးသွား မည်ဟုသိရှိရသည်။

မြိတ်မြို့နယ်တွင် ငါးနှစ်အောက် ကလေးငယ် များ၌ ခဲဆိပ်သင့် မှုတွေ့


မြိတ်မြို့တွင် နေထိုင်သော ငါးနှစ်အောက် ကလေးငယ် များ၌ ခဲဆိပ် သင့်မှုများ တွေ့ရှိရကြောင်း လုပ်ငန်းခွင် ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာ ကြည်လွင်ဦးက ပြောကြားသည်။

မန္တလေးမြို့ ရေစီးရေလာကောင်းမွန်စေရေး ကျပ်နှစ်ဘီလီယံဝန်းကျင်သုံး၍ ဆောင်ရွက်မည်


မန္တလေးမြို့တော်အား ရေစီးရေလာကောင်းမွန်ရန်နှင့် ရေတင်ကျန်မှုများ မဖြစ်ပေါ်စေရန် ထိုင်းနိုင်ငံနှင့် ပူးပေါင်းကာ   လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် လမ်းတံတားဌာနမှုးဒေါ်ခင်မင်းဌေးက ဆိုသည်။

ထိုကဲ့သို့ ပြုပြင်မှုများ ၊ ရေမြောင်းများ ထပ်မံတူးဖေါ်မှုများပြုလုပ်ရန်အတွက် ခန့်မှန်းကုန်ကျငွေမှာ မြန်မာ ကျပ်ငွေ (၂)ဘီလျှံခန့်ရှိကြောင်း ၎င်းက ပြောဆိုသည်။

အရန်ဆန်များရောင်းချပေးနေသော်လည်း ဆန်ဈေးနှုန်းသိသိသာသာကျဆင်းခြင်းမရှိ


ဆန်ဈေးကွက်တွင်း ဈေးနူန်းတည်ငြိမ်သည်အထိ အရန်ဆန်များ ထုတ်လုပ်ရောင်းချရန် ရည်ရွယ် ရောင်းချနေသော်လည်း   ဈေးကွက်အတွင်းဆန်ဈေးနှုန်းသိသိသာသာ ကျဆင်းသွားခြင်း မရှိကြောင်း သိရှိရသည်။

 လုံလောက်တဲ့ ဈေးကွက်အနေအထား ရောက်တဲ့အချိန်အထိ ထုတ်ရောင်းသွားမှာပါ။ အန်ကယ်တို့ လက်ဝယ် သိုလှောင် ထားတာတွေတင်မကဘူး တခြားကရဖို့နည်းလမ်းတွေလည်းရှိတယ်ဟု မြန်မာနိုင်ငဆန်စပါး လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးချစ်ခိုင်ကပြောသည်။

အထူးစီမံချက်(၅၃)ကြောင့် ဘတ်စ်ကားစီးခရီးသည်များ ခရီးသွားလာမှု အဆင်ပြေ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များအား အထူးစီမံချက်(၅၃)ချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းအရေးယူမှုများကြောင့် ခရီးသည်များအတွက် ခရီးသွားလာမူအဆင်ပြေလာကြောင်း သိရှိရသည်။

စီမံချက်က ဟိုအရင်ကတည်းက ရှိသင့်တယ်။ အခုလိုအထူးက အထူးကားလိုမောင်းလာတာဆိုတော့ ဒီလို စည်းကမ်းထိန်းသိမ်းမူမျိုးက ကောင်းပါတယ်။ သွားလာ ရတာအဆင်ပြေလာတယ်။ဟု မြောက်ဥက္ကလာပမှ ကြည့်မြင်တိုင်သို့ နေ့စဉ်သွားလာနေသူ ကိုဝင်းလွင်က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုအား ဘက်စုံထောင့်စုံက ကြည့်ကြရန် မထသတိုက်တွန်း


ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ယာဉ်များစည်းကမ်းရှိစွာမောင်းနှင်ကြရန်နှိုးဆော်နေသည်မှာ (၇)နှစ်ခန့်ရှိပြီဖြစ်သော်လည်း ယာဉ်မောင်းများအနေဖြင့် စည်းကမ်းလိုက်နာခြင်း မရှိသေးကြောင်း သိရှိရသည်။

ထိုတိုက်တွန်းနှိုးဆော်ချက်မှာ ၂ဝဝ၅(ဇွန်)တွင် တစ်ကြိမ်နှင့် ၂ဝဝ၇(မတ်)တွင် တစ်ကြိမ် တိုက်တွန်းနှိုးဆော်ခဲ့ခြင်း ဖြစ်သည်။

သုံးထောင်တန်နှင့်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကဒ်များ ထွက်လာတော့မည်


ကြိုတင်ငွေဖြည့်က်များအားပြည်သူများ  အလွယ်တကူအသုံးပြုနိုင်ရန်အတွက် ကျပ်သုံးထောင်တန်နှင့် ကျပ်ငါးထောင်းတန် ကြိုတင်ငွေဖြည့်ကဒ်များ ထုတ်လုပ်ရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသိရှိရသည်။

ချယ်ရီကား ကျောက်ဂွမ်း မပါဝင်ဟုဆို

ရန်ကုန် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ချယ်ရီ ကျူကျူကားများတွင် အဆုတ် ကင်ဆာကို ဖြစ်စေနိုင်သည့် ကျောက်ဂွမ်း Asbestos မပါဝင်ကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ တွင် စက်မှုဝန်ကြီးဌာန၏ အရာရှိတဦးကို ကိုးကား၍ ဖေါ်ပြပါရှိလာသည်။

အခြေခံပညာရေး ဝန်ထမ်းများအား ယခုလမှစတင်၍လစာတိုး

ရန်ကုန် (မဇ္ဈိမ) ။       ။ အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ဝန်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများ အတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။

စာအုပ်အတွက် ISBN မြန်မာနိုင်ငံတွင် လျှောက်ထားနိုင်ပြီ

ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံတကာ အသိအမှတ်ပြု စာအုပ်နံပါတ် အိုင်အက်စ်ဘီအင်န် (International Standard Book Number ISBN) လျှောက်ထားလိုသူများ အနေဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ စာပေထုတ်လုပ်သူ များနှင့် ဖြန့်ချိသူများအသင်းတွင် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖားကန့်တွင် လူစုလူဝေးဖြင့် လုယက်မှု ပစ်ခတ်နှိမ်နင်း တဦးသေ

ချင်းမိုင်(မဇ္စျိမ) ။       ။ မကြာသေးခင်က တိုက်ပွဲကြီးများဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်တွင် လူအုပ်စုဖြင့် လုယက်ဖျက်စီးမှုများ အနည်းဆုံး နေရာငါးခုတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေကြသော ထောင်နှင့်ချီသည့် ကျောက်တူးသမားများနှင့် ကျောက်ရှာ သူများ ရှိနေထိုင်ရာ ဖားကန့်မြို့မှော်ဆီစာ၊ ရှရော်ခ၊ မျောက်ဖြူ၊ မိုးပြင်းနှင့် ကထန်မှော် စသည့် ကျောက်စိမ်းမှော် ငါးနေရာတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အိန္ဒိယက မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရန် ရည်ရွယ်၍ အိန္ဒိယမှ လုပ်ငန်းရှင်များသည် ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့တွင် ကုန်စည်ပြပွဲတစ်ခုကို ပြုလုပ်ခဲ့ သည်။

မလေးရှားကို မြန်မာအမျိုးသမီး အလုပ်သမများ တရားဝင်ပို့ဆောင်

ရန်ကုန် (မဇ္ဈိမ) ။        ။ မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်လိုသော မြန်မာအမျိုးသမီး လုပ်သားများ တရားဝင် ပို့ဆာင်ပေးနေမှုကို သြဂုတ်လ နောက်ဆုံးပတ်မှ စတင်နေခဲ့ရာ မြန်မာအမျိုးသမီး လုပ်သားများကို
ပြည်ပနိုင်ငံများတွင် တရားဝင် သွားရောက်လုပ်ကိုင်ခွင့် စတင်ခွင့်ပြုမှု ဖြစ်လာသည်။

အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို

စံခလပူရီ (မဇ္ဈိမ) ။        ။ကရင် အမျိုးသား အစည်းအရုံးနှင့် အစိုးရတို့၏ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲ၌ အစိုးရ တပ်များ နေရာယူ တပ်စွဲထားသည့် တပ်တည် နေရာ သုံးရာနီးပါးရှိသည့်အနက် ကိုးဆယ်ခန့်ကို ရွှေ့ပြောင်း တပ်စိုက်
ပေးရန် တောင်းဆိုထားကြောင်း ကရင် အမျိုးသား အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ပရိဘောဂစက်ရုံတွင် တစ်နာရီနီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၆၆ လမ်း နှင့် ၆၇ လမ်းကြားရှိ ဦးအောင်ခိုင် ပိုင်ဆိုင်သည့် မြစ်ဝါပရိဘောဂစက်ရုံတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၂နာရီ ၄၅ မိနစ်အချိန်မှစ၍ တစ်နာရီနီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကျပ်သိန်းရှစ်ဆယ်ကျော် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်ရုံးမှ ရရှိသောသတင်းများအရ သိရသည်။

ပေါက်မြို့ ကျောချောင်း၏ ကမ်းမဖြူဆိပ်အနီးတွင် ကူးတို့လှေမှောက်၍ ကျောင်းဆရာမ ၄ ဦးအပါအ၀င် လူ ၁၀ ဦးထက်မနည်း သေဆုံး


ပခုက္ကူဘက်ကမ်းမှ ခရီးသည်နှင့် ဆိုင်ကယ်များတင်ဆောင်၍ ကျောချောင်းကို ကူးဖြတ်လာသော ကူးတို့လှေတစ်စီးသည် မကွေးတိုင်းဒေသကြီး ပေါက်မြို့သို့သွားရာ၌ ကမ်းမဖြူဆိပ်အနီးတွင် နစ်မြုပ်မှု တစ်ခုစက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး ကျောင်းဆရာမ ၄ ဦးနှင့် လှေလုပ်သား ၆ ဦးအပါအ၀င် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

 ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ တက္ကစီယာဉ်များ တင်သွင်းခြင်းအတွက် ထောက်ခံချက်ပေးခြင်းကို ခေတ္တရပ်နားထားပြီး ခရီးသည်တင်ယာဉ်များ တင်သွင်းခြင်းအတွက် ဦးစားပေးမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ တက္ကစီယာဉ်များတင်သွင်းခြင်းအတွက် ထောက်ခံချက်ထုတ်ပေးခြင်းကို ခေတ္တရပ်နားထားပြီး ခရီးသည်တင်ယာဉ်များ တင်သွင်းခြင်းအတွက် ဦးစားပေး ထောက်ခံချက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခွင့်ပြု


နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာကို နိုင်ငံတော်သမ္မတရုံးမှ စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ


လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ၄ ရက်နေ့၊ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။ တာဝန်ရှိသူများ၊ လေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တွေ့ဆုံဆွေးနွေး



2012-09-06
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ်အဖြစ် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားပါတယ်။

UMFCCI နဲ့ FTUB ပထမဆုံးအကြိမ် တွေ့ဆုံ



2012-09-06
မြန်မာနိုင်ငံကို လေးပတ်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB နဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI တို့ ဒီကနေ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာအစိုးရ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပျက်ကွက်နေတယ်လို့ ထိုင်းအစိုးရဝေဖန်



2012-09-06
မြန်မာအစိုးရဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်နေတယ်လို့ ထိုင်းအစိုးရ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို တာဝန်ယူထားသူ ဒုတိယ ၀န်ကြီးချုပ် တစ်ဦးက ဒီကနေ့ ပြောလိုက်ပါတယ်။
မနေ့က မြို့တော် ဘန်ကောက်မှာ စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၃ သန်းခွဲ နီးပါးလောက် ဖမ်းဆီးမိလိုက်ပြီးတဲ့ အချိန်မှာ ထိုင်း ဒုတိယ၀န်ကြီးချုပ် Chalerm Yubamrung က မြန်မာနိုင်ငံကို ပြစ်တင် ဝေဖန်လိုက်တာပါ။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းဖို့ လက်မှတ်ရေးထိုး တောင်းဆို



2012-09-06
မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ရဲ့ သိမ်းပိုက်ခံ လယ်မြေနဲ့ အိမ်ခြံတွေ ပြန်ရရေး တောင်းဆိုနေတဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တဝိုက် ဒေသခံတွေဟာ ဒီစီမံကိန်း ရပ်ဆိုင်းဖို့ စုပေါင်းလက်မှတ်ထိုး တောင်းဆိုပွဲကို ဒီနေ့ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ကိုမြအေးနှင့် ၈၈ မျိုးဆက်များ KNPP နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမည်



2012-09-05
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်တဲ့ (၆) ဦးပါအဖွဲ့ဟာ KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးဖို့အတွက် ကယားပြည်နယ် လွိုင်ကော်မြို့ကို အခုလ (၁၀) ရက်နေ့မှာ သွားရောက်မယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒေါက်တာထွန်းအောင်ကို စစ်တွေခရိုင် တရားရုံးတွင် ထပ်မံစစ်ဆေး



2012-09-05
မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အာဏာပိုင်တွေက အမှု ၅ မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင် (ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးမှာ ဒီကနေ့ ထပ်မံ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံးချုပ် မန္တလေးမြို့တွင် ဖွင့်လှစ်



2012-09-05
တိုင်းလိုင် ခေါ် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ပါတီရုံးချုပ်ကို မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်၊ (၆၆) လမ်းနဲ့ (၃၉) လမ်းထောင့်မှာ ဒီကနေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဝံသာနု ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကူမင်းမြို့ဆေးရုံတွင် ဆေးကုသ



2012-09-05
မြန်မာနိုင်ငံက ကျန်ရှိနေတဲ့ ရဲဘော်သုံးကျိပ်ဝင် (၂) ဦး ထဲက တရုတ်နိုင်ငံ ကူမင်းမြို့မှာရှိတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ကျန်းမာရေး ဆိုးဝါးလာတာကြောင့် ကူမင်းမြို့ ဆေးရုံမှာ တင်ထားရတယ်လို့ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင် ကြိုးပမ်းသွားမယ်လို့ KNU ကြေညာချက် ထုတ်ပြန်



2012-09-05
ကရင်ပြည်သူတွေ ကြောက်ရွံ့မှုကင်းပြီး ဘဝလုံခြုံစွာ ရပ်တည်နိုင်ရေးအတွက် KNU ကရင်အမျိုးသား အစည်းအရုံးက မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးကို အောင်မြင်အောင် ဆက်လက် ကြိုးပမ်း သွားမယ့်အကြောင်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ကချင်စစ်ပြေးဒုက္ခသည် တရုတ်အာဏာပိုင် နှင်ထုတ်



2012-09-05
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် တရုတ်ပြည်ဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည်တွေကို တရုတ်အာဏာပိုင်တွေက စခန်းတွေကနေ နှင်ထုတ်လျက်ရှိရာမှာ မနေ့ကနဲ့ ဒီနေ့တွေမှာ နောက်ဆုံး ကျန်ရှိတဲ့ စခန်းစခန်းတစ်ခု ဖြစ်တဲ့ ခဒေါင်းပါစခန်းက ဒုက္ခသည်တွေကို နှင်ထုတ်နေတယ်လို့ သိရပါတယ်။

လွှတ်တော်တွင်းဆွေးနွေးချက် ပြည့်စုံစွာ ဖော်ပြပေးရန် ပြန်ကြားရေး ၀န်ကြီးဌာနကို တိုက်တွန်း



2012-09-05
နေပြည်တော် လွှတ်တော်မှာ ဘာတွေ ဆွေးနွေးနေကြသလဲ ဆိုတာကို တစ်နိုင်လုံးက ပြည်သူတွေ သိသင့်တဲ့အတွက် ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း စီးပွားရေးလုပ်ငန်းတချို့အတွက် အဟန့်အတားဖြစ်



2012-09-05
လွှတ်တော်မှာ မကြာခင် အတည်ပြုဖို့ ဆွေးနွေးနေတဲ့ FDI ခေါ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းဟာ SME လို့ ခေါ်တဲ့ ပြည်ပက အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေ စိတ်ဝင်စားမှု ကျဆင်းစေနိုင်တဲ့ ကန့်သတ်ချက်တွေ ပါဝင်နေသလို ပြည်တွင်း အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ထွန်းကားလာရေး အတွက်လည်း အဟန့်အတား ဖြစ်နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။

ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော် မြောက်ပိုင်းဗျူရို အကျဉ်းသားဟောင်းများနှင့် တွေ့ ဆုံ



2012-09-05
ရန်ကုန်မြို့ ကို ရောက်ရှိနေတဲ့ အမိမြေအတွက် ငြိမ်းချမ်းရေး (Peace for Motherland ) အဖွဲ့ဝင် ABSDF ကျောင်းသားတပ်မတော်ရဲ့ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဦးထွန်းအောင်ကျော်ဟာ ABSDF မြောက်ပိုင်းဗျူရိုမှာ စပိုင်ဆိုပြီး ဖမ်းဆီးခံခဲ့ရသူများနဲ့ အသတ်ခံခဲ့ရသူများရဲ့ မိသားစုဝင်တွေနဲ့ ဒီကနေ့ ရန်ကုန်မြို့  မီးရထားဟိုတယ်မှာ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။