Tuesday, September 11, 2012

ABSDF(မြောက်ပိုင်း)စခန်းမှ လူသတ်မှု များ တရားဥပဒေကြောင်းအရ ရှင်းမည်


မြောက်ပိုင်းပြန် ကျောင်းသား ရဲဘော်ဟောင်းများက အဆိုပါ ဖြစ်ရပ်များ အတွက် လူပုဂ္ဂိုလ် ၁၃ ဦးအား စွပ်စွဲလိုက်သည် ABSDF (မြောက်ပိုင်း) စခန်းတွင် ၁၉၉၂ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သည့်ကိစ္စများနှင့် ပတ်သက်ပြီး တရား ဥပဒေကြောင်း အရ ဖြေရှင်း သွား မည်ဖြစ်ကြောင်း မြောက်ပိုင်းပြန် ကျောင်းသား ရဲဘော်ဟောင်းများက ပြောသည်။

အချိန်ပို သတ်မှတ်စည်းကမ်း မလိုက်နာ၍ စက်ရုံ ၁၀၀ ကျော်အား သတိပေးဟုဆို


စက်ရုံ၊ အလုပ်ရုံ လုပ်သားများ၏ သတ်မှတ် အချိန်ပို နာရီအပေါ် စည်းကမ်း လိုက်နာမှု မရှိသည့် စက်ရုံပေါင်း ၁၀၀ ကျော်အား သတိပေးလက်မှတ် ထိုးခိုင်း ထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစိစစ်ရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။ ယခင်က လုပ်သားများအား လုပ်ငန်း လိုအပ်ချက်အရ အချိန်ပိုနာရီအား တစ်ရက်လျှင် လေးနာရီဖြင့် အလုပ်ဆင်းစေခဲ့ပြီး သြဂုတ်လ လဆန်းပိုင်းမှစ၍ လက်ရှိ တည်ဆဲဥပဒေ (၁၉၃၅ ခုနှစ်ဥပဒေ) အတိုင်း တစ်ရက်လျှင် နှစ်နာရီ တစ်ပတ်လျှင် ၁၆ နာရီ အချိန်ပိုအား ပြန်လည် သတ်မှတ်ခဲ့သည်။

မွေထိုင်း ချန်ပီယံနှစ်ဦးနှင့် တွေ့မရှောင်၊ လုံးချောတို့ ယှဉ်မည်


မွေထိုင်း ချန်ပီယံနှစ်ဦးနှင့် တွေ့မရှောင်၊ လုံးချောတို့ ယှဉ်မည်အရှေ့ အာဖရိက မွေထိုင်းချန်ပီယံ ယူဂန္ဓာနိုင်ငံသား အူမာနှင့် ရွှေခါးပတ် ချန်ပီယံ တွေ့မရှောင်၊ နယူးဇီလန်နိုင်ငံ မွေထိုင်းချန်ပီယံ Erua Druce နှင့် မြန် မာပြည်ချန် ပီယံဟောင်း လုံးချောတို့ ပွဲစဉ်များ ပါဝင်သည့် နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို စက်တင်ဘာလ ၁၆ ရက်တွင် သိမ်ဖြူ အားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုရီးယားသို့ ပြည်ဝင်ခွင့်မရသော မြန်မာ အလုပ်သမား ၇၀ ကျော်ရှိ


မြန်မာလုပ်သားများ ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရာ တွင် ပြည်ဝင်ခွင့် မရသော မြန်မာလုပ်သား ၇၀ ကျော်ရှိကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ အရာရှိတစ်ဦးက ပြောသည်။
ကိုရီးယားသို့ ပြည်ဝင်ခွင့်မရသော မြန်မာ လုပ်သားများမှာ ယခင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ခဲ့စဉ်၌ ဗီဇာသက်တမ်း ကျော်လွန်၍ တရား မဝင် နေထိုင်ခဲ့ကြပြီး ပြည်တွင်းသို့ ပြန်လည် ရောက်ပြီးနောက် အမည်၊ မွေးသက္ကရာဇ်တို့အား ပြောင်းလဲ၍ နိုင်ငံကူးလက်မှတ် အသစ်ဖြင့် အဆိုပါ နိုင်ငံသို့ ထပ်မံသွားရာ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးဌာနက စစ်ဆေးတွေ့ရှိ၍ ပြန်လည် စေလွှတ်ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ “ဟိုနိုင်ငံရဲ့ လေဆိပ်ကျမှ Immigration ဖြတ်တော့မှ နဂိုက သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေ အားလုံးရှိတော့ ပြန်လွှတ်ခံရတာ။ လေဆိပ်ကပဲ ပြန်လာရတာ။ များသောအားဖြင့် ဟိုဘက်လေဆိပ်မှာ မိတာများတယ်” ဟု အထက်ပါ အရာရှိတစ်ဦးက ပြောသည်။ လက်ရှိ ကိုရီးယားနိုင်ငံသို့ ပို့ပေးထားသော မြန်မာလုပ်သား ၅၃၀၀ ကျော်ထဲမှ ပြည်ဝင်ခွင့်မရသဖြင့် ပြန်လည် စေလွှတ်ခံရသူ ၇၀ ကျော်ရှိခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ဂျပန် အကူအညီဖြင့် ထပ်မံအဆင့်မြင့်မည်


ရန်ကုန်-မန္တလေး အဆင့်မြင့် လမ်းမကြီးကို အစီအစဉ်အတိုင်း ရှစ်လမ်း သွား လမ်းမကြီးအဖြစ် ဖောက်လုပ်ခြင်း၊ နိုင်လွန် ကတ္တရာ ထပ်ခင်းခြင်း၊ CCTV များ တပ်ဆင်ခြင်းနှင့် လမ်းမကြီးပေါ် ကျွဲ၊ နွားများ မတက်စေအောင် ခြံစည်းရိုး ခတ်ခြင်းများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် လုပ်ဆောင် သွားရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ဂြိုဟ်ပူးယှဉ်၍ စစ်ထိုးသည့်” ဖြစ်စဉ် ကြောင့် မုန်တိုင်းဖြစ်ပေါ်မည်


“ဂြိုဟ်ပူးယှဉ်၍ စစ်ထိုးသည့်” ဖြစ်စဉ်ကြောင့် မုန်တိုင်းဖြစ်ပေါ်မည်၆-၁၀-၂၀၁၂ ရက်တွင် ဗုဒ္ဓဟူး ဂြိုဟ်နှင့် စနေဂြိုဟ် ပူးယှဉ်၍ ဂြိုဟ်စစ် ထိုးသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပေါ် မည်ဖြစ်ကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုထံမှ ၂၈-၈-၂၀၁၂ ရက်တွင် သိရသည်။

ဂျပန် အကြီးစား ကုမ္ပဏီသုံးခု သီလဝါ၌ ယန်းငွေ သန်း၃၀၀၀ကျော် ရင်းနှီး မြှုပ်နှံမည်


မြန်မာနိုင်ငံ၏ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း အထူး စီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ အကြီးစား စက်မှုလုပ်ငန်းသုံးခုက ဂျပန်ယန်းငွေ သန်းပေါင်း ၃၀၆၂ သန်းကို ပါဝင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကုန်တင်ကုန်ချ မြန်မာလုပ်သား ထိုင်း နိုင်ငံက ကန်ဒေါ်လာ ၃၀ဝ ပေး၍ခေါ်


ထိုင်းနိုင်ငံရှိ သင်္ဘောကျင်း တွင် ကုန်တင်ကုန်ချ တာဝန်ထမ်း ဆောင်ရန် အတွက် မြန်မာလုပ်သား များအား ခေါ်ယူလျက် ရှိကြောင်း ကျောက်တံတား မြို့နယ် အခြေစိုက် မြန်မာလုပ်သား စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရသည်။

Civil ဘွဲ့ရ မြန်မာအင်ဂျင်နီယာ များအား ပရောဂျက် မန်နေဂျာ ရာထူးဖြင့် စင်ကာပူခေါ်ယူ


စင်ကာပူ နိုင်ငံတွင် မြန်မာ နိုင်ငံရှိ Civil ဘွဲ့ရ အင်ဂျင်နီယာ များအား Project Manager ရာထူး ဖြင့် တာဝန် ထမ်းဆောင်ရန် အလုပ် များ ခေါ်ယူ နေလျက် ရှိကြောင်း ကျောက်တံတား မြို့နယ် အခြေစိုက် Successive World Employment Agency မှ စုံစမ်း သိရသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ပုဂ္ဂလိက ကုမ္ပဏီလေးခု လုပ်ကိုင်ခွင့်ရရှိ


ဆက်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် စေရန်နှင့် ပြည်သူများ ဆက်သွယ်ရေး ကဏ္ဍ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ယခင်ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ကို လုပ်ကိုင်ခွင့်ပေးခဲ့ရာမှ ယခုအခါ Seperate Operator ကုမ္ပဏီနှစ် ခုအား ထပ်မံလုပ်ကိုင်ခွင့်ပေးသွား မည်ဖြစ်ေ ကြာင်း ဆက်သွယ်ရေး သင်တန်း ကျောင်းအုပ် ဆရာကြီး ဦးကျော်စိုးက Venus News Weekly သို့ အတည်ပြုပြောကြားသည်။

ပြင်ဦးလွင်နှင့် ပုသိမ်မြို့များတွင် နှစ်သိန်း ဖုန်းကို သုံးသိန်းဝန်းကျင်ဖြင့် ဝယ်ယူနေရ


မြန်မာနိုင်ငံရှိ နယ်မြို့များ ဖြစ်သော ပြင်ဦးလွင်နှင့် ပုသိမ်မြို့များ တွင် မြန်မာ့ ဆက်သွယ်ရေးမှ ငွေ ကျပ် နှစ်သိန်းနှင့် ရောင်းချ ပေးလျက် ရှိသည့် ဖုန်းများကို ကျပ် သုံးသိန်း ခန့်ပေး ဝယ်နေရသည်ဟု ပြင်ဦး လွင်နှင့်ပုသိမ်မြို့ရှိ ဒေသခံများ၏ ပြောကြားချက် များအရ သိရသည်။ ၄င်းနှစ်သိန်းဖုန်းများမှာ ဒေသ ရှိဆက်သွယ်ရေးရုံးများတွင် ဝယ် ယူ၍မရခြင်းကြောင့် အခြားမြို့များ မှမှာယူနေရခြင်းကြောင့် ဈေးနှုန်းများ ထက်ဝက်ခန့် မြင့်တက်နေရခြင်း ဖြစ်ကြောင်း ပြင်ဦးလွင် မြို့ရှိ ဖုန်း အရောင်းအဝယ်ပြုလုပ်နေသူ တစ် ဦးကပြောသည်။

ကားသစ်ရောင်းချရာတွင် အခွန်အခနှင့်ထုတ်ယူမှုအခက်အခဲရှိနေဟု ကုမ္ပဏီများဆို


ကားအသစ်များ ရောင်းချနေရာတွင် အခွန်အခများနှင့်ထုတ်ယူရာတွင် အခက်အခဲများရှိနေဆဲ ဖြစ်ကြောင်း မန္တလေးမြို့တွင် ကျင်းပနေသည့်Mandalay Life Style & Auto Mobile Show တွင် လာရောက် ရောင်းချနေသော ကားကုမ္ပဏီများထံက သိရှိရသည်။  

အဆိုပါပြပွဲအား မန္တလေးမြို့တော်စည်ပင်ရုံးတွင် ကျင်းပလျှက်ရှိပြီး စက်တင်ဘာလ ()ရက်နေ့မှ စတင်ကာ ပြသလျှက်ရှိပြီး ()ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာ(စ)ရပ်ကွက်တွင် ဓါတ်ပုံဆိုင်အပါအ၀င် ဖောက်ထွင်းခံရမှု(၃)ကြိမ်ဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာပမြို့နယ် ()ရပ်ကွက် မေဓာဝီလမ်းမပေါ်တွင် ဓာတ်ပုံဆိုင် ဖောက်ထွင်းခံရမှုမှာ ယခုတစ်ကြိမ်အပါအ၀င်  သုံးနှစ်အတွင်းပုံစံတူ()ကြိမ်  ဖောက်ထွင်းခံရမှုဖြစ်ပွား ခဲ့ကြောင်း  ရပ်ကွက်နေပြည်သူများထံကသိရသည်။

အဲ့နေ့မနက်က  ဆိုင်ဖွင့်ဖို့ရောက်လာတော့ ဆိုင်ကတံခါးဂျက်က  ပျက်စီးနေတာကိုတွေ့တယ်။ ဆိုင်ထဲမှာလည်း  ပစ္စည်းတွေကိုဝင်မွှေထားတာတွေ့တာ  ပျောက်တဲ့ပစ္စည်းတွေလိုက်ကြည့်ပြီးတော့ ဘေးမှာကပ်လျှက်ရှိတဲ့  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားပြီးတိုင်ဖို့လုပ်တော့  ဘယ်သူမှမရှိလို့ရဲစခန်းကို   သွားပြီးအမှုဖွင့်ထားတယ်”  ဟု ဆိုင်ပိုင်ရှင်ကိုပြေသိန်းက ဖြစ်စဉ်နှင့်ပတ်သက်၍ရှင်းပြသည်။

ပြည်တွင်းတွင် ငြိမ်းချမ်းရေးသင်တန်း HREIB ဖွင့်မည်

စံခလပူရီ (မဇ္ဈိမ) ။        ။ လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ရိုက် ထိတွေ့ဆက်စပ် နေသော ကချင်၊ ချင်း၊ ရှမ်း၊ ကရင်နှင့် မွန်ဒေသ များအတွင်းရှိ ကျောင်းဆရာ/ဆရာမများအတွက် ငြိမ်းချမ်းရေးဆိုင်ရာ နည်းပြသင်တန်းကို ရန်ကုန် မြို့၌ အောက်တိုဘာ လကုန်ပိုင်း၌ ပြုလုပ်သွားမည်ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၏ ဒါရိုက်တာ ကိုအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို ကန့်ကွက်ရန် သုံးပါတီဆုံးဖြတ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ လူနေရပ်ကွက်အတွင်းရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကော့သောင်းရှိ နိုင်ငံရေး  ပါတီ သုံးခု၏ ပူးပေါင်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု ဒေသခံ ပါတီ တာဝန်ရှိသူများက ပြောသည်။

သင်ရိုးတွေပြောင်းဖို့ ပြည်တော်ပြန် ပညာရေးသုတေသီ ဦးသိန်းနိုင်ပြော

ရန်ကုန် (မဇ္ဈိမ) ။        ။ နှစ်ပေါင်း လေးဆယ်ရှိပြီဖြစ်သည့် ဟောင်းနွမ်းနေသော ပညာရေးသင်ရိုးညွှန်းတမ်းများကို အခြေခံတကျ ပြောင်းလဲရန်၊ ရပ်ရွာအဖွဲ့အစည်းနှင့် ကိုက်ညီသော အကြောင်းအရာသစ်များ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ ထည့်သွင်းရန်နှင့် ကလေးများအတွက် ငြိမ်းချမ်းရေးနှင့် အဓိကဆက်နွယ်သော သင်ရိုးညွှန်းတမ်း များ ပြင်ဆင်သင့်ကြောင်းကို မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် ပညာရေး သုတေသီတဦးဖြစ်သူ ဦးသိန်းနိုင် က ပြောသည်။

မုံရွာမြို့ဆုတောင်ပြည့်ဘုရားပေါ်သို့ တက်ရောက်ပြီးဝတ်ပြုဆုတောင်းသည့် လက်ပံတောင်းတောင်ခြေ ၀က်မှေးကျေးရွာသူ ၁၀ ဦး ဖမ်းဆီးခံရ


စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံ ထားရသည့် ယာမြေများပြန်ရရေးအတွက် မုံရွာမြို့သို့သွားရောက်ကာ ၀တ်ပြုဆုတောင်း ခဲ့သော ၀က်မှေးကျေးရွာမှ ကျေးရွာသူ ၁၀ ဦး အား ယနေ့မွန်းလွဲ ၁၂ နာရီဝန်းကျင်က မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သတင်းရရှိပါသည်။

 ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းအတွင်း ပုပ်ပွနေသော ၁၃ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ


w749pic1
အခင်းဖြစ်တိုက်ခန်းအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ နေအိမ်တိုက်ခန်း တစ်ခန်းတွင် အသက် ၁၃ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရမှု ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေးလုပ်ငန်းများ ၂၀၁၃ ခုနှစ်တွင် စတင်မည်



74913
ဟံသာဝတီလေဆိပ် ပုံစံငယ်အားတွေ့ရစဉ်
ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၁၃ခုနှစ်တွင် စတင်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က စက်တင်ဘာလ ၅ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ပသည်။

 ခေတ်ပြောင်း စနစ်ပြောင်းတွင် အပြောင်းအလဲများ သိသာထင်ရှားစွာ ထွက်ပေါ်လာရန် အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား

ခေတ်ပြောင်း စနစ်ပြောင်းတွင် အပြောင်းအလဲများ သိသာထင်ရှားစွာ ထွက်ပေါ်လာရန် အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ခန်းမဆောင်ကြီး၌ မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်၌ ရှမ်းမျိုးနွယ်စုများသည် ပြည်နယ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့် ရှိကြောင်းခန့်မှန်း ငြိမ်းချမ်းရေးရရှိရန် လူမျိုးအားလုံး၏ မျက်နှာကို အဓိကထား၍ ကြည့်ကာ စဉ်းစားရမည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူးပြောကြား

ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအနက် ရှမ်းလူမျိုးစုဦးရေသည် ပြည်နယ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ခန့်မှန်းထားကြောင်းနှင့် ငြိမ်းချမ်းရေးရရှိရန် အတွက် ပြည်နယ်တွင်းမှ တိုင်းရင်းသား လူမျိုးအားလုံး၏ မျက်နှာကို အဓိကထား၍ ကြည့်ကာ စဉ်းစားရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီမှ အတွင်းရေးမှူးက ပြောကြားခဲ့သည်။ 

ပို့ဆောင်ရေးဝန်ကြီးဌာနရှိ စီးပွားရေးအဖွဲ့အစည်း လေးခုအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်သွားမည်


ပို့ဆောင်ရေးဝန်ကြီးဌာနရှိ စီးပွားရေးအဖွဲ့အစည်း ၄ခုအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရပါသည်။
ယင်းသို့ ကော်ပိုရေးရှင်း အသွင်ပြောင်းလဲလုပ်ဆောင်မည့် စီးပွားရေးအဖွဲ့အစည်း ၄ခုမှာ မြန်မာ့လေကြောင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းနှင့် ပြည်တွင်းရေကြောင်းတို့ ဖြစ်သည်။

မွေးမြူရေးလုပ်ငန်းများတွင် လက်ဝါးကြီး အုပ်လွှမ်းမိုးထားမှုများကို ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းသွားမည်


မွေးမြူရေးလုပ်ငန်းများတွင် လက်ဝါးကြီးအုပ် လွှမ်းမိုးထားမှု၊ ဈေးကွက်ချုပ်ကိုင်ထားမှုများကို ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်နေကြောင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မလာမီ နိုင်ငံပိုင်လုပ်ငန်းများကို နိုင်ငံသားများ လွှဲပြောင်းလုပ်ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မလာမီ နိုင်ငံပိုင်လုပ်ငန်းများကို နိုင်ငံသားများ လွှဲပြောင်းလုပ်ကိုင်နိုင်ရန် အစိုးရက စီစဉ်ပေးသွားရန်ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ၎င်းတက်ရောက်ခဲ့သည့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းများနှင့်ပတ်သက်၍ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် သိရှိခဲ့သည့်သတင်းများကို ကိုးကား၍ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေး



2012-09-10
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ရန်ကုန် ရွှေဂုံတိုင်လမ်း အဖွဲ့ချုပ်ရုံးမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ ၂ လကျော် ကြာမြင့်ခဲ့တဲ့ ပထမအကြိမ် စတုတ္ထပုံမှန် လွှတ်တော်အစည်းအဝေးတွေအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေ၊ အတွေ့အကြုံတွေကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ထိုင်းနိုင်ငံတွင်ကျင်းပ



2012-09-09
မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင် ရခိုင်အမျိုးသား ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ (၇၃) နှစ်မြောက် အခမ်းအနားကို ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားများက ဦးစီးပြီး ဘန်ကောက်မြို့၊ ဘန်ခွန်တီရမ်မှာရှိတဲ့ ဝပ်ထပ်ခမ်း ဘုန်းကြီးကျောင်းမှာ မနေ့ကပြုလုပ်ခဲ့ရာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။