Wednesday, September 12, 2012

မွေးဖွားနုန်းကို ထိန်းချုပ်ရန် မွတ်ဆလင် (၃) ပါတီကို ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ပြောကြား



ရခိုင်ပြည်နယ်တွင် မွတ်ဆလင်များ၏ မွေးဖွားနုန်းမှာ မြင့်မားနေသဖြင့် ထိန်းချုပ်ပေးရန် ရွှေးကောက်ပွဲ ကော်မရှင်က မွတ်ဆလင် နိုင်ငံရေး ပါတီ (၃) ခုအား သတိပေး ပြောကြား လိုက်သည်ဟု သတင်း  ရရှိသည်။
စက်တင်ဘာလ ၆ ရက်နေ့က ပျဉ်းမနား နေပြည်တော်တွင်  ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက မူဆလင် နိုင်ငံရေပါတီ (၃) ခုမှ ခေါင်းဆောင်များးကို  ခေါ်ယူတွေ့ဆုံစဉ် ထိုသို့ ပြောကြားလိုက်သည်ဟု လွတ်လပ်သော အာရှသံ (မြန်မာပိုင်း အစီအစဉ်) တနင်္ဂနွေ နံနက်ပိုင်း အစီအစဉ်မှ ထုတ်လွင့်သွားသော သတင်း တစ်ခုတွင် ဖေါ်ပြသည်။

စစ်တွေတွင် လူငယ် တစ်ဦးကို သေနတ်ပစ် ဖမ်းဆီးပြီး ရိုက်ပုတ်ရာမှ လုံထိန်းနှင့် ရပ်ကွက်သားများ စကားများ



စစ်တွေမြို့တွင် အချိန် ၇ နာရီကျော်ပြီးမှ ဆေးရုံက ပြန်လာသူ လူငယ် တစ်ဦးကို လုံခြုံရေး  တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ရမိပြီးနောက် ရိုက်ပုတ် ထိုးကြိတ် သဖြင့် ရပ်ကွက်နေ လူထုနှင့် လုံခြုံရေး ယူထားသူ လုံထိန်းတပ်ဖွဲ့အကြား ပဋ္ဋိပက္ခ ဖြစ်ကာ အခြေအနေ တင်းမာခဲ့သည်ဟု သိရသည်။

ကချင် အရပ်သားများကို စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်နေ


ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသရှိ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ အစိုးရ စစ်တပ်မှ ၁၀၅ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း သိရသည်။
အစိုးရ အမြောက်တပ်ရင်း ၃၆၄ ၊ ၃၇၀ တို့သည် လိုင်ဇာဒေသရှိ ကချင်ကျေးရွာများကို ပစ်မှတ်ထားပြီး စက်တင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အထိ ဆက်တိုက်ပစ်ခတ်ကြောင်း KIA ပြောခွင့်ရသူ ဦးလာနန် က ဧရာဝတီ ကို ပြောသည်။

မြန်မာ မိန်းကလေး ၄၂ ဦး ထိုင်းတွင် ရောင်းစားခံရ


ထိုင်းနိုင်ငံ အလယ်ပိုင်း ကန်ချနဘူရီမြို့ရှိ တည်းခိုဆောင် တခုတွင် ရောင်းစားခံရပြီး လိင်ဖျော်ဖြေရေး အလုပ်လုပ်နေသည့် မြန်မာ နိုင်ငံမှ မိန်းကလေး ၄၂ ဦးကို ထိုင်းအာဏာပိုင်များက မကြာသေးခင် ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။
အဆိုပါ မိန်းကလေးများကို တနင်္ဂနွေနေ့တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ဒေသခံများ၏ သတင်းပေးမှုဖြင့် ၀င်ရောက်စီးနင်း၍ ကယ်တင်ခဲ့ကြောင်း ကန်ချနဘူရီမြို့နယ် ရဲစခန်းမှ ရဲ ၀န်ထမ်းတဦးက ပြောသည်။

စင်ကာပူ NUS ဘွဲ့လွန်ဒီပလိုမာတန်း အတွက် IELTS အမှတ်မလိုအပ်တော့


စင်ကာပူ အမျိုးသား တက္ကသိုလ် ( NUS ) ၏ လာမည့်နှစ် ဖေဖော်ဝါရီ ဘွဲ့လွန် ဒီပလိုမာတန်း ၀င်ခွင့်အတွက် IELTS အမှတ် ရရှိထားရန် မလိုအပ်တော့ကြောင်း Crown Educationမှ သိရသည်။

ဘူဂေးရီးယားမှ လေယာဉ်သစ်များ ရောက်ရှိ

ဘူဂေးရီးယားမှ လေယာဉ်သစ်များ ရောက်ရှိ
မြန်မာ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) က လာမည့် အောက်တို ဘာတွင် နိုင်ငံတကာ ခရီးစဉ် များတိုးချဲ့ပျံသန်းရန် အတွက် ဘူဂေးရီးယား နိုင်ငံမှ ငှားရမ်းလိုက်သော အဲဘတ်စ် လေယာဉ် နှစ်စင်း သည် ရန်ကုန် မြို့သို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း (MAI) မှ ပြောရေးဆိုခွင့်ရှိ သူ ဒေါ်အေးမရသာ က The Voice Weekly သို့ ပြောကြားသည်။

စစ်တွေတက္ကသိုလ် ဆရာ၊ ဆရာမများ လစာ ဖြတ်တောက်ခြင်း ကိစ္စ မေတ္တာ ရပ်ခံစာ သမ္မတထံပို့


တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်း ( ရန်ကုန် တက္ကသိုလ် ၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် နှင့် ဒဂုံတက္ကသိုလ် )မှ စစ်တွေ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမ များအား လစာဖြတ်တောက် လိုက်ခြင်းနှင့် ပတ်သတ်သည့် မေတ္တာ ရပ်ခံလွှာတစ်စောင်အား ယနေ့ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဒုတိယမြောက် အငြင်းအခုံ


မြန်မာနိုင်ငံတွင် လွန်ခဲ့သော သြဂုတ်လ အတွင်းက အခြေခံ ဥပဒေ ခုံရုံး ကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ် များကြား စတင် ဖြစ်ပေါ် လာခဲ့သော သဘောထား ကွဲလွဲ တင်းမာမှုသည် ယခုအခါ အရှိန် ပိုမြင့်မား လာနိုင် သည့် အခြေအနေ တစ်ခု ထပ်မံ ဖြစ်ပေါ်လာလျက် ရှိသည်။ ထို အခြေအနေမှာ မကြာမီက လွှတ်တော် နှစ်ရပ်စလုံးမှ ပြင်ဆင်ပြီးခဲ့ သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြောင့် ဖြစ်သည်။

စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ဖုန်းငွေဖြည့်ကတ်များ အွန်လိုင်းမှ စတင်ဝယ်ယူနိုင်ပြီ


စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ဖုန်း ငွေဖြည့်ကတ်များ အွန်လိုင်းမှ စတင် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း Myanmar Soft-Gate Technology Co.,Ltd. မှ Techenical Director ဦးတင်မောင်ထွဋ်က ပြောကြားသည်။  အဆိုပါ ဖုန်းငွေဖြည့်ကတ် အွန်လိုင်းမှ ဝယ်ယူသူများအနေဖြင့် Myanpay အကောင့် ထားရှိရမည် ဖြစ်ကြောင်း ၃-၉-၂၀၁၂ ရက်က သိရသည်။

4G စနစ်ကို ဆီးဂိမ်းအမီ ရတနာပုံ တယ်လီပို့မှ စမ်းသပ်လျက်ရှိ


မြန်မာနိုင်ငံ၏ 4G ကွန်ရက်စနစ်ကို ၂၀၁၃ ဆီးဂိမ်း အမီ အသုံးပြုနိုင်ရန် အတွက် ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ စတင် စမ်းသပ် ဆောင်ရွက်လျက်ရှိကြောင်း  ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ ဒုတိယ အမှုဆောင်အရာရှိချုပ် ဦးမြင့်ဦးက ပြောသည်။
အဆိုပါ 4G ကွန်ရက်စနစ်မှာ လက်ရှိ အသုံးပြုလျက်ရှိသော 3G ကွန်ရက်စနစ်အထက် ဆက်သွယ်မှုပိုင်း ပိုမိုကောင်းမွန်စေခြင်းနှင့် အင်တာနက် အသုံးပြုမှုပိုင်းပါ ယခင်ကထက် ပိုမိုကောင်းမွန်လာမည် ဖြစ်သည်ဟု သိရသည်။

ကချင်စစ်ပြေးဒုက္ခသည်များအတွက် နယ်စပ်ဂိတ် များကို ဖွင့်ထားပေးရန် အမေရိကန်က တရုတ်အား တိုက်တွန်း


မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ်တွင် ဖြစ်ပွား နေသော စစ်ပွဲ များကြောင့် ထွက်ပြေး တိမ်းရှောင် နေကြသည့် မြန်မာ ဒုက္ခသည်များ အတွက် တရုတ်နိုင်ငံက ၎င်းတို့၏ နယ်စပ်ဂိတ်များကို ဖွင့်ထားပေးရန်၊ ဒုက္ခသည်များကို  လက်ခံထားပေးရန် တရုတ်အစိုးရအား အမေရိကန်အစိုးရက တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရသည်။

Omyanmar Online Shopping Mall တွင် MyanPayဖြင့် ဝန်ဆောင်မှု တိုးချဲ့ ဆောင်ရွက်မည်


မြန်မာနိုင်ငံ၏ Online Shopping Website များတွင် တစ်ခု အပါအဝင် ဖြစ်သော Omyanmar Online Shopping ဝက်ဘ်ဆိုဒ်တွင် MyanPay အွန်လိုင်းငွေပေးချေမှု စနစ်အား ထည့်သွင်းအသုံးပြု၍ တိုးချဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Omyanmar အား ဆောင်ရွက်နေသောIbiz Service Company မှ သိရှိရသည်။ ၄င်းOmaynmar Online Shopping ဝက်ဘ်ဆိုဒ်သည် မြန်မာနိုင်ငံ၏ Online Shopping ဝက်ဘ်ဆိုက်များတွင် တိုးမြှင့်ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်းသိရသည်။

ရွှေပြည်သာမှကျူးကျော်နေထိုင်သူများက ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်ရန်ကြိုးပမ်း


ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်နေထိုင်သူများမှ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်နိုင်ရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးဆောင်ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။

''အခုက ဒုတိယမြောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆန္ဒပြတောင်း ဆိုသွားမှာပါ။ ပထမ အကြိမ်တုန်းကလည်း ကျွန်မတို့ ပါတီကပဲ ဦးဆောင်ပြီးတော့ ကူညီပေးခဲ့တာပါ။ ‘ဒီလအတွင်းမှာပဲ မြို့နယ်ရဲတပ်ဖွဲ့ကို အဆင့်ဆင့် တင်ပြပြီး လုပ်စရာရှိတာ လုပ်သွားမှာပါ '' ဟု တစညပါတီမှ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောသည်။ 

SMK (အထည်ချုပ်)စက်ရုံမှ ဦးဆောင်သူ(၆)ဦးအား မရမ်းကုန်းရဲစခန်းက အမှုဖွင့်


လှိုင်သာယာ စက်မှုဇုန်(၄)အတွင်းရှိ SMK (အထည်ချုပ်) စက်ရုံမှ အလုပ်သမားများအနေဖြင့် စီတန်းလှည့်လည် ခွင့်ပြုမိန့်တောင်းခံ   ခြင်းမရှိပဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သူများအား မရမ်းကုန်းရဲစခန်းက စက်တင်ဘာ(၁၁)ရက်နေ့တွင် အမှု ဖွင့်ခဲ့ကြောင်း သိရှိရသည်။

''အမှုဖွင့်ထားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ကျန်တာတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့်မရှိပါဘူး '' ဟု မရမ်းကုန်း ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာတိုင်းရင်းသားအရေး ညီလာခံ ထိုင်းနိုင်ငံတွင် ကျင်းပမည်

ချင်းမိုင်(မဇ္စျိမ) ။        ။ မြန်မာအစိုးရကို တော်လှန်ပုန်ကန်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူထုအခြေပြု တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်နိုင်ရေး နည်းလမ်း ရှာသည့်အနေဖြင့်  တိုင်းရင်းသားအရေး ညီလာခံကြီးတခုကို အိမ်နီးချင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည်
ဖြစ်ကြောင်း ညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက ပြောသည်။

လေးလအတွင်း တရားမဝင် ခွေရောင်းဝယ်မှု ၉၀ နီးပါးဖမ်းမိ

ရန်ကုန် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်များ တာဝန်လွှဲပြောင်းယူပြီးချိန်မှ စပြီး လေးလ အတွင်း တရားမဝင်အခွေများ ရောင်းဝယ်ဖောက်ကားသူဟု စွပ်စွဲကာ ဖမ်းဆီးထားသော အမှုပေါင်း ၉၀ နီးပါး အထိရှိသည်ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ပြည်ထောင်စုစစ်စစ်ပေါ်ပေါက်ရေး လက်တွဲကြိုးပမ်းမည်ဟု ၈၈ နှင့် ကရင်နီပါတီပြော

ချင်းမိုင် (မဇ္ဈိမ) ။        ။ တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိသည့် စစ်မှန်သော ပြည်ထောင်စု
ပေါ်ထွန်းရေးအတွက် လက်တွဲ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောသည်။

ဆက်သွယ်ရေးအကြံပေး ကုမ္ပဏီ ငါးခု ပမာဏရွေး

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာ တင်ဒါ ခေါ်ယူရေးအတွက် ဆက်သွယ်ရေးဆိုင်ရာ အကြံပေး အဖွဲ့ငါးဖွဲ့ကို ပဏာမ ရွေးချယ်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ကဆိုသည်။

ယင်းသို့ ရွေးချယ်နိုင်ရန်အတွက် ဆက်သွယ်ရေးဆိုင်ရာ အကြံပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို သုံးကြိမ် ကျင်းပခဲ့ပြီး ယခုလ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးတွင် အဆိုပြုလွှာ တင်သွင်းထား သည့် ၆၄ ဖွဲ့ မှ  ငါးဖွဲ့ကိုရွေးချယ်ခဲ့သည်။

ရန်ကုန်မြို့ ၃၈ လမ်း တိုက်ခန်းမီးလောင်မှု တစ်ဦးသေဆုံး

ရန်ကုန် (မဇ္ဈိမ) ။         ။ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၆ ရပ်ကွက် ၃၈ လမ်း (အလယ်) ရှိ တိုက်ခန်း တစ်ခန်းတွင် စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး
သေဆုံးသွားကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 ပို့ဆောင်ရေးဝန်ကြီးဌာနရှိ စီးပွားရေး အဖွဲ့အစည်း လေးခုအား ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲ ဆောင်ရွက်သွားမည်


ပို့ဆောင်ရေးဝန်ကြီးဌာနရှိ စီးပွားရေး အဖွဲ့အစည်း ၄ခုအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရပါသည်။    
ယင်းသို့ ကော်ပိုရေးရှင်း အသွင်ပြောင်းလဲ လုပ်ဆောင်မည့် စီးပွားရေးအဖွဲ့အစည်း ၄ခုမှာ မြန်မာ့လေကြောင်း၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းနှင့် ပြည်တွင်း ရေကြောင်းတို့ဖြစ်သည်။

ကျပ် ၅၀၀၀ တန်ငွေစက္ကူ အတုပြသနာများမှာ နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားနေ



74915
ကျပ် ၅၀၀၀ တန်ငွေစက္ကူအတု ပြသနာများမှာ နယ်စပ်ဒေသများတွင်သာ အများဆုံးဖြစ်ပွားနေပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှုနည်းပါး နေသော်လည်း ငွေတုများ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း စုံစမ်းသိရှိရပါက လက်ရှိညွှန်ကြားထားသည့် လုပ်ထုံးလုပ်နည်းများထက် ကျော်လွန်၍ စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တောင်းဆိုစာပေးပို့



2012-09-11
မြန်မာနိုင်ငံတ၀ှမ်းက အကျဉ်းထောင် ၄၀ ကျော်မှာ ကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား သုံးရာကျော်ကို အမြန်ဆုံး လွှတ်ပေးရေး၊ ကျန်ရှိနေသေးတဲ့ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေ ပြည်တွင်းကို သိက္ခာရှိရှိ လုံလုံခြုံခြုံ မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး တောင်းဆိုထားတဲ့ စာတစ်စောင်ကို သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဒီကနေ့ မနက်က ပေးပို့လိုက်ကြောင်း ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ပြောကြားပါတယ်။

ဝက်မှေးနှင့်ရွှေလှေ ကျေးရွာသူ ၉ ဦး ပြန်လွှတ်ပေး



2012-09-11
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ကို အင်္ကျီဆင်တူဝတ်ပြီး ဘုရားဖူးလာတဲ့ ၀က်မှေးကျေးရွာ ဒေသခံ အမျိုးသမီး (၁၂) ဦးထဲက (၉) ဦးကို မနေ့ ညက ပြန်လွှတ်ပေးလိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ကျန်နေသေးတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကိုတော့ ဖမ်းဆီးထားဆဲပဲလို့ မနေ့ ညက ပြန်လွှတ်လာတဲ့ မကြည်တိုးက RFA ကိုပြောပြပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာကူညီရေးအခြေအနေ အမေရိကန် စိုးရိမ်



2012-09-10
ပြီးခဲ့တဲ့ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာကူညီရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ပြောကြား လိုက်ပါတယ်။

လူကုန်ကူးသူ မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးမိ



2012-09-10
ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (MAT) တို့ ပူးပေါင်းပြီး လူကုန်ကူးနေတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို သောကြာနေ့ ညက ဘန်ကောက်မြို့ တောင်ဘက် စမုတ်ဆောင်ခရမ်ခရိုင်၊ မဲခေါင် တံတားအနီးမှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်၊
အဲဒီမနက်က ဧရာဝတီတိုင်း မြန်အောင်မြို့နယ်က အသက် ၃၀ အရွယ် ကိုဇော်နိုင်ဦးနဲ့ ကိုဦးဆိုသူတို့က ဆက်သွယ်အကြောင်းကြား လာတာကြောင့် မြန်မာနိုင်ငံသား (၂) ဦးကို ငွေပေးပြီး ပြန်ရွေးမယ်လို့ ပြောဆိုစီစဉ်ပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

အပစ်ရပ် RCSS/SSA တပ်စခန်း အစိုးရတပ်တိုက်ခိုက်



2012-09-10
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်း တပ်မတော်ရဲ့ တပ်စခန်းတွေကို အစိုးရ တပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ၄ ကြိမ် ဆက်တိုက် ၀င်ရောက် တိုက်ခိုက်ခဲ့တယ်လို့ SSA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

မုံရွာမြို့ဘုရားဖူး အမျိုးသမီး ၁၂ ဦး အာဏာပိုင်ဖမ်းဆီး



2012-09-10
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လယ်သိမ်းခံရတဲ့ ကျေးရွာတွေကနေ မုံရွာမြို့ပေါ်ကို အင်္ကျီဆင်တူဝတ်ပြီး ဘုရားဖူးလာတဲ့ အမျိုးသမီးတွေ အပါအ၀င် ဒေသခံ အမျိုးသမီး (၁၂) ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အလွန်အကျွံ ခိုင်းစေမှုကြောင့် အလုပ်သမား ၆၀၀ ကျော်ဆန္ဒပြ



2012-09-10
ရန်ကုန်တိုင်း၊ တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဒဂုံဆိပ်ကမ်း အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ အလုပ်ရှင်ရဲ့ အလွန်အကျွံ ခိုင်းစေမှုတွေကို မကျေနပ်တဲ့အတွက် တောင်းဆိုချက် ၁၀ ချက်နဲ့ စက်ရုံအတွင်းရော အပြင်မှာပါ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒပြမှုဖြင့် အလုပ်သမား ကိုယ်စားလှယ် ၆ ဦးကို တရားစွဲဆို



2012-09-10
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် အမှတ် (၄) မှာရှိတဲ့ ကိုးရီးယား နိုင်ငံသားပိုင် SMK ခေါ် မူးအန်ဆူး (MYUE & SUE) အထည်ချုပ်စက်ရုံက အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့သောကြာနေ့က ဆန္ဒပြတောင်းဆိုခဲ့တဲ့ အလုပ်သမား တစ်ထောင်ကျော်ထဲက ကိုယ်စားလှယ် (၆) ယောက်ကို ဥပဒေပုဒ်မ (၁၈) ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုနဲ့ တရားစွဲဆိုထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

မိုးထိ မိုးမိရွှေတူးဖော်ရေး အလုပ်သမား ခေါင်းဆောင်များ ၈၈ မျိုးဆက်နှင့် တိုင်ပင်ဆွေးနွေး



2012-09-10
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က အလုပ်သမား ခေါင်းဆောင် (၅) ဦးဟာ ဆန္ဒပြ ထုတ်ဖော်မှုတွေ ဆက်လက် လုပ်ဆောင် သွားဖို့အတွက် ရန်ကုန်မြို့က (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုံးခန်းကို ဒီကနေ့ လာရောက်ခဲ့ပြီး ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ ဦးကိုကိုကြီး (စမ်းချောင်း)၊ ဦးအောင်သူတို့နဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။

SINOPEC ရေနံကုမ္ပဏီကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး



2012-09-10
ဆီနိုပက် (SINOPEC) တရုတ် ရေနံကုမ္ပဏီရဲ့ စည်းကမ်းမဲ့ မိုင်းခွဲမှုတွေ အပါအ၀င် ရေနံ စူးစမ်းရှာဖွေရေးကြောင့် မကွေးတိုင်းအတွင်းက မြိုနယ် (၄) ခုလောက်မှာ မြေပြိုမှု၊ လယ်ယာမြေနဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတယ်လို့ မကွေးမြို့ အခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ကန့်ကွက်ဆန္ဒပြဖို့ စာတင်



2012-09-10
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တာကို ရပ်ကွက်သူ ရပ်ကွက်သားတွေက မကျေနပ်တာကြောင့် လူ ၂၀၀ လောက် ကန့်ကွက်ဆန္ဒပြဖို့ မြို့နယ်ရဲစခန်းကို ဒီကနေ့ စာတင်လိုက်တယ်လို့ သိရပါတယ်။

ဓညဝတီခေတ် ဘုရင်သုံးပါးကြေးရုပ် သွန်းလုပ်မည်



2012-09-10
ခရစ်တော်မပေါ်မီ ဘီစီ-၆ ရာစုက ရခိုင်လူမျိုးတွေရဲ့ ဓညဝတီခေတ် သုံးခေတ်မှာ အထင်ရှားဆုံး ဘုရင်သုံးပါးဖြစ်တဲ့ မာရယု၊ ကံရာဇာကြီး၊ မင်းစောမွန် တို့ရဲ့ရုပ်တုတွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ကြေးနဲ့သွန်းလုပ် စိုက်ထူဖို့ ဆောင်ရွက်နေရာမှာ အခုပုံဖော်တဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ ဦးဆောင် စီစဉ်နေတဲ့ ကျောက်တော်မြို့ခံ ဦးဘသောင်းက RFA ကို ဒီကနေ့ ပြောပါတယ်။