ရန်ကုန်မြို့၌ ညပိုင်းအချိန်များတွင် တရားဥပဒေ ချိုးဖောက်မှုဖြစ်စဉ် ပိုများပြားလာခြင်းနှင့်အတူ ညအချိန်တွင် ကားပြိုင်မောင်းသူများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ညပိုင်းနှင့် နံနက်အစောပိုင်းတို့တွင် ကားပြိုင်မောင်းနှင်သူများက အုပ်စုလိုက်ရိုက်နှက်မှု မကြာခဏ ဖြစ်ပွားနေခြင်း၊ လူမြင်ကွင်းတွင် လူသတ်မှုဖြစ်စဉ်များ ဖြစ်ပွားနေခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ မောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ်များနှင့် အုပ်စုဖွဲ့ပြီး ရိုက်နှက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်းနေထိုင်သည့် ပြည်သူအချို့က မြို့တော်အတွင်း တရားဥပဒေချိုးဖောက်မှုဖြစ်စဉ်များ များပြားလာကြောင်း သုံးသပ်ပြောကြားခဲ့သည်။